• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန်ဈေးတက်၍ ဆန်ကုန်သည်များအား စစ်ကောင်စီ ခေါ်စစ်နေ

by ဧရာဝတီ
22 June 2024
in သတင်း
A A
ဆန်ဈေးတက်၍ ဆန်ကုန်သည်များအား စစ်ကောင်စီ ခေါ်စစ်နေ

ဝါးတန်းလမ်းရှိ ဆန်ကုန်သည်ပွဲစားများကို စစ်ကောင်စီက ဇွန် ၂၁ မှ စတင်ပြီး ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင်များထံက သိရသည်/AFP

1.3k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း ဆန်ဈေးနှုန်းများမြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ နာမည်ကြီး လုပ်ငန်းရှင်များ အပါအဝင် ဝါးတန်းလမ်းရှိ ဆန်ကုန်သည်ပွဲစားများကို စစ်ကောင်စီက ယမန်နေ့ (ဇွန် ၂၁)မှ စတင်ပြီး ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ဆန်စပါးအသင်းချုပ်နှင့် နီးစပ်သည့် ဆန်ကုန်သည်တဦးက “လောလောဆယ်တော့ ဘာမှ ပြောလို့မရသေးဘူး။ ခေါ်ပြီးတော့ မေးမြန်းနေတဲ့ အဆင့်ပါပဲ။ ဘာမှ မသိရသေးဘူး။ စစ်တဲ့အချိန်မှာတော့ မရောင်းဖို့ မဝယ်ဖို့ ခဏ တားထားတဲ့ သဘောပါပဲ။ အဓိကတော့ ပြည်တွင်းစားဆန်ရောင်းတဲ့သူတွေကို ခေါ်ယူ စစ်ဆေးမေးမြန်းတဲ့ အဆင့်ပါ။ ဝါးတန်းဘက်ကသူတွေက အဓိကပေါ့”ဟု ဧရာဝတီသို့ အတည်ပြုသည်။

လက်ရှိတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုဥက္ကဋ္ဌ ဉီးလူမော်မြင့်မောင်၊ ဦးနေလင်းနှင့် ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ နာမည်ကြီး ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ ကုန်စည်ဒိုင်ရှိ ဆန်ရောင်းချသည့် လိုင်းအလိုက် တာဝန်ယူသည့်သူများကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်နေပြီး ၎င်းတို့နှင့် ပတ်သက်သည့် ပွဲရုံတခုကိုလည်း ချိတ်ပိတ်ထားကြောင်း သိရသည်။

အထက်ပါ လုပ်ငန်းရှင်က “ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ အပေါ်မှာ အစိုးရအနေနဲ့ Action ယူပြီးတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်း ဖြစ်အောင်လို့ပေါ့နော်။ အဲဒါကို ဘာကြောင့် ဈေးတွေ ကြီးနေလဲ၊ ဘာကြောင့် ဈေးတွေ များနေလဲ ဆိုတဲ့ အဖြေကို ရှာတာပါ။ အခုကတော့ ခေါ်ယူမေးမြန်းတဲ့ ပုံစံမျိုးပဲ။ ဒီကြားထဲမှာ အပြစ်ရှိတဲ့သူ အရေးယူမယ်။ အပြစ်မရှိတဲ့သူ ပြန်ထွက်လာပေါ့။ အဲဒီလိုပုံစံမျိုး ဖြစ်မယ်”ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စပါးကုန်သည်များအသင်း၊ ဆန်ကုန်စည်ဒိုင် တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီက ဆန်စပါးကို အမျိုးအစားအလိုက် ၇ မျိုးခွဲခြားပြီး နံပါတ် ၁ တွင် ဧည့်မထအုပ်စုထဲရှိ ၂၅ မှတ်တန် ဆန်ကို ကျပ် ၇၀၀၀၀ မှ ၇၂၀၀၀ ကျပ်၊ ၁၅ မှတ်ဆန် ၇၂၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်၊ ၅ မှတ်မှ ၁၀ မှတ်အထိ ဆန်ကို ၇၅၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်၊ နံပါတ် ၂ စာရင်းတွင် ရက် ၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထအုပ်စုများအောက်ရှိ ၅ မှတ်မှ ၁၀ အထိဆန်ကို ၈၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်၊ နံပါတ် ၃ စာရင်းတွင် ဧရာမင်း၊ ဧရာပဒေသာ (မြန်မာပြည်အထက်ပိုင်း) အုပ်စုအောက်ရှိ ၅ မှတ်မှ ၁၀ မှတ်အထိ ဆန်ကို ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်၊ နံပါတ် ၄ စာရင်းတွင် ဧရာဝတီပေါ်ဆန်းများ အောက်ရှိ ၅ မှတ်မှ ၁၀ မှတ်ရှိ ဆန်ကို ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ် အထိ သတ်မှတ်သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
49
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

ထို့ပြင် နံပါတ် ၅ အခြားပေါ်ဆန်း အုပ်စုအောက်ရှိ ၅ မှတ်မှ ၁၀ မှတ်အထိ ဆန်အား ၁၀၀၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်အထိ၊ နံပါတ် ၆ ဧရာဝတီ ကျားပျံ ( ဘေးကျား/ တောင်ပျံ) ၅ မှတ်မှ ၁၀ မှတ်အထိ ဆန်ကို ၁၂၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်အထိ သတ်မှတ်ထားပြီး နံပါတ် ၇ ရွှေဘိုပေါ်ဆန်း ၅ မှတ်မှ ၁၀ အထိ ၁၃၅၀၀၀ ကျပ် ၁၄၅၀၀၀ ကျပ်စသဖြင့် စစ်ကောင်စီက လက်ကားဈေး ပြန်လည် သတ်မှတ်ခဲ့သည်။

ယင်းသို့ ဆန်အမှတ် ၅ မှတ်၊ ၁၀ မှတ်သတ်မှတ်ခြင်းမှာ ဆန်ထဲတွင် အကျိုးအကြေပါဝင်မှုကို ခွဲခြားသတ်မှတ်ခြင်းဖြစ်ကာ အထက်ပါလက်ကား သတ်မှတ်ဈေးပေါ်မူတည်၍ လက်လီဈေးတွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား တင်ရောင်းရမည် ဖြစ်ပြီး ယင်းဈေးထက်ပို၍ ဈေးတင်ရောင်းပါက ဖမ်းဆီးမည် ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်ဟု အမည်မဖော်လိုသည့် ဆန်ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

“ဆန်ကုန်သည်တွေ မနေ့က အဖမ်းခံရတယ်။ ဆန်လိုင်း လိုင်းခေါင်းဆောင်တွေလည်း ပါသွားတယ်။ ကျနော်တို့ ရောင်းတဲ့ နေရာမှာ ပွဲစားတွေက ရွှေဘိုဆန်ဆိုရင် အဲဒီဆန်ရဲ့ လိုင်းခေါင်းဆောင်ရှိတယ်။ အဲဒီလိုလူတွေ အဖမ်းခံရတယ်၊ တချို့ နာမည်ကြီးတဲ့သူတွေလည်း စာရင်းထွက်ထားတယ်။ တချို့ ဆန်ပွဲရုံသမားတွေပေါ့။ စီးတီးမတ်တွေမှာဆိုရင် တင်တဲ့ ဆန်တံဆိပ်တွေရှိတယ်။ အဲဒီလိုလူတွေ ချိတ်ပိတ်ခံရတယ်လည်းကြားတယ်။ မနေ့ကနဲ့ တနေ့က သူတို့ အစည်းဝေး လုပ်ကြတယ်။ အဲဒီမှာ သူတို့ သတ်မှတ်ဈေးပြန်ထုတ်လာပြီးတော့ ဈေးထက်ကျော်ရောင်းလို့ ဖမ်းတာပေါ့။ သူတို့ သတ်မှတ်ဈေးကလည်း ကျနော်တို့ ဘယ်လိုမှ ရောင်းလို့မှ မရတာ”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက လက်ကားဆန် လုပ်ငန်းရှင်နှင့် ကုန်သည်ပွဲစားများအထိ ဖမ်းဆီးထားပြီး လက်လီဆိုင်များ၌ သတ်မှတ်ဈေးဖြင့် ရောင်း မရောင်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးသွားမည့်အခြေအနေများလည်း ရှိကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း စစ်ကောင်စီက ပြည်တွင်းဆန်ဈေးနှုန်းကို သတ်မှတ်ခဲ့ဖူးပြီး ယင်းဈေးမှာ တွက်ခြေကိုက်မှု မရှိသည့်အတွက် ဝါးတန်းလမ်းကုန်စည်ဒိုင်တွင် အရည်အသွေးနိမ့် ဆန်များကိုသာ ရောင်းချခြင်း၊ ဆန်အကောင်းနှင့် အကျိုးအကြေပါသည့် ဆန် (သို့မဟုတ်) ဆန်ကြမ်း အစရှိသည်တို့ဖြင့် ရောနှောကာ ရောင်းချခြင်းများကို ပြုလုပ်ခဲ့ရပြီး နောက်ပိုင်းတွင် ဈေးကွက်သဘောအရသာ အရောင်းအဝယ်လုပ်ခဲ့ကြောင်း သိရသည်။

ယခု စစ်ကောင်စီ သတ်မှတ်လိုက်သည့် ဆန်ဈေးမှာလည်း ပြင်ပတွင် အမှန်တကယ်ပေါက်သည့်ဈေးနှင့် နှိုင်းယှဉ်ပါက ဧည့်မထ ဆန်အုပ်စုမှာပင် ပြင်ပအနိမ့်ဆုံးဆန်ဈေးနှုန်းမှာ ကျပ် ၉၀၀၀၀ ဖြစ်နေပြီး သတ်မှတ်ဈေးမှာ အနိမ့်ဆုံး၇၀၀၀၀ မှ အမြင့်ဆုံး ၇၈၀၀၀ ကျပ်ဖြစ်၍ လုပ်ငန်းရှင်၊ ကုန်သည်၊ ပွဲစားများအတွက် တွက်ချေမကိုက်သည့်ဈေးဖြစ်ကြောင်း ဆန်ကုန်သည်များထံက သိရသည်။

စစ်ကောင်စီအနေဖြင့် ကုန်ဈေးနှုန်းများ တက်လာပါက ဈေးနှုန်း သတ်မှတ်ပြီး လုပ်ငန်းရှင်၊ ကုန်သည်များ၏ ဝိသမ လောဘကြောင့်ဟုဆိုကာ ဖမ်းဆီးခြင်းများကိုသာ ဆက်တိုက်ဆောင်ရွက်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရွှေ၊ ဒေါ်လာ လုပ်ငန်းရှင်များကို ဖမ်းဆီးထားသလို လစာတိုးမြှင့်ပေးသည့် လုပ်ငန်းရှင်များကိုလည်း ၅၀၅ က ဖြင့် အမှုဖွင့်ခြင်းများ ပြုလုပ်နေသည်။

You may also like these stories:

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီက ဆန်ဈေးသတ်မှတ်လိုက်ပြီးနောက် မှောင်ခိုဈေးကွက်ပေါ်လာ

အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း

အတက်ကြမ်းနေသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက အဖမ်းအဆီးများဖြင့် ထိန်းချုပ်

မြန်မာ့စီးပွားတိုးတက်မှု ၁ ရာခိုင်နှုန်းသာ ရှိမည်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: ခေါ်ယူစစ်ဆေးဆန်လုပ်ငန်းရှင်ဈေးသတ်မှတ်ပြင်ပပေါက်ဈေးပွဲရုံဝါးတန်းလမ်းကုန်စည်ဒိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

ဆန်ဈေးတင်၍ City Mart၊ Aeon Orange နှင့် လုပ်ငန်းရှင်များကို ဖမ်း

ဆန်ဈေးတင်၍ City Mart၊ Aeon Orange နှင့် လုပ်ငန်းရှင်များကို ဖမ်း

by ဧရာဝတီ
1 July 2024
1.3k

Aeon Orange ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ Kasamatsu ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ပြန်လွတ်မြောက်ရေးအတွက် တာဝန်ရှိသူများကို ဂျပန်အစိုးရက တောင်းဆိုထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

by ဧရာဝတီ
9 May 2025
955

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်မြို့ ရှိ မြို့နယ်တချို့တွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ဝင်ရောက်စစ်ဆေးခြင်းများ ရှိနေကြောင်း

ဆန်လက်လီရောင်းသူများ ၅ ရာခိုင်နှုန်းသာ အမြတ်တင်ရန် သတ်မှတ်

ဆန်လက်လီရောင်းသူများ ၅ ရာခိုင်နှုန်းသာ အမြတ်တင်ရန် သတ်မှတ်

by ဧရာဝတီ
26 June 2024
935

လက်ရှိတွင် ဈေးနှုန်းကွာဟချက် ကြီးနေသဖြင့် ကုန်သည်များအနေဖြင့် ရောင်းချရန် မကိုက်သော်လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ကြောက်သဖြင့် သတ်မှတ်ဈေးဖြင့် ရောင်းချပေးနေရပြီး နောက်ကွယ်တွင် ဆန်ကောင်းစားချင်သည့် ရင်းနှီးသောစားသုံးသူများကို အမှန်တကယ်ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချပေးခြင်းများလည်းရှိကြောင်း

Next Post
ဘယ်သူတွေနဲ့ ရွေးကောက်ပွဲလုပ်မှာလဲ (ရုပ်/သံ)

ဘယ်သူတွေနဲ့ ရွေးကောက်ပွဲလုပ်မှာလဲ (ရုပ်/သံ)

အောင်မြင်နေသည့် ဗီယက်နမ်၏ “ဝါးရုံပင် သံတမန်ရေး”

အောင်မြင်နေသည့် ဗီယက်နမ်၏ "ဝါးရုံပင် သံတမန်ရေး"

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved