• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌ အဖမ်းခံရ

by ဧရာဝတီ
30 October 2024
in သတင်း
A A
မန္တလေး ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌ အဖမ်းခံရ

ပရဟိတမင်းခေါင်အသင်း၏ လူမှုကူညီရေး၊ နာရေးကူညီမှုများ ဆောင်ရွက်နေမှု / ပရဟိတမင်းခေါင်အသင်း Facebook

2.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့မှ နာမည်ကြီး လူမှုကူညီရေးအသင်းတခုဖြစ်သည့် ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ အပါအဝင် ၈ ဦးကို အောက်တိုဘာ ၂၆ ရက်တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း နီးစပ်သူများနှင့် မြို့ခံများထံမှ သိရသည်။

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းရုံးချုပ်သည် အိုးဘိုထောင်အနီး ပုသိမ်ကြီးမြို့နယ်အပိုင် အောင်ချမ်းသာ ရွာ၌ တည်ရှိပြီး အင်အား ၂၀ ကျော်ပါ အရပ်ဝတ်များက အိမ်စီးကားဖြင့် လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ ၁၄ နှစ်အရွယ် ကလေးတဦး အပါအဝင် ၈ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

အသင်းနှင့် နီးစပ်သူတဦးက “ကျနော်သိရတာကတော့ ဥက္ကဋ္ဌနဲ့ ရုံးအဖွဲ့သားတွေ ပါသွားတယ်။ ၇/၈ ယောက်လောက် ပါသွားတယ်။ ၁၄ နှစ်သားလေးလည်း ပါသွားတယ်။ ဥက္ကဋ္ဌ ဦးခင်မောင်တင့်ရဲ့ မိသားစုကတော့ အိမ်မှာပဲ ကျန်ရစ်ခဲ့ကြ တယ် လို့ သိရတယ်။ ဘာကြောင့် ခေါ်သွားတာလဲဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းသားများကို နယ်မြေခံရဲမပါဘဲ အရပ်ဝတ်များဖြင့် လာရောက်ခေါ် ဆောင်ပြီးနောက် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာရေးကို လိုက်ပါပို့ဆောင်ခဲ့သည့်အတွက် ထိုသို့ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ နာရေးလိုက်ပို့သည့် အခြားနယ်မှ ပရဟိတအသင်း များကိုလည်း နေပြည်တော်ထိ ခေါ်ယူစစ်ဆေးနေကြောင်း မန္တလေးမြို့ တော်လှန်ရေးသတင်းများကို ဖော်ပြနေသည့် MDY Revolution နှင့် Voice of Mandalay တို့က ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဈာပန မြင်ကွင်း (ဧရာဝတီ)

ဧရာဝတီအနေဖြင့် ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌ အပါအဝင် ၈ ဦး ဖမ်းဆီးခံရမှုကိုသာ အတည်ပြုနိုင်ပြီး နေပြည်တော် သို့ ခေါ်ယူစစ်ဆေးခံနေရမှုအား သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အသင်းနှင့် နီးစပ်သူတဦးက “ဒေါက်ဇော်နာရေးပို့တဲ့ သတင်းဖြန့်ပြီးတော့ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြတာလို့တော့ သိရတယ်။ အသင်းရုံးအစောင့်သဘောနဲ့ ၄ ယောက်လောက်ပဲ ကျန်ခဲ့တယ်။ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အသင်းသားတွေရဲ့ ဖုန်းတွေနဲ့ ကျန်ရှိလွတ်မြောက်နေတဲ့ အသင်းသားတွေကို ဖုန်းဆက်ခိုင်းနေတယ်လို့ သိရတယ်” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက “ပရဟိတမင်းခေါင်အသင်းကိစ္စက အပေါ်ကနေ တိုက်ရိုက်ဆင်းပြီး ခေါ်သွားကြတာ။ အောက်ကအဖွဲ့တွေတောင် မသိကြဘူး။ လက်ရှိ ဦးခင်မောင်တင့် အိမ်ကိုတောင် အကြောင်းကိစ္စရှိရင် မသွားရဲဘူး ဖြစ်နေကြတယ်။ အခုထိတော့ အသင်းရုံးနဲ့ အိမ်ကို ချိပ်ပိတ်တာမျိုးတွေတော့ မရှိသေးဘူးဗျ။ ဘာကေ့စ်နဲ့ ခေါ်စစ်တယ်ဆိုတာလည်း မသိရဘူး” ဟု ဆိုသည်။

ပရဟိတမင်းခေါင်အသင်းသည် အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင် ဈာပနအခမ်းအနားကို ကူညီလုပ်ဆောင်ပေးခဲ့သလို အသင်းကားဖြင့် လွမ်းသူ့ပန်ခွေ၊ လွမ်းသူ့ပန်းခြင်းများ တင်ဆောင်ပြီး နာရေးလိုက်ပါပို့ဆောင်ခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

မန္တလေးမြို့ခံတဦးက “အမျိုးမျိုးတော့ တွေးလို့ရတယ် ဒေါက်တာဇော်မြင့်မောင် ကိစ္စနဲ့ဆိုရင် နာရေးအပြီး၊ ရက်လည် ပြီးကတည်းက ခေါ်စစ်လို့ရတယ်လေ။ အခုက ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရပြီးမှ ပရဟိတမင်းခေါင်အဖွဲ့ ခေါ်စစ်ခံ ရတာဆိုတော့ နောက်ဆက်တွဲများပါသလားပေါ့။ ဒေါက်တာနေစိုးမောင်ကလည်း ပရဟိတ အလုပ်တွေ လုပ်နေတဲ့သူ ဖြစ်တာရယ်၊ ပရဟိတမင်းခေါင်အဖွဲ့ ကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နာမည်ကြီးအဖွဲ့ ဖြစ်တော့ ပရဟိတလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး ဒေါက်တာ နေစိုးမောင်နဲ့ ပတ်သက်နိုင်တယ်လို့ ယူဆရတာပေါ့” ဟု ပြောသည်။

ဒေါက်တာနေစိုးမောင် (Dr Nay Soe Maung Facebook)

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်နာရေး လိုက်ပါပို့ဆောင်ခဲ့သည့် ပရဟိတမင်းခေါင်အသင်းအပြင် အခြားသော ပရဟိတအဖွဲ့ဝင်များလည်း ဖမ်းဆီးခံရမှုများရှိနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက “အခုဖြစ်သွားတာ ပြောစရာစကားမရှိအောင် ဖြစ်နေတယ်။ အခြေအနေက တော်တော်ကို အဆင်မပြေဘူး။ ကျနော်တို့တောင် ကျီးလန့်စာစားနေနေကြရတယ်။ ကိုယ်က လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တခုခုဆိုတာနဲ့ အငြိုးထားခံနေရတဲ့သဘောမျိုးတွေပေါ့။ ပိုဆိုးတာက တယ်လီဂရမ်မှာ တင်ခံရပြီဆိုတာနဲ့ တန်ဖိုးမရှိတဲ့အကြောင်းအရာတွေနဲ့ အဆွဲခံနေကြရတာ။ အခုက ပရဟိတအလုပ် လုပ်ရတာတောင် စိတ်လုံခြုံမှုမရှိတော့ဘူးလို့ ခံစားနေရတာပေါ့” ဟု ပြောသည်။

ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလ၌ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင်ကူညီခဲ့သည့် အသင်းတခုဖြစ်သလို လက်ရှိလည်း ရေကြီးရေလျှံ မှုဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ရေဘေးကူညီမှုများ၊ နွေရာသီရေရှားပါးချိန် ရေလှုဒါန်းပေးမှုများ၊ နာရေးကူညီမှုများကို လုပ်ဆောင်နေသောအဖွဲ့တဖွဲ့ ဖြစ်သည်။

၎င်းတို့၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အသင်း၏ လူမှုကွန်ရက်စာမျက်နှာထက် နေ့စဉ်ဖော်ပြနေရာ လွန်ခဲ့သည့် ၃ ရက် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက နာရေးပို့ဆောင်ပေးမှုသတင်းမှာ နောက်ဆုံးဖြစ်ပြီး ဧရာဝတီအနေဖြင့် အသင်းဥက္ကဋ္ဌ နှင့် အသင်းဖုန်းများကို ဆက်သွယ်ရာ၌လည်း ဖုန်းစက်ပိတ်ထားသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ လက်ခံဖြေကြားခြင်း မရှိပေ။

You may also like these stories:

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

မန္တလေး တရုတ်ကောင်စစ်ဝန်ရုံး ဗုံးပစ်ခံရ

မန္တလေးမှ တရုတ်ကောင်စစ်ဝန်ရုံးကို မည်သူ ဗုံးခွဲတိုက်ခိုက်သနည်း

Your Thoughts …
Tags: စစ်ကောင်စီဒေါက်တာဇော်မြင့်မောင်ပရဟိတမင်းခေါင်အသင်းမန္တလေးအရပ်ဝတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးမှာ မဘသတွေ အသံတိတ်နေ

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးမှာ မဘသတွေ အသံတိတ်နေ

ဟားခါးတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါ ၄ ဦး ဖမ်းမိ

ဟားခါးတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါ ၄ ဦး ဖမ်းမိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved