• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးမှ တရုတ်ကောင်စစ်ဝန်ရုံးကို မည်သူ ဗုံးခွဲတိုက်ခိုက်သနည်း

by ဧရာဝတီ
22 October 2024
in သတင်း
A A
မန္တလေးမှ တရုတ်ကောင်စစ်ဝန်ရုံးကို မည်သူ ဗုံးခွဲတိုက်ခိုက်သနည်း

မန္တလေးမှ တရုတ်ကောင်စစ်ဝန်ရုံး

2.7k
VIEWS
Share on FacebookShare on Twitter

မန္တလေး ချမ်းမြသာစည်မြို့နယ်မှ တရုတ်ကောင်စီဝန်ရုံးသည် အခိုင်အမာ ကာကွယ်ထားသည့်နေရာ ဖြစ်သည်။ ထိုခြံဝင်းကို မြင့်မားသော ခြံစည်းရိုးဖြင့် ပြင်ပလောကကို ပိတ်ပင်ထားပြီး ရဲများ စောင့်ကြပ်နေသည်။ ထိုအဆောက်အအုံကို ဖြတ်သွားသည့် မည်သူ့ကိုမဆို CCTV က မှတ်တမ်းတင်ထားသည်။ ထို ၂ ထပ်အဆောက်အအုံတွင် ၎င်း၏ သီးခြား အတွင်းနှင့်အပြင် လုံခြုံရေးစနစ်လည်း ရှိသည်။

ထို့ကြောင့် အဆောက်အအုံအပျက်အစီး အနည်းငယ်သာရှိပြီး ထိခိုက်သေဆုံးမှု မရှိသော ထိုသောကြာနေ့ တိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူရှိသနည်းဟု မေးခွန်းများ ပေါ်ပေါက်လာစေသည်။

စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေးများရပ်ရန် တရုတ်နယ်စပ်အနီးရှိ စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တရုတ်က ဖိအားပေးနေချိန်တွင် အထက်ပါတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် ရင်ဆိုင်ရချိန်တွင် စစ်ကောင်စီကို ဘေ့ဂျင်းထောက်ခံမှုပြသရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ်လလယ်တွင် မြန်မာသို့ လာရောက်ပြီးနောက် ယခု တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

စစ်ကောင်စီ တာဝန်ရှိသူများသည် စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး လက်သည်တရားခံ အကြမ်းဖက်သမားများကို ဖမ်းမည်ဖြစ်ကြောင်း ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် လုံခြုံရေး မြှင့်တင်ထားကြောင်း စစ်ကောင်စီက စနေနေ့တွင် ပြောသည်။ အဆင့်မြင့်စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး မန္တလေးမှ ဒေသခံရဲများ ပါဝင်ပတ်သက်ခြင်း မလုပ်ရန်ပြောထားကြောင်း ဒေသခံလုံခြုံရေး သတင်းရင်းမြစ်များပြောသည်။ သို့သော် မြန်မာစစ်တပ်နှင့်ပတ်သက်သည့် အဖွဲ့တဖွဲ့ ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည်ဆိုသည့် ခန့်မှန်းပြောဆိုမှုအများအပြားရှိနေသည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် မန္တလေး ဒေသခံများက စစ်ကောင်စီဘက်တော်သား ပျူစောထီးများကို ချက်ခြင်းအပြစ်တင်ကြသည်။ တိုက်ခိုက်မှုပြီးလျှင်ပြီးချင်း ကောင်စစ်ဝန်ရုံးနေရာမှ ပျူစောထီးများ ကားဖြင့် ထွက်ပြေးသွားသည်ကို မြင်ကြောင်း ပြည်သူများပြောသောကြောင့်ထိုသို့ယူဆခြင်းဖြစ်သည်။

ဝမ်ယိ၏ ခရီးစဉ်နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအား တရုတ်က အကြီးအကျယ် ဖိအားပေးခြင်းကြောင့် တရုတ်ကို မြန်မာပြည်သူများက စိတ်ပျက်ဒေါသထွက်သည်ကို အခွင့်ကောင်းယူကာ တရုတ်၏ ဒေါသကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများထံသို့ ဦးတည်စေရန် စစ်ကောင်စီက ဖန်တီးကောင်း ဖန်တီးနိုင်သည်ဟု ဒေသခံ နိုင်ငံရေးလေ့လာသူများနှင့် တရုတ်အရေးလေ့လာသူများက ယူဆသည်။

ကောင်စစ်ဝန်ရုံးနှင့် မန္တလေးမှ တရုတ်များအကြား ဖြစ်နိုင်သည့် ပဋိပက္ခတခုသည် ထိုတိုက်ခိုက်မှု၏ အကြောင်းရင်းဖြစ်နိုင်ကြောင်း အခြားလေ့လာသူများ ခန့်မှန်းသော်လည်း လူအများအပြားက ထိုတိုက်ခိုက်မှုသည် နိုင်ငံရေး ပယောဂမကင်းသည့် တိုက်ခိုက်မှုဖြစ်သည်ဟု ယူဆကြသည်။ ၂၀၂၁ ခုနှစ်က ရန်ကုန်တိုင်း လှိုင်သာယာရှိ တရုတ်ပိုင်အထည်ချုပ်စက်ရုံများကို မီးရှို့တိုက်ခိုက်မှုများလုပ်သည့် စစ်ကောင်စီနှင့်ပတ်သက်သော အဖွဲ့များက ယခုတိုက်ခိုက်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု မန္တလေးနှင့် ရန်ကုန်မှ သတင်းရင်းမြစ်များက သံသယရှိနေသည်။

ထိုမီးရှို့တိုက်ခိုက်မှုသည် ထိုမြို့နယ်မှ ဆန္ဒပြသူများကို စစ်ကောင်စီတပ်များက သတ်ဖြတ်နှိမ်နင်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဖြစ်ပွားသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် စက်ရုံ ၃၂ ရုံ ဖျက်ဆီး၊ လုယက်၊ မီးရှို့ခံရကြောင်း နှင့် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ပျက်စီးစေကြောင်း တရုတ်အစိုးရ အာဘော် ဂလိုဘယ်တိုင်းမ်က ထိုစဉ်က ဖေါ်ပြသည်။ စစ်ကောင်စီအနေဖြင့် ကျူးလွန်သူများကို ချက်ခြင်းအရေးယူရန်နှင့် တရုတ်နိုင်ငံသားများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်လုပ်ဆောင်ရန် ဘေ့ဂျင်းကတောင်းဆိုသည်။

သို့သော် မြန်မာတနိုင်ငံလုံးမှ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများက ဘေ့ဂျင်း၏ တောင်းဆိုမှုကို ပြစ်တင်ရှုတ်ချပြီး စွပ်စွဲချက်များကို ငြင်းဆန်ကာ ဆန္ဒပြသူများကို ပိုမိုပြင်းထန်သော ဖြိုခွဲမှုလုပ်ရန် ထိုမီးရှို့တိုက်ခိုက်မှုများကို စစ်တပ်က စီစဉ်ကြောင်း ပြောကြားသည်။

စစ်ကောင်စီသည် ထိုမီးရှို့တိုက်ခိုက်မှုမျာအတွက် အပြစ်ရှိသူ ၂၈ ဦးကို ထောင် နှစ် ၂၀ စီ ချသော်လည်း ၁၈ ဦးသည် လွတ်မြောက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီမီဒီယာအရ သိရသည်။

ဘေ့ဂျင်းက ယခု ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရခြင်းအတွက် မြန်မာအာဏာပိုင်များထံ ကန့်ကွက်ကြောင်း တနင်္လာနေ့တွင်ပြောပြီး “တရုတ်သည် ထိုတိုက်ခိုက်မှုအတွက် နက်ရှိုင်းသော တုန်လှုပ်မှုကို ဖေါ်ပြကာ ပြင်းထန်းစွာ ရှုတ်ချသည်” ဟု ပြောသည်။

ထိုတိုက်ခိုက်မှုကို အသေးစိတ် စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို ဥပဒေအနေနှင့်အညီ ဖမ်းဆီး အရေးယူ အပြစ်ပေးရန် ဘေ့ဂျင်းက မြန်မာကို တိုက်တွန်းသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Who Bombed the Chinese Consulate in Myanmar’s Mandalay? ကို ဘာသာပြန်သည်။)

You may also like these stories:

ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ)

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

အမေရိကန်-တရုတ် အားပြိုင်မှုကြောင့် မြန်မာ့အရေး လမ်းပျောက်

တရုတ်က စစ်ခေါင်းဆောင်ဘက်ကို ရပ်တည်လိုက်သလား (ရုပ်/သံ)

မြန်မာစစ်ခေါင်းဆောင်ကို တရုတ်ကြိုဆိုရန် ပြင်ဆင်နေ

တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ

Your Thoughts …
Tags: စစ်ကောင်စီဆန့်ကျင်ရေးတရုတ်ကောင်စစ်ဝန်ရုံးတရုတ်ဖိအားတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဗုံးခွဲတိုက်ခိုက်မန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
မန္တလေးမှ တရုတ်ကောင်စစ်ဝန်ရုံးကို မည်သူ ဗုံးခွဲတိုက်ခိုက်သနည်း

ဘုတလင်မှာ စစ်တပ်က ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန် (ရုပ်/သံ)

KIA ကို တရုတ် ဖိအားပေး (ရုပ်/သံ)

KIA ကို တရုတ် ဖိအားပေး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved