• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်နီစစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် စစ်တပ် အင်အားဖြည့် လှုပ်ရှားလာ

by စောလွင်
4 November 2024
in သတင်း
A A
ကရင်နီစစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် စစ်တပ် အင်အားဖြည့် လှုပ်ရှားလာ

ကရင်နီပြည်အတွင်း စစ်ရေးလှုပ်ရှားနေကြသည့် KNDF တပ်ဖွဲ့ဝင်များ/ KNDF

1.6k
VIEWS
Share on FacebookShare on Twitter

ကရင်နီ (ကယားပြည်နယ်) ၌ တော်လှန်ရေး ပူးပေါင်းတပ်များ စခန်းသိမ်းနှင့် မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ သည့် ၁၁၁၁ စစ်ဆင်ရေး ၁ နှစ်ပြည့် နှစ်ပတ်လည်နီးလာချိန်တွင် စစ်ကောင်စီက အင်အားဖြည့်တင်းမှုနှင့် စစ်ရေး လှုပ်ရှားမှုများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့် လွိုင်ကော်မြို့ကို ယခုရက်ပိုင်းအတွင်း အင်အားဖြည့် တင်းမှုများ ပိုမိုလုပ်ဆောင်လာကြောင်း လွိုင်ကော်မြို့ခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ရက်ပိုင်းက ဆီဆိုင်လမ်းကနေ ကားအစီး ၄၀ လွိုင်ကော်ထဲ ဝင်လာတယ်။ ရိက္ခာတွေရော စစ်သား တွေပါ အပြည့်ပဲ။ မပါဘူးဆိုရင် တစီးကို စစ်သား ၁၅ ယောက် အယောက် ၂၀ လောက် ပါတယ်။ အဲဒီလိုလာပြီး နောက်ရက် ရဟတ်ယာဉ်ဆင်းတယ်။ ဒကစ အရှေ့ရဲ့ လေယာဉ်ကွင်းထဲကို၊ မင်းစုရပ်ကွက်မှာရှိတဲ့ ဒစက ရဲ့ မြောက် လက်မှာက လွိုင်ကော်လေယာဉ်ကွင်း ရှိတယ်။ လူကြီးတယောက်ယောက် လာထင်တယ်၊ စစ်တပ်အထူး ရဟတ် ယာဉ်ပဲ” ဟု ပြောသည်။

လွိုင်ကော်မြို့ပတ်လည်၌ စစ်ကောင်စီက အင်အား ထပ်တိုးချထားမှုများရှိသလို တချို့နေရာများတွင် လက်နက်ကြီး တပ်ဆင်ထားမှုများရှိကြောင်းနှင့် မြို့အနောက်မြောက် ကုန်းသာ၊ လင်ဖုံလေး၊ နာနတ်တော ရပ်ကွက်များဘက်မှ ပစ်ခတ်သံများ ကြားရသည်ဟု လွိုင်ကော် ရှမ်းစုရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ထပ်တိုး လုပ်ဆောင်လာသလို ကင်းထောက်မှုများလည်း ရှိနေသည် ဟု လွိုင်ကော် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “သူတို့ ထွက်ထွက်လာပြီး ကင်းလာထောက်တယ်။ ထိတွေ့မှုတွေ ဖြစ်တယ်၊ ဖြစ်ပြီဆိုလည်း လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်” ဟု ပြောသည်။

ကယားပြည်နယ် လွိုင်ကော်နှင့် ရှမ်းကယားနယ်စပ်ကို ပြသသည့် မြေပုံ (ဧရာဝတီ)

စစ်ကောင်စီသည် လွိင်ကော်မြို့ကို ထိန်းချုပ်ပြီးနောက် ဆုံးရှုံးနယ်မြေများ ပြန်စိုးမိုးနိုင်ရန် စစ်ရေးပြင်ဆင်လှုပ်ရှားမှု များပြုလုပ်နေသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။

၎င်းက “စစ်ကောင်စီဘက်က ပင်လောင်းကနေ တောက်လျှောက်ဆင်းလာနေလို့ ဖယ်ခုံအစပ်မှာ တိုက်ပွဲတွေ ဖြစ်နေ သလို လွိုင်ကော်မြို့ပေါ်မှာလည်း စစ်ရေးပြင်ဆင်မှုတွေအများကြီးပြုလုပ်နေတယ်။ သေချာတာကတော့ စစ်ကောင်စီ က သူတို့နိုင်သလောက် ပြန်ပြီးတော့ ထိန်းနိုင်ဖို့အတွက် ကြိုးစားနေတာ တွေ့ရတယ်” ဟု ဆိုသည်။

လာမည့်နိုဝင်ဘာ ၁၁ ရက်၌ ၁၁၁၁ စစ်ဆင်ရေး တနှစ်ပြည့်မြောက်မည်ဖြစ်ပြီး လွိုင်ကော်တွင်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမည့်အသံများကြားနေရသောကြောင့် ပစ္စည်းများ လာသယ်ပြီး နေ့တွင်းချင်းပြန်ထွက်ခဲ့ရသည်ဟု တောင်ကြီးတွင် စစ်ရှောင်နေသည့် လွိုင်ကော်မြို့ခံတဦးက ဆိုသည်။

လက်ရှိ လွိုင်ကော်ဒေသခံများ စိုးရိမ်နေမှုအခြေအနေနှင့် ပတ်သက်၍ စစ်ရှောင်များကို ကူညီနေသည့် လွိုင်ကော်မြို့ခံ တဦးက “လွိုင်ကော်က ရေကြီးထားတော့ လူတွေက အိမ်သန့်ရှင်းရေးလုပ်၊ ပစ္စည်းတွေယူပြီး ပြန်ပြန်သွားကြတာ များ တယ်။ လာမယ့် ၁၁ ရက် ၁၁ လကို ကြောက်နေကြတယ်။ အခုတခါ ထပ်ဖြစ်ရင် လေယာဉ်နဲ့ ပိုတိုက်ခိုက်မှာလည်း စိုးနေကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက လွိုင်ကော်မြို့အပါအဝင် စစ်ကောင်စီ တပ်စခန်းများနှင့် မြို့များ ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

၁၁၁၁ စစ်ဆင်ရေးသည် အောင်မြင်မှုရရှိခဲ့ပြီး တလကျော်အတွင်း လွိုင်ကော်မြို့ကို ၈၀ ရာခိုင်နှုန်းနှင့် ကရင်နီပြည်နယ် တခုလုံးကို ၉၀ ရာခိုင်းနှုန်းထိ ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်အတွင်း စစ်ရေးလှုပ်ရှားနေကြသည့် KNDF တပ်ဖွဲ့ဝင်များ/ KNDF

၁၁၁၁ စစ်ဆင်ရေးစပြီးနောက် မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းမယ်ခုံ စသည့် မြို့ ၇ မြို့ကို ထိန်းချုပ်နိုင်ခဲ့သလို စစ်ကောင်စီတပ်စခန်း ၈၁ ခု သိမ်းပိုက်ရရှိခဲ့သည်ဟု KNDF က ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

သို့သော် အချိန်ကြာလာသည့်နှင့်အမျှ လက်နက်ခဲယမ်း အခက်အခဲရှိလာခြင်းနှင့် စစ်ကောင်စီက ဆီဆိုင်ဘက်မှ အင် အား ၂၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့သောကြောင့် ကရင်နီပူးပေါင်းတပ်များ ပြီးခဲ့သည့် ဇွန်လတွင် လွိုင်ကော်မြို့ကို ပြန်လည် လက်လွှတ်ခဲ့ရသည်။

စစ်ကောင်စီ၏ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) ရှိရာ လွိုင်ကော်တွင် ခလရ ၂၆၁၊ ခလရ ၂၅၀ ၊ ခလရ ၅၄ ၊ အမြောက်တပ်ရင်း (အမတ-၃၆၂) ၊ အမှတ် ၇ တပ် မတော် ဆေးရုံတပ် (တဆရ ၇)၊ ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၇၂၂ ) တို့ရှိပြီး စစ်ကောင်စီက အင်အား ထပ်ဖြည့်ထားသည့်တပ်များနှင့် ပေါင်းလျှင် အင်အား ၄၀၀၀ ဝန်းကျင်အထိ ရှိနိုင်သည်ဟု စစ်ရေးနှင့် နီးစပ်သည့် လွိုင်ကော်မြို့ခံများထံက သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
28
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
78

စစ်ကောင်စီသည် စစ်ရေးလှုပ်ရှားမှုနှင့်အတူ ၎င်းတို့လက်လှမ်းမမီသည့်နေရာ၊ လက်လွှတ်ထားရသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသလို ထပ်မံ၍လည်း ပြုလုပ်နိုင်သောကြောင့် ကရင်နီပြည်သူများမှာ စစ်ကောင် စီ၏ ပိတ်ဆို့ဟန့်တားမှု၊ တိုက်ခိုက်မှုများကြားတွင် အကူအညီအထောက်အပံ့များ ပိုမိုလိုအပ်နေမည်ဖြစ်သည်ဟု ဦးဗညားက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်အတွင်း စစ်ရှောင် ၃ သိန်းခွဲကျော်ရှိလာပြီဖြစ်ကာ ပြီးခဲ့သော စက်တင်ဘာနှင့် အောက်တိုဘာ လတို့၌ ရေကြီးနစ်မြုပ်မှုများကြောင့် စစ်ဘေးရှောင်နှင့် ဒေသခံ ၃ သောင်းနီးပါး သဘာဝဘေးထပ်မံကြုံတွေ့နေကြ ရပြီး နိုင်ငံတကာမှဝိုင်းဝန်းကူညီပေးကြရန် IEC က အကူအညီ တောင်းခံထားသည်။

You may also like these stories:

လွိုင်ကော်ကို ထိန်းချုပ်ပြီးနောက် နယ်မြေစိုးမိုးရေး စစ်တပ်ပိုမို လှုပ်ရှား

လွိုင်ကော်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ

Your Thoughts …
Tags: ၁၁၁၁ စစ်ဆင်ရေးKNDFကရင်နီစစ်ကောင်စီလွိုင်ကော်အင်အားဖြည့်
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီကို အရေးယူပေးဖို့ အချိန်ရောက်နေပြီ (ရုပ်/သံ)

စစ်ကောင်စီကို အရေးယူပေးဖို့ အချိန်ရောက်နေပြီ (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေးနှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေးနှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved