• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

by ဧရာဝတီ
19 May 2025
in သတင်း
A A
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်း

3.1k
VIEWS
Share on FacebookShare on Twitter

ဂျပန်ကုမ္ပဏီ ၃ ခုသည် မြန်မာနိုင်ငံရှိဆိပ်ကမ်းစီမံကိန်းမှရုပ်သိမ်းရန်အတည်ပြုပြီးနောက် လူ့အခွင့်အရေး အလေး ထားသော တာဝန်သိသိရုပ်သိမ်းရေး တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

မြန်မာနှင့် ဂျပန် အရပ်ဘက်အဖွဲ့အစည်းများ၏ မြန်မာ၌ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းမည့် အစီအစဉ်ရှိမရှိ မေးမြန်းမှုအား ကာမီဂူမိ၊ ဆုမိတိုမိုကော်ပိုရေးနှင့် တိုယိုတာ ဆူရှိုတို့က ၎င်းတို့သည် လုပ်ငန်းရှင်းလင်းဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို စတင်နေပြီး ရန်ကုန် သန်လျင်မြို့နယ်ရှိ သီလဝါဘက်စုံနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ ဆုတ်ခွာရန် ပြင်ဆင်နေကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။

ထိုသို့ လုပ်ငန်းရုပ်သိမ်းစဉ် အလုပ်သမားများ ဘေးကင်းလုံခြုံရေးနှင့် အသွင်ကူးပြောင်းရေးအတွက် အစီအမံများ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ထိုလုပ်ငန်းများကတိပြုခဲ့သည်ဟု အထက်ပါ အရပ်ဘက်အဖွဲ့များက ပြော သည်။

ထိုဆိပ်ကမ်းကို ဂျပန်နိုင်ငံ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) က တည်ဆောက်ပေးခဲ့ပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဆက်နွယ်သော ကုမ္ပဏီတခုဖြစ်သည့် Ever Flow River Group တို့ ပူးပေါင်းစီမံလုပ်ကိုင်ခြင်း ဖြစ်သည်။

မတ်လ ၁၉ ရက်တွင် Justice for Myanmar (JFM) အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၇ ခုတို့က ကာမီဂူမိ၊ ဆုမိတိုမို ကော်ပိုရေးရှင်း၊ တိုရိုတာ ဆူရှို၊ အစိုးရကျောထောက်နောက်ခံပြု သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဂျပန် ရေခြားမြေခြား အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (Join)၊ နိပွန်ပို့ကုန်နှင့် ရင်းနှီး မြှုပ်နှံမှု အာမခံ (Nexi) တို့ထံ စာများပေးပို့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့်လုပ်ကိုင်ရမည့်ကိစ္စများကို လုပ်ကိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကာမီဂူမိ၊ ဆုမိတိုမိုနှင့် တိုရိုတာ ဆူရှိုတို့က နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို ပြည့်မီစေရန် ၎င်းတို့မည်သို့ လုပ် မည်၊ စီမံကိန်း၏ ပိုင်ဆိုင်မှုများကို မည်သို့ ကိုင်တွယ်မည်၊ လုပ်ငန်းလုပ်ကိုင်ခွင့် အဆုံးသတ်လိုက်သောကြောင့် စစ်ကောင်စီသို့ ဒဏ်ကြေးပေးမည် မပေးမည်၊ ဝင်ငွေများကို စစ်တပ်နှင့် ပတ်သက်သည့် အဖွဲ့အစည်းများသို့ ငွေကြေး မထောက်ပံ့စေရန် မည်သို့တားဆီးမည် စသော အသေးစိတ်များကို ပြောကြားခြင်း မရှိကြောင်း အထက်ပါ အဖွဲ့အစည်း ၇ ခုက ဆိုသည်။

ဂျပန်ပြည်သူ့ရန်ပုံငွေကို အသုံးပြုမှုနှင့်ပတ်သက်ပြီး Join ၏ တာဝန်ခံမှုကင်းမဲ့ခြင်းသည် အလေးအနက် စိုးရိမ်စရာ ဖြစ် ကြောင်း ထိုအဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

၎င်းတို့၏ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ရိုက်ခတ်မှု အနည်းဆုံးအဆင့်သာရှိသည်ဟု Nexi က ဖော်ပြသော်လည်း လူ့အခွင့်အရေးနှင့်ပတ်သက်သည့်အန္တရာယ်များအား ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟု အရပ်ဘက်အဖွဲ့များက ထောက် ပြသည်။

ထိုအဖွဲ့ ၇ ခုအနက်တခုဖြစ်သော မဲခေါင်စောင့်ကြည့်ရေးအဖွဲ့ (Mekong Watch) မှ အမှုဆောင် ဒါရိုက်တာ ယူကာ ကီဂူချီ က “Join က နှုတ်ဆိတ်နေခြင်းနှင့် Nexi ၏ စီးပွားရေးလုပ်ငန်းအန္တရာယ်ကို အမြင်ကျဉ်းမြောင်းသော ဖွင့်ဆိုမှု သည် တာဝန်သိသော စီးပွားရေးအမူအကျင့်တွေ လိုက်နာဖို့ ပျက်ကွက်မှုသာဖြစ်တယ်” ဟု ပြောသည်။

လူ့အခွင့်အရေးနှင့် ပတ်သက်၍ကာကွယ်ရန်နှင့် စစ်ကောင်စီသို့ မည်သည့်ဘာဏ္ဍာရေးအကျိုးပြုမှုကိုမဆို တားဆီးမည် ဟု ကတိပြုရန်၊ စီမံကိန်းမှ ပွင့်လင်းမြင်သာ တာဝန်သိသော ရုပ်သိမ်းမှုပြုလုပ်ရန် Join နှင့် ထိုကုမ္ပဏီ ၃ ခုကို အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆိုထားသည်။

JFM ပြောခွင့်ရသူ မရတနာမောင်က “စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်တိုက် ကျူးလွန်နေပြီး မတ်လ ၂၈ ရက် ငလျင်အပြီးမှာ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာမှု မရှိဘဲ ပြီးစလွယ်နုတ်ထွက်မှုတွေက ရက်စက်ကြမ်းကြုတ်မှုတွေကို လောင်စာဖြည့်ပေးနေတဲ့ အန္တရာယ်ရှိတယ်။ အဲဒီ ကုမ္ပဏီတွေနဲ့ ဂျပန်အစိုးရဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ စစ်ကောင်စီရဲ့ ရာဇဝတ်မှုမှာ ကြံရာပါ မဖြစ်အောင် ဘယ်လို လုပ်မယ်ဆိုတာကို ထုတ်ဖော်ပြောကြားရမယ်” ဟု ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Three Japanese Firms Ditch Myanmar Port Project ကို ဘာသာပြန်သည်။)

You may also like these stories:

ငလျင်ကြောင့် ပျက်စီးနေတဲ့ နေပြည်တော်မှာ နျူကလီးယားစက်ရုံ ရုရှား ဆက်ဆောက်မည်

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

Your Thoughts …
Tags: Justice for Myanmarဂျပန်ကုမ္ပဏီလူ့အခွင့်အရေးသီလဝါဆိပ်ကမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6.2k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

by Koh Ewe
7 November 2024
6k

နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.9k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Next Post
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved