သတင်းတို

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အား အနိုင်ရလွှတ်တော်ကိုယ်စားလှယ်မှ ပယ်ဖျက်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပြည်နယ်မဲဆန္ဒအမှတ် ၂ တွင် အနိုင်ရခဲ့သည့် ပြည်ထောင်စ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဘမော်အား  အနိုင်ရလွှတ် တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၁၆ ရက်တွင် ကြေညာလိုက်သည်။

ဒေါက်တာဘမော်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း မတရားပြုမှုများရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဖွေအားက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကန့်ကွက်လွှာတင်သွင်းခဲ့ရာတွင် စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာဘမော်အား အနိုင်ရကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဖွေအားကို အနိုင်ရကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ခုံအဖွဲ့ ၄ က အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading