သတင်းတို

တိုင်းရင်းသားအမတ်များ ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်သိန်း ၁၅၀ တိုးမြှင့်ထား

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ အသုံးစရိတ်အနေဖြင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စား လှယ်များအတွက် ကျပ်သိန်း ၁၅၀ ထိ အသုံးခွင့်ပြု ထားကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်ကတော့ တိုင်းဒေသကြီး တခုလုံး မဲဆန္ဒနယ်၊ ပြည်နယ်တခုလုံး မဲဆန္ဒနယ် ဖြစ်တဲ့ အတွက် သူက ကျယ်ပြန့် တာကြောင့် သူ့ကို ၁၅၀ အနေနဲ့တော့ တိုးမြှင့်ထားပါတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ UEC ရုံးတွင် နိုဝင်ဘာ၂၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ၏ မေးမြန်း မှုကို ဦးမြင့်နိုင်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်များကိုသာ ထိုသို့ တိုးမြှင့်ပေးသော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို မူလအ တိုင်း ကျပ်သိန်း ၁၀၀ သာ ခွင့်ပြုထားကြောင်း ဦးမြင့်နိုင်က ရှင်းပြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းသီဟကျော် က “မဲဆန္ဒနယ် ကျယ်ပြန့်တဲ့ ကိုယ်စားလှယ်တွေ အတွက်တော့ သုံးရမယ့် ပိုက်ဆံအကန့်အသတ် ရှိမယ်။ မဲဆွယ်စည်းရုံးတဲ့ အခါမှာ ပိုက်ဆံ အများကြီး ပုံအောပြီး သုံးမယ့် ကိုယ်စားလှယ် အတွက်တော့ အကန့်အသတ် ဖြစ်နေတာမျိုး ဖြစ်တယ်။ ဒါကြောင့် ဘယ်ကိုယ်စားလှယ်ပဲ ဖြစ်ဖြစ် မျှမျှ တတပဲ ဖြစ်စေချင်တယ်” ဟု ပြောသည်။

ထိုသို့ တိုးမြှင့်ပေးနိုင်ရန် အတွက် နိုင်ငံရေးပါတီ အများစုနှင့် ညှိနှိုင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ တိုးပေးလိုက် ပါက ငွေကြေး မပြည့်စုံသည့် ပါတီများအတွက် အခက်အခဲ ရှိနိုင်ကြောင်း၊ ပါတီစုံ၏ တင်ပြချက်အပေါ် အခြေခံ၍ ပြည် နယ်တခုလုံး မဲဆန္ဒနယ် ဖြစ်သောကြောင့် ကျယ်ပြန့်သဖြင့် ထိုသို့ တိုးပေးရခြင်း ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်ထိ မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၉၆ ပါတီ၊ ယာယီ ရပ်ဆိုင်းထားသည့် ပါတီ ၃ ပါတီ၊ ပါတီ တည်ထောင်ခွင့် စိစစ်ဆဲ ၃ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ ၂ ပါတီ ရှိပြီး ပါတီ မှတ်ပုံတင်ခွင့်များကို ဒီဇင်ဘာလကုန်ထိ သတ်မှတ်ထားကြောင်း UEC က သိရသည်။

ဆက်စပ်ဖတ်ရှုရန်

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော

၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading