သတင်းတို

ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ ပြေးဆွဲခွင့် ကန့်သတ်ထားသည့် ရက်ထပ်တိုး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု သိသိသာသာ အရှိန်ကျသွားခြင်း မရှိသေးသဖြင့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ပြေးဆွဲခွင့် ကန့်သတ်ထားသည့် ရက်ကို ထပ်တိုး သတ်မှတ်လိုက်ကြောင်း အောက်တိုဘာလ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။

ပြည်ပ လေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ဆင်းသက် ပြေးဆွဲခွင့်ကို အောက်တိုဘာလ ၃၁ ရက်အထိ သတ်မှတ်ထား ခဲ့ရာမှ နိုဝင်ဘာလ ၃၀ ရက်အထိ အချိန် ၁ လ ထပ်တိုးလိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေ ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။

လက်ရှိအချိန်တွင် COVID 19 ရောဂါသည် ပြည်တွင်းကူးစက်မှုအဖြစ် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များသို့ ပျံ့နှံ့မှု ရှိနေသည့်အတွက် ပြည်တွင်းလေကြောင်းခရီးစဉ်များ ယာယီရပ်တန့်ထားခြင်းကိုလည်း နိုဝင်ဘာလ ၁၅ ရက်အထိ ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။

အစိုးရ အနေဖြင့် နိုင်ငံတကာ လေကြောင်းများ ဆင်းသက်ခွင့်ကို မတ်လကုန်မှ စတင် ရပ်နားထားခဲ့သည့် အတွက် အချိန် ၈ လ ခန့်အထိ ရပ်ဆိုင်းထားခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ပြည်တွင်း လေကြောင်း ခရီးစဉ်များကိုလည်း ရပ်နားထားခဲ့သည့်အတွက် ပြည်တွင်း ခရီးစဉ်များ ရပ်နားထားခြင်း မှာ၂ လ ခန့် ရှိလာပြီ ဖြစ်သည်။

ယင်းသို့ အချိန်ကာလ ကြာမြင့်စွာ လေကြောင်းလိုင်းများ ရပ်နားထားရသည့်အတွက် ဝန်ထမ်းစရိတ် ပေးချေရန်နှင့် လုပ် ငန်း ရပ်တည်ရန် အခက်အခဲများ ရှိလာခြင်းကြောင့် ပြည်တွင်း လေကြောင်းလိုင်းတချို့သည် အစိုးရထံမှ ချေးငွေများ လျှောက်ထားလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံတချို့၌ နိုင်ငံတကာ လေကြောင်းလိုင်းတချို့ကို ဆင်းသက်ခွင့်ပေးထားသော်လည်း နိုင်ငံအားလုံးကို မဟုတ်ဘဲ ကိုဗစ်ရောဂါကို အသေအချာ ထိန်းချုပ်နိုင်သော နိုင်ငံများကိုသာ ခွင့်ပြု ခြင်းဖြစ်ပြီး မြန်မာ အစိုး ရသည်လည်း ကိုဗစ်ထိန်းချုပ်မှု အဓိက လုပ်ဆောင်နေရသည့်အတွက် ယခုလို ရက်ထပ် တိုးခြင်းဖြစ်ကြောင်း ပြည်တွင်း လေကြောင်းလိုင်းတခုတွင် အကြံပေးအရာရှိအဖြစ် လုပ်ဆောင်နေသူတဦးက မှတ်ချက်ပြုသည်။

၎င်းက “အခုက တိုင်းနဲ့ ပြည်နယ်တွေကို ကားနဲ့ သွားဖို့တောင် သေချာ ခွင့်မပြုသေးတာ။ လေကြောင်းနဲ့ဆို ပိုးဆိုးတာ ပေါ့။ သူက ခဏလေး သွားရမှာလေ။ ပြီးတော့ ရန်ကုန်လို နေရာမျိုးက တကယ်စိတ်ချရတဲ့ အနေအထားမှ မရှိသေးတာ” ဟု ပြောသည်။

နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ခွင့်ကို ရပ်နားထားသော်လည်း ကိုဗစ် ၁၉ ရောဂါကြောင့် အကြောင်းအမျိုး မျိုးဖြင့် ပြည်ပနိုင်ငံများတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများကို ဆုံ ရပ်နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကူညီကယ်ဆယ်ရေး ခရီးစဉ်များဖြင့် ပြန်လည် ခေါ်ယူပေးလျက် ရှိသည်။

You may also like these stories:

MAI လေကြောင်းလိုင်းကို အစိုးရက ချေးငွေထုတ်ချေးရန် စီစဉ်

Did you find apk for android? You can find new Free Android Games and apps.
Loading