သတင်းတို

ပုသိမ်နှင့် ငပုတောမှ NLD ပါတီဝင်၂ ဦး အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ပုသိမ်မြို့မှ NLD ပါတီဝင် ပန်းချီဆရာ ကိုသက်နောင်နှင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ကိုဇော်ဝင်း တို့ကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဧပြီလ ၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။

ပန်းချီဆရာ ကိုသက်နောင်၏ မိတ်ဆွေတဦးက “ကိုသက်နောင်က ခရီးသွားနေတာ။ မနေ့က အိမ်ပြန်လာတုန်း အိမ်ကို လာဝိုင်းပြီး ဖမ်းခေါ်သွားတာ။ ကိုဇော်ဝင်းကိုလည်း နေ့ခင်းပိုင်းမှာ ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းသလဲတော့ အကြောင်း အရင်း မသိရသေးဘူး။ လက်ရှိမှာ တောင်ပေါ်က စစ်တပ်ထဲမှာ စစ်နေတယ်လို့ သိရတယ်။ ရဲလက်ထဲ မလွှဲသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီက ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် တိမ်းရှောင်နေသည့် NLD ပါတီမှ လွှတ် တော် ကိုယ်စားလှယ် ၃ ဦး အပါအဝင် ပါတီဝင် ၈ ဦးကိုလည်း မတ်လ ၃၁ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပန်းချီဆရာ ကိုသက်နောင်မှာ ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံ ကာလမှ စတင်ကာ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ တဦးဖြစ်ကြောင်း သိရ သည်။

ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်တွင် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်မှ ဧပြီလ ၇ ရက်အထိ စစ်အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားသူ Generation- Z လူငယ်များ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်တဦး အပါအဝင် လူပေါင်း ၅ဝ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းကာ တရားစွဲဆိုထားကြောင်း သိရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်အက်အမှုအတွက် ရှေ့နေပါဝါမရသေး

နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထားသူများကို ထောင်တွင်း တရားရုံးများဖြင့် ကြားနာ စစ်ဆေးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading