NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးဟောင်းများအမှုတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီအဖွဲ့မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို စတင် စစ်ဆေးခဲ့ကြောင်း သိရ သည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် အဆိုပါ ဝန်ကြီးဟောင်းများ အမှုနှင့် ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင် ပုရ ဝုဏ်ထဲ၌ တရားရုံး ဖွင့်လှစ်ကာ တရားလိုဘက်ကို စစ်တင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း မင်းထီး Law Firm မှ ဝန်ကြီး ဟောင်း ဦးကျော်အေးသိန်း၏ ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက “ဒီနေ့ စစ်ဆေးတာကတော့ ဦးညီပုပါ ၃ ဦးအမှုရဲ့ တရားလို ဦးကောင်း ဇော်သန့်ကို စတင် စစ်ဆေးပါတယ်။ တရားလိုဘက်ကတော့ တိုင်ချက်ပါ အကြောင်းအရာတွေကို ထွက်ဆိုတာပေါ့။ ရုံးချိန်ကုန်သွားတော့ ကျနော်တို့ဘက်က ပြန်လှန် စစ်မေးခွင့်ကို ဒီနေ့မှာတော့ မရဘူး။ လာမည့် ရုံးချိန်းမှာပဲ ပြန်လှန် စစ်မေးခွင့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အမှုတွဲ အဖြစ် တရားစွဲဆိုထားသည့် အမှုတို့တွင် ဂွမြို့နယ်၊ ခုံးသောင်မြေပေါ်တွင် တန်ဖိုးနည်း မြေယာဖော်ဆောင်သည့် ကိစ္စ၊ စစ်တွေမြို့နယ်အတွင်းက အထည်ချုပ်စက်ရုံကိစ္စ၊ ဘဏ္ဍာရေး လုပ်ထုံး၊ လုပ်နည်းနှင့် မညီဘဲ ဘဏ္ဍာငွေကြေး သုံးစွဲခဲ့ သည်ဆိုသည့် ကိစ္စများ ပါဝင်ကြောင်းလည်း သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့် တရားစွဲခံရသော ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးဟောင်းများအမှုတွင် အဂတိတိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က တရားလို လုပ်ကာ တရားလိုပြ သက်သေ ၁၄ ဦး ရုံးတော်၌ တင်ပြထားကြောင်းလည်း ရှေ့နေများထံက သိရသည်။
လာမည့် ရုံးချိန်းကို အောက်တ်ိုဘာလ ၄ ရက်နှင့် ၆ ရက်တို့တွင် ရုံးချိန်း ပေးလိုက်ကြောင်လည်း ရှေ့နေများထံက သိရ သည်။
အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော် အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္ထုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်သည်။
အဆိုပါ ဝန်ကြီးဟောင်းများကို စစ်ကောင်စီက အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် ပထမ သတင်း ပေး တိုင်တန်း အမှုဖွင့်က ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သြဂုတ်လ ၁၂ ရက်က စစ်ကောင်စီက ထုတ်ပြန်ခဲ့ သည်။
အဆိုပါ အဂတိဖြင့် အမှုဖွင့်ခံရသည့် ဝန်ကြီးများတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ အာဏာသိမ်းပြီး နောက် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီး ချုပ်နှောင်ခံထားရပြီး ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံကို ဇူလိုင်လ ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ကာ ဦးကျော်လွင်ကိုမူ ယမန်နေ့ သြဂုတ်လ ၁၂ ရက်က ၎င်းနေထိုင်ရာ ရမ်းဗြဲမြို့ ပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်
အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ဝန်ကြီးဟောင်း ၅ ဦးအမှု ပထမအကြိမ် ရုံးထုတ်
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို စစ်တွေထောင်သို့ ပို့