• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပိုင်တံခွန် အမှုစစ်ဆေးရန် ရွှေ့ဆိုင်းခံရ၍ နစ်နာ

by ဧရာဝတီ
30 September 2021
in သတင်း
A A
မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန် / ယုဖြူဟန် / ဧရာဝတီ

မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန် / ယုဖြူဟန် / ဧရာဝတီ

13.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (က) ဖြင့် အချုပ်ကျ တရားရင်ဆိုင်နေရသည့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် အား ဆက်လက် အမှုစစ်ဆေးရန်အတွက် ထပ်မံ ရွှေ့ဆိုင်းခံရသည့်အတွက် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ယခင် သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးသွားမည့် အစီအစဉ်သည် အင်းစိန်ထောင်တွင်း ကိုဗစ်တတိယလှိုင်း မြင့်တက်ခဲ့သည့်အတွက် အမှုစစ်ဆေးမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပျက်ပြားသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ အမှုအတွက် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးကို ပြန်ထိုင်ရမည် ဖြစ်ကြောင်း ပိုင်တံခွန်၏ ရှေ့နေ ဖြစ်သူ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

ဦးခင်မောင်မြင့်က “ပထမဆုံးအနေနဲ့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြန်ထိုင်ရမှာပေါ့။ အရင်တုန်းက စစ်ခဲ့တဲ့ ဘယ်နေ့မှာ ဘယ်သက်သေကို စစ်မယ်ဆိုတဲ့ စစ်ဆေးချက် အဲဒီ စစ်ဆေးချက်က အရင်တုန်းက ညှိနှိုင်းထားတဲ့ အစည်းအဝေး အား လုံးက ပျက်သွားပြီ။ ကျနော်တို့ပြန်ပြီးတော့ အစည်းအဝေး ပြန်ထိုင်ရ မှာပေါ့။ ဘယ်နေ့မှာ တရားလိုပြ သက်သေတွေကို စစ်မယ်။ ဘယ်လိုပြန်လုပ်မလဲဆိုတာကို ပြန်လုပ်ရပါမယ်။ တရားလို စခန်းမှူးကိုတော့ စစ်ပြီးသွားပါပြီ။ ပြီးတော့မှ တရား လိုပြ သက်သေတွေကို ဆက်စစ်ရပါမယ်” ဟု ပြောသည်။

ယခုကဲ့သို့ ရုံးချိန်းများ ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ထောင်တွင်း အကျဉ်းကျ၍ အမှုရင်ဆိုင်နေရသူများအနေဖြင့် နစ်နာမှုများစွာ ရှိကြောင်း ဆိုသည်။

“ရုံးချိန်းတချိန်းကို ၁၄ ရက်ရှိတာကို ပုံမှန် စစ်ဆေးကြားနာရမယ့် ရက်တွေမှာ စစ်ဆေးကြားနာနိုင်မှု မရှိရင်တော့ အပြင်မှာ အာမခံနဲ့ အချုပ်ထုချေနိုင်ခွင့်ရတဲ့သူက မသိသာပေမယ့် ထောင်ထဲမှာ ထိန်းသိမ်းခံထား ရတဲ့ သူတွေအနေနဲ့ နစ်နာပါ တယ်။ ရုံးချိန်းမှာလည်း အမှုနဲ့ ပတ်သက်ပြီး ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘဲနဲ့ ရုံးချိန်းသက်သက်ကြီး ချိန်း လိုက်တာ ဖြစ်တဲ့အတွက် ၁၄ ရက်ကြီး သက်သက် အချုပ်နှောင်ခံရသလိုဖြစ်တော့ ထောင်ထဲကနေ ချုပ်နှောင်ခံရသူတွေ အနေနဲ့တော့ နစ်နာတာပေါ့။ ရုံးချိန်းချိန်းတဲ့နေ့မှာ သင့်လျှော်တဲ့လုပ်ငန်းစဉ်တွေ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု ဦးခင်မောင်မြင့်က ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
516
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
88

ပိုင်တံခွန် အမှုအတွက် ရုံးချိန်းကို စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၁၃ ရက်သို့ ထပ်မံ ရွှေ့ဆိုင်းထားသည်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှု အခြေအနေများကြောင့် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုများကို ဇူလိုင်လ ၈ ရက်မှ စတင်ကာ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်မှ စတင်ကာ ပြန်လည်ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှုကြောင့် ထောင်တွင်း ထိန်းသိမ်းခံရသူများနှင့် ပြင်ပလူများ၏ တွေ့ဆုံမှုကို တားမြစ်ထားသည့်အတွက် ပစ္စည်းပို့ခွင့်နှင့် စာချင်း ဆက်သွယ်ခွင့်သာ ရရှိကြောင်း သိရသည်။

သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ ပြီး ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုထားကာ အဆိုပါ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

ဂျာမဏီ ရုပ်ရှင်ပွဲတော်တခုတွင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ဆန်ခါတင် ရွေးချယ်ခံရ

မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း

၅၀၅ (က) ဖြင့် တရားစွဲခံရသည့် အနုပညာရှင်တချို့ အဖမ်းမခံရစေရန် ခံဝန်ရေးထိုး

Your Thoughts …
Tags: ၅၀၅ (က)ပိုင်တံခွန်အမှုမှုခင်းစီမံခန့်ခွဲမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

by ဧရာဝတီ
27 January 2025
1.6k

လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

by ဧရာဝတီ
30 June 2023
21.1k

စစ်ကောင်စီသည် ဧရာဝတီ သတင်းဌာနကို တရားစွဲဆိုပြီး ပထမဆုံးအကြိမ် ဖြိုခွဲရန် ကြိုးစားပြီးနောက် တနှစ်ခွဲအကြာတွင် သူ့ကိုဖမ်းဆီးခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်းကြေညာထားသည့် အနုပညာရှင်များ

နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဖြင့် တော်လှန်စိတ်ကို ရပ်၍မရ

by ဧရာဝတီ
14 April 2022
21k

စစ်အစိုးရရှိနေစဉ် ကာလမှာတော့ နိုင်ငံသားဖြစ်လည်း ကျနော်တို့လို ပြည်ပရောက်နေသူတွေက ပြည်တွင်း ပြန်ဝင်လာလို့ မရတာကြောင့် ဘာမှ မထူးခြားပါဘူး။ သဘောကတော့ ဖမ်းမမိတဲ့သူတွေ၊ အဝေးရောက်သွားတဲ့သူတွေကို၊ သူတို့ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့သူတွေကို မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့ဗျာ။ မြန်မာပြည်မှာ နိုင်ငံသားမှတ်ပုံတင်ကြီး...

၂၀၂၁ ဖေဖော်ဝါရီလ ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦးက ရဲများအား ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှစဉ် / ဧရာဝတီ

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

by ဧရာဝတီ
25 February 2022
15.1k

"မနေ့က ဇမ္ဗူသီရိတရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။ ပုဒ်မကတော့ ၅၀၅ (က) ရယ် ရဲစည်းကမ်းရယ် နှစ်ခုနဲ့ အမှု ဖွင့်ခံထားရပါတယ်" ဟု ဒုရဲမှူးကြီးဇော်ဝင်းကို၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

Next Post
ပြည်တွင်းစက်သုံးဆီဈေး စံချိန်တင် ထိုးတက်နေ (ရုပ်/သံ)

ပြည်တွင်းစက်သုံးဆီဈေး စံချိန်တင် ထိုးတက်နေ (ရုပ်/သံ)

ကုန်းသာရွာနှင့် သေးဆူးလဲရွာသို့ ရိက္ခာပြန်ယူကြသည့် ဒေသခံများ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရမှုများ ဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ - CJ)

စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved