• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

by ဧရာဝတီ
18 September 2023
in သတင်းတို
A A
ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး
3.2k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို စက်တင်ဘာလ ၁၆ ရက် ညနေ ၉ နာရီအချိန်တွင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ဒုရဲအုပ် နိုင်ဇော်အောင်ဖြစ်ပြီး စခန်းမှနေ မြို့ပေါ်ရပ်ကွက်ရှိ ၎င်း၏အိမ်သို့ ပြန်စဉ် ထိုသို့ ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်း ဆမီးမြို့ခံတဦးက ပြောသည်။

၎င်းက “သူက စခန်းကနေ အိမ်ပြန်ထမင်းစားတဲ့အချိန် ည ၉ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့က လာပြီး ဖမ်းသွား တာ။ သူ့ကို ဖမ်းခေါ်သွားတဲ့အချိန် သူ့အမျိုးသမီးကိုပါ တခါတည်း ဖမ်းသွားပြီး သူ့အမျိုးသမီးကိုတော့ လမ်းမှာပဲ ပြန်လွှတ်လိုက်တာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ဒုရဲအုပ် နိုင်ဇော်အောင်သည် ဆမီးမြို့ပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင် စီ ဗျူဟာမှူးနှင့် အလွန်ရင်းနှီးသူတဦးဖြစ်ကာ စစ်တပ်အတွက် သတင်းများစုဆောင်းပေးခြင်း၊ ဒေ သခံ စက်လှေသမားများထံမှ ဆက် ကြေးတောင်းခံခြင်း၊ စစ်တပ်ရိက္ခာများပေးပို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် နာမည်ဆိုးထွက်နေသူတဦး ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော် (AA)၊ ချင်းဒေသကာကွယ်ရေးတပ် (CDF) ပလက်ဝနှင့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) တို့ အဓိက ဝင်ရောက်လှုပ်ရှားလျက်ရှိရာ ယခု စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ် နိုင်ဇော်အောင်အား CNA တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားကြောင်း သတင်း ထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်ထိ ဒုရဲအုပ် နိုင်ဇော်အောင် ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များက တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
129
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
888

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF /CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ အား ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာအုပ်စု၊ ခုံတိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းတခုအား CNF/CNA တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး မှု ရှိခဲ့သည်။

Your Thoughts …
Tags: CNAဆမီးမြို့ရဲစခန်းဒုရဲအုပ်ပလက်ဝ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
18.8k

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
6k

စစ်ကောင်စီက လမ်းကြောင်းများပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်းများကို အဓိက အားထားနေရခြင်းဖြစ်ပြီး CYLA က လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲကို ရခိုင်ပြည်သူများ ပိုမိုခံစားရသောကြောင့် AA...

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

by ဧရာဝတီ
27 December 2023
4.9k

ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်ရေးဗျူဟာကို ကျော်လွှားနိုင်ရန် ကုလားတန် မြစ်ကြောင်းတလျောက်ရှိ စစ်ကောင်စီအမာခံစခန်းများကို AA တိုက်ခိုက်ဖြိုဖျက်၍ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်တခု ဖန်တီး ရယူနိုင်မည်လား

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်

by မေရီခိုင်
29 July 2024
4.7k

ယခုလို ပိတ်ပင်မှုကြောင့် လောင်တလိုင်ခရိုင် စက်သုံးဆီရောင်းဝယ်သည့် ကုန်သယ်များအနေဖြင့် နစ်နာမှုများ ရှိခဲ့ သလို ရေနံဈေးကွက်ရှာဖွေရေး (OMC) မှသတ်မှတ်ထားသော လစဉ်အရောင်းအား မပြည့်မီနိုင်သည့် အနေအထား ရှိနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

by Zo Tum Hmung နှင့် John Indergaard
5 December 2023
4.7k

နှစ်နှစ်ကြာ ဆွေးနွေးပြီးနောက် လာမည့်လများအတွင်း တင်းပြည့်ကျပ်ပြည့် ချင်းပြည်နယ်ကောင်စီ (CC) ကို ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

Next Post
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved