• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး

by ဧရာဝတီ
27 June 2024
in သတင်းတို
A A
မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်၊ ကျင်ပြင်ရပ်ရှိ နေအိမ်များ ပျက်စီးနေပုံ / ချယ်ရီမေ’s Facebook

989
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဇွန် ၂၅ ရက်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန် ၂၆ ရက် ညပိုင်းတွင် လူနေရပ်ကွက်အတွင်းရှိ နေအိမ်များပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကုတ်မြို့ခံတဦးက “ မနေ့ညပိုင်းက မိုးကုတ် အနောက်ပိုင်း ရွှေမြင်းဝန်၊ မစိုးရိမ်ဘက်နဲ့ ကျပ်ပြင်မြို့မ ရပ်ကွက်ပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲသွားတာ၊ အိမ်တွေ ထိခိုက်ပျက်စီးတာတွေ တော်တော်များတယ်၊ အချို့ အိမ်တွေထဲအထိ ကျည်စတွေ လက်နက်ကြီးစတွေ ဝင်တယ်၊ လက်ရှိတော့ အနီးနားက ဘေးလွတ်ရာမှာ နေကြရတာပေါ့၊ အခုက လမ်းတွေလည်း ပိတ်နေတော့ ရှောင်ဖို့ တိမ်းဖို့ ခက်နေကြတာ”ဟု ပြောသည်။

အလားတူမိုးကုတ်အရှေ့ပိုင်း အောင်ချမ်းသာတွင် ယနေ့ နေ့လယ် ၃ နာရီခန့်က လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံတဦးက ပြောသည်။

တအာင်းပြည် တပ်မဟာ(၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ် ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိုက်ပုံးနေရာ၊ ဒေါ်နန်းကြည်တောင်နှင့် ၆မိုင် (မိုးကုတ်နှင့် ပိန်းပစ်ရွာကြား)တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၅ ကြိမ် လာရောက် တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

Y12 လေယာဉ်ဖြင့် ၆၀ မမ ဗုံးသီးများကို လူနေရပ်ကွက်များပေါ်သို့ ကြဲချသွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲမှာ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်အထိ ရောက်ရှိလာပြီး TNLA နှင့် ပူးပေါင်းတပ်များက မိုးကုတ်အနောက်ပိုင်း ရဲစခန်း သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေကြောင်း သိရသည်။

အနောက်ပိုင်းကျပ်ပြင် တောင်ပေါ်ကုန်းရပ်ကွက် လက်နက်ကြီးကျပြီးနောက် တွေ့ရပုံ / Thuryin Myokhant’s Facebook

ရဲစခန်းအား တိုက်ခိုက်ရာ၌ ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် အနီးမှနေအိမ်များအနေဖြင့် နေ့လယ်ပိုင်း အထိ ရွှေ့ပြောင်းချိန်ပေးထားသည်ဟု မြို့ခံများက ဆိုသည်။
မိုးကုတ်တိုက်ပွဲ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) (MDY PDF)၏ မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မိုးကုတ်ဗျူဟာက ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် မိုးကုတ်မြို့အနောက်ပိုင်း(ကျပ်ပြင်)နှင့် ၇ မိုင်ကျော်သာ ကွာဝေးသည့် မိုးကုတ်မြို့ အရှေ့ ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ကျပ်ပြင်မြို့အထွက် လူးထတံတားမှ စတင်ကာ လမ်း ပိတ်ဆို့ထားကြောင်း၊ မိုးကုတ်အရှေ့ပိုင်း ဈေးဆိုင်များ ပိတ်ထားသလို လမ်းများပေါ်တွင်လည်း လူသွားလူလာ မရှိတော့ဘဲ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

တိုက်ပွဲသည် မိုးကုတ်အရှေ့ပိုင်းအထိ ကူးစက်လာနိုင်ခြေရှိသော်လည်း ဒေသခံများမှာ လမ်း ပိတ်ဆို့မှုနှင့်အတူ လုံခြုံရေးအခြေအနေများကြောင့် စစ်ရှောင်ရန် အခက်အခဲရှိနေပြီး လက်ရှိ နေအိမ်မှာပင် နေထိုင်နေရကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
467
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.1k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
667
မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း မီးလောင်နေပုံ / CJ

ယခုအခါ မိုးကုတ်၊ မတ္တရာမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မန္တလေး-မိုးကုတ် ကားလမ်းနှင့် မန္တလေး- မြစ်ကြီးနားကားလမ်းများကို ဇွန် ၂၅ ရက်မှ စတင်ပြီး ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်း သွားလာခြင်း မပြုရန် တော်လှန်ရေး အင်အားစုများ သတိပေးထားသည်။

ဇွန် ၂၆ ရက်တွင် မိုးကုတ်မြို့နယ်ရှိ ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

ယမန်နှစ် နိုဝင်ဘာက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ခဲ့သော မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ယာယီ အပစ်အခတ် ရပ်စဲခဲ့သော်လည်း ယခုဇွန် ၂၅ ရက်မှ စတင်ကာ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များတွင် “၁၀၂၇ စစ်ဆင်ရေး “အပိုင်း ၂ အဖြစ် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

You may also like these stories:

ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို TNLA ဝင်တိုက်နေ

စစ်တပ်နှင့်ပျူစောထီးတို့ မတ္တရာ၌ အင်အားဖြည့် ခံစစ်ပြင်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: ကျပ်ပြင်ပျက်စီးမိုးကုတ်ရဲစခန်းလက်နက်ကြီးလမ်းပိတ်လေကြောင်းတိုက်ခိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ  အပိုင်း ၁

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

by အောင်သစ်
20 August 2024
9.4k

PNO ၏ စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ဦးနေဝင်းထွန်းနှင့် ဦးခွန်မြတ်တို့ ကုမ္ပဏီများထောင်၍ ကျောက်မျက်လောကသို့ တိုးချဲ့ဝင်ခဲ့ကြသည့်မှာ အချိန်တလသာ ကွာခဲ့ကြသည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

by ဧရာဝတီ
4 December 2023
7.9k

ထိုစခန်းသိမ်းတိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက်ချ အညံ့ခံခဲ့ကြကြောင်း

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

by ဧရာဝတီ
28 June 2024
7.2k

NUG ကတော့ ရှမ်း-မန်းလို့တော့ ပြောတာပေါ့နော်၊ ကျနော်ကတော့ နောင်ချိုကို တိုက်တဲ့အနေအထားက ကျောက်ဂူ၊ အင်တောကနေတဆင့် ရပ်စောက် ရှမ်းတောင်ပေါ့နော်၊ ရှမ်းတောင်ကနေမှတဆင့် ကရင်နီဘက်အထိ ထိုးဖောက် ချိတ်ဆက်သွားနိုင်တယ်လို့ မြင်ပါတယ်

Next Post
ဗုဒ္ဓကယ်ပါ့ဘုရား

ဗုဒ္ဓကယ်ပါ့ဘုရား

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved