• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

သေဒဏ်စီရင်မည့်သတင်းအပေါ် စိုးရိမ်ကြောင်း အာဆီယံပါလီမန်အမတ်များ ပြော

by ဧရာဝတီ
23 September 2024
in သတင်းတို
A A
သေဒဏ်စီရင်မည့်သတင်းအပေါ် စိုးရိမ်ကြောင်း အာဆီယံပါလီမန်အမတ်များ ပြော

-----

2.5k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ ဖမ်းဆီးသေဒဏ်ချထားသည့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့အား ယခုရက်ပိုင်းအတွင်း သေဒဏ်စီရင်မည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ထိတ်လန့်မိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ထုတ်ဖော်ပြောဆိုသည်။

စက်တင်ဘာ ၂၄ ရက်တွင် သေဒဏ်ကျခံနေရသူ ၅ ဦးအား စီရင်မည့်သတင်းကို ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တခုထံမှ ရရှိခဲ့ကြောင်း၊ ထိုသူများအား လွှတ်ပေးရန် (သို့မဟုတ်) ဆိုင်းငံ့ထားရန်၊ ဆေးကုသခွင့် အပါအဝင် မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်ပေးရန်လည်း ၎င်းတို့က တောင်းဆိုထားသည်။

သေဒဏ်စီရင်မှုများသည် လူ့အခွင့်အရေးကိုထိပါးပြီး နိုင်ငံတကာ တရားဥပဒေစံနှုန်းများအား ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။

APHR ဘုတ်အဖွဲ့ဝင်နှင့် မလေးရှားလွှတ်တော်အမတ် Wong Chen က “သဘောထားကွဲလွဲမှုများအား ဖိနှိပ်ရန် ကြီးလေးသောပြစ်ဒဏ်ကို လက်နက်တခုအဖြစ် အသုံးချခြင်းအား လက်မခံဘဲ အပြင်းထန်ဆုံး ရှုတ်ချရမည်” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၇ ဦးအား သေဒဏ်စီရင်မည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ကာယကံရှင်မိသားစုများနှင့် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများကြား စိုးရိမ်ပူပန်မှုများရှိနေသည်။

ထို ၇ ဦးတွင် ၂၀၂၁ ဩဂုတ်လက ဖြစ်ပွားခဲ့သည့် ရဲ ၅ ဦး သေဆုံးခဲ့သော ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်တိုက်ခိုက်မှု အမှုတွဲမှ သေဒဏ်ချခံထားရသူ မမြတ်ဖြိုးပွင့်၊ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးတို့ ၅ ဦးနှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၌ လူ ၈ ဦး သေဆုံးခဲ့သည့် အင်းစိန်ထောင် ပါဆယ်လက်ခံဌာန ဗုံးခွဲမှုအမှုတွဲမှ ကိုကောင်းထက်နှင့် မချမ်းမြေ့သူတို့ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

APHR ဘုတ်အဖွဲ့ဝင်နှင့် မလေးရှားလွှတ်တော်အမတ် Wong Chen / APHR

ကိုကောင်းထက်နှင့် မချမ်းမြေ့သူတို့ နှစ်ဦးအား ယနေ့နံနက်၌ သေဒဏ်စီရင်ခဲ့ကြောင်း စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်အချို့နှင့် လူမှုကွန်ရက်သုံးစွဲသူများကြား ရေးသားဖော်ပြမှုအချို့ရှိသော်လည်း ၎င်းတို့အား သေဒဏ်စီရင်ခြင်းရှိမရှိ စစ်ကောင်စီက အတည်ပြု ထုတ်ပြန်ကြေညာခြင်းမရှိသေးသည့်အပြင် သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပေ။

နိုင်ငံရေးအကျဉ်းသား အခွင့်အရေးလုပ်ဆောင်နေသူများ၊ ၎င်းတို့၏ရှေ့နေများနှင့် မိသားစုများဝင်များအနေဖြင့်လည်း သေဒဏ်စီရင်မည့် သတင်းနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း၊ မိသားစုဝင်များထံ အကျဉ်းဦးစီးဌာနက ဆက်သွယ်အကြောင်းကြားခြင်း တစုံတရာမရှိသေးကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများအား ဥပဒေရေးရာ ကူညီပေးနေသူတဦးက “သက်ဆိုင်ရာမိသားစုတွေ၊ ရှေ့နေတွေနဲ့လည်း အကုန်လုံးမေးမြန်းပြီးပါပြီ။ ဘာမှထူးခြားမှုမရှိပါဘူး။ အကြောင်းကြားတာတွေမရှိဘူး။ အကျဉ်းဦးစီးဌာနက သတင်းအရင်းအမြစ်ကလည်း ဒီနေ့မနက်မှာ စီစဉ်ဆောင်ရွက်လိုက်တာ မရှိပါဘူး။ မနက်ဖြန်လည်း မရှိပါဘူး။ ကျနော်တို့လည်း အကြောင်းကြားထားတာ မရှိပါဘူးလို့ ပြောပါတယ်” ဟု ဆိုသည်။

အကျဉ်းထောင်လက်စွဲဥပဒေအရ သေဒဏ်စီရင်မည်ဆိုပါက အကျဉ်းသား၏ မိသားစုဝင်များအား ၂၄ နာရီအတွင်း ဆက်သွယ်အကြောင်းကြားခြင်း၊ မိသားစုနှင့်တွေ့ဆုံခွင့်ပေးခြင်း စသည့်အချက်များ လုပ်ဆောင်ပေးရကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ အကျဉ်းထောင်သမိုင်းတလျှောက် အမျိုးသမီးများအား သေဒဏ်စီရင်သည့် ဖြစ်စဉ်မျိုး မရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

လတ်တလော သေဒဏ်စီရင်မည့်သတင်းများ ထွက်ပေါ်နေသူများထဲမှ တဦး၏ မိသားစုထံပေးပို့သော စာတစောင်အား ယမန်နေ့ညနေပိုင်း၌ မိသားစုဝင်များ လက်ခံရရှိခဲ့ပြီး ထိုစာတွင် သေဒဏ်နှင့်ပတ်သက်ပြီး တစုံတရာ မပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.3k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
891

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း လက်ရှိ သေဒဏ်ပေးမည့်သတင်းများအပေါ် အတည်မပြုနိုင်ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် အများပြည်သူနှင့် မိသားစုများအပေါ် စိုးရိမ်ထိတ်လန့်စေရန် ဝါဒဖြန့်မှုအဖြစ် သုံးသပ်၍ရကြောင်း ဆိုသည်။

၎င်းက “စစ်ကောင်စီကိုတော့ ခန့်မှန်းရခက်တဲ့အတွက် ပြောရတော့ခက်တယ်။ မလုပ်ဘူးလို့ပြောပြီးမှ လုပ်ချလိုက်ရင်လည်း ကျနော်တို့ မတတ်နိုင်တဲ့အခြေအနေပါ၊ ဒီကာလကလေ။ သေချာတာတော့ လက်ရှိကနဦး စီရင်တယ်ဆိုတာကို အတည်မပြုနိုင်သေးတာဖြစ်တဲ့အတွက် ဒါဟာ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဘက်ကနေ လုပ်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလို့တော့ ကျနော်တို့က ယူဆပါတယ်” ဟု ပြောသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ လေးဦးအား ၂၀၂၂ ဇူလိုင်လတွင် အင်းစိန်အကျဉ်းထောင်၌ သေဒဏ်စီရင်ခဲ့ဖူးသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ သေဒဏ်စီရင်မည့်သတင်းများနှင့်ပတ်သက်ပြီး ကြားသိထားရခြင်း မရှိသေးကြောင်း စက်တင်ဘာ ၁၈ ရက်၌ BBC သတင်းဌာနသို့ ဖြေကြားထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၆၇ ဦးရှိပြီး ၎င်းတို့ထဲမှ ၁၂၃ ဦးမှာ ထောင်အတွင်း ပြစ်ဒဏ်ကျခံနေရကာ ၄၄ ဦးမှာ မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကန့်၊ လောက်ကိုင်တွင် ပြစ်မှုကျူးလွန်သူ ၁၀ ဦးအနက် ၃ ဦး သေဒဏ်ပေး

သေဒဏ်နှင့် တသက်တကျွန်းကျနေသူများ ထောင်ဝင်စာတွေ့ခွင့် မရသေး

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်

Your Thoughts …
Tags: APHRစစ်ကောင်စီနိုင်ငံရေးအကျဥ်းသားလူ့အခွင့်အရေးသေဒဏ်အာဆီယံပါလီမန်အမတ်များအဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မတ္တရာအနောက်ခြမ်းရွာများ လက်နက်ကြီးဖြင့် ပစ်ခံရ၊ ပြည်သူ ၆ ဦး သေဆုံး

မတ္တရာအနောက်ခြမ်းရွာများ လက်နက်ကြီးဖြင့် ပစ်ခံရ၊ ပြည်သူ ၆ ဦး သေဆုံး

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သူခိုးက လူဟစ်နေပြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved