• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သူခိုးက လူဟစ်နေပြန်

by ခင်မမ
24 September 2024
in သူ့အတွေး သူ့အမြင်
A A
စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကုလသမဂ္ဂရုံးရှေ့တွင် မင်းအောင်လှိုင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေစည် / Lauren DeCicca / Getty Images

3.1k
VIEWS
Share on FacebookShare on Twitter

ရယ်စရာလည်း ကောင်းပါတယ်။ ရွံစရာလည်း ကောင်းပါတယ်။ အကြောင်းကတော့ ခုတလော မင်းအောင်လှိုင်တယောက် နေရာတကာသွားပြီး အရူးချေးပန်း ထင်ရာပြောနေတဲ့စကားတွေကို ကြားနေရလို့ ဖြစ်ပါတယ်။

တိုင်းပြည်အနှံ့မှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်က ဩဂုတ်လ ၂၆ ရက်နေ့ မန္တလေးမှာ ပြောဆိုနေတာက “လက်ရှိ တိုင်းပြည်အခြေအနေမှာ မဲသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာသည်ကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက ပညာတတ် နည်းပါးခြင်းကြောင့် တွေ့ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံအကျိုးကို မကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးနေကြောင်း” လို့ တွေ့ရပါတယ်။

သူခိုးက လူဟစ်

မင်းအောင်လှိုင် စကားများက သူခိုးက လူပြန်ဟစ်နေတာကို ပြနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခွင့်ရှိပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်လို့ ပြဌာန်းထားတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်များကို မျက်ကွယ်ပြုပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းကြတဲ့ တရားခံဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နောက်လိုက်တွေသာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရေးကို လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ စတင်ဖြေရှင်းလာခဲ့သူတွေဟာ မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်သာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကနေ ဒီနေ့အချိန်ထိအထိ မြန်မာ့နိုင်ငံရေးကို လက်နက်ကိုင် အကြမ်းဖက် ဖြေရှင်းခဲ့ကြသူတွေဟာ နေဝင်း၊ သန်းရွှေ၊ မင်းအောင်လှိုင် စတဲ့ စစ်ခေါင်းဆောင်တွေသာ ဖြစ်ကြပါတယ်။ နိုင်ငံရေးနည်းလမ်းဆိုတာကို စိုးစဉ်းမျှပင် မစဉ်းစားဘဲ လက်နက်ကိုင် အကြမ်းဖက်ဖြေရှင်းခြင်းသာ လုပ်လာကြတဲ့သူတွေဟာ ပညာမဲ့တဲ့ နလပိန်းတုံး၊ လက်နက်အားကိုးကြတဲ့ လူ့အန္ဓစစ်ဗိုလ်များသာ ဖြစ်ကြပါတယ်။

ဒါ့ပြင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုကိုလည်း မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်များက နိုင်ငံရေးအရ မဖြေရှင်းခဲ့ကြပါဘူး။ လက်နက်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက် ဖြေရှင်းခဲ့ကြတာပါ။ ခပ်ကြမ်းကြမ်းလေး ပစ်ပြလိုက်ရင် ကြောက်ပြီး ငြိမ်သွားမှာပါလို့ မင်းအောင်လှိုင်တို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒါ့ပြင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုကိုလည်း မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်များက နိုင်ငံရေးအရ မဖြေရှင်းခဲ့ကြပါဘူး။ လက်နက်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက် ဖြေရှင်းခဲ့ကြတာပါ။ ခပ်ကြမ်းကြမ်းလေး ပစ်ပြလိုက်ရင် ကြောက်ပြီး ငြိမ်သွားမှာပါလို့ မင်းအောင်လှိုင်တို့ ထင်မှတ်ခဲ့ကြပါတယ်။

“သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုပြီး ရန်ကုန်လမ်းမများပေါ်မှာ လက်နက်မဲ့ပြည်သူတွေကို မင်းအောင်လှိုင်ရဲ့ စစ်တပ်က လက်နက်ကိုင် ပစ်ခတ်ပြီး ရမ်းကားခဲ့ကြပါတယ်။ လက်နက်ကိုင်၊ အကြမ်းဖက်ပြီး ပြဿနာဖြေရှင်းတာကို မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်များ အရင်ဦးဆုံး လုပ်ခဲ့ကြတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

ဒီအကြောင်းရာတွေဟာ ရှင်းလင်းပြီးဖြစ်တဲ့ အကြောင်းအရာတွေဖြစ်ပေမဲ့ အကြိမ်ကြိမ် ရှင်းလင်းရန်လည်း လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်က အထပ်ထပ်အခါခါ လိမ်ညာဖို့ ကြိုးစားနေတာဖြစ်လို့ အကြိမ်ကြိမ် ဖွင့်ချဖို့ လိုအပ်ပါတယ်။ ထပ်ခါထပ်ခါ ပြောနေရဖို့ လိုအပ်နေပါတယ်။

အရင်ဆုံး လက်နက်ကိုင် အကြမ်းဖက်ခဲ့ပြီး အခုမှ တော်လှန်ရေးအင်အားစုတွေကို ပြန်လည် လက်ညှိုးထိုးနေတာ ဘာကြောင့်ပါလဲ။ ပြည်သူလူထုကို တရားခံရှာဖို့ ကြိုးစားတာလို့ ပြောလို့ရတဲ့အပြင် ဒီအကြောင်းအရာကို ဒီနေ့အချိန်မှာ ထပ်တလဲလဲ မင်းအောင်လှိုင် ပြောနေရတဲ့ အဓိကအကြောင်းရင်းကတော့ သူတို့ စစ်ရှုံးနေလို့ ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့ အနေနဲ့ ခပ်ကြမ်းကြမ်းလေး ပစ်သတ်ပြလိုက်ရင် လူတွေကြောက်လန့်ပြီး ငြိမ်သွားလိမ့်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ ခေတ်တွေပြောင်းသွားတာကို သူတို့ သတိမမူမိပါဘူး။ တဖက်ကလည်း လူငယ်တွေဟာ လက်နက်ကိုင်အကြမ်းဖက်တဲ့ စစ်အာဏာရှင်တွေကို ရရာလက်နက် ကိုင်ပြီး ခုခံကြသလို လူထုအများစုကလည်း အားတက်သရော ထောက်ခံခဲ့ကြပါတယ်။

မြို့ပြမှသည် ကျေးလက်ဒေသတွေမှာ စုဖွဲ့ပြီး လက်နက်ကိုင်ကာ ပြန်လည် တိုက်ခိုက်ကြပါတယ်။ တူမီးကိုင်ပြီး ပြန်လည် တိုက်ခိုက်တဲ့ စစ်‌ရည်မဝသေးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လူထုကို မင်းအောင်လှိုင်တို့ အထင်သေးခဲ့ကြပါတယ်။ ကြည်း/ရေ/လေ တပ်ပေါင်းစုံ၊ ခေတ်မီလက်နက်ယန္တယားပေါင်းစုံနဲ့မင်းအောင်လှိုင် စစ်တပ်က အလွယ်တကူ နှိမ်နင်းနိုင်မယ်လို့ ထင်ခဲ့မိကြပါတယ်။

ရှမ်းမြောက်တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်များနှင့် မင်းအောင်လှိုင် ဓာတ်ပုံ

တော်လှန်ပုန်ကန်မှု အပြင်းထန်ဆုံးဖြစ်လာတဲ့ အညာ‌ဒေသကို မင်းအောင်လှိုင်စစ်တပ်က ခြောက်လအတွင်း နှိမ်နင်းမယ်လို့ကြွေးကြော်ပြီး အကုန်လု၊ အကုန်ရှို့၊ အကုန်သတ် ပေါ်လစီကို ကျင့်သုံးခဲ့ကြပါတယ်။

အိမ်ခြေ ၁ သိန်းခန့် မီးရှို့ဖျက်ဆီးလုယက်ခဲ့ပြီး လူရာနှင့်ချီ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ရလဒ်ကတော့ အညာဒေသကို မင်းအောင်လှိုင်စစ်တပ် မထိန်းချုပ်နိုင်တော့ပါဘူး။

ဒါ့ပြင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်လာကြတဲ့အတွက် မင်းအောင်လှိုင်စစ်အုပ်စုဟာ စစ်ရေးအရ အဆုံးအရှုံး ကြီးမားခဲ့ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များအပါအဝင် တပ်ရင်းဖွဲ့ပေါင်း ၁၀၀ ကျော်ဟာ စစ်အင်္ဂါစဉ်ထဲက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။ မြို့ပေါင်း ၈၀ ခန့်ကိုလည်း စွန့်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ ဆက်လက် စွန့်လွှတ်ရမယ့် အသည်းအသန် ခုခံနေရတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ မြို့တွေလည်း တန်းစီနေပါတယ်။

“သေရဲတဲ့ကောင် ထွက်ခဲ့”၊ “စစ်ကိုခေါ်ရင် စစ်လာမယ်”၊ “မြေကျန်ရင် ရပြီ” ဆိုတဲ့ မင်းအောင်လှိုင်တယောက် ထင်တိုင်းမပေါက်ဘဲ အရှုံးကြီးရှုံးနေပြီး မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးရဲ့ ရတနာပုံနန်းမြို့ရိုးပေါ်မှာ သဲအိတ်တင်ပြီး မြို့ရိုးပြိုသည်အထိ ခံစစ်ပြင်နေရတဲ့ အချိန်ကာလရောက်တော့မှ လက်ရှိ မြန်မာပြည်ပြဿနာမှာ စပြီးတော့ လက်နက်ကိုင်အကြမ်းဖက်တာ သူတို့ မဟုတ်လေဟန် ဗြောင်လိမ်နေတော့တာပါပဲ။

ဘယ်သူပညာမဲ့တာလဲ

ဒါ့ပြင် ဒီပြဿနာဟာ “ပညာတတ်နည်းပါးလို့ပါ” လို့ မင်းအောင်လှိုင်က ဆိုနေပြန်ပါတယ်။ ဘယ်သူတွေက ပညာမတတ်ပါသလဲ။ စစ်ဗိုလ်များကို ပုံသွင်းထားတာက စစ်ဗိုလ်များဟာ ဘာမဆို သိ၊ ဘာမဆို တတ်တဲ့သူတွေ၊ တိုင်းပြည်ကို ကယ်တင်နိုင်တဲ့သူတွေ၊ တိုင်းပြည်ကို အုပ်ချုပ်ရမယ့်သူတွေအဖြစ် ပုံသွင်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် ဒီပြဿနာဟာ “ပညာတတ်နည်းပါးလို့ပါ” လို့ မင်းအောင်လှိုင်က ဆိုနေပြန်ပါတယ်။ ဘယ်သူတွေက ပညာမတတ်ပါသလဲ။ စစ်ဗိုလ်များကို ပုံသွင်းထားတာက စစ်ဗိုလ်များဟာ ဘာမဆို သိ၊ ဘာမဆို တတ်တဲ့သူတွေ၊ တိုင်းပြည်ကို ကယ်တင်နိုင်တဲ့သူတွေ၊ တိုင်းပြည်ကို အုပ်ချုပ်ရမယ့်သူတွေအဖြစ် ပုံသွင်းထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပုံသွင်းထားတာကို အဟုတ်မှတ်နေတဲ့ မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်တွေဟာ သူတို့ကိုယ် သူတို့ ဘာမဆို သိ၊ ဘာမဆို တတ်သူများအဖြစ် ထင်နေကြပါတယ်။ တကယ်တော့ ဘာမှ မတတ်တာ လက်တွေ့ပါပဲ။

မင်းအောင်လှိုင် အုပ်ချုပ်တဲ့ သုံးနှစ်ခွဲကျော်ကာလဟာ တိုင်းပြည်စီးပွားရေး ထိုးစိုက်ဆင်းပြီး အကုန် ဗရမ်းဗတာဖြစ်နေတာ၊ မြန်မာကျပ်ငွေဈေး အဆမတန်ဖောင်းပွပြီး တန်ဖိုးကျဆင်းနေတာ၊ ကုန်ဈေးနှုန်းတွေ တက်နေတာ၊ ကုန်ပစ္စည်းတွေ ရှားပါးနေတာ အားလုံး မျက်မြင်ပါပဲ။

မင်းအောင်လှိုင်တို့ ဘယ်လို စီမံခန့်ခွဲနေပါသလဲ။ ငွေဈေးဖောင်းပွရင် ငွေလဲတဲ့ဌာနတွေ၊ လူတွေဖမ်း၊ လိုင်စင်သိမ်း၊ ရွှေဈေးတက်ရင် ရွှေကုန်သည်ဖမ်း၊ ဆီဈေးတက်ရင် ဆီကုန်သည်ဖမ်း၊ ဆန်ဈေးတက်ရင် ဆန်ကုန်သည်ဖမ်း။ အပ်ကုန်စနစ်နဲ့ ရောင်းချတဲ့ စူပါမားကက်က မန်နေဂျာတွေဖမ်းနဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်တသိုက် ဘာစီးပွားရေးပညာ၊ ဘာစီမံခန့်ခွဲမှုပညာမှ မတတ်ဘဲ၊ ပစ်မယ်ခတ်မယ်၊ ဖမ်းမယ်ဆီးမယ်ဆိုတာကလွဲလို့ ဘာမှမတတ်တာ တွေ့ရပါတယ်။

ဒါ့ပြင် စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေဖြစ်တဲ့ ခရိုနီ‌နာမည်ကး ဇေကမ္ဘာ ခင်ရွှေ၊ ဧဒင် ဦးချစ်ခိုင်၊ ရိုးမဘဏ် ဦးသိမ်းဝေတို့ကိုပါ ဖမ်းဆီးထားတဲ့အထိ မင်းအောင်လှိုင်တို့ ပညာမတတ်တာသာမက ဆင်ခြင်တုံတရား ကင်းမဲ့တာ မြင်သာပါတယ်။

တကယ် အသိပညာ မတတ်တဲ့ စစ်ဗိုလ်တွေပါပဲ။ ရုရှားဆက်ဆံရင် တရုတ်ကို ချိန်ညှိလို့ရမယ်ထင်ပြီး လျှောက်လုပ်တာတွေလည်း နိုင်ငံတကာရေးရာမှာ ဘာမှ မတတ်တာ ထင်ရှားပါတယ်။ လားရှိုး ကျသွားတော့ တရုတ်ဆန့်ကျင်ရေးပတ်ဝန်းကျင်တွေ ဖန်တီးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လာရောက် သတိပေးသွားမှ တရုတ်ဆန့်ကျင်ရေး မလုပ်ရဲတော့ဘဲ ငြိမ်သက်သွားတာကြည့်ရင် စစ်ဗိုလ်တွေ နိုင်ငံတကာဆက်ဆံရေးမှာ ဘာမှ မတတ်တာ မြင်သာပါတယ်။

စစ်ပညာလည်း မတတ်တဲ့သူတွေ

တခြားသူတွေကို ပညာမတတ်ဘူးလို့ ပြောနေတဲ့ မင်းအောင်လှိုင်တို့အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး မတတ်တာထားဦး၊ စစ်ရော တိုက်တတ်ပါသလားလို့ ကြည့်ရင်လည်း စစ်လည်း မတိုက်တတ်ကြပါဘူး။ တိုင်းပြည်ထဲက ဗိုလ်သင်တန်းကျောင်းတွေမှာလည်းသင်၊ ရုရှားအပါအဝင် နိုင်ငံတကာပို့ သင်ကြတာပါပဲ။ ဒါပေမဲ့ စစ်ပညာတတ်ကြသလားဆိုတော့လည်း မတတ်ကြပါဘူး။

ကနေ့ ခေတ်သစ်စစ်ပွဲမှာ ဒရုန်းက အရေးပါပါတယ်။ အဲဒီဒရုန်းတို့ နွေဦးတော်လှန်ရေးမှာ စတင်အသုံးပြုတာက PDF တွေပါ။ တော်လှန်ရေးအင်အားစုတွေပါ။ ပရော်ဖက်ရှင်နယ် စစ်သားလုပ်စားနေတဲ့ မင်းအောင်လှိုင်တို့ စစ်တပ် မဟုတ်ပါဘူး၊၊ PDF တွေ၊ EAO တွေက နွေဦးတော်လှန်းရေး စကတည်းက ဒရုန်းသုံးနိုင်ဖို့ ကြိုးစားတီထွင် ရုန်းကန်ခဲ့ကြတာပါ။ အသင့်လုပ်ပြီးသားတောင် ဝယ်မသုံးနိုင်ပါဘူး။ ဒရုန်းသုံးတိုက်လို့ အထိနာပြီး ၂၀၂၃ ခုနှစ် ရောက်မှ မင်းအောင်လှိုင် စစ်တပ်က ဒရုန်းတွေဝယ်။ ဒရုန်းတပ်ဖွဲ့ကြရတာပါ။

မင်းအောင်လှိုင်တို့တတ်တဲ့ စစ်ပညာက မဆုတ်တမ်းခံစစ် ခံခိုင်းမယ်။ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ ပေးမယ်ဆိုတာပါပဲ။ အသေခံတိုက်ကြဆိုတာပါပဲ။ ဆုတ်လာရရင်တော့ စစ်ခုံရုံးတင် သေဒဏ်ပေးမယ်။ ထောင်ချမယ်၊၊ ဒါပဲ လုပ်တတ်တာပါ။

PDF တွေ ဒရုန်းသုံးပြီး မတိုက်ခင်က မင်းအောင်လှိုင်စစ်တပ်ဟာ တရုတ်က ဒရုန်းအသေးတွေ ရာနဲ့ချီဝယ်ပြီး နေပြည်တော် ပွဲလမ်းတွေမှာ ညဘက် စာလုံးပုံဖော်၊ အရုပ်ပုံဖော်ပြီး ကလေးအတွေးနဲ့ ကလေးကစားသလိုပဲ ကစားတတ်ကြတာပါ။ စစ်ပွဲမှာ သုံးရကောင်းမှန်း မသိကြပါဘူး။ အချိန်ရတာနဲ့ ယတြာချေဖို့ စဉ်းစားနေတဲ့ ဆင်ခြင်တုံတရား မရှိ၊ စူးစမ်းလေ့လာမှု မရှိ၊ တီထွင်ဖန်တီးနိုင်စွမ်း မရှိဘဲ ဘုရင်ရူး၊ သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်က ကျန်တဲ့ပြည်သူတွေကို ပညာမတတ်ဘူးလို့ စွပ်စွဲပြောဆိုတာဟာ တကယ့်ကို အပေါစား ပြက်လုံးပါပဲ။

ရန်ကုန်မြို့အတွင်း၌ ယခုနိုဝင်ဘာအတွင်း စစ်ကောင်စီ သံချပ်ကာယာဉ်များဖြင့် ကင်းလှည့်နေစဉ် (ဓာတ်ပုံ- စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ)

အဲဒီတော့ ပညာမတတ်ကြလို့ ဖြစ်နေကြတာဆိုတဲ့ မင်းအောင်လှိုင်တို့က ခေတ်သစ် စစ်ပညာမှာ ဒရုန်းသုံးဖို့မှာတောင် ခုမှ စစ်စတိုက်ကြတဲ့ လူငယ် မျိုးဆက်သစ်တွေကို မမီပါဘူး၊ စစ်ပညာ မတတ်ကြပါဘူး၊ တီထွင်ကြံဆမှု မရှိပါဘူး။ အမေပေးတဲ့ ဆန်တခွဲ၊ သုံးအိတ်နဲ့မလဲဆိုတဲ့ ခပ်ထူထူ ခပ်အအတွေဆိုတာ လက်တွေ့ ဖြစ်ရပ်က ပြနေပါတယ်။

ပြောပြန်ရင်လည်း လွန်ရာကြမယ်

၂၀၂၁ ခုနှစ်ဆန်းမှာ မင်းအောင်လှိုင် အာဏာရူးပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကို မျက်ကွယ်ပြုပြီး အာဏာမသိမ်းခဲ့ဘဲ ၂၀၂၀ ရွေးကောက်ပွဲက တက်လာတဲ့ အရပ်သားအစိုးရသာ တက်ခဲ့ရင် အခုအခြေအနေနဲ့ ပြောင်းပြန် မြန်မာပြည်အများကြီး တိုးတက်နေမှာလို့ အားလုံးရင်ထဲမှာ တွေးကြပါတယ်။

အခုတော့ ပညာတတ်တွေ၊ လုပ်ငန်းရှင် အပါအဝင် နိုင်ငံသားတွေနဲ့ နိုင်ငံဓနအင်အားတွေ ပြည်ပကို ထွက်ခွာကုန်ပါပြီ။ တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ကုန်ဈေးနှုန်းရယ်၊ စစ်မှုထမ်းဖို့ဆိုပြီး လူငယ်တွေ တပ်ထဲပို့တာပို့၊ လူပြန်ပေးဆွဲသလို ငွေညှစ်တာညှစ်နဲ့ ဗြောင်းဆန်နေတာပါပဲ။ အသက် ၆၅ နှစ်အရွယ် သက်ကြီးရွယ်အိုတွေပါ ကင်းစောင့်ရပြီး ငြိမ်ငြိမ် မနေရတော့တဲ့ကာလပါ။

ခြောက်လတကြိမ် သက်တမ်းတိုးပြီး ခြောက်လအတွင်း အညာဒေသကို ချေမှုန်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခု ရေဘေးဒုက္ခသည်တွေကို ခြောက်လအတွင်း ပုံမှန်အခြေအနေ ရောက်စေရမယ်လို့ လက်တန်း ကြွေးကြော်နေပြန်ပါပြီ။ ဘာမဆို လုပ်ရဲပြီး ဘာမဆိုပြောရဲပေမဲ့ ဘာမှ မလုပ်တတ်တာ၊ ဘာမှ မတတ်တာကတော့ အသေအချာပါပဲ။

ခြောက်လတကြိမ် သက်တမ်းတိုးပြီး ခြောက်လအတွင်း အညာဒေသကို ချေမှုန်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခု ရေဘေးဒုက္ခသည်တွေကို ခြောက်လအတွင်း ပုံမှန်အခြေအနေ ရောက်စေရမယ်လို့ လက်တန်း ကြွေးကြော်နေပြန်ပါပြီ။ ဘာမဆို လုပ်ရဲပြီး ဘာမဆိုပြောရဲပေမဲ့ ဘာမှ မလုပ်တတ်တာ၊ ဘာမှ မတတ်တာကတော့ အသေအချာပါပဲ။

ဒါကြောင့်လည်း ပညာမဲ့၊ ဆင်ခြင်တုံတရားမဲ့၊ အသိဉာဏ်နုံနဲ့တဲ့ မင်းအောင်လှိုင်တယောက် အာဏာရူးခဲ့၊ သမ္မတရူး ရူးခဲ့ပြီး လက်နက်ကိုင်အင်အားသုံး အကြမ်းဖက် အာဏာသိမ်းလို့ တိုင်းပြည်လည်းပျက်၊ စစ်တပ်လည်း ပျက်ခဲ့ရတဲ့အပြင် သမ္မတရူး မင်းအောင်လှိုင် ကိုယ်တိုင်လည်း အခုအခါမှာ အရူးမီးဝိုင်းဖြစ်နေတယ်လို့ ခင်မမပြောရင် လွန်တယ်လို့ မထင်ကြစေလိုပါ။

(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

စစ်ရှုံးနယ်မြေများ ပြန်သိမ်းပိုက်ရေး စစ်ခေါင်းဆောင် ပြော

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်ပြေးမလဲ (ရုပ်/သံ)

မင်းအောင်လှိုင်အတွက် လုံခြုံသောနေရာ မရှိသလောက်ဖြစ်လာ

Your Thoughts …
Tags: EAOPDFကုန်ဈေးနှုန်းငွေကြေးဖောင်းပွမှုစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုနွေဦးတော်လှန်ရေးဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူအကြမ်းဖက်မှုအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု
ခင်မမ

ခင်မမ

ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နိုင်ငံတဝန်း ရှုံးပွဲဆက်နေသော စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များ

နိုင်ငံတဝန်း ရှုံးပွဲဆက်နေသော စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များ

ရေဘေးကို အခွင့်ကောင်းယူ၍ ကရင်နီ၌ စစ်တပ် ပိုလှုပ်ရှားလာ

ရေဘေးကို အခွင့်ကောင်းယူ၍ ကရင်နီ၌ စစ်တပ် ပိုလှုပ်ရှားလာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved