• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home On This Day

တို့ဗမာအစည်းအရုံး တည်ထောင်ခြင်း ၈၉နှစ်ပြည့်

by ဝေယံအောင်
30 May 2019
in On This Day
A A
တို့ဗမာ အစည်းအရုံး အမှတ်တံဆိပ်

တို့ဗမာ အစည်းအရုံး အမှတ်တံဆိပ်

16k
VIEWS
Share on FacebookShare on Twitter

ယနေ့သည် တချိန်က မြန်မာ့နိုင်ငံရေးတွင် ထင်ရှားသည့် တို့ဗမာအစည်းအရုံး ကြီး ဖွဲ့စည်း တည်ထောင်ခြင်း ၈၉ နှစ်ပြည့် နေ့ဖြစ်သည်။

နိုင်ငံရေး ခေါင်းဆောင် အများစုသာမက ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ခေါင်းဆောင်များဖြစ်သည့် ရဲဘော် သုံးကျိပ်ကိုပါ တို့ဗမာအစည်းအရုံးကြီးက မွေးထုတ်ပေးခဲ့သည်။

RelatedPosts

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေပြည်တော်၊ တပ်မတော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ / ဧရာဝတီ 

အာဏာသိမ်းမှာ ခြိမ်းခြောက်တဲ့ သတင်းစာရှင်းလင်းပွဲ တနှစ်ပြည့်ပြီ

26 January 2022
6.6k
ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

7 July 2021
100k
ကနောင်မင်းသားကြီး

အိမ်ရှေ့စံ ကနောင်မင်းသားလုပ်ကြံခံရခြင်း

2 August 2019
32.8k

တို့ဗမာအစည်းအရုံးကို ၁၉၃၀ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန် နည်းပြ သခင်ဗသောင်း က အမှတ် ၃၃ ရေတာရှည်လမ်း၊ ဗဟန်းမြို့နယ်တွင် ဖွဲ့စည်းခဲ့သည်။

ကြွေးကြော်သံမှာ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို တို့ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါဖြစ်သည်။ ဗမာတိုင်း သခင်ဖြစ်၍ တို့ဗမာဝါဒသည် သခင်ဝါဒ ဖြစ်သည်။

ဖွဲ့စည်းပြီးနောက် သခင်ဗစိန်၊ မီးဒုတ် သခင်သိန်းမောင်ကြီး၊ သခင်ထွန်းရွှေ၊ သခင်လေးမောင်၊ ရှင်အရိယ၊ သခင်ထွန်းစိန် တို့ ပါဝင်လာရာ ပထမဦးစွာ ပွဲဦးထွက်အဖြစ် ၁၉၃၃ ခုနှစ်တွင် ရွှေဘိုနယ် ကြားဖြတ်ရွေးကောက်ပွဲကို သခင်ဗသောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

တို့ဗမာအစည်းအရုံးကို တည်ထောင်ူူ သခင်ဗသောင်း

သူနှင့်အတူ သခင်ဗစိန်၊ သခင်သိန်းမောင်ကြီး၊ သခင်ထွန်းရွှေတို့ လိုက်ပါသွားပြီး ရွေးကောက်ပွဲတွင် အင်္ဂလိပ် အစိုးရ ဆန့်ကျင့်ရေး တရားနှင့် တို့ဗမာသီချင်းကို နိုင်ငံရေး တရားပွဲတိုင်းတွင် ဆိုကြ ဟောကြရာ မကြုံဖူးသော ပြည်သူတို့မှာ ရဲသွေး တပြင်ပြင် ဖြစ်လာသဖြင့် အရေးပိုင်က ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး သခင်တစုကို ရွှေဘိုမှ ၂၄နာရီအတွင်း ထွက်ခွာရန် ရာဇသံပေး၏။

ထိုအမိန့်ကို သခင်တစုက ဖီဆန်သည့်အခါ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃လ ချမှတ်ခံရသဖြင့် ဝံသာနုမျိုးချစ်များက ကန့်ကွက်ဆန္ဒပြကြသလို ဗြိတိန်လွှတ်တော်သို့ပင် ရောက်ရှိသွားပြီး မေးခွန်းထုတ်ခြင်း ခံခဲ့ရသည့် အထိ လှုပ်ခတ်သွား ခဲ့သည်။

“သခင်ပေါက်စ ထောင် ခြောက်လ၊ အမေကမွေး ထောင်ကကျွေး” ကြွေးကြော်သံမှာလည်း နောင်တွင် လွတ်လပ်ရေး ကြိုးပမ်းသူ သခင်များ၏ လက်သုံး ဆောင်ပုဒ်ဖြစ်ခဲ့သည်။

ရွှေဘိုရွေးကောက်ပွဲ အပြီး သခင်ဗသောင်းနှင့် ကျန်သခင်များ အကြား ရန်ပုံငွေ ရှာရေးနှင့် ပတ်သက်၍ သဘောထား ကွဲသဖြင့် လမ်းခွဲကြရာ တို့ဗမာအစည်းအရုံး ဌာနချုပ်ကို ကြည့်မြင်တိုင် နိဗ္ဗာန်လမ်း သခင်ဟန် အိမ်သို့ ပြောင်းရွှေ့သည်။

တို့ဗမာအစည်းအရုံး၏ ပထမအကြိမ် ညီလာခံကို ၁၉၃၅ ခုနှစ် မတ်လတွင် ရေနံချောင်းတွင် ကျင်းပရာ ဆရာကြီး မှိုင်း လည်း သခင်ဘွဲ့ခံသည်။

၁၉၃၈ခုနှစ် ရေကျော်ရှိ တို့ဗမာအစည်းအရုံး ဌာနချုပ်

တို့ဗမာအစည်းအရုံး အရှိန်အဟုန်ဖြင့် ချီတက်နေစဉ် ဘုံဝါဒနှင့် ပတ်သက်၍  သခင်ဗစိန်၊ သခင်ထွန်းအုပ် (ဗစိန်၊ ထွန်းအုပ် ဂိုဏ်း)နှင့် သခင်သိန်းမောင်၊ သခင်လေးမောင်တို့ အုပ်စု သဘောထားကွဲရာမှ သခင် နှစ်ခြမ်းကွဲပြီး၊ သခင်ကိုယ်တော်မှိုင်း၊ ထိပ်တင်သခင်ကိုယ်တော်ကြီး ဦးဆောင် သခင်ဂိုဏ်းက တဖက်၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ညီ၊ သခင်အောင်သန်း ပါဝင်သည့်  ပြည်ခရိုင်သခင်များက တဖက်ဖြစ်ခဲ့သည်။

နိုင်ငံတော် သမ္မတဖြစ်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း(သခင်ရှုမောင်)မှာ သခင်ဗစိန်၊ သခင်ထွန်းအုပ် ဂိုဏ်းမှ ဖြစ်ပြီး၊ သခင်မြ သခင်အောင်ဆန်း၊ သခင်စိုးသခင်သန်းထွန်း၊ သခင်နု၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ စသည့် သခင်များက သခင် ကိုယ်တော်မှိုင်း၏ ဂိုဏ်းမှ ဖြစ်သည်။

သို့သော် လွတ်လပ်ရေးအတွက် ပြည်ပ အကူအညီရှာရာတွင်မူ နှစ်ဘက်လုံးက ဂျပန်နှင့် ချိတ်ဆက်ခဲ့သည်သာ ဖြစ်သည်။

ထူးခြားမှုက သခင်စိုးဦးဆောင်သည့် လက်ဝဲဝါဒယိမ်းသည့် ကွန်မြူနစ် သခင်များကမူ ဒီမိုကရေစီ နိုင်ငံများနှင့် ပူးပေါင်း၍ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရမည်ဟူသော အယူအဆဖြင့် ဂျပန်တပ်များ မြန်မာပြည်ထဲ ဝင်လာကတည်းက တော်လှန်ရန် စိုင်းပြင်းခဲ့သည်။

ဂျပန်ခေတ်တွင်မူ နှစ်ဘက် သခင်များ အစိုးရအဖွဲ့တွင် ပါဝင်ပြီး နေရာရလာသည် ဆိုသော်ငြားလည်း တို့ဗမာအစည်း အရုံး အနေဖြင့် နိုင်ငံရေးအရ ထိရောက်မှု မရှိတော့သလို၊ ဒုတိယကမ္ဘာစစ်အပြီး တို့ဗမာအစည်းအရုံးကို ပြန်လည်ထူထောင်ရန် သခင်ကိုယ်တော်မှိုင်းနှင့် တခြားသော သခင်ခေါင်း ဆောင်များက လုပ်ဆောင်ကြသော်လည်း မြန်မာနိုင်ငံရေး ဇတ်ခုံမှ တဖြည်းဖြည်း လျောကျခဲ့ရသည်။

သို့သော် ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးစ မြန်မာ့နိုင်ငံရေး လောကတွင် ကြီးစိုးခဲ့သူများမှာ တို့ဗမာအစည်းအရုံးမှ သခင်များ သာဖြစ်ပြီး၊ ပြည်တွင်းစစ်တွင်လည်း သခင်နုခေါင်းဆောင်သည့် အစိုးရနှင့် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့ ဦး ဆောင်သည့် ကွန်မြူနစ်ပါတီ အကြား တိုက်ခိုက်ခဲ့ကြရာ နောက်ဆုံး သခင်ဗသိန်းတင်အထိ ဖြစ်သည်။

ထို့အတွက် တို့ဗမာ အစည်းအရုံးကို တည်ထောင်ခဲ့သူ သခင်ဗသောင်းက ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာ၏ ရေသောက် မြစ် တရားခံမှာ သူပါပဲဟု မကွယ်လွန်မီက ဟာသလုပ် ပြောဆိုလေ့ ရှိကြောင်း သိရသည်။

You may also like these stories:

စော်ဘွားတို့ အာဏာစွန့်ချိန်

လေဘာတီမမြရင် ကွယ်လွန်ခြင်း

အင်းဝတံတား(စစ်ကိုင်းတံတား) ဖောက်ခွဲဖျက်ဆီးခံရခြင်း

မြန်မာ့ပထမဆုံး ရန်ကုန်- ပြည် မီးရထားလမ်း ဖွင့်ပွဲ

Your Thoughts …
Tags: တို့ဗမာအစည်းအရုံးသခင်
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.8k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ

ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
31 December 2017
8.8k

ခွေးလေးတွေက သူတိုနဲ့ အကြည့်ချင်းဆုံတဲ့အချိန် မျက်လုံးကနေ စေ့ဆော်တာဖြစ်တယ်လို့ သိပ္ပံဆိုင်ရာလေ့လာချက်အရ သိရပါတယ်။ ဒီတော့ ခွေးလေးတွေနဲ့ မျက်လုံးချင်းဆုံမိတာနဲ့ သူတို့ကို ချစ်အောင် မျက်လုံးလေးတွေနဲ့ ညှို့မယ်ပေါ့။

Next Post
အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ အရေးပေါ် ပြုလုပ်သင့်တဲ့ အရာများ

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ အရေးပေါ် ပြုလုပ်သင့်တဲ့ အရာများ

မိုးရာသီမှာတော့ ပင်လယ်ကမ်းခြေဘက်ကို ခရီးထွက်တာ အန္တရာယ်များပါတယ် 

မိုးရာသီမှာ အရှေ့တောင် အာရှနိုင်ငံတွေဆီ ခရီးသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate