• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အစိုးရနဲ့ရော တပ်မတော်နဲ့ရော ပြန်လည် တွေ့ဆုံပြီး ညှိရပါလိမ့်မယ်”

by ဧရာဝတီ
9 January 2018
in အင်တာဗျူး
A A
RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံ ရေး ရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦး / စိုင်းဦး

RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံ ရေး ရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦး / စိုင်းဦး

8.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) က ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အရ ဦးဆောင် ပြုလုပ်ရမည့် ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မပြုလုပ်တော့ဘဲ ယာယီ ရပ်ဆိုင်း လိုက်ပြီ ဟု ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

ရှမ်းလူမျိုး အလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေး မြို့တွင် ဇန်နဝါရီ လ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပရန် သတ်မှတ်ထားခဲ့သည်။

ဆွေးနွေးပွဲတွင် တင်ပြ ဆွေးနွေးနိုင်ရန် ပြည်သူလူထု၏ သဘောထားများ ကောက်ခံရန် အတွက် လွှတ်တော် ကိုယ် စားလှယ်များ၊ ရှမ်းနိုင်ငံရေး ခေါင်းဆောင်များက တောင်ကြီး၊ ပင်လုံ၊ တာချီလိတ်၊ ကာလိနှင့် ကျောက်မဲမြို့များတွင် ပြည်ထောင်စု အဆင့် နှင့် ပြည်နယ်အဆင့် ခွင့်ပြုချက်များဖြင့် လူထုတွေ့ဆံုံပွဲများ ပြုလုပ်ရာ တပ်မတော်၊ တပ်ဖွဲ့ဝင် များ ၏ တားဆီးခြင်းများကို ကြုံတွေ့ခဲ့ရသည်။

ထိုသို့ တားဆီးခြင်းနှင့် ပတ်သက်၍ တပ်မတော်ဘက်က အကြောင်းပြချက် တစုံတရာ ပြောဆိုခြင်း မရှိဘဲ အထက် အမိန့်ကြောင့် ဟုသာ ပြောဆိုထားပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် လူထုတွေ့ဆုံပွဲများ လုံးဝမပြုလုပ်ရန် ထပ်မံပြောဆို ခဲ့သည်ဟု သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
500
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
126

RCSS ဘက်မှ နိုင်ငံတော် အတိုင်ပင်ခံနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ကို ညှိနှိုင်းပေးရန် စာပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိကြောင်း၊ ယခုအချိန်ထိလည်း ပြည်သူလူထုနှင့် တွေ့ဆုံပြီး သဘောထား ကောက်ယူနိုင်ခြင်း မရှိ သဖြင့် လင်းခေးမြို့တွင် ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ယာယီ ရွှေ့ဆိုင်း လိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က RCSS ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ RCSS ရဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဆိုင်းငံ့ကြောင်း ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ရှင်းပြ ပါဦး။

ဖြေ။ ။ အဓိက ကတော့ ကျနော်တို့ အကြိုဆွေးနွေးပွဲတွေ လုပ်တာ၊ လူထုတွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်တာရော ကျနော် တို့ ပိတ်ပင် ဟန့်တားခံရတယ်။ ပိတ်ပင်ခံရလို့ ကျနော်တို့ လူထုရဲ့ သဘောထားတွေ ဆန္ဒတွေ အမြင်တွေကို ကျနော်တို့က မရရှိသေးဘူး။ မရရှိတော့ ကျနော်တို့ အမျိုးသားအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဖို့ ဆိုတာကလည်း ရမှာ မဟုတ်ဘူး။ လူထု သဘောထားတွေ ယူလို့မရတော့ ကျနော်တို့မှာ ဘာမှတင်ပြဖို့ မရှိဘူး။ ဆွေးနွေးပွဲမှာ ဘာမှ တင်ပြ နိုင်မှာလည်း မဟုတ်ဘူး။ ဒါ့ကြောင့်ပါ။

မေး။ ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် သဘောထားတွေ ရယူဖို့ ရှမ်းလူထုတွေနဲ့ တွေ့ဆုံမှုတွေကို တပ်မတော်က တားရတဲ့ အကြောင်းအရင်းကို RCSS က သိပါသလား။ RCSS အဖွဲ့အစည်းဘက်က ဘယ်လို သဘောထား ရှိလဲ။

ဖြေ။ ။ ဒီကိစ္စကတော့ တပ်မတော်ကိုပဲ မေးရမှာ ဖြစ်ပါတယ်။ တပ်မတော်က ဘယ်လို သဘောထားတယ်ဆိုတာ ကျနော်တို့ မသိဘူးဖြစ်နေတယ်။ ဘာ့ကြောင့် ဟန့်တားတယ်။ ဘယ်အချက်တွေကြောင့် ပိတ်ပင်တယ် ဆိုတာကို ကျနော် တို့ မသိဘူး။

အမှန်ဆိုရင် ကျနော်တို့ RCSS က NCA (တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်) ထိုးထားတဲ့ အဖွ့ဲ ဖြစ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတိုင်း ကျနော်တို့ လုပ်နေတာ သွားနေတာပါ။ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ NCA အတိုင်း သွားနေတဲ့ဟာကို တပ်မတော်က လာပြီး ပိတ်ပင် ဟန့်တားတယ်ဆိုတာက မဖြစ်သင့်ဘူးလို့ မြင်တယ်။ အမှန်ဆိုရင် တပ်မတော်က ပါဝင်ပူးပေါင်းမှု ကူညီမှုတွေကိုတောင် ကျနော်တို့ က ရရှိရမှာ ဖြစ်တယ်။ တပ်မတော်က ကူညီ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကိုလည်း ကျနော်တို့ကို လုပ်စေချင်တာက အမှန်ဆို လင်းခေး မဟုတ်ဘူး။ မိုင်းပန်မှာပဲ လုပ်စေချင်တာ။ လင်းခေး ကိုတောင်မှ မနည်းကို ညှိနှိုင်းပြီးမှ ရလာတဲ့နေရာ။ ဒါပေမယ့် ကျနော်တို့က မြို့ကြီးတွေ ဖြစ်တဲ့ တောင်ကြီး တို့ ကျိုင်းတုံတို့မှာ အကြိုဆွေးနွေးပွဲတွေ လုပ်နိုင်မယ်ဆိုပြီး သိရလို့ ကျနော်တို့က လင်းခေးကို လက်ခံလိုက်ခြင်း ဖြစ်ပါ တယ်။

မေး။ ။ တပ်မတော်က လိုက်လံတားဆီးပြီးတဲ့ နောက်မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ခရိုင်အဆင့်တွေကို အကြောင်းကြားစာ ပို့ထားတာတွေကို ပြန်ရုပ်သိမ်းတာ၊ RCSS ဥက္ကဋ္ဌ ဘက်က တားဆီး ခံရတာတွေကို ညှိနှိုင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ကာချုပ် တို့ကို စာပို့တဲ့အခါ အကြောင်းမပြန်တဲ့ အပေါ်မှာရော RCSS ဘက်က သဘောထား ဘယ်လိုရှိလဲ။

ဖြေ။ ။ အမှန်ဆို ကျနော်တို့ RCSS အနေနဲ့ လူထု တွေ့ဆုံ ဆွေးနွေးပွဲလုပ်တာက လူထု သဘောထားတွေ ခံယူဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး လမ်းစဉ် အတိုင်းပဲ သွားနေပါတယ်။ ဒီ NCA လမ်းကြောင်းအတိုင်းပဲ သွားနေပါတယ်။ ရှေ့လျှောက်မှာ ကျနော်တို့ နိုင်ငံရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတဲ့ အတွက်ကြောင့် ကျနော်တို့က ပြည်သူလူထု သဘောထားကို ခံယူနေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ တပ်မတော်အနေနဲ့ရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှောရှောရှုရှု သွားနိုင်အောင် တွေ့ဆုံပြီး ညှိနှိုင်း တာက အကောင်းဆုံးနည်းလို့ ကျနော်တို့က အဲ့ဒီလိုပဲ မြင်ပါတယ်။

မေး။ ။ NCA ထိုးပြီးနောက်မှာ တပ်မတော်နဲ့ RCSS တိုက်ပွဲ ပြန်ဖြစ်တာတွေရှိသလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကလည်း ရပ်စောက်-နောင်ချိုလမ်းမှာ RCSS တပ်ဖွဲ့ဝင်တွေကို ဖမ်းသွားတာ ရှိနေတော့ တပ်မတော်က RCSS အပေါ် မှာ သဘောထား တင်းမာမှုတွေ ရှိနေတာလား။

ဖြေ။ ။ ဟုတ်ကဲ့။ တပ်မတော်ရဲ့ သဘောထား ဘယ်လိုရှိနေတယ် ဆိုတာ ကျနော် မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် ဒီလ ပိုင်းတွေ အတွင်းမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှု နယ်မြေ လှုပ်ရှားမှုတွေက ကျနော်တို့ RCSS လှုပ်ရှားတဲ့ နယ်မြေမှာ ပိုပြီးတော့ စိတ်လာတယ်။ ပိုပြီးတော့ များလာတယ်။ နောက်ပြီး ကျနော်တို့ လူရဲ့ သတင်း ရတယ်ဆိုလည်း တပ် အင်အား နဲ့ သွားပြီးတော့ တိုက်ခိုက်တာတို့ ဝိုင်းတာတို့ ရှိတယ်။ ဖမ်းဆီးတာတွေလည်း ရှိတယ်။ ဒါ့ကြောင့်မို့ တပ်မတော် က ဒီလပိုင်းတွေမှာ အဲ့ဒီလို လုပ်လာတဲ့ အတွက်ကြောင့် ကျနော်တို့လည်း နားမလည် နိုင်လောက်အောင် ဖြစ်ရပါတယ်။ အမှန်ဆို ကျနော်တို့က နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေတာ ဖြစ်ပါတယ်။

မေး။ ။ မြေပြင်မှာ တင်းမာမှုတွေ ရှိနေတယ်ဆိုတာ ဘယ်လို အခြေအနေတွေလဲ။ ဘယ်နေရာတွေလဲ ပြောပြပါဦး။ ဖမ်းဆီးခံရတဲ့ အမှုတွေရော ရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ ဟိုပုံးဘက်မှာ အရပ်သား ၈ ဦးကို ဖမ်းထားတာလည်း အခုထိ ရဲစခန်း အချုပ်ထဲမှာ ဖမ်းထားတုန်း ဖြစ်ပါတယ်။ အဲ့ဒါလည်း အခြေအနေက ခုထိ မထူးသေးပါဘူး။ နောက် ကျနော်တို့ တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းထားတာ ကျိုင်းတုံ အချုပ် ခန်းထဲမှာ ခုထိရှိနေတယ်။ ပြီးတော့ ခုနပြောတဲ့ ကျောက်ဂူ ကျေးရွာ (ရပ်စောက်-နောင်ချိုကားလမ်း) ဘက်မှာလည်း လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဖမ်းဆီးမှု ရှိခဲ့ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင် ၄ ဦးပါ။ အရပ်သား အပါအဝင်ဆို ၆ ဦးပါ။ အဲ့ဒီကိစ္စတွေက ဒီလတ်တလောမှာ ဖြစ်ထားတာပါ။ အဲ့ဒါကိုလည်း ကျနော်တို့ JMC-S (ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ – ဒေသန္တရအဆင့်) မှာ တင်ပြထားတာ ရှိတယ်။ ဒါပေမယ့် ခုထက်ထိ ဖြေရှင်း နိုင်ခြင်း မရှိသေးပါဘူး။

မေး။ ။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးဆွေးနွေးဖို့ သွားနေတဲ့ လမ်းကြောင်းက အားရစရာ ရှိလား။ RCSS ဘက်က ဘယ်လို ရှုမြင်သုံးသပ်လဲ။

ဖြေ။ ။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ NCA အတိုင်း သွားနေခြင်း ဖြစ်ပါတယ်။ ကျနော်တို့က ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်နေရာမှာ အဆင်မပြေမှုတွေ ရှိလဲ ဆိုတာကို ပြန်ပြီးတော့ တွေ့ဆုံပြီး ဆွေးနွေးကြရမှာပါ။ ဘယ်နေရာတွေမှာ အခက်အခဲ ရှိနေတယ်။ ဘယ်နေရာတွေမှာ ရှောရှုတယ်။ ဘယ်နေရာတွေမှာ လုပ်ဖို့ မဖြစ်ဘူး ဆိုတာတွေကို ကျနော် တို့ ပြန်ညှိနှိုင်းရမှာပါ။ ကျနော်တို့ အဖွဲ့ထဲမှာလည်း ကျနော်တို့ ပြန်သုံးသပ်ရမယ်။ နောက်ပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်တွေ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) တွေနဲ့လည်း ပြန်လည် ညှိနှိုင်းရမယ်။ အစိုးရနဲ့ ရော တပ်မတော်နဲ့ရော ပြန်လည် တွေ့ဆုံပြီး ညှိရပါလိမ့်မယ်။

မေး။ ။ အစိုးရ၊ တပ်မတော်တို့နဲ့ ညှိနှိုင်းရင်း သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ RCSS ဘက်က ကြုံရတဲ့ စိန်ခေါ် မှု တွေက ဘာတွေရှိလဲ။

ဖြေ။ ။ ညှိနှိုင်းတဲ့ နေရာမှာ တဖက်က တအား တင်းလွန်းရင်လည်း ညှိနှိုင်းလို့ မရဘူး။ ခပ်များများက တဖက်က ချည်းပဲ ဖြစ်နေတယ်။ အမှန်ဆို အလျှော့အတင်းက အားလုံးအတွက် အဆင်ပြေတဲ့ အလျှော့အတင်းမျိုး ဖြစ်ရမှာပေါ့။ တဖက်က တအားတင်းပြီး တဖက်ကပဲ လိုက်ပြီး လျှော့နေရရင် ငြိမ်းချမ်းရေး ဖြစ်စဉ်က ရေရှည်ခိုင်မြဲမှာ မဟုတ်ဘူး။

မေး။ ။ အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီး နိုင်ငံရေးဆွေးနွေးဖို့ အဆင့်ကို မတက်နိုင်ရင် အပစ်အခတ် ရပ်စဲရေးက အချိန်မရွေး ကျိုးပျက်နိုင်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက ဆိုကြတယ်။ RCSS ဘက်က ရော နိုင်ငံရေးဆွေးနွေးနိုင်ဖို့ သွားတဲ့လမ်းမှာ အခက်အခဲတွေ ကြုံနေတော့ ဘာများ ပြောချင် ပါသလဲ။

ဖြေ။ ။ အခု ဖြစ်နေတာတွေက တပ်မတော်ရဲ့ သဘောထားက တော်တော်လေး အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဖြစ်ပါ တယ်။ တပ်မတော်ဘက်က တအားကြီး တင်းလွန်းလို့ ဖြစ်နေတယ်လို့ ကျနော်တို့ မြင်တယ်။ အစိုးရနဲ့ ဆွေးနွေးနိုင် အောင် တွေ့ဆုံဆွေးနွေးတာက နှစ်ဖက် လက်ခံနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်ကြရမှာပေါ့နော်။

အခုအခြေအနေက လက်မှတ်ထိုးထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ထိခိုက်တာထိတော့ မဖြစ်စေချင်ဘူး။ မဖြစ်နိုင် ဘူး လို့တော့ ကျနော်တို့က ယုံကြည်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က အလျှော့အတင်း လေးတွေ ရှိကြရမှာပါ။ တအားကြီး တင်းလွန်းရင်တော့ ပြတ်နိုင်တာပေါ့။ ။

Your Thoughts …
Tags: RCSS/SSAငြိမ်းချမ်းရေးတပ်မတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
9.5k

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

by ဧရာဝတီ
8 February 2024
8.7k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

by ကိုဦး
10 November 2023
8.6k

တောင့်တင်းသော လက်နက်ကိုင်တပ် မရှိလျှင် မြန်မာစစ်တပ်က မောက်မာစွာ ဆက်ဆံသည်ကို နာနာကျည်းကျည်း ခံစားပြီးနောက် ပေါ်ပေါက်လာသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်၏။

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

by မိုးစက်ငြိမ်းချမ်း
9 January 2024
8.5k

စစ်တပ်အား ရင်ဆိုင်ရာတွင် စနစ်တကျ လေ့ကျင့်စုဖွဲ့ထားပြီး လက်နက်ခဲယမ်း တပ်ဆင်ထားနိုင်ပါက ပြိုကွဲအောင် တိုက်နိုင်သည်။

Next Post
ရေးမြို့နယ်က ငါးဖမ်းလုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်တာလဲ (ရုပ်/သံ)

ရေးမြို့နယ်က ငါးဖမ်းလုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်တာလဲ (ရုပ်/သံ)

ဆင်အိုတွေ ပျော်မြူးတဲ့ ကလောမြို့ စိမ်းလဲ့တောင်ကြား ဆင်စခန်း (ရုပ်/သံ)

ဆင်အိုတွေ ပျော်မြူးတဲ့ ကလောမြို့ စိမ်းလဲ့တောင်ကြား ဆင်စခန်း (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved