COVID-19 ရောဂါ ခံစားနေရသည့် လူနာများ အနေဖြင့် ခရီးသွားရာဇဝင်နှင့် ဖြစ်စဉ်များ ကို အမှန်တိုင်း မပြောပါက ကျန်း မာရေး ဝန်ထမ်းများ ကုသရေးအပိုင်းတွင် နှောင့်နှေးမှုများ ရှိနေသည့် အတွက် ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ထိုသို့ COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းများ၏ လတ်တလော ဆောင်ရွက်နေသည့် အခြေအနေများကို ဧရာဝတီသတင်းထောက် မိုးမိုးက COVID-19 ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သော ဒေါက်တာ ခင်ခင်ကြီး အား ဆက်သွယ် မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်က ဆေးပညာရှင်တွေနဲ့ အတူ ရောဂါရှိမရှိ စစ်နိုင်မယ့် စက်ပါလာမယ်ဆိုတာ မြန်မာပြည်ကို ဘယ်နေ့ ရောက်ပါမလဲ။
ဖြေ။ ။ ဒီလထဲတော့ လာမယ်။ ဘယ်အချိန်လဲတော့ မသိသေးဘူး။ သူတို့ အဆင်ပြေမယ့် အချိန်မှာ သူတို့ စီစဉ်ပြီး လာကြ မယ်။ ဒီထဲမှာပါတဲ့ လူတချို့ကလည်း ပြင်ဆင်နေကြတယ်။ ဒါတော့ သိတာပေါ့။ ဧပြီ ၁၀ ရက်မှာ လာမှာလား အဲ့ဒီလိုတော့ မသိဘူးပေါ့။ သိတာနဲ့ ပြောမှာပေါ့။ လမကုန်ခင်တော့ လာမှာပါ။
မေး။ ။ နံပါတ် ၁၆ လူနာဆိုရင် သူ့ရဲ့ သမိုင်းကြောင်းကို အမှန်တိုင်းမပြောတော့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုကို ဘယ်လောက်အထိ ထိခိုက်နစ်နာမှု ရှိပါသလဲ။
ဖြေ။ ။ သူဟာ တကယ်တမ်းက နိုင်ငံခြားက ပြန်ထားတဲ့သူနဲ့ ထိတွေ့မှု ရှိတယ်။ နိုင်ငံခြား သွားဖူးတယ်။ ဖျားတယ်။ ချောင်း ဆိုးတယ်။ ကိုယ့်လက္ခဏာကို တိတိကျကျ ပြောမှသာ သူတို့ကို ကုသစောင့်ရှောက်မှု ပိုပြီးတော့ ဘယ်လိုပေးရမလဲ ဆိုတာ ပိုသိနိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီလူနာတွေက အထူးစောင့်ရှောက်မှု ပေးရမယ့် လူနာတွေ ဖြစ်တယ်။ သီးခြား အခန်းမှာ ထားရှိပြီး တော့ ကုသပေးရမယ့် လူနာဖြစ်တယ်လေ။ မှန်မှန် ပြောခြင်းအားဖြင့် သူတို့ကို ကျန်းမာရေး စောင့်ရှောက်မှုကို ပိုပြီးတော့ သေသေချာချာ ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမှန်အတိုင်း ပြောဖို့လည်း လိုပါတယ်။
ဆရာဝန်တွေ အနေနဲ့ ကျတော့လည်း လူနာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဖျားတာတွေ ဖြစ်လာပြီ ဆိုရင် ေ တာ့ ဒီရောဂါများလား ဆိုပြီးတော့ သံသယ ပိုပြီးတော့ ထားရှိဖို့ လိုပါတယ်။ သတိဆိုတာ ဘယ်နေရာမှ ပိုတယ်လို့ မရှိဘူး လေ။ နောက်တခုက ကျန်းမာရေးဝန်ထမ်းတွေက အကန့်အသတ် အတိုင်းအတာနဲ့ ရှိတယ်။
အဲ့ဒီ အပိုင်းမှာ ဆိုရင် မတော်တဆ Contact ဖြစ်လို့ Quarantine ဖြစ်တယ်ဆိုရင် သူတို့ရဲ့ လုပ်အား ၁၄ ရက်ဆုံးရှုံး နစ် နာ တယ်။ ဒီ ၁၄ ရက်ဟာပြည်သူတွေ အတွက် အများကြီး နစ်နာစေပါတယ်။ အဲ့ဒီအတွက် ပြည်သူတွေ တယောက်စီတိုင်း က ကိုယ့်ရဲ့ ရောဂါကို တိတိကျကျ သေသေချာချာသာ ပြောတယ်ဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့လည်း လိုအပ် တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပိုပြီးတော့ တိတိကျကျ ပေးနိုင်သလို အပြန်အလှန် လိုအပ်တဲ့ ကိစ္စရပ်တွေ ကာ ကွယ် ဖို့ ကိစ္စရပ်တွေပါ ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ပထဆုံး ဖြစ်တဲ့ Case Positive ဖြစ်သွားတဲ့ အခါမှာ သူ့ကို မသိလိုက်ဘူးပေါ့နော်။ မသိလိုက်တာက First Case ဖြစ်တော့ အဲ့ဒီတုန်းက ကျန်းမာရေး ဝန်ထမ်းတွေ ၁၃ ယောက် Quarantine ဖြစ်သွားပါတယ်။
ဒါပေမယ့် ဒုတိယ Case ဖြစ်လာတဲ့ အခါမှာ အကုန်လုံးကလည်း သတိထားတဲ့ အခါကျတော့ တယောက်ပဲပေါ့။ ၁ ယောက် ဆိုတာတောင် Contact ရယ်လို့ မဟုတ်ဘူး။ စိတ်ချရရုံပါ။ တနည်းအားဖြင့်ပြောရရင် ပိုပိုကောင်းလာအောင် အတွေ့အကြုံ တွေကနေပြီးတော့ အကုန်လုံး သင်ခန်းစာ ယူစရာတွေ ချည်းပါပဲ။
မေး။ ။ ဒါဆို နံပါတ် ၁၆ လူနာအတွက် Quarantine အလုပ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ဘယ်နှဦး ရှိပါသလဲ။
ဖြေ။ ။ တကယ့် တကယ်တော့ Quarantine လုပ်ခံရတယ်ဆိုတာ Contact လုပ်တာ ဖြစ်ပါတယ်။ Contact လုပ်တယ် ဆိုတာက ကျန်းမာရေးဝန်ထမ်းနဲ့ ဆိုင်တဲ့ ၂ ခုရှိပါ တယ်။ သံသယရှိတဲ့ လူနာကို Mask အကာအကွယ် မပါဘဲနဲ့ အကာ အကွယ်ဆိုတာက သာမန်စမ်းသပ်ရင် Mask ပါရပါမယ်။ လက်အိတ်ပါရမယ်။ မျက်နှာဖုံး အကာပါရမယ်။ ခေါင်းစွပ်ပါရ မယ်။ အဲ့ဒီလိုမျိုးတွေ မပါဘဲ လူနာကိုကြည့်မိမယ် ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေက ဒါကို Contact လို့သတ်မှတ်ပါတယ်။
ပြီးရင် အဲ့ဒီလူနာနဲ့ ၁၅ မိနစ်ကြာ၊ ၃ ပေထက်နီးပြီးတော့ သူ့နားမှာ စမ်းသပ်တာတို့၊ သူ့နားမှာ ရောဂါရာဇဝင် မေးတာပဲ ဖြစ်ဖြစ်၊ စမ်းသပ်တာပဲ ဖြစ်ဖြစ် အကုန်လုံးပေါ့၊ အဲ့ဒီလိုမျိုးဆိုရင်တော့ Contact ပါ။ Contact ရဲ့ ဖွင့်ဆိုချက်က ဆရာဝန်နဲ့ ဆိုင်တာက ဒီ ၂ ချက်ပေါ့နော်။
ဆိုတော့ ပြောမယ်ဆိုရင်တော့ ဒီလူနာနဲ့ ပတ်သက်ရင် ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမ နဲ့ ဝန်ထမ်း ၁၇ ယောက်က တော့ မြောက်ဥက္ကလာထဲက သီးခြား အဆောက်အအုံမှာ Quarantine ထားပါတယ်။ ဒီလို Quarantine ထားတယ်ဆိုတာ က ပိုပြီးတော့ စိတ်ချရအောင် ဖြစ်ပါတယ်။
သူတို့တွေက အရမ်းဆိုးဆိုးကြီး ဖြစ်လို့ ရယ်လို့ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းကတော့ နှာခေါင်းစွပ်၊ လက်အိတ်တော့ ဝတ် ထားမှာပေါ့။ ဒါပေမယ့် ပိုပြီးတော့ စိတ်ချအောင် ထားတာ ဖြစ်ပါတယ်။
မေး။ ။ အခုလို အခြေအနေမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ဘယ်လောက်ထိ စိန်ခေါ်မှုတွေ ရှိနေပါသလဲ။ ပြည်သူ တွေ အနေနဲ့ရော လိုက်နာရမယ့် အချက်ဆိုရင်ရော ဘယ်လို အချက်တွေ ဖြစ်ပါသလဲ။
ဖြေ။ ။ ကျန်းမာရေး ဝန်ထမ်းတွေ ဆိုတာက ဆေးရုံတွေမှာက၊ တခြား ရုံးဌာနတွေမှာက တရက်ခြား ရုံးတက်ရတယ်။ အိမ် ကနေ အလုပ်လုပ်တာတို့ ဒါမျိုးတွေ ရှိနေတဲ့အချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေမှာ ဒီလိုမျိုး နားရတဲ့ ဌာန အရေအတွက် နည်းပါတယ်။ အထူးသဖြင့် ဆေးရုံမှာ လုပ်နေရတဲ့ သူတွေဆိုရင် ဂျူတီနဲ့ အဆိုင်းနဲ့ အလှည့်နဲ့ကို လုပ်နေရတာ ဖြစ်တဲ့ အတွက် ၂၄ နာရီ လုံး လုပ်နေရတာပါ။ ညဆိုပြီး ဆေးရုံပိတ်ထားလို့ မရပါဘူး။ ပိတ်ရက်တွေ ဖြစ်တဲ့အတွက်လည်း ဆေးရုံ ပိတ်ထားလို့လည်း မရပါဘူး။
ဟိုတုန်းကဆိုရင်လည်း သူများတွေ သင်္ကြန်မှာ ပျော်ရွှင်နေတဲ့ အချိန်မှာ ဆေးရုံ ဝန်ထမ်းတွေမှာ ပိတ်ရက် မရှိပါဘူး။ ဂျူတီ ဆင်းနေရပါတယ်။ သင်္ကြန်မှာ ပိုပြီးတော့ အဲ့ဒီအချိန်မှာ ကားတိုက်မှုလည်း ဖြစ်နိုင်တယ်။ ရန်ဖြစ်တာ၊ ထိခိုက် ဒဏ်ရာ ရတာပဲ ဖြစ်ဖြစ် ဒါတွေကို ပြုစု ကုသပေးဖို့ အဆင်သင့်ရှိနေပါတယ်။
ဆရာဝန်၊ ဆရာမတွေ အထွေထွေ ဝန်ထမ်းက အစ ကျရာတာဝန်ကနေ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ အခု မြန်မာ နိုင်ငံကို လက်ရှိမှာ ကူးစက်ခံရတာ ၂၀ ရှိနေပါပြီ။ ဒါပေမယ့်လို့ ဖြစ်ပွားသေဆုံးမှု နည်းနိုင်သလောက် နည်းအောင် အ တွက်ကတော့ အစွမ်းကုန် ကြိုးစားနေပါတယ်။ အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
ဆရာဝန်၊ ဆရာမတွေ ပင်ပမ်းနေတဲ့ အပေါ် ထပ်ပြီးတော့ ပိုပြီး ပင်ပမ်းအောင် မလုပ်ဖို့လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေ ကြားထဲမှာ သွေးခွဲတာ၊ စိတ်ပျက် အားလျော့အောင် လုပ်တာ၊ တနည်းအားဖြင့် ဒေါသဖြစ်အောင်လုပ်တာ၊ ဒါမျိုးတွေ မလုပ် သင့်ပါဘူး။
ဒါတွေရဲ့ ဆိုးကျိုးက ပြည်သူလူထု အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေ စိတ်ပျက် အားလျော့လာ ရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ အများကြီး နစ်နာသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် မီဒီယာရော၊ ပြည်သူလူထုရော ပြောချင်တာကတော့ အခုချိန်မှာစည်းလုံး ညီညွှတ်ရမယ့် အချိန်ရောက်နေပါပြီ။ ကျန်တဲ့ ကိစ္စတွေက အရေးမကြီးတော့ပါဘူး။
လောလောဆယ်မှာဆိုရင် ကိုယ့်နိုင်ငံထက် ကျန်းမာရေးစနစ် ကောင်းမွန်တဲ့။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာတောင် US မှာဆို ထိပ်ဆုံး ဖြစ်နေပြီ၊ ဖြစ်ပွားသေဆုံးမှုက။ အဲ့ဒီလို ဖြစ်ပွားနေတဲ့ အပိုင်းမှာ ကိုယ့်နိုင်ငံသည် ကိုယ့်ပြည်သူ ပြည်သား တွေက စည်းလုံး ညီညွှတ်မှုနဲ့သာ၊ စည်းကမ်း လိုက်နာခြင်းဖြင့်သာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်တွေ အပြည့်အဝ လိုက်နာမယ်ဆိုရင် ဒီရောဂါကို ကာကွယ် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
အဲ့ဒီတော့ စည်းလုံး ညီညွှတ်ဖို့ အရေးကြီးနေပါပြီ။ ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်စီတာဝန်ကျေဖို့ လိုပါတယ်။ ပြည်သူ တွေက တာဝန်ကျေဖို့ လိုသလို၊ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံးကလည်း ကိုယ့်တာဝန်ကိုယ် အထူးကျေပွန်အောင် လုပ်ဆောင်နေပါတယ်။ အဲ့ဒီအတွက် တက်ညီ လက်ညီနဲ့ပဲ ဒီရောဂါကို တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပြော ချင်ပါတယ်။ ။
You may also like these stories:
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်
လူမျိုး အခြေခံပြီး တိုက်ပွဲဖြစ်လာမယ်ဆိုရင် ပြန်ပြီး ငြှိမ်းဖို့ ခက်တယ်
စက်ရုံ အလုပ်ရုံတွေကို ဘယ်လို ပိတ်မလဲ၊ လစာကို ဘယ်လိုပေးမလဲ