• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တိုက်ပွဲက မရပ်ဆိုင်းဘဲနဲ့ ကျယ်ပြန့်လာမှာကို စိုးရိမ်ပါတယ်

by ဇင်လင်းထက်
28 January 2021
in အင်တာဗျူး
A A
ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း  / ဧရာဝတီ

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း / ဧရာဝတီ

69.2k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့တွင် တပ်မတော်နှင့် ကရင်အမျိုးအသား အစည်းအရုံး (KNU) တို့ အကြား စစ်ရေးတင်းမာနေပြီး ဒေသခံ ထောင်နှင်ချီထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ပြင် တပ်မတော်ဘက်က အမှတ် ၃၃၉ ခြေမြန်တပ်ရင်း သည် ဖာပွန်မြို့နယ် မဲဝိုင်ရွာတွင် နေအိမ်တလုံးအား မီးရှို့လိုက်ကြောင်း သတင်းများလည်း လူမှုကွန်ရက်တွင် တွေ့နေရသည်။

ထိုအခြေအနေများ အပါအဝင် တပ်မတော်နှင့် KNU တို့ အကြား စစ်ရေးတင်းမာမှုများ လျှော့ချရေး ဆောင်ရွက်နေမှုများ ရှိမရှိ သိရှိနိုင်ရန် KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား ဧရာဝတီသတင်းထောက် ဇင်လင်းထက်က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ KNU နဲ့ တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေထောင်ချီထွက်ပြေးနေရတဲ့သတင်း၊ မနေ့ကဆိုရင်လည်း ဖာပွန်ဘက်မှာ နေအိမ်မီးရှို့ခံရမှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ အဲဒါတွေက အမှန်ပဲလား။ ဆရာတို့သိရှိထားတဲ့ အခြေအနေတွေ ရှင်းပြပေးစေချင်ပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
93

ဖြေ ။ ။ လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ ကိစ္စအပေါ်မှာ ကျနော်တို့က အပစ်အခတ်ရပ်စဲရေး NCA မှာ သဘောတူညီထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့တော့ ကျနော်တို့ ကြိုးစားနေပါတယ်။ သို့သော်လည်းပဲ အခု လက်နက်ကိုင် ပဋိပက္ခဖြစ်ရတဲ့ အကြောင်းကတော့ NCA ပါသဘောတူညီချက်အတိုင်း တပ်အချင်းချင်းတွေ့ပြီးတော့ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်တဲ့ကိစ္စ မဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာလို့မြင်ပါတယ်။

အခုလက်ရှိဖြစ်နေတာက တပ်နေရာချထားရေးနဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်တယ်။ ဆိုလိုတဲ့သဘောက NCA မှာ ပြဌာန်းထားတာက အရပ်သားတို့ ၊ ကျောင်းတို့၊ ဆေးရုံတို့ လူထုနေတဲ့ နေရာတွေနားမှာတပ်စခန်းမချရဘူးဆိုတဲ့ သဘောတူညီချက်ရှိတာကိုး။ သို့သော်လည်း ဒါကကျနော်တို့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ အကောင်အထည် ဖော်နိုင်ဖို့ကလည်း ၂ ဖက်တပ်တွေတွေ့ပြီး ဆွေးနွေးပြီး တဆင့်ချင်းလုပ်ရမယ့် အပိုင်းတွေကို ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ လူထုကလည်း သူတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအပေါ်မှာ ဆန္ဒတွေဖော်ထုတ်ကြတယ်။ ဒါက ဖြစ်ရတဲ့ အကြောင်းအရင်းတခု။

ဒုတိယတခုကတော့ လမ်းဖောက်လုပ်မှုကိစ္စ။ အဲဒါက တပ်မဟာ (၃) ဘက်မှာ ဖြစ်တဲ့ကိစ္စပါ။ ကျေးရွာတွေမှာ တပ်စခန်းချတာက တပ်မဟာ (၁) နဲ့ တပ်မဟာ (၅) ဘက်မှာ တပ်မဟာ (၃) မှာက လမ်းဖောက်လုပ်တဲ့ ကိစ္စ။ တပ်မတော်ကနေပြီးတော့ ကျနော်တို့နယ်မြေအတွင်းမှာပဲ ဖြစ်ဖြစ် ရှိတဲ့ တပ်စခန်းတွေကို ရိက္ခာပို့ဖို့အတွက် သူတို့ဆောင်ရွက်တာပေါ့။ ရိက္ခာပို့တာကို ကျနော်တို့နှစ်ဖက်က သဘောတူထားပြီးသားပါ။ ဒီအပေါ်မှာတော့ ကျနော်တို့ ဟန့်တားစရာမရှိပါဘူး။

အဖြေကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်တာကို ရပ်ပြီးတော့ ကျနော်တို့ တွေ့ဆုံပြီး နှစ်ဖက်လက်ခံနိုင်မယ့် သဘောထားချမှတ်ဖို့ လိုအပ်ပါတယ်။

သို့သော်လည်း လမ်းဖောက်လုပ်မှု ကိစ္စမှာတော့ စစ်ရေးအမြင်ပဲပြောပြော ဒါက စဉ်းစားစရာဖြစ်တဲ့အတွက် NCA မှာ သဘောတူတဲ့အတိုင်း နှစ်ဖက်ညှိနှိုင်းသဘောတူထားပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုက နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်မှုမရှိတဲ့အတွက် တိုက်ပွဲဖြစ်တာတွေဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာရင်တော့ လူထုက သူတို့ရဲ့ ကြောက်ရွံ့မှု၊ လုံခြုံမှုအတွက်တော့ ကျေးရွာတွေ ထားခဲ့၊ အိမ်တွေထားခဲ့ပြီးထွက်ပြေးတာမှာ သူတို့ ဒုက္ခသုက္ခတွေကြုံရပါတယ်။

ဒါကြောင့် ကျနော်တို့ သဘောကတော့ အခုရှိထားတဲ့ လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခတွေကို လောလောဆယ် ရပ်ဆိုင်းနိုင်ဖို့ အရင်လုပ်ရပါမယ်။ လူထုတွေကို အကူအညီပေးတာကလည်း ပေးတာပေါ့။ သို့သော်လည်း ဒါက ရေရှည်မှာအဖြေမဟုတ်ဘူး။ အဖြေကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်တာကို ရပ်ပြီးတော့ ကျနော်တို့ တွေ့ဆုံပြီး နှစ်ဖက်လက်ခံနိုင်မယ့် သဘောထားချမှတ်ဖို့ လိုအပ်ပါတယ်။

မီးလောင်တဲ့ ကိစ္စကအခုထက်ထိ အတည်ပြုဖို့တော့ ခက်ပါတယ်။ သတင်းကအမျိုးမျိုးထွက်နေတာကိုး။ သတင်းထဲမှာတော့ တပ်မတော်က အိမ်ကို မီးရှို့တယ်။ အိမ်ဘယ်နှလုံးလဲဆိုရင် အိမ်က ၁ လုံး။ အိမ်ရှင်ရဲ့ နာမည်လည်း ပါတယ်ပေါ့။ သို့သော် တဖက်ကလည်း အဲဒါမဟုတ်ပြန်ဘူးဆိုတော့ ကျနော်တို့ ဘက်က သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကျပြန်တော့လည်း အဲဒါမဟုတ်ပြန်ဘူးတဲ့။

အွန်လိုင်းမှာ သတင်းတက်လာတော့လည်း တခြားလူတွေ ပြောကြ၊ ဆိုကြ၊ ဝေဖန်ကြတာတွေရှိတယ်။ အဲဒါ သတင်း ၂ မျိုးထွက်နေတဲ့အပေါ်မှာ ကျနော်တို့ အတည်ပြုလို့မရသေးဘူး။ Social Media မှာတော့ တွေ့တာပေါ့။ ကျနော်တို့ သက်ဆိုင်ရာ မြို့နယ် တပ်မဟာဘက်က သတင်းပို့လာရင်တော့ ကျနော်တို့ အတည်ပြုလို့ရမှာပါ။ အခုလောလောဆယ်တော့ ပို့လာတာမရှိသေးပါဘူး။

မေး ။ ။ ကျနော်သတိထားမိသလောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး လက်ရှိကာလအထိတပ်မတော်နဲ့ KNU တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်ပေါ့။ လက်ရှိမှာ ဒေသခံတွေလည်း ထွက်ပြေးနေရတယ်ပေါ့။ မေးချင်တာက ဒီပြဿနာကို ဖြေရှင်းဖို့ တပ်မတော်နဲ့ KNU ကြားထဲမှာ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ကြတာ မရှိဘူးလားပေါ့။ ဘယ်လိုအရာတွေက ဆွေးနွေးညှိနှိုင်းရေးကို အဟန့်အတားဖြစ်နေတာပါလဲ ခင်ဗျာ။

ဖြေ ။ ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းကိုက တပ်မတော်နဲ့ ကျနော်တို့ သဘောတော့တူထားပြီးပြီ။ ၂၀၂၀ မကုန်ခင်ကတည်းက ကျနော်တို့ တပ်အချင်းချင်းတွေ့ဆုံမယ်ဆိုတဲ့ သဘောတူညီမှုက ရှိထားပြီးသားဖြစ်တယ်။ သို့သော်လည်း ကိုဗစ်ပြဿနာကြောင့် မတွေ့နိုင်ဘူး။ တွေ့ဖို့တော့ ကျနော်တို့ စီစဉ်ညှိနှိုင်းနေပါတယ်။ ဘယ်တော့တွေ့ဖြစ်မလဲတော့ မပြောတတ်သေးဘူး။ အခုက ရောဂါကြောင့်လည်း လူချင်းတွေ့ဖို့ အခက်အခဲရှိတဲ့အပေါ်မှာ ကျနော်တို့ ၂ ဖက်စလုံးကလည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။

မေး ။ ။ အခုစစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေ ထောင်နဲ့ ချီထွက်ပြေးနေရတဲ့အပေါ်မှာရော KNU အနေနဲ့ ဘာပြောချင်လဲ။

လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲဖြစ်ရင်တော့ လူထုအတွက်တော့ ဒီလိုကြောက်ရွံ့ပြီး လုံခြုံရေးအတွက် ထွက်ပြေးရတာတို့က အရင်ကတည်းက မနည်းဘူး။ စိုးရိမ်တာကတော့ တိုက်ပွဲက မရပ်ဆိုင်းဘဲနဲ့ ကျယ်ပြန့်လာမှာကို ကျနော်တို့က စိုးရိမ်ပါတယ်။

ဖြေ ။ ။ တချက်ကတော့ လူထုအတွက်ကတော့ မဖြစ်သင့်ဘူးပေါ့။ သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲဖြစ်ရင်တော့ လူထုအတွက်တော့ ဒီလိုကြောက်ရွံ့ပြီး လုံခြုံရေးအတွက် ထွက်ပြေးရတာတို့က အရင်ကတည်းက မနည်းဘူး။ စိုးရိမ်တာကတော့ တိုက်ပွဲက မရပ်ဆိုင်းဘဲနဲ့ ကျယ်ပြန့်လာမှာကို ကျနော်တို့က စိုးရိမ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲဖြစ်တယ်။ တပ်အင်အားတွေတိုးချဲ့တယ်။ ဒီဘက်ကလည်း ခုခံကာကွယ်တယ်ဆိုရင် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါကိုလည်း အမြန်ဆုံးရပ်ဆိုင်းနိုင်ဖို့ ကျနော်တို့ဘက်က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ တိုက်ပွဲဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ပြောလေ့ရှိတာက တပ်မတော်ရဲ့တပ်စခန်းတွေကို KNU ဘက်က လာပြီးပစ်ခတ်တယ်။ ပြီးရင် မိုင်းထောင်တယ်ဆိုတာမျိုး ပြောဆိုလေ့ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရတော့ တဖက်နဲ့တဖက်က စွပ်စွဲကြတာပါပဲ။ အရင်းခံပြဿနာ ကတော့ NCA ပါပြဌာန်းချက်အတိုင်း ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူတဲ့ ဆုံးဖြတ်ချက် မချနိုင်တဲ့အပေါ်မှာ တဖက်ကလည်း အထက်က ညွှန်ကြားချက်၊ လမ်းညွှန်ချက်အရ လုပ်တယ်။ ဒီဘက်ကလည်း ပြန်တုံပြန်တယ်ပေါ့။ ဆိုလိုတာကတော့  လမ်းဖောက်မယ်ဆိုတဲ့ နှစ်ဖက်သဘောတူညီမှုကတော့ မရှိဘူး။

သို့သော် သူတို့ကလည်း သူတို့ရဲ့ရပ်တည်ချက်မူအရလုပ်တယ်။ ဒီဘက်ကလည်းတားဆီးတယ်။ အဲဒါကို သူတို့ကလည်း အလုပ်ဆက်လုပ်နိုင်ဖို့အတွက် တပ်အင်အားတိုးချဲ့တယ်။ ဒီလိုနဲ့ အပြန်အလှန်ပြောဆိုပြီးတော့ တိုက်ပွဲတွေက ဖြစ်လာတယ်။ တိုက်ပွဲဖြစ်လာတော့ လူထုက ထွက်ပြေးရတယ်။ အဲဒီအခါမှာ လူထုက ဒုက္ခသည်ဖြစ်ရတယ်။ ဒီအပေါ်မှာ ပြဿနာဖြေရှင်းနည်းကတော့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်း ပြီးမှပဲ ပြဿနာက ငြိမ်းချမ်းဖို့ ဖြစ်လာမှာပါ။

မေး ။ ။ ကိုဗစ်ကာကွယ်ဆေးတွေကို ဦးစားပေးအဆင့်အလိုက် စတင်ထိုးနှံနေပါပြီ။ COVID-19 ကာကွယ် ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီဆိုတာလည်း အစိုးရဘက်က ဖွဲ့ထားတာရှိတယ်ဆိုတဲ့အခါကျတော့ မေးချင်တာက ကိုဗစ်ကာကွယ်ဆေး ရရှိရေးအတွက် အဲဒီကော်မတီနဲ့ EAO တွေအကြားမှာ ညှိနှိုင်းဆွေးနွေးနေတာတွေများ ရှိနေပြီလားခင်ဗျ။

ဖြေ ။ ။ ကျနော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ရင်တော့ ဘာမှ မဆွေးနွေးရသေးဘူး။ အခုကတော့ ကိုဗစ်ကာကွယ်ဆေးပေါ့။ ကိုဗစ်အစပိုင်းကတော့ ကျနော်တို့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန) ကနေ အကူအညီတွေရခဲ့တာရှိပါတယ်။ အခုကာကွယ်ဆေးကတော့ မြန်မာပြည်ကိုလည်း အခုမှရောက်တာဆိုတော့ ကျနော်တို့အကြားမှာတော့ အဲဒီကိစ္စတွေမဆွေးနွေးရသေးဘူး။ အစိုးရဘက်ကလည်း ရရှိတဲ့ အတိုင်းအတာကလည်း ၁ သန်းခွဲ လား။ ဒီလောက်ပဲရတဲ့အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတဲ့နေရာတွေမှာ ဖြန့်ဝေဖို့က လောလောဆယ်အခြေအနေမှာတော့ ကျနော်တို့ မသိရသေးပါဘူး။

You may also like these stories:

ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး နိုင်ငံရေးလောကမှ အနားယူ

“တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကြောင့် နိုင်ငံရေး အကြပ်အတည်း ဖြစ်လာမှာလား”

Your Thoughts …
Tags: KNUတပ်မတော်တိုက်ပွဲပဒိုစောကွယ်ထူးဝင်း
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

Next Post
ယနေ့ ရန်ကုန်မြို့တွင် ထူးခြားစွာ တွေ့ရသည့် သံချပ်ကာ ကားတစီး / ဓာတ်ပုံ-J

နိုင်ငံရေး အကျပ်အတည်း ကျော်ဖို့ အစိုးရနှင့် တပ်မတော် ဆွေးနွေးပေမယ့် အဖြေမထွက်

--

တပ်မတော်နှင့် UEC အငြင်းပွားနေမှု ဘယ်လို ဖြေရှင်းသင့်လဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved