• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အင်းစိန်ထောင်ဖြစ်စဉ် ဘယ်သူလုပ်လုပ် ရှုတ်ချတယ်

by ဧရာဝတီ
20 October 2022
in အင်တာဗျူး
A A
အင်းစိန်ထောင်ဖြစ်စဉ် ဘယ်သူလုပ်လုပ် ရှုတ်ချတယ်
7.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေးအကျဉ်းသား အများအပြား ချုပ်နှောင်ထားရှိရာ အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာဌာန အဆောက်အအုံ အတွင်း ယမန်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားရာ ထောင်ဝန်ထမ်း တပ်သား ၃ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့ရ သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လုပ်ဆောင်ခဲ့သူများအား ပြင်းထန်စွာ ရှုတ်ချကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် အရပ်သားများမှာ ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၏ မိသားစုဝင်များ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။

ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ ဖြစ်သည့် Special Task Agency of Burma (STA) အဖွဲ့က အင်းစိန်ထောင် ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်စဉ်မှာ ၎င်းတို့ လက်ချက်ဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှူးကို ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ ၌ပင် ထုတ်ပြန်ကြေညာလိုက်ပြီး အရပ်သားပြည်သူများ သေဆုံးရခြင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၎င်းတို့ အနေဖြင့် မည်သည့် နိုင်ငံရေးအင်အားစု၊ အဖွဲ့အစည်းများနှင့်မှ ပတ်သက်ဆက်နွယ်ခြင်း မရှိဘဲ ကိုယ့်အသိစိတ် ဓာတ်ဖြင့်သာ စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေးတွင် ပါဝင်လာခြင်း ဖြစ်ကြောင်းလည်း ပြောထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူများအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသား ညီ ညွတ်ရေး အစိုးရအနေဖြင့် ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူကိုမဆို တရား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

ထို့အတူ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် တော်လှန်ရေးအင်အားစုများက ယခုကဲ့သို့ အရပ်သားများ ရှိနေသည့် ထောင်ဝင်စာ လက်ခံဌာန နေရာအား ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြင်းထန်စွာရှုတ်ချခဲ့ကြပြီး တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

ကိုမင်းသွေးသစ်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသားခေါင်းဆောင်ဟောင်း

နိုင်ငံရေးအကျဉ်းသားတွေရဲ့ သီးသန့်ပါဆယ် ပို့ရမယ့်နေရာကို ဦးနှောက်ရှိတဲ့ ဘယ်အဖွဲ့မှ လုပ်မှာ မဟုတ်ဘူး။ ကျိန်းသေ တာတော့ မြို့ပြပြောက်ကျား UG တွေသည် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ထိခိုက်ပါစေဆိုတဲ့စိတ်နဲ့ ဘယ်တော့ မှ လုပ်မှာ မဟုတ်ဘူး။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
116
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170
ကိုမင်းသွေးသစ်(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသားခေါင်းဆောင်ဟောင်း)

နောက်ဆုံး ဒီနေရာသည် ပါဆယ်ထုပ်ကို အကြိမ်ကြိမ် စစ်တယ်။ ထောင်ဝင်စာ ပို့သူတွေရဲ့ အတွေ့အကြုံအရ နိုင်ငံရေး အကျဉ်းသား မိသားစုတွေရဲ့ ပါဆယ်ထုပ်ကို အကြိမ်ကြိမ်စစ်တယ်။ အထဲက ပစ္စည်းထားတဲ့ ပစ္စည်းလက်ခံတဲ့အထိကို ဗုံးရောက်လာဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခြုံပြီးပြောရရင်တော့ ဘယ်အဖွဲ့ပဲလုပ်လုပ် တော်တော် လူမဆန်တဲ့၊ ဦးနှောက်မဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။ လုပ်တဲ့သူဟာ တရားဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ် ပြန်ခံရမယ်။ မဖြစ်မနေ ပြန်ပေးဆပ်ရမှာပဲ ဖြစ်တယ်။

ကိုနေဘုန်းလတ်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းပြန်ကြားရေး တာဝန်ခံ

ကိုနေဘုန်းလတ် (အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းပြန်ကြားရေး တာဝန်ခံ)

ဒီဖြစ်စဉ်ကို ဘယ်သူလုပ်လုပ် ရှုတ်ချပါတယ်။ လုပ်တဲ့သူတွေလည်း တာဝန်ခံရပါမယ်။ ဒီလုပ်ရပ်မှာ စစ်ကောင်စီကတော့ အမြတ်ထွက်သွားပါတယ်။ ၁ – နိုင်ငံရေးအကျဉ်းသားမိသားစုတွေ သေရတယ်၊ ၂ – ထောင်ဝင်စာတွေကို အကန့်အသတ် မရှိ ပိတ်ဖို့ အကြောင်းပြချက် ရသွားတယ်၊ ၃- ထောင်ဝင်စာပိတ်တဲ့အတွက် ထောင်တွင်းနဲ့အပြင် အဆက်အသွယ် ပြတ် သွားတယ်၊ ၄ – တော်လှန်ရေးကို ပုံဖျက်ဖို့ အချက်အလက်တခု ရသွားတယ်။

ဦးထွန်းကြည်
ဦးဆောင်ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့

ဦးထွန်းကြည် (ဦးဆောင်ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)

ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်လို့ အရပ်သားနဲ့ အရပ်ဘက်တွေ အခုလိုမျိုး ထိခိုက်နစ်နာ သေကြေပျက်စီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ လုံးဝ လုံးဝ လက်ခံလို့ မရပါဘူး။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းလုပ်လုပ် ဒါသည် အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ လုံးဝ လက်ခံနိုင်စရာ မရှိတော့ဘူးလို့ပဲ ပြောချင်ပါတယ်။

မောင်ဆောင်းခ
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ခေါင်းဆောင်

မောင်ဆောင်းခ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ခေါင်းဆောင်

ဘယ်သူပဲလုပ်လုပ် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ လိုအပ်ပါတယ်။ ရန်သူက သူ့လူ ထိတာနဲ့ ပြည်သူတွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တတ်တယ်ဆိုတာကို ကျိုက်ထီးရိုး ဖြစ်စဉ်မှာ မြင်ခဲ့ရပါပြီ။ ဒီလို ပုံစံတွေနဲ့ ကြာလာရင် လူထုက တော်လှန်ရေးအပေါ် အယုံအကြည် ကင်းမဲ့သွားစေနိုင်ပါတယ်။

You may also like these stories:

အင်းစိန်ထောင် ပေါက်ကွဲမှု ၈ ဦးသေဆုံး၊ အရပ်သားများလည်းပါဝင်

မန္တလေးထောင်၌ ထောင်ဝင်စာပို့ခွင့် ပိတ်

အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ

Your Thoughts …
Tags: စစ်ကောင်စီနိုင်ငံရေးအကျဉ်းသားပေါက်ကွဲမှုအင်းစိန်ထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အင်းစိန်ထောင်ဂိတ်ဝအနီး အခင်းဖြစ်ပွားရာပြ မြေပုံ

အင်းစိန်ထောင်ကို ပါဆယ်ဗုံး ပို့ဖို့လွယ်သလား

၂၀၂၂ခု အောက်တိုဘာ ၆ ရက်က ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၁၅၀ကို မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် / Myanmar Embassy in Kuala Lumpur Facebook

ရေတပ်အရာရှိဟောင်းများ အပါဝင် လူပေါင်း ၁၅၀ မလေးရှားပြန်ပို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved