• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဗိုလ်ချုပ်ဟောင်းများနှင့် ၂၀၂၀ ရွေးကောက်ပွဲ

by မျိုးညွန့် (Popular News)
7 December 2018
in သူ့အတွေး သူ့အမြင်
A A
အငြင်းပွားဖွယ်ရာ ရှိသည်မှာ ဦးသန်းရွှေ လုံးဝနားသွားပြီလား၊ နောက်ကွယ်တွင် ရှိနေတုန်းလား ဆိုသည့် မေးခွန်းဖြစ်သည်

အငြင်းပွားဖွယ်ရာ ရှိသည်မှာ ဦးသန်းရွှေ လုံးဝနားသွားပြီလား၊ နောက်ကွယ်တွင် ရှိနေတုန်းလား ဆိုသည့် မေးခွန်းဖြစ်သည်

25.6k
VIEWS
Share on FacebookShare on Twitter

စက်တင်ဘာလ အတွင်း စိတ်ဝင်စားဖွယ်ကောင်းသော သတင်းတပုဒ် ထွက်လာသည်။ ဗိုလ်ချုပ်ဟောင်း တချို့က ပါတီ ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် လျှောက်ထားပြီ ဆိုသည့် သတင်းဖြစ်သည်။

ထိုပါတီ၏ ခေါင်းဆောင်များကတော့ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်တို့ ဖြစ်ကြောင်း သိရသည်။

ဦးစိုးမောင် ဆိုတာက စစ်ဥပဒေချုပ် နှင့် သမ္မတရုံး ဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့သူ။ ဦးလွန်းမောင်မှာ စာရင်းစစ်ချုပ် ဟောင်း၊ အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဒု ဥက္ကဋ္ဌ။

သူတို့နှစ်ဦးထဲတွင် ဦးလွန်းမောင်က ပြည်သူများကြား ထင်ရှားမှုရှိသည်။ ဗိုလ်ချုပ်အလွန်ကာလ ဘီးလင်းတွင် ထမင်းဆိုင် ဖွင့်ပြီး စစ်စွပ်ကျယ် တထည်ဖြင့် ကိုယ်တိုင်လည်း စားပွဲထိုးခဲ့သူ။ စားပွဲလည်းထိုးသော ဗိုလ်ချုပ်ဟောင်း အဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ အဂတိ လိုက်စားမှုနှင့် ပတ်သက်၍လည်း နာမည်ဆိုး ထွက်မလာသူ။

စာရေးသူက ဦးလွန်းမောင်သည် အာဏာနှင့်ကင်းဝေးရာတွင် ဘဝကို သက်သောင့်သက်သာ အထိုင်ချတော့မည်ဟု ထင်မှတ်ထားမိသည်။ ယခုအခါမှာတော့ အာဏာရှိရာသို့ အာဏာရရှိနိုး အိပ်မက်ဖြင့် ပြေးကပ်လာပြီလော။ သူတို့တင်မက ဗိုလ်ချုပ်ဟောင်း တချို့နှင့် ဗိုလ်မှူးကြီးဟောင်း တချို့လည်း ပါဝင်ကြောင်း အတည်မပြုနိုင်သေးသော သတင်းများ အရ သိရသည်။

ပါတီ အမည်က “အမျိုးသား နိုင်ငံရေး ပါတီ” ဟု ဆိုသည်။ အမျိုးသား နိုင်ငံရေး ဆိုသည်မှာ အာဏာ သိမ်းခဲ့တာကိုပဲ အမျိုးသား နိုင်ငံရေး လုပ်သလိုလို၊ အမျိုးသား နိုင်ငံရေးသည် ပါတီနိုင်ငံရေး ကဲ့သို့မဟုတ်ဘဲ မွန်မြတ်သန့်စင် သလိုလို ဖြင့် စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီးတို့ အကြီးအကျယ် ဝါဒဖြန့်ခဲ့သည့် ဝေါဟာရမို့ ဗိုလ်ချုပ်ဟောင်းများပီပီ အစွဲအလမ်းအရ ထိုနာမည် ယူလိုက်ခြင်း ဖြစ်နိုင်သည်။

အမျိုးသား နိုင်ငံရေး ပါတီ၏ ရည်မှန်းချက်မှာ ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ် ဟောင်း များ ဦးဆောင်သော ပါတီများ အစိုးရ ဖွဲ့နိုင်ရေး။

၂၀၁၅ ရွေးကောက်ပွဲတွင် ခွက်ခွက်လန် ရှုံး၊ ၂၀၁၅ အလွန် ကာလတွင်လည်း တိုင်း၃တိုင်းမှ ပြည်ထောင်စု ကြံ့ခိုင်းရေး နှင့် ဖွံ့ရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဝန်ကြီးချုပ်ဟောင်းများက သက်ဆိုင်ရာတိုင်း ရန်ပုံငွေ များစွာကို ‘မ’ သွားပြီး ပြန်ပေါ်၍ ပြန်လျော်လိုက်ရသော ဖြစ်စဉ်များကလည်းရှိကာ ဟိုလိုလိုဒီလိုလို အဆင့်တွင် သောင်တင်နေသော ကြံ့ခိုင်ရေး ပါတီနှင့် မလုံလောက်တော့သလို ကြံခိုင်ရေး ပါတီ၏ မိတ်ဖက်ပါတီ များကလည်း ဘဲဥကွဲတယ် ဆိုရုံ အနိုင် ရရှိဖို့ပင် အခြေမလှသဖြင့် အမျိုးသား နိုင်ငံရေး ပါတီက ဝင်ထောက်ကူ နိုင်မလား မျှော်လင့်ချက်ဖြင့် ခြေလှမ်းပြင်ခြင်း ဖြစ်နိုင်သည်။ ပြောရလျှင် သူတို့အားလုံး၏ ဘုံအကျိုးစီးပွား။

ဦးသန်းရွှေ၏ လမ်းညွှန်ချက်လား

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာက အမျိုးသား နိုင်ငံရေး ပါတီကို ကိုယ့်သဘောဖြင့်ကိုယ် ထူထောင်ခြင်း လား၊ ဦးသန်းရွှေ၏ ညွှန်ကြားချက်အရ ထူထောင်ခြင်းလား ဆိုသည့်ကိစ္စဖြစ်သည်။

သတင်းတချို့က ဦးသန်းရွှေ၏ လမ်းညွှန်ချက်အရ တည်ထောင်ခြင်းဟု ဆိုသည်။ သို့သော် ဦးသန်းရွှေလမ်းညွှန် ကြောင်း သတင်းအရင်းအမြစ်က မခိုင်မာသဖြင့် သေချာတာတော့ မဟုတ်။ သို့သော် မခိုင်မာ၍ဟုဆိုကာ မယုံကြည် ထိုက်ဟု အပြတ်ငြင်းလို့လည်း မရ။

ဤနေရာတွင် အငြင်းပွားဖွယ်ရာ ရှိသည်မှာ ဦးသန်းရွှေ လုံးဝနားသွားပြီလား၊ နောက်ကွယ်တွင် ရှိနေတုန်းလား ဆိုသည့် မေးခွန်းဖြစ်သည်။ နိုင်ငံရေးအကဲဖြတ်တချို့က သူ့ခံတပ်သူ အခိုင်အမာတည် ဆောက်ခဲ့ကာ လုံး၀ အနားယူ သွားပြီဟု ဆိုရုံမက စာဖတ်နေသူကြီးဟုပင် ကင်ပွန်းတပ်ကြသည်။ တချို့ကတော့ နောက်ကွယ်တွင် အသေအချာ ရှိနေတုန်းပဲဟု ဆိုသည်။

စာရေးသူ အမြင်ကတော့ လုံးဝလည်း မနား၊ လုံးဝလည်း ဝင်မပါ။ ရှင်းအောင်ဆိုရသော် ကြံ့ခိုင်ရေး ပါတီ အစိုးရ လက်ထက်ကလည်း အစိုးရ လုပ်ငန်းဆောင်တာများကို ဘယ်ကဲ့သို့ဘယ်ချမ်းသာ ဝင်ပါနေခြင်းမျိုး မရှိသော်လည်း မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များကိုမူ ချမှတ်ပေးနေဆဲ ဖြစ်သည်။

ဥပမာ – နာမည်ကျော် သန်းခေါင်ယံ အာဏာသိမ်းပွဲမျိုး ဖြစ်သည်။ ဦးသန်းရွှေ၏ နှစ်ပေါင်း ၇၀ အိပ်မက်ထဲတွင် တိုင်းပြည် အာဏာကို ကြံ့ခိုင်ရေးက ဆုပ်ကိုင်ထားရေး ဖြစ်သည်။

သူရဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နှစ်ပါတီ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန် ကြံဆ မှုမှာ ဦးသန်းရွှေ ကယောင်ကတမ်း မက်သော အိပ်မက်ထဲတွင်ပင် မပါ။ ထို့ကြောင့် ဖတ်နေသောစာအုပ်ကို ခဏချကာ လာတွတ်ထိုးနေသော တပည့်ကျော်တို့၏ ဆန္ဒကို အတည်ပြုပေးလိုက်ခြင်းဟု နားလည်မိသည်။

စဉ်းစားကြည့်၊ ဥပဒေပြုမဏ္ဍိုင်၏ အကြီးအကဲလည်းဖြစ်သည့် သူရဦးရွှေမန်း၏ အာဏာရ ပါတီ ဥက္ကဋ္ဌ ထိုင်ခုံကို လုံခြုံရေး တပ်ဖွဲ့အင်အားဖြင့် ဖယ်ရှားခြင်းဆိုသည့် ကြီးကျယ်သောအမှုအား ဦးသန်းရွှေ ခေါင်းမညိတ်ဘဲ မည်သူက တာဝန်ယူ ဆောင်ရွက်မည်နည်း။

နောက်ထပ် ဥပမာတခုက ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဦးသိန်းစိန်အပါအဝင် စီနီယာ ခေါင်းဆောင်များ အားလုံး တညီတညွတ်တည်း အောင်ဖျာ လိပ်ခဲ့ခြင်းဖြစ်သည်။ အတည်မပြုနိုင်သော သတင်းများက ၂၅ ရာခိုင်နှုန်း အကျောရထားသည့်တိုင် အရှုံးကြီးရှုံးခဲ့ခြင်းအရ “မင်းတို့ လူဟောင်းတွေ မျက်နှာ တယောက်မှ မမြင်ချင်ဘူး”ဟု ဆိုကာ ဦးသန်းရွှေက ဖယ်ရှားလိုက်ခြင်းဟု ဆိုသည်။

ထို့ကြောင့်ပင် လုပ်နိုင်ကိုင်နိုင်အရွယ် ရှိပြီး ကျန်းမာရေး ကောင်းနေသူများပင် ဆွဲဆောင်မှုကြီးသော ရာထူးကို စွန့်ခဲ့ ကြခြင်း ဖြစ်သလို အားလုံးက တညီတည်း ပါတီရာထူး စွန့်ကြခြင်းဖြစ်သဖြင့် အတည်မပြုနိုင်သော သတင်းကို အမှန် ဟု ယူဆရပေမည်။

ထို့ကြောင့် ဦးသန်းရွှေ၏ လမ်းညွှန်ချက်အရ အမျိုးသား နိုင်ငံရေး ပါတီ ထောင်ရန် ကြိုးပမ်းခြင်းဟု ကောက်ယူမည် ဆိုပါကလည်း ငြင်းချက်ထုတ်ရန် ခက်မည်ထင်၏။ မေးစရာရှိလာတာက ဘာ့ကြောင့် ကြံ့ခိုင်ရေး ပါတီထဲမဝင်ဘဲ သီးခြား ပါတီခွဲထောင်ရသလဲ ဖြစ်သည်။

ပါတီထဲသို့အခုဝင်၊ အခုပဲ မိုးကျရွှေကိုယ်ပမာ ဗဟိုအဆင့် ခေါင်းဆောင် အဖြစ်သို့ အော်တိုမက်တစ် ဖြစ်ခွင့်မရှိတော့သလို ပြည်သူအများစုကြား ပုံရိပ် တက်မလာသော ကြံ့ခိုင်ရေး ပါတီ ထဲ ဝင်ရောက် စုစည်းမည့်အစား ပါတီအသစ် ထူထောင်ခြင်းက ပိုကောင်းနိုင်သောကြောင့် ဖြစ်သည်။

သမ္မတ အိပ်မက် နှင့် အကျိုးစီးပွား ပဋိပက္ခ

ထို့ပြင် ဦးသန်းရွှေ ညွှန်ကြားချက်အရ ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ရေးနှင့် မိတ်ဖက်ပါတီများ အစိုးရ ဖွဲ့နိုင်ပါက အစိုးရနှင့် လွှတ်တော်ကို ဦးဆောင်နိုင်ရန် အတွက် ဦးသန်းရွှေက နောက်ထပ် အသစ်လျာထားခြင်း ကြောင့် လည်း ဖြစ်နိုင်ပါသည်။

ဘာ့ကြောင့်လဲဆိုတော့ လက်ရှိ ကြံ့ခိုင်ရေး ခေါင်းဆောင်များထဲတွင် သမ္မတ ကဲ့သို့ နိုင်ငံတော်၏ အထွတ်အထိပ် ခေါင်းဆောင်နေရာ ပေးရမည့်သူ မရှိသောကြောင့် ဖြစ်သည်။

ဥပမာ – လက်ရှိ ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဆိုလျှင် တိုက်စစ်လိုနေရာမျိုးတွင် အသုံး ဝင်ကောင်း ဝင်နိုင်သော် လည်း ကီးပလေယာ (သို့မဟုတ်) အသင်းတခုလုံးကို ဦးဆောင်မည့် နေရာတွင် အားနည်းချက် များစွာ ရှိနိုင်သော ကြောင့် ပင်။

ထို့ပြင် ၂၀၂၀ တွင် ကြံ့ခိုင်ရေးနှင့်တပ် ၂၅ ရာခိုင်နှုန်း ပေါင်းပြီး အစိုးရဖွဲ့နိုင်ပါက ၂၀၂၀ တွင် အငြိမ်းစား ယူမည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ဖြစ်လိမ့်မည်ဟု ယခင်က အသံထွက် ကျယ်ခဲ့သော်လည်း ယခုအခါတွင်မူ ရခိုင်အရေးဆိုင်ရာ အနောက်အုပ်စု၏ ဖိအားက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တိုက်ရိုက် ပြင်းထန်နေခြင်းနှင့် ယင်း ဖိအားများသည် ၂၀၂၀ အကျော်ထိတိုင် ဆက်လက်တည်ရှိ နေနိုင်သောကြောင့် ဦးသန်းရွှေ၏ လျာထား စာရင်း တွင် မင်နီတား ခံလိုက်ရနိုင်သည်။

ထို့ကြောင့် အမျိုးသား နိုင်ငံရေး ပါတီ ဟူ၍ လူဟောင်းများကို ဖုန်သုတ်ကာ မျက်နှာသစ် ပုံစံမျိုးဖြင့် တွန်းပို့လိုက်ခြင်း ဖြစ်နိုင်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
340
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
140
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k

ထပ်ကြားရသည့် သတင်းတပုဒ်က အမျိုးသား နိုင်ငံရေး ပါတီ တည်ထောင်လိုသူများက ကိုယ့်သဘောဖြင့်ကိုယ် ပါတီ ထောင်ရန် ဆုံးဖြတ်ပြီးနောက် ဦးသန်းရွှေထံမှ ပါတီထောင်လိုကြောင်း ခွင့်ပြုချက် သွားတောင်းခံခြင်း ဖြစ်သည်။

ထိုသတင်းမှန်ပါက အမျိုးသားနိုင်ငံရေးပါတီ တည်ထောင်လိုသူ ခေါင်းဆောင်များက ကွက်လပ်ဖြစ်နေသော နေရာများ အတွက် ကိုယ့်ဘာသာ စိတ်ကူးယဉ်ကာ ပါတီထောင်ခြင်း (သို့မဟုတ်) “ကျနော်တို့လည်း ရှိပါတယ်” ဟူ၍ ဦးသန်းရွှေ မြင်ရန် လူလုံးထွက်ပြခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဟောင်း အားလုံးလိုလိုမှာ လွှတ်တော်ထဲတွင် သာမန် လွှတ်တော်ကိုယ်စားလှယ် နေရာရရုံ အိပ်မက်ဖြင့် မတင်း တိမ် ကြတာက သေချာ၏။ တချိန်က တထီးတနန်း နေလာခဲ့ကြသူများက လွှတ်တော် ကိုယ်စားလှယ်လောက် မဖြစ်ချင်ကြသည်မှာလည်း သဘာဝကျပေသည်။

ဖြစ်နိုင်လျှင် သမ္မတ။ သမ္မတ မဖြစ်နိုင်ပါက ပြည်ထောင်စုဝန်ကြီး အဆင့်၊ အနိမ့်ဆုံး အဆင့် တိုင်း/ပြည်နယ် ဝန်ကြီးချုပ် အဆင့်။

သို့သော် ပြဿနာက အမျိုးသား နိုင်ငံရေး ပါတီသည် ခန့်မှန်း ၂၀၁၈ နှစ်ကုန်ပိုင်းမှသာ ပါတီ တရားဝင် ရပ်တည်ခွင့် ကျနိုင်သောကြောင့် ၁နှစ်ကျော် ကာလအတွင်း မြန်မာမြေပြန့်အနှံ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်သလို မျက်နှာသစ်ပါတီ တရပ်အနေနှင့် ကြံ့ခိုင်ရေးကို ကျော်လွန်ကာ ရွေးကောက်ပွဲ အနိုင်ရ ရာခိုင်နှုန်းများဖို့ရာလည်း မည် သို့မျှ မဖြစ်နိုင်ပေ။

ဆိုလိုတာက အစိုးရ ဖွဲ့နိုင်ခဲ့သည့်တိုင် ကြံ့ခိုင်ရေး အနိုင်နှင့် တပ်၂၅ ရာခိုင်နှုန်းအပေါ်သာ အဓိက အားပြု ဖွဲ့စည်းရမှာ က သေချာသည်။ ယင်းအနေအထားတွင် အာဏာလက်မဲ့ဘ၀ ၅နှစ်တာ ရုန်းကန်လာခဲ့သော ကြံ့ခိုင်ရေးက အစိုးရဖွဲ့ နိုင် သည့် အချိန်ကျမှ နောက်မှပေါက်သော ရွှေကြာပင်ကို အာဏာ ဘယ်ထိုးအပ်ချင်မည်နည်း။

ယင်းမှာ အစိုးရဖွဲ့နိုင်ခဲ့ပါက ဗိုလ်ချုပ်ဟောင်းတို့ကြား မလွဲမသွေ ကြုံလာရနိုင်သည့် အရေးကြီးပဋိပက္ခ ဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် အစိုးရဖွဲ့သည့် အချိန်ထိ ဦးသန်းရွှေ ကျန်းမာရေး ကောင်းမွန်နေသေးလျှင်တော့ ယင်းပဋိပက္ခမှာ တချက်လွှတ် အမိန့်အောက်တွင် ပျက်ပြယ်ကာ ကိုယ်စီ မကျေလည်မှုများကို မြိုချလိုက်ရမည့် ကိန်းဖြစ်သည်။ အကယ် ၍ ၂၀၂၁ ခုနှစ်တွင် ဦးသန်းရွှေ မရှိတော့ဘူး (သို့မဟုတ်) ကျန်းမာရေး မကောင်းတော့ဘူး ဆိုပါက ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုသည်မှာ ငွေရောင်ပိတ်ကားပေါ်တွင်သာ ဆက်လက် ရှုစားရပါမည်။

သင်းကွဲ ဗိုလ်ချုပ်ဟောင်းများ ပါတီ

အမျိုးသား နိုင်ငံရေး ပါတီကဲ့သို့ နောက်ထပ်ပါတီ ထောင်မည့် ဗိုလ်ချုပ်ဟောင်း အုပ်စုကလည်း ရှိသေးသည်။ သူတို့ကို တော့ သင်းကွဲဗိုလ်ချုပ်ဟောင်း အုပ်စုဟု ဆိုရမလား မသိ။

သူရဦးရွှေမန်း ဦးဆောင်သောအုပ်စု ဖြစ်သည်။ သူရဦးရွှေမန်းကို ပါတီထောင်မလားဟု မီဒီယာက မေးတိုင်း မထောင် ပါ ဟု အပြတ်မငြင်းခြင်းက ၂၀၂၀ တွင် ဝင်နွှဲမည် ဆိုသည့် လက္ခဏာဖြစ်သည်။ ဦးရွှေမန်း ထူထောင်မည့် ပါတီမှာ လည်း အမျိုးသားနိုင်ငံရေး ပါတီကဲ့သို့ပင် အင်အားကောင်းဖွယ် မရှိသလို ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ကွက်ကျား သာ ဝင်ပြိုင်နိုင်မည့် သဘောရှိသည်။

ဦးရွှေမန်းပါတီမှာ NLD နှင့်ရော ကြံ့ခိုင်ရေးနှင့်ပါ မယှဉ်နိုင်သော အခြေအနေမို့ ဦးရွှေမန်းအတွက် သမ္မတဖြစ်ရေး အိပ်မက် မှာမူ ထည့်စိတ်ကူးယဉ်ခွင့် မရှိပေ။ အမျိုးသားနိုင်ငံရေး ပါတီ၏ အနိုင်ရလဒ်က ကြံ့ခိုင်ရေးထံ ရောက်မည် သေချာသလို ဦးရွှေမန်း တည်ထောင်မည့် ပါတီ၏ အနိုင်ရလဒ်ကလည်း NLD ထံ ပုံအောပေးမှာ သေချာသည်။

ထို့ပြင် ဦးရွှေမန်းသာ အနိုင်ရပြီး NLD သာ လွှတ်တော်တွင်း လွှမ်းမိုးနိုင်ပါက ဦးရွှေမန်းသည်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာ တကျော့ပြန် အရွေးခံရဖွယ် ရှိသည်။

အစိုးရ ဘယ်သူ ဖွဲ့နိုင်မလဲ

၂၀၂၀ တွင် အစိုးရ ဘယ်သူဖွဲ့နိုင်မလဲ ဆိုသည်မှာ NLD လား၊ ကြံ့ခိုင်ရေးလား နှစ်ပါတီသာ ရှိသည်။ ကြံ့ခိုင်ရေး၏ အား သာချက်က အခြေခံဥပဒေအရ ဘာရွေးကောက်ပွဲမှ ဝင်မပြိုင်ခင် ကတည်းက ၂၅ ရာခိုင်နှုန်း အကျောရထား သကဲ့သို့ ဖြစ်သည်။

NLD ၏ အားသာချက်မှာ ပြည်သူထောက်ခံမှု အင်အားကြီးခြင်း ဖြစ်သည်။ လက်ရှိတွင် NLD အပေါ် လူထုထောက်ခံမှု အတန်အသင့် ကျဆင်းနေသော်လည်း ငရဲကို အတူဖြတ်လာခဲ့သော မိတ်ဖက် တိုင်းရင်းသား ပါတီကြီးများ ရှိနေခြင်း က နောက်ထပ် အားသာချက် ဖြစ်သည်။ အကယ်၍ NLD နှင့် မိတ်ဖက် တိုင်းရင်းသား ပါတီများက ရွေးကောက်ပွဲ မဟာမိတ် အဖြစ် စုစည်းဝင်ပြိုင်မည် ဆိုပါက နောက်တဆက် အစိုးရမှာ NLD သာ ဖြစ်ကြောင်း ကြံ့ခိုင်ရေး အနေနှင့် ကြိုတင် စိတ်ဒုံးဒုံး ချရမည့်ကိန်း ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ သီးခြားစီ ဝင်ရောက် ယှဉ်ပြိုင်ပါကလည်း ရှမ်းပြည်တခွင်တွင် အရှိန်အဝါကြီးနေသော ရှမ်း တိုင်းရင်း သား များ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၊ ရခိုင် တခြမ်းလောက်တွင် အားကောင်းသော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် မကြာမီ ၃ပါတီ စုစည်းအင်အားဖြင့် တာထွက်လာနိုင်ဖွယ်ရှိသော မွန်ပါတီ တို့မှာ သမ္မတ ရွေးကောက်သည့် နေ့တွင် NLD ကိုသာလျှင် မဲထည့်ရန် သေချာသလောက် ရှိသည်။

ကြံ့ခိုင်ရေး သင်းပင်းဝင် ပါတီများတွင်မူ ဒီချုပ်ကဲ့သို့ အင်အားကြီး မိတ်ဖက် တိုင်းရင်းသား ပါတီများ မရှိ။ ရှိသော မိတ် ဖက် တိုင်းရင်းသား ပါတီများ၏ အင်အားမှာ မစို့မပို့ အဆင့်မျှ။ အာဏာ မက်လုံးဖြင့် မျှားလျှင် ပါလာနိုင်သော တိုင်းရင်း သား ပါတီ တချို့ ရှိနိုင်သော်လည်း အစိုးရ ဖွဲ့နိုင်လောက်သည်အထိ မဲများများရနိုင်မည် မဟုတ်။

ထို့ကြောင့် ၂၀၂၀ အကြောင်းပြောပါက NLD ကသာ အလေးသာနေ ပေသည်။ တိုင်းရင်းသား ပါတီများ၏ အခန်း ကဏ္ဍ သည်လည်း ၂၀၂၀ အပြီးတွင် သက်ဆိုင်ရာ ပြည်နယ်များ၏ အာဏာရပ်ဝန်းကို ပိုမိုဆုပ်ကိုင် လာနိုင်မည့် အခြေ အနေရှိသည်။

ကြံ့ခိုင်ရေးနှင့် အသင်းအပင်းများကတော့ အတိုက်အခံအဖြစ်သာ ဆက်လက် မြင်တွေ့ရဖွယ် ရှိသည်။

မည်သို့ပင်ဆိုစေ ၂၀၂၀ ရွေးကောက်ပွဲတွင် ပိုမိုမြိုင်ဆိုင်လာမည့် သဘောရှိသည်။ မည်သည့် ပါတီမဆို လူထု ထောက် ခံမှု အင်အားကို မှန်ကန်သော နည်းလမ်း၊ ပြဌာန်း ဥပဒေများနှင့်အညီ ရယူခြင်းဖြင့်သာ မိမိတို့၏ နိုင်ငံရေး ဂုဏ်သိက္ခာ ကို ပြသကြရန် လိုပေမည်။

(မျိုးညွန့် (Popular News)သည် ရန်ကုန်အခြေစိုက် သတင်းစာ အယ်ဒီတာတဦးဖြစ်ပြီး ရန်ကုန်ထုတ် အပတ်စဉ် သတင်းဂျာနယ်များတွင် နိုင်ငံရေး သုံးသပ်ချက်များကို ပုံမှန် ရေးသားသူ ဆောင်းပါးရှင် ဖြစ်သည်။)

Your Thoughts …
Tags: ၂၀၂၀ ရွေးကောက်ပွဲဗိုလ်ချုပ်ဟောင်းများဦးသန်းရွှေ
မျိုးညွန့် (Popular News)

မျိုးညွန့် (Popular News)

Contributor

Similar Picks:

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

by ဧရာဝတီ
19 July 2023
12.2k

ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

by ဧရာဝတီ
25 October 2024
6.4k

၎င်း၏ Facebook follower တဦးက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါ် ပြောဆိုထိန်းကျောင်းပေးရန် ရေးသားမှုကို ဒေါက်တာနေစိုးမောင်က “ကျွဲပါးစောင်းတီး၊ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်” ဟု ပြန်လည်ရေးသားခဲ့သည်။

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.4k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

by ဧရာဝတီ
19 August 2022
37.7k

ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းသည် ထိုသို့လုပ်ရပ်မျိုး မလုပ်ကြောင်း၊ ဆရာသမားကို ဆက်လက်သစ္စာခံကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။

Next Post
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု မြင်ကွင်း  / ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရ ပြင်သစ် ချေးငွေ အစီရင်ခံစာ လွှတ်တော် နာယကထံ တင်ပြထား

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ / Reuters

SSA တောင်ပိုင်းတပ်တွေ ရှမ်းပြည်မြောက်ပိုင်း ရောက်လာတဲ့အခါ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved