• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ချိန်သားကိုက် ရွှေ့ ပြီ

by Joe Kumbun
4 February 2019
in သူ့အတွေး သူ့အမြင်
A A
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် မြစ်ကြီးနားမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့စဉ်က / Reuters

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် မြစ်ကြီးနားမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့စဉ်က / Reuters

38.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အာဏာရရှိခဲ့သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးက သူ၏ ရွေးကောက်ပွဲ ကတိ များထဲမှ တခုဖြစ်သည်။ သြဂုတ်လအတွင်း စင်ကာပူ၌ ပြုလုပ်ခဲ့သော ဖိုရမ်တခုတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က “အခြေခံဥပဒေပြင်ဆင်ရေးက ကျမတို့ အစိုးရရဲ့ ရည်မှန်းချက်တွေထဲက တခုပါ” ဟု သူ၏ ကတိကို ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

ယခုအချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေးကို အဘယ်ကြောင့် ရှေ့ဆက် ဆောင်ရွက်ပါသနည်း။ အဖြေက ၂ မျိုးဖြစ်နိုင်ပါသည်။

ပထမတခုမှာ တရုတ်နိုင်ငံက မြန်မာ့တပ်မတော်အပေါ် သြဇာလွှမ်းမိုးမှု ရှိနေချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပေး တောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိနေသည်။ “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသည့် မြန်မာ ဆိုရိုးစကား ရှိပါသည်။ အဓိပ္ပါယ်မှာ လူတဦးတယောက်က အခြားသူတဦးတယောက် လိုအပ်သော အကူအညီကို အပြန် အလှန်ပေးကြခြင်း ဖြစ်သည်။

မကြာသေးမီက ရေးသားခဲ့သော ဆောင်းပါးတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က သူ၏ နိုင်ငံရေး ရည်မှန်းချက်များ (အထူးသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေး) အတွက် တပ်မတော်အပေါ် သြဇာလွှမ်းနိုင်ရန် မြန်မာနိုင်ငံ အတွင်းမှ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အကျိုးစီးပွားများ ဖြည့်ဆည်းရာတွင် ကူညီခြင်းအားဖြင့် တရုတ်နိုင်ငံကို အသုံးချနေခဲ့သည်ဟု ကျနော် ရေးသားခဲ့ပါသည်။

နိုဝင်ဘာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) နှင့် သက်ဆိုင် သည့် မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းများကို ကြီးကြပ်ရန် ဦးဆောင်ကော်မတီ တခုကို ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှ စ၍ တရုတ်နိုင်ငံက ကချင်ပြည်နယ်တွင်းရှိ မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ရေး မြန်မာနိုင်ငံကို ပြန်လည်တွန်း အားပေးလာခဲ့သည်။

မြန်မာပြည်သူ အများစုက ဆန့်ကျင်ကြသည့်တိုင် အစိုးရက ညှိနှိုင်းမှုတခုကို မကြာသေးမီက သဲလွန် စ ပေး လာခဲ့သည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် investment summit တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းက အစိုးရ အနေဖြင့် အဖြေတခုကို ရှာဖွေလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထစ်ငေါ့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပေးလာနိုင်လိမ့်မည်ဟု မကြာသေးမီက ကျနော်ရေးသားခဲ့သည့် အတိုင်းပင်။ ယခုအခါသူက အခြေခံဥပဒေပြင်ဆင်ရေး အတွက် အရေးပါသော အခိုက်အတန့်တခုကို အမိအရ ရယူနေသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှုအတွက် သူ၏ အမြင်ကို သတင်းထောက်များက ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် မေးမြန်းခဲ့သည့်အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံဥပဒေပြင်ဆင်ရေးကို သူက အမြဲတမ်း သဘောတူခဲ့ကြောင်း ပြောသည်။

ထို့ အပြင် ဒီဇင်ဘာလနှောင်းပိုင်းတွင် တပ်မတော်က အပစ်အခတ်ရပ်ဆိုင်းမှုတခုကို ကြေညာခဲ့ပြီးနောက် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) နှင့် အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားမှ ညှိနှိုင်းဆွေးနွေးမှုများက စတင်၍ တိုးတက်မှုများ ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ဖဲ ကိုင်ကစားခြင်းက အလုပ်ဖြစ်ခဲ့သည့် အသွင်ရှိပါသည်။ အပြန်အလှန်အားဖြင့် သူက မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် တရုတ်နိုင်ငံကို ခွင့်ပြုခဲ့ပုံ ရသည်။ မြစ်ဆုံဆည်သို့ အာရုံစူးစိုက်မှုများကို အခြေခံဥပဒေဆီသို့ လွှဲပြောင်းယူရန် အစိုးရက ကြိုးစားကောင်း ကြိုးစားနိုင်ပါသည်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
210

ဒုတိယအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားပေးသည်မှာ နောက် လာမည့်ရွေးကောက်ပွဲက နီးကပ်လာနေသောကြောင့် ဖြစ်သည်။ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက မျှော်လင့်သည်ထက် လျော့နည်း၍ ၁၃ နေရာတွင် ၇ နေရာသာ အနိုင်ရရှိခဲ့သည်။ ထိုသို့ဖြစ်ခဲ့ခြင်းက NLD ကို ၂၀၂၀ ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်ရန်နှင့် အခြေခံဥပဒေ ပြင်ဆင်မှုများကို တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ရန် တပ်လှန့်မှုတခု ဖြစ်ခဲ့သည်။

သို့သော်လည်း နောက်လာမည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီက အခြေခံ ဥပဒေမှ ပုဒ်မများ အားလုံးကို ပြင်ဆင်နိုင်မည်လားဆိုသည်ကို အချိန်ကသာ ပြောနိုင်ပါလိမ့်မည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦးဖြစ်ပါသည်။ ၎င်း၏ Daw Aung San Suu Kyi Has Seized the Prime Moment to Amend the Constitution  ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်အခြေခံဥပဒေ ပြင်ဆင်ရေး
Joe Kumbun

Joe Kumbun

Contributor

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
၂၀၁၆ ခုနှစ် ဩဂုတ်လ ဘေဂျင်းမြို့တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ခံတွေ့ဆုံစဉ် / Reuters

တရုတ် အကြွေး ထောင်ချောက်ထဲသို့ တကျော့ပြန် အထီးကျန် လူမွဲ မြန်မာနိုင်ငံ

သီရိလင်္ကာနိုင်ငံသည် ပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၅၃.၁ ဘီလျံ ရှိနေပြီး ငွေပေးငွေယူရှင်းတမ်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ / Reuters

အကြွေးထောင်ချောက်ထဲက သီရိလင်္ကာ ငွေလှည့် ချေးရပြီ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved