• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒေါ်လာဆို အသစ်မှ ယူချင်နေတုန်းလား

by ကျော်ဆုမွန်
19 June 2019
in သူ့အတွေး သူ့အမြင်
A A
ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ဒီလို နိုင်ငံခြားငွေ လဲလှယ်တဲ့ အခါ ငွေစက္ကူ အဟောင်း၊ အသစ် ပြဿနာဟာ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်နေတယ် / Reuters

ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ဒီလို နိုင်ငံခြားငွေ လဲလှယ်တဲ့ အခါ ငွေစက္ကူ အဟောင်း၊ အသစ် ပြဿနာဟာ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်နေတယ် / Reuters

24k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ တပတ်က နေပြည်တော်ရောက်နေတဲ့ ကျမက လက်ထဲရှိနေတဲ့ အမေရိကန်ဒေါ်လာ ၁ ရာတန်လေး တရွက်ကို လမ်းကြုံတုန်း ပုဂ္ဂလိက ဘဏ်တခုမှာ ဘဏ်ကိစ္စ လုပ်ရင်း လဲလှယ်ခဲ့ပါတယ်။ နေပြည်တော်က နာမည်ကျော် မြို့မဈေးထဲက ဘဏ်တခုမှာပါ။ 

ငွေလဲလှယ်ကောင်တာက ဘဏ်ဝန်ထမ်းက ကန်ဒေါ်လာ ၁၀၀ တန်လေးကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီးတာနဲ့ နောက်ထပ် တရွက်ပါသေးလား ထပ်မေးပါတယ်။ ပိုက်ဆံက ကြေနေတာကြောင့်ရယ်၊ နွမ်းနေတာကြောင့် လဲလှယ်ပေးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။ အသစ်မဟုတ်လို့ လက်မခံနိုင်ဘူးလို့ ပြောပြန်ပါတယ်။ 

ဒါနဲ့ ကျမလည်း ဂျန်းရှင်း နေပြည်တော် ဈေးဝယ်စင်တာ ထပ်ရောက်တော့ အဲဒီက ပုဂ္ဂလိက ဘဏ်တခုမှာ ထပ်ပြ ပြန်ပါတယ်။ သူကလည်း ငွေက ဟောင်းနေတာကြောင့်ရယ်၊ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ခေါက်ရာကြောင့် မယူနိုင်ပါဘူးလို့ ငြင်းပြန်ပါတယ်။ ဒါနဲ့ကျမက ဒီဘဏ်တွေကမှ လဲမရရင် ဘယ်နေရာ သွားလဲရမလဲ ဆိုတော့ အပြင်ဈေးကွက်တွေမှာ လဲကြည့်ပါတဲ့။ 

ဒါနဲ့ ကျမလည်း မေးမှ ဖြစ်တော့မှာမို့ နေပြည်တော်က ဗဟိုဘဏ် တည်ရှိရာ ရာဇသင်္ဂဟ လမ်းကို ဆက်လက် ထွက်ရပါတယ်။ ဗဟိုဘဏ် ရောက်တော့ ငွေကြေးဌာနမှာ ဝင်စုံစမ်းပါတယ်။ ငွေကြေးဌာနက သူတို့နဲ့ မသက်ဆိုင်တဲ့ အတွက် နိုင်ငံခြားငွေဌာနကို ထပ်ညွှန်းပါတယ်။ နိုင်ငံခြားငွေ ဌာနကလည်း တာဝန်ယူ ဖြေကြားပေးမယ့်သူ မရှိတာကြောင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းရုံးခန်းကို ထပ်ညွှန်ပါတယ်။ ညွှန်ချုပ် မရှိတာကြောင့် ကျမ သိလိုတဲ့ ဒေါ်လာငွေကြေး လဲလည်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အတိအကျက မရပါဘူး။ 

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
222
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ဒီအချိန်မှာ ညွှန်ချုပ်ရုံးခန်းက ကိုယ်ရေးအရာရှိ တဦး ရောက်လာပြီး အကြောင်းကိစ္စကို မေးမြန်းရာမှာတော့ ကျမက လက်ရှိ ပုဂ္ဂလိက ဘဏ်တွေကို ဒေါ်လာများ လဲလှယ်လက်ခံရောင်းချရာမှာ ဘယ်လို အနေအထားဆို လက်ခံခွင့် မရှိဘူးလဲ၊ ဘယ်လို နိုင်ငံခြားငွေကြေးက လဲလှယ်လို့ ရနိုင်သလဲဆိုတာ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ရှိမရှိ၊ ရှိရင်လည်းအသက်ဝင်မဝင် မေးပါတယ်။ 

ဒီအခါမှာ ထိုသူကလည်း သေချာမေးမြန်းပြီး ဒေါ်လာနဲ့ ပတ်သက်လို့ ဗဟိုဘဏ်အနေနဲ့ သီးခြား ထုတ်ပြန်ထားတာ မရှိပေမယ့်လည်း အသစ်ကျပ်ချွတ်မှ လက်ခံရမယ်ဆိုတာ မဟုတ်ကြောင်းနဲ့ အတုအစစ်သာ ခွဲခြားဖို့နဲ့ အလွန်အမင်း ဟောင်းနွမ်းစုတ်ပြဲ နေတာက လွဲရင် လက်ခံနိုင်ကြောင်း ပြောဆိုထားခဲ့တယ်လို့ ရှင်းပြပါတယ်။ 

ပြီးတော့ ကျမ လက်ထဲက ဒေါ်လာကို ကိုင်တွယ်ကြည့်ရှုပြီး ဒီအနေအထားဆိုရင် လဲလှယ်နိုင်တယ်လို့ ပြောပါတယ်။

ဒီလို ရှင်းပြတာကိုလည်း ခုနက လက်မခံတဲ့ ဘဏ်တွေဆီကို ပြန်သွားတဲ့အခါ ရှင်းပြပြီး ငွေပြန်လဲနိုင်ကြောင်းနဲ့ ဆက်ပြီး လက်မခံရင် ဗဟိုဘဏ်ကို လိပ်မူ၊ တိုင်ကြားစာ ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ အဲဒီ ဘဏ်တွေကို ပြန်မသွားဖြစ်တော့ပါ။ 

ဒေါ်လာငွေ အသစ်လဲလှယ်ရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှာ ကျမ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ ဗဟိုဘဏ်က နိုင်ငံခြားငွေဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကို အင်တာဗျူးပြီး မေးမြန်းရေးသားခဲ့တဲ့ သတင်းတပုဒ်ပါ။ 

အဲဒီအချိန်က ဖြေကြားခဲ့တာက ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ အသစ်ကျပ်ချွတ် နိုင်ငံခြားငွေမှ မဟုတ်ဘဲ၊ စုတ်ပြဲမနေဘူး၊ အစစ်ဖြစ်တယ်ဆိုရင် ဘယ်လို အခြေအနေမှာမဆို လဲလှယ် ရယူနိုင်ကြောင်းနဲ့ လဲလှယ်တဲ့နှုန်းထား အပြောင်းအလဲတခု (မူလထက် လျော့နည်းတဲ့ ပမာဏတခုခု) နဲ့ လဲလှယ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ 

ဒီလို လဲလှယ်နိုင်တာကြောင့် လက်မခံတဲ့ ငွေလဲလှယ် ကောင်တာဆိုရင် နေရာအတိအကျ၊ ဖြစ်ရပ်နဲ့ အချိန်ကို တင်ပြပြီး ဗဟိုဘဏ်ကို စာပေးပို့ တိုင်ကြားနိုင်ကြောင်း သူက ပြောခဲ့ပါတယ်။ 

ဒီလိုအခြေအနေနဲ့ ငွေလဲလှယ်တဲ့ အကြောင်းအရာကို ၂၀၁၂ ခုနှစ်ထဲက ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ 

ဒီသတင်း ရေးသားခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေး အကြံပေးဖြစ်သူ၊ ကျမနဲ့လည်း ခင်မင်တဲ့ မစ္စတာ ရှောင်တာနဲလ် ကိုယ်တိုင် ပုဂ္ဂလိက ဘဏ်တခုမှာ သူ့ရဲ့ အရောင်စွန်းလေးပါတဲ့ ဒေါ်လာငွေစက္ကူ လဲမရတာကြောင့် သတင်းဆောင်းပါးကို ပြသပြီး ဗဟိုဘဏ်က အခုလို ကြေညာထားပြီး ဖြစ်ပါတယ်လို့ ပြောမှသာ ငွေလဲခွင့် ရခဲ့တယ်လို့လည်း သူက ဆုံတုန်း ပြောခဲ့ဖူးပြန်ပါတယ်။

အခုလို နိုင်ငံခြားငွေကြေး လဲလှယ်မှုမှာ ငွေစက္ကူအသစ်မှ ရမယ်ဆိုတဲ့ ပုဂ္ဂလိက ဘဏ်အတော်များများက ငွေလဲကောင်တာများရဲ့ ဆုံးဖြတ်ချက်ဟာ အတော်လေးကို အခက်ခဲအဖြစ် တည်ရှိနေသေးတာကို လက်တွေ့ သိခွင့် ရပါတယ်။ 

နေပြည်တော် စည်ပင်သာယာရေးဘဏ်က ဘဏ်မန်နေဂျာ တဦးကတော့ ဒေါ်လာအသစ်တွေ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြပါတယ်။ ဒေါ်လာ ပြန်လာဝယ်သူတွေက အသစ်ပဲ လိုချင်တယ် ဆိုတဲ့ တောင်းဆိုချက်ကြောင့် ဖြစ်ကြောင်းနဲ့ ဒေါ်လာ အဟောင်းသာ လက်ခံခဲ့ပြီး ပြန်လည် ရောင်းချနိုင်ခြင်း မရှိရင် သူတို့လက်ထဲမှာ ငွေများ တင်ကျန်သွားနိုင်ကြောင်း၊ ဗဟိုဘဏ်ကို ပေးပို့ဖို့ကလည်း ရာတန်စီး များကိုသာ လဲလှယ်မှ ရနိုင်တာကြောင့် အဲဒီအချိန်ထိ စောင့်ဆိုင်းထားလို့ မရနိုင်ကြောင်း ရှင်းပြပါတယ်။ 

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ဒီလို နိုင်ငံခြားငွေ လဲလှယ်တဲ့ အခါ ငွေစက္ကူ အဟောင်း၊ အသစ် ပြဿနာဟာ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်နေတယ်လို့ Nature Dream Travel and Tour က အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စပယ်အောင်ကလည်း ပြောပါတယ်။

“ကျမ သွားဖူးသမျှနိုင်ငံတိုင်းမှာ တိုးရစ်တွေကို နိင်ငံခြားငွေ အသစ်စက်စက်မှဆိုပြီး ပြောတာမျိုးမရှိပါဘူး။ ငွေစက္ကူပြဲနေရင်တော့ ငွေလဲနှုန်း ကွာတာမျိုးတော့ ရှိတယ်။ မြန်မာပြည်မှာ ဒီလိုမျိုး အကောင်အထည် ဖော်စေချင်တာပဲ” လို့ သူက ဆိုပါတယ်။ 

“ဒီလိုအသစ်မှ လဲလို့ရတယ်ဆိုတာက နိုင်ငံခြား ဧည့်သည်တွေကိုလည်း အတော် စိတ်ပျက်စေပါတယ်။ တချို့ဆို လက်ထဲက ငွေတွေ လဲမရတော့ ဒုက္ခတွေ ဖြစ်ကြတယ်။ ခရက်ဒစ်ကတ် ကလည်း နေရာတိုင်းမှာ သုံးမရသေးတဲ့ အချိန်တုန်းကဆို ပိုဆိုးတယ်။ အခုက နေရာတချို့မှာ သုံးနိုင်လာနေလို့ တော်သေးတယ်” လို့ သူက ပြောပါတယ်။ 

ဖွံဖြိုးမှု အားနည်းနေသေးတဲ့ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းမှာလည်း ခရက်ဒစ်ကတ်လို နိုင်ငံတကာ ငွေပေးချေရေး လုပ်ငန်းတွေ သိပ်မတွင်ကျယ် သေးတာကြောင့် နေရာအနှံ့ အဆင်ပြေစွာ ခရက်ဒစ်ကတ် သုံးနိုင်သေးခြင်း မရှိပါဘူး။ Visa, Master, JCB၊ UPI စတဲ့ကတ်တွေသာ မြို့ကြီးတွေက ဆိုင်တချို့မှာ အဆင်ပြေစွာ ထုတ်ယူ သုံးစွဲနိုင်ပါသေးတယ်။

“ခရက်ဒစ်ကတ်က နေရာစုံမှာ လက်ခံနိုင်ရင် ကောင်းတာပေါ့။ အခုဟာက ဆိုင်တွေက လက်ခံရင် ရာခိုင်နှုန်းနဲ့ ပြန်ပေးရတော့ လက်မခံချင်ကြပြန်ဘူး။ ပေးရတဲ့ ရာခိုင်နှုန်းကလည်း ၃–၄ ရာခိုင်နှုန်းဆိုတော့ မကိုက်ကြပြန်ဘူး၊ ဒါကြောင့် ခရက်ဒစ်ကတ်က နေရာတိုင်း မတွင်ကျယ်ပြန်ဘူး” လို့ Myanmar Payment Union ရဲ့ Chief Executive Officer ဦးဇော်လင်းထွဋ်က ပြောပါတယ်။

သူ့အနေနဲ့လည်း နိုင်ငံခြားငွေအသစ်မှ လက်ခံလဲလှယ် ပေးမယ်ဆိုတဲ့ကိစ္စကို တခြားနိုင်ငံတွေက ဗဟိုဘဏ် တွေလည်း တိတိကျကျ ပြောထားတာမျိုး မရှိပေမယ့် လျှော့ဈေးနဲ့ ဝယ်ပေးကြတာမျိုးတော့ ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာက လုံးဝကို မဝယ်ယူဘူး ဆိုတာကြောင့်သာ အငြင်းပွားစရာများ ဖြစ်နေကြောင်း ပြောပါတယ်။ 

တကယ်တော့ ကမ္ဘာ့အသိုင်းအဝန်းထဲ ပြန်လည် ခြေလှမ်းခါစ မြန်မာနိင်ငံမှာ ပြည်ပက ရောက်ရှိလာတဲ့ ဧည့်သည်တွေ၊ ခရီးသွားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားငွေလဲလှယ်ရာမှာ ဖြေလျှော့မှုတွေ အဆင်ပြေပြေ လုပ်ပေးဖို့က အဓိက လိုအပ်ချက် တခုဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံသွားရင် ဒေါ်လာအသစ်မှ သုံးလို့ရမယ်၊ အခက်အခဲရှိတယ်ဆိုတဲ့ သတင်းစကား တခုဟာ နိုင်ငံပုံရိပ် အတွက်လည်း ညစ်နွမ်းစေတာမျိုး ဖြစ်စေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း သေးသေးမွှားမွှား ကိစ္စလို့ မမြင်ဘဲ ရှေ့ဆက်ရမယ့် ခရီးလမ်းကြောင်းအတွက် အခက်အခဲတခုကို ဖြေရှင်းပေးနိုင်ရင် အဆင်ပြေစေနိုင်မယ်လို့ ယုံကြည်ရပါတယ်။ 

ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက် တွေကို လိုက်နာဆောင်ရွက်ခြင်း အားဖြင့်လည်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းဟာ နာမည်ဂုဏ်သတင်း ပိုကောင်းလာမှာပါ။ လိုက်လျောညီထွေမှု ရှိတဲ့ ဝန်ဆောင်မှုများ ပိုမို တိုးတက်လာလေ ဖွံ့ဖြိုးရေး ဦးတည်ချက် တွေကလည်း ပိုမိုပီပြင်အောင် ဆောင်ရွက်နိုင်လေလေ ဖြစ်မယ်လို့ ယူဆမိပါတယ်။ 

(ကျော်ဆုမွန်သည် ဧရာဝတီ၏ စီးပွားရေးဆိုင်ရာ သတင်းထောက် ဖြစ်ခဲ့ဖူးပြီး ယခုအခါ နေပြည်တော်တွင် အခြေချနေထိုင်သူ ဆောင်းပါးရှင်တဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်

ဇီးရိုးဘတ်ဂျက် ခရီးသွားကိစ္စ ပြည်ထောင်စု ဝန်ကြီးသတိပေး

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှေ့တောင်အာရှသို့ ရောက်လာ

စပါးဈေးတွေ ကျနေတယ်

Your Thoughts …
Tags: ဒေါ်လာနိုင်ငံခြားငွေ လဲလှယ်မှုပုဂ္ဂလိကဘဏ်ဗဟိုဘဏ်
ကျော်ဆုမွန်

ကျော်ဆုမွန်

Contributor

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
ဟတ်ပီးဘတ်ဒေး

ဟတ်ပီးဘတ်ဒေး

Priyanka Chopra ရဲ့ ဖယောင်းရုပ်တု

လန်ဒန်မြို့ရှိ Madame Tussauds ပြတိုက်မှာ Priyanka Chopra ရဲ့ ဖယောင်းရုပ်တုဖွင့်လှစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved