• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်


by ထူးချစ်
29 January 2020
in သူ့အတွေး သူ့အမြင်
A A
၂၀၁၂ ခုနှစ် မေလတွင် ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ / Reuters

၂၀၁၂ ခုနှစ် မေလတွင် ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ / Reuters

5.7k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားများသည် ခေတ်အဆက်ဆက် နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းစစ်ဒဏ်ခံရမှု၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် အခြေခံလစာ၊ အကျိုးခံစားခွင့် နည်းပါးမှုများကြောင့် ရေကြည်ရာမြက်နုရာဆိုသလို ဖွံ့ဖြိုးစ တိုင်းပြည်များတွင် ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် သွားရောက်လုပ်ကိုင်စားသောက်နေကြသည်မှာ ဆယ်စုနှစ်သုံးစုခန့် အနည်းဆုံးရှိပြီဖြစ်သည်။

ခေတ်အဆက်ဆက် အစိုးရများအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို စနစ်တကျ အကာအကွယ်ပေးမှု အားနည်းခဲ့သည့်အပြင်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေသည်ကို တွေ့ရှိနေရပါသည်။
အဓိကအားဖြင့် သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် နိုင်ငံသားများ၏ အခွင့်အရေးတခုဖြစ်သည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ပိုင်ခွင့်များ ဆုံးရှုံးခဲ့ကြပါသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲပါ ကြေညာချက် အမှတ် (၂၈/၂၀၁၅) ဖြင့် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ရန် အမိန့်စာ ထုတ်ပြန်ကြေညာခဲ့ပါသည်၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲနည်းဥပဒေ ၅၄ (ဆ) အရ ပြည်ထောင်စုအစိုး၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နည်းဥပဒေ ၅၇ (က) နှင့် အညီ သက်ဆိုင်ရာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ရုံးများမှ တဆင့် သက်ဆိုင်ရာ မဲဆန္ဒရှင်များထံ ပုံစံ (၁၅) များကို ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာ သံရုံးမှတဆင့် မဲထည့်သူ စုစုပေါင်း ၅၄၂ ဦးနှင့် ချင်းမိုင်မြို့ ကောင်စစ်ဝန်ရုံးမှတဆင့် ၆၀ ဦး မဲပေးခဲ့သည်ဟု မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားသည့် အစီရင်ခံစာများအရ သိရပါသည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံမြန်မာသံရုံးနှင့် ကောင်စစ်ဝန် ရုံးမှတဆင့် မဲထည့်သူ မြန်မာနိုင်ငံသား စုစုပေါင်းမှာ ၆၀၂ ဦးသာ ရှိသည်ဟုပြောနိုင်၏။ အဆိုပါ မဲထည့်သူ ၆၀၂ ဦးမှာလည်း ထိုင်းနိုင်ငံ၊ မြန်မာသံရုံးတွင် အလုပ်လုပ်ကိုင်နေသည့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ စစ်သံမှူး ရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ထိုင်းနိုင်ငံတက္ကသိုလ်များတွင် လာရောက် ကျောင်းတက်နေသည့် မြန်မာနိုင်ငံသားများသာ အများစုဖြစ်လိမ့်မည်ဟု တွက်ဆနိုင်ပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လထဲတွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ပြည်တွင်းစစ်မီးကြောင့် ပြေးလွှားပုန်းရှောင် နေကြရသည့် စစ်ဘေးရှောင်များနှင့် မသန်စွမ်းများ ကျယ်ကျယ်ပြန့်ပြန့် မဲထည့်ခွင့် ရရှိနိုင်ရန် ဆောင်ရွက်ပေးမည်ဟု တရားဝင် ထုတ်ပြန်ခဲ့သော်လည်း ယနေ့အချိန်အထိ ပြည်ပ တိုင်းပြည်များတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လွယ်လင့်တကူ မဲဆန္ဒပေးနိုင်ရန် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ပြည်ပနိုင်ငံများရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အစိုးရတရပ်အနေဖြင့် စိတ်ရင်းစေတနာ မှန်မှန်ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည့်ပြည့်ဝဝ ဆန္ဒမဲထည့်ခိုင်းစေချင်သည့် ဆန္ဒအမှန်ရှိသည်ဆိုပါက၊ ယခုအချိန်ကတည်းက စတင်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတိကျသည့် ညွှန်ကြားချက်များနှင့် လိုအပ်သည့် နည်းဥပဒေများကို ထုတ်ပြန်ထားရမည်ဖြစ်ပါသည်။ တချိန်တည်းမှာပင်၊ သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းမှုများကို စနစ်တကျ ဆောင်ရွက်ထားသင့်ပါသည်။

ဥပမာအားဖြင့် ပြင်သစ်နိုင်ငံတွင် အာဖရိကတိုက်မှ ရွှေ့ပြောင်းအလုပ်သမား များစွာ လာရောက်အလုပ်လုပ်ကိုင်နေကြ၏။ သက်ဆိုင်ရာတိုင်းပြည်များတွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပါက၊ ပြင်သစ်အစိုးရအနေနှင့် သက်ဆိုင်ရာတိုင်းပြည်များနှင့် ညှိနှိုင်းပြီး ပြင်သစ်နိုင်ငံတွင် အာဖရိကမှ လာရောက်လုပ်ကိုင်နေသည့် အာဖရိက ရွှေ့ပြောင်းအလုပ်သမားများ ပြည့်ပြည့်ဝဝ မဲထည့်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် သာဓကများ ရှိပါသည်။

၂၀၁၅ ခုနှစ်က ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲ ဥပဒေအတိုင်း ရွှေ့ပြောင်းအလုပ်သမားများအား မဲပေးပိုင်ခွင့်ကို ယေဘုယျအားဖြင့် သက်ဆိုင်ရာသံရုံးများတွင် မဲထည့်နိုင်သည်ဆိုရုံလောက်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ကျယ်ကျယ်ပြန့်ပြန့် မဲထည့်နိုင်ခွင့် ရရှိနိုင်မည်မဟုတ်ပါ။

ထိုင်းနိုင်ငံတွင် တရားဝင်လာရောက် အလုပ်လုပ်ကိုင် စားသောက်နေသည့် မြန်မာနိုင်ငံသားများ ၂ သန်းကျေုာ် ရှိသည်ဟု ထိုင်း၊ မြန်မာအစိုးရများက တရားဝင်ပြောထားပြီး ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် သန်းနှင့် ချီသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့် နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးနေခဲ့ရပါသည်။ အလားတူပင် မလေးရှား နိုင်ငံတွင်လည်း သိန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်စားသောက်နေကြသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးတွင် မဲလာရောက်ထည့်သူ ၅၀၄ ဦးသာ ရှိခဲ့၏။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
133
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

မြန်မာအစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၁၅ ခုနှစ် နည်းတူ ပြည်ပရောက်မြန်မာနိုင်ငံသားများအား ကြိုတင်မဲပေးပိုင်ခွင့် ပုံစံ (၁၅) ထုတ်ပေးရုံလောက်နှင့် ထိရောက်နိုင်မည်မဟုတ်ပါ။ မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် မြန်မာသံရုံး အနီးတွင် နေထိုင်လုပ်ကိုင် စားသောက်နေသည်များ မဟုတ်ပါ။ နိုင်ငံအနှံ့တွင် လုပ်ကိုင်စားသောက်နေရသည့် သူများဖြစ်ပါသည်။ ထို့အပြင် လုပ်ငန်းရှင်များက ခွင့်ပြုမှသာ ၅ နှစ်တခါ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။ မြန်မာအစိုးရအနေနှင့် သက်ဆိုင်ရာနိုင်ငံ အစိုးရများနှင့် စနစ်တကျညှိနှိုင်းပြီး အဆင်အပြေဆုံး (လူအများဆုံး) မဲပေးနိုင်မည့်နည်းလမ်းများကို ကျွမ်းကျင်သည့် ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး စနစ်တကျ ပြင်ဆင်သင့်ပါသည်။

ပုံမှန်အားဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနှင့် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများကိုလည်း မျှဝေရမည်ဖြစ်ပါသည်။ ရွှေ့ပြောင်း အလုပ်သမား အများစုသည် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ အကန့်အသတ် ရှိနိုင်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ၊ ဖြည့်ဆည်း၊ ပံ့ပိုးပေးခြင်းသည်လည်း မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တခု ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ပေးပို့ခဲ့သည့် ကြိုတင်မဲအရေအတွက်မှာ ၃၀၁၅၂ မဲဖြစ်သည်ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအစီအရင်ခံစာတွင် ဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ အနေနှင့် မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့သည်မှာ ထင်ရှားပါသည်။

နိုင်ငံခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် အများဆုံး သွားရောက်လုပ်ကိုင်နေသည့် အင်ဒိုနီရှားနှင့် ဖိလစ်ပိုင် နိုင်ငံကဲ့သို့သောနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများ လွယ်လင့်တကူ မဲထည့်နိုင်ရန်အတွက် အစိုးရအနေနှင့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျှက်ရှိ၏။ ရွေးကောက်ပွဲကော်မရှင်များ အနေနှင့်လည်း သီးခြား လုပ်ငန်းစဉ်များချမှတ်ပြီး ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ကျယ်ကျယ်ပြန့်ပြန့် မဲဆန္ဒပေးနိုင်ရန် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက် ပေးလျှက် ရှိပါသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံသားအခွင့်အရေးကို လေးစားတန်ဖိုးထားသောအားဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လွယ်လင့်တကူ မဲဆန္ဒပေးနိုင်ရန် အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ယခုအချိန်က စတင်ပြီး သက်ဆိုင်ရာနိုင်ငံများနှင့် စနစ်တကျဆွေးနွေး တိုင်ပင် ပြင်ဆင်ထားသင့်ပြီ ဖြစ်ပါကြောင်း။

(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

Your Thoughts …
Tags: နိင်ငံသားအခွင့်အရေးမဲပေးပိုင်ခွင့်ရွှေ့ပြောင်းအလုပ်သမားများ
ထူးချစ်

ထူးချစ်

Contributor

Similar Picks:

--

ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ

by Jittrapon Kaicome
7 August 2020
33k

သူတို့၏ ဘဝများက မသေချာ မရေရာမှုများ အပေါ်တွင် မူတည် နေရသည်။

ထိုင်းထောင်များထဲတွင် ဝင်းနှင့် ဇော်တို့သာမက မြန်မာနိုင်ငံသားများစွာ ရှိနေသည် / Reuters

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်

by ထူးချစ်
6 November 2019
16.3k

မြန်မာသံရုံးအနေနှင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်စားသောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား လိုအပ်သည့် ကူညီပံပိုးပါရဲ့လား။

ဘန်ကောက်ရှိ မြန်မာသံရုံး / ငြိမ်းငြိမ်း / ဧရာဝတီ

သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ

by ငြိမ်းငြိမ်း
28 September 2020
6.4k

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတွင်သာ ကြိုတင်မဲပေးကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လှိုင်းလုံးကြီးသဖွယ် ပြန်လည်ဝင်ရောက်လာသည့်အပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲရန် အဆင်သင့်မဖြစ်ခဲ့ပါ / ဧရာဝတီ

ကပ်ရောဂါထိန်းချုပ်ရေးတွင် ငုတ်လျှိုးနေသော စိန်ခေါ်မှုများနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး

by ဇော်ဦး
30 March 2020
8.9k

မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လှိုင်းလုံးကြီးသဖွယ် ပြန်လည်ဝင်ရောက်လာသည့်အပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲရန် အဆင်သင့်မဖြစ်ခဲ့ပါ။

စက်တင်ဘာ ၂၈ ရက်နေ့မွန်းလွဲပိုင်းထိ ဆန္ဒပြနေကြသည့် မြန်မာလုပ်သားများ / AAC

ဆန္ဒပြမြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင် သဘောတူညီချက်ရ

by ကျော်ခ
29 September 2017
5.7k

မြန်မာနိုင်ငံအတွင်း စားဝတ်နေရေးနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံ အစိုးရ၏ တရားဝင် ထုတ်ပြန်ထားသော လုပ်အားခများ မရဘဲ ဈေးနှိမ်ခံပြီး လုပ်ပေးနေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများစွာရှိသည်။

မေလ ၈ ရက် ကယ်ဆယ်ရေးလေယာဉ်ကို ကွာလာလမ်ပူလေဆိပ်တွင် စောင့်ဆိုင်းနေကြစဉ် / နိုင်ငံခြားရေးဝန်ကြီးရုံး

ထိန်းသိမ်းထားသော မြန်မာ ၃၀၀၀ ကျော် မလေးရှား ပြန်ပို့ချင်

by ဇော်ဇော်ထွေး
9 June 2020
29.5k

ထိန်းသိမ်းထားသော လူ ၃၀၀၀ ကျော်ကို မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေသည်

Next Post
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ရန်ကုန်နှင့် မန္တလေးသို့ ပျံသန်းနေသည့် China Easten လေကြောင်းလိုင်းမှ လေယာဉ် ခရီးစဉ်များကို ဇန်နဝါရီ ၂၄ရက်မှ ဖေဖေါ်ဝါရီ ၂၉အထိ ယာယီရပ်ဆိုင်းထားသည်(Global New Light of Myanmar)

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မန္တလေးတိုင်းအတွင်း ပြင်ဆင်မှုပြုလုပ်ထားဟုဆို

“Minari” ကိုရီးယားရုပ်ရှင်

Sundance ရုပ်ရှင်ပွဲတော်မှာ ဂုဏ်ပြုခံရတဲ့ “Minari” ကိုရီးယားရုပ်ရှင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved