အွန်လိုင်းစစ်တမ်းတခုမှ တွေ့ရှိချက်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ယုံကြည်မှုကို အားပေးရန် အလားအလာရှိပြီး မြန်မာ၏ ပိုမိုအကျုံးဝင်ကာ တည်ငြိမ်သောအနာဂတ်ကို အကျိုးပြုကြောင်း ပြသနေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့နိုင်ငံရေးသည် ပိုမိုရှုပ်ထွေးပြောင်းလဲနေသည်။
ထိုသို့ ဖရိုဖရဲအခြေအနေကို ထိန်းချုပ်ရန် အမျိုးမျိုးသော နိုင်ငံရေးအာဏာပိုင်များကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလူနည်းစု ဒေသများတွင် အထူးသဖြင့် တွေ့ရသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် EAOs နှင့် မြန်မာစစ်တပ်အကြား ပဋိပက္ခအပြင် NUG ဦးဆောင်သည့် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုသည် နိုင်ငံ၏ ပဋိပက္ခတွင် နောက်ထပ် မျက်နှာစာတခု ထည့်သွင်းလိုက်သည်။
လူမျိုးစုလူနည်းစု လူမှုအသိုက်အဝန်းများက နိုင်ငံရေးဇာတ်ဆောင်သစ် NUG သည် ၎င်းတို့ အကျိုးစီးပွားကို ကိုယ်စားပြု မပြု သို့မဟုတ် အကြီးမားဆုံးလူမျိုးစု ဗမာက ဦးဆောင်သည့် နောက်ထပ်အစီအမံ တခုသာဖြစ် မဖြစ် အကဲဖြတ်နေကြချိန်တွင် NUG ကို ထောက်ခံယုံကြည်ခြင်း ရှိ မရှိဆိုသည့်အချက်သည် အရေးပါသည်။
ထိုသို့သော နောက်ခံတွင် တိုင်းရင်းသားလူနည်းစု လူမှုအသိုက်အဝန်းများ မည်သည့်နေရာတွင် ရပ်တည်သည်ကို လေ့လာရန် စိတ်ဝင်စားစရာ ကောင်းသည်။ အချို့သည် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုတွင် ပါဝင်ကြသော်လည်း အချို့သည် ကြားနေကြသည်။ လူမျိုးစုလူနည်းစု လူမှုအသိုက်အဝန်းများက နိုင်ငံရေးဇာတ်ဆောင်သစ် NUG သည် ၎င်းတို့ အကျိုးစီးပွားကို ကိုယ်စားပြု မပြု သို့မဟုတ် အကြီးမားဆုံးလူမျိုးစု ဗမာက ဦးဆောင်သည့် နောက်ထပ်အစီအမံ တခုသာဖြစ် မဖြစ် အကဲဖြတ်နေကြချိန်တွင် NUG ကို ထောက်ခံယုံကြည်ခြင်း ရှိ မရှိဆိုသည့်အချက်သည် အရေးပါသည်။
မြန်မာမှ တိုင်းရင်းသားလူနည်းစု ဒေသများနှင့် ကျန်အစိတ်အပိုင်းများအကြား ကွဲပြားခြားနားစေသည့် အဓိကအချက်တခုမှာ EAO ၂၀ ကျော် တည်ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့သည် လုံခြုံရေးကို အာမခံရုံသာမက ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အငြင်းပွားမှု ဖြေရှင်းရေးစသည့် လူမှုဝန်ဆောင်မှုများကိုလည်း ပေးကြသည်။ ထိုအချက်က EAO အုပ်ချုပ်ရေးအုပ်ချုပ်မှုအောက်တွင် ရှိနေသောသူများ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများ၏ အခြားနိုင်ငံရေး ဇာတ်ဆောင်များအပေါ် အမြင်ကို ဩဇာသက်ရောက်မှု ရှိ မရှိက မေးခွန်းထုတ်စရာဖြစ်စေသည်။
ထိုအချက်ကို စူးစမ်းလေ့လာရန် မြန်မာမှ တိုင်းရင်းသားလူနည်းစု ဒေသများကို ဦးတည်သည့် အွန်လိုင်းစစ်တမ်းတခုကို ပြုလုပ်ခဲ့ပြီး ပြန်လည် ဖြေကြားသူများကို စုဆောင်းရန် Facebook ကြော်ငြာများကို အသုံးပြုသည်။ မြန်မာနှင့် တိုင်းရင်းသား ဘာသာစကား ခြောက်ခုသို့ ပြန်ဆိုခြင်းအားဖြင့် ထိုစစ်တမ်းသည် မတူညီသော တိုင်းရင်းသား အုပ်စု ၃၅ စုမှ တုံ့ပြန်ဖြေကြားသူ ၁,၁၁၃ ဦးကို စုဆောင်းနိုင်ခဲ့သည်။ ၎င်းတို့ကို NUG သည် ၎င်းတို့ တိုင်းရင်းသားအုပ်စု၏ အကျိုးစီးပွားများကို ဂရုစိုက် မစိုက်နှင့် ၎င်းတို့နှင့် ထိတွေ့မှုအများဆုံး EAO ၏ အုပ်ချုပ်ရေး လုပ်ဆောင်မှုများကို ၎င်းတို့ မည်မျှတွေ့ကြုံ သို့မဟုတ် ကြားသိသနည်းဟု မေးသည်။
တိုင်းရင်းသားများအကြား NUG အပေါ် ယုံကြည်မှုမြင့်မား
စစ်တမ်း၏ရလဒ်များက ယေဘုယျအားဖြင့် တိုင်းရင်းသားလူနည်းစု လူမှုအသိုက်အဝန်းများသည် NUG အပေါ် ယုံကြည်မှုမြင့်မားကြောင်း ပြသနေသည်။ ဖြေဆိုသူများ၏ ၆၉ ရာခိုင်နှုန်းက ၎င်းတို့သည် NUG ကို ယုံကြည်ကြောင်းပြောပြီး ၇၉ ရာခိုင်နှုန်းက NUG သည် ၎င်းတို့ တိုင်းရင်းသားဒေသများတွင် လူမှုဝန်ဆောင်မှုများ ပေးရာတွင် ထိရောက်မည်ဟု ပြောသည်။

NUG သည် ယေဘုယျအားဖြင့် တိုင်းရင်းသားအုပ်စုများ သို့မဟုတ် လူနည်းစုများ၏ အကျိုးစီးပွားကို ဦးစားပေးမည်ဟု ပြည်သူများက အများအားဖြင့် ယုံကြည်ကြသည်။ ၇၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်က NUG သည် ၎င်းတို့ တိုင်းရင်းသားအုပ်စု အကျိုးစီးပွားကို ထောက်ခံသည်ဟု ယုံကြည်ကြပြီး ၄၉ ရာခိုင်နှုန်းက NUG သည် အာဏာရနေရာများတွင် ၎င်းတို့ တိုင်းရင်းသားလူနည်းစု ကိုယ်စားပြုမှုကို အာမခံမည်ဟု ပြောသည်။ ထို့ပြင် ၅၁ ရာခိုင်နှုန်းက ဗမာနှင့် တိုင်းရင်းသားလူနည်းစု အကျိုးစီးပွားကို တန်းတူရည်တူ ပေးလိမ့်မည်ဟု ယူဆကြသည်။
EAO အုပ်ချုပ်ရေးက သြဇာသက်ရောက်
တိုင်းရင်းသားလူနည်းစု ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးနှင့် ထိတွေ့မှု အလယ်အလတ်အဆင့် ရှိသည်။ ၃၃ မှ ၃၈ ရာခိုင်နှုန်းက ၎င်းတို့သည် EAO များက ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း၊ လူမှုအသိုက်အဝန်း ပြဿနာများကို ဖြေရှင်းပေးခြင်း၊ ရာဇဝတ်မှုနှင့် မူးယစ်ဆေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ ပြုလုပ်သည်ကို တိုက်ရိုက် တွေ့ကြုံရသည်ဟု ပြောသည်။ ထိုသို့ တွေ့ကြုံဖူးသည်ဟု ပြောဆိုသူများကို သိသည်ဟု ဖြေသူက ၇၁ မှ ၇၀ ရာခိုင်နှုန်း ရှိသည်။
အခွန်ကောက်ခြင်း၊ အတင်းအကျပ် လူသစ်စုဆောင်းခြင်း၊ မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ခြင်း၊ အရပ်သားများကို အကြမ်းဖက်ခြင်း စသည့် အပြုသဘော မဆောင်သော အုပ်ချုပ်ရေး လုပ်ဆောင်မှုများနှင့် ထိတွေ့မှုသည် ယေဘုယျအားဖြင့် လွန်စွာနည်းသည်။ ဖြေဆိုသူများတွင် ၃၀ ရာခိုင်နှုန်းသည် အခွန်ကောက်ခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တွေ့ကြံဖူးသော်လည်း အခြားလုပ်ဆောင်မှုများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့မှုမှာ ၈ မှ ၁၅ ရာခိုင်နှုန်းအထိသာ ရှိသည်။
EAO အုပ်ချုပ်ရေးနှင့် ထိတွေ့မှုနှင့် EAOs များကို ယုံကြည်မှုအကြား အကြီးအကျယ် အပြန်အလှန် ဆက်စပ်မှုတခု တွေ့ရသည်။ အပြုသဘောဆောင်သော အုပ်ချုပ်ရေးနှင့် ပိုမိုထိတွေ့မှုသည် EAOs များအပေါ် ယုံကြည်မှု ပိုမိုမြင့်မားစေပြီး အပြုသဘောမဆောင်သည့် လုပ်ရပ်များနှင့် ပိုမိုထိတွေ့မှုသည် EAOs များအပေါ် ယုံကြည်မှု နိမ့်ကျစေသည်။
EAO အုပ်ချုပ်ရေးနှင့် ထိတွေ့မှုနှင့် EAOs များကို ယုံကြည်မှုအကြား အကြီးအကျယ် အပြန်အလှန် ဆက်စပ်မှုတခု တွေ့ရသည်။ အပြုသဘောဆောင်သော အုပ်ချုပ်ရေးနှင့် ပိုမိုထိတွေ့မှုသည် EAOs များအပေါ် ယုံကြည်မှု ပိုမိုမြင့်မားစေပြီး အပြုသဘောမဆောင်သည့် လုပ်ရပ်များနှင့် ပိုမိုထိတွေ့မှုသည် EAOs များအပေါ် ယုံကြည်မှု နိမ့်ကျစေသည်။
ထိုဆက်စပ်မှုများသည် ဖြေဆိုသူများ၏ တိုင်းရင်းသားစိတ်ဓာတ် ပြင်းထန်မှု၊ မြန်မာစစ်တပ် အကြမ်းဖက်မှုနှင့် ထိတွေ့မှု၊ တိုင်းရင်းသား နိုင်ငံရေးယုံကြည်ချက်များကို ထည့်သွင်း စဉ်းစားသောအခါတွင်ပါ မှန်ကန်နေဆဲဖြစ်သည်။
NUG အပေါ် လူထုထောက်ခံမှုကို စိန်ခေါ်နိုင်
EAO အုပ်ချုပ်ရေးသည် EAOs များ ကိုယ်တိုင်အတွက်သာမက NUG အပေါ် ယုံကြည်မှုကိုလည်း သက်ရောက်ကြောင်း စစ်တမ်းက ပြသနေသည်။ EAO တခုခုသည် NUG ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသည်ဟု မမြင်ပါက အပြုသဘောဆောင်သော EAO အုပ်ချုပ်ရေးနှင့် ထိတွေ့မှု ပိုမိုများပြားခြင်းသည် NUG အပေါ် ယုံကြည်မှု အနည်းငယ် ကျဆင်းစေသည်။
တုံ့ပြန်သူများက ၎င်းတို့၏ EAO သည် NUG နှင့် ပတ်သက်ပြီး ကြားနေသည်ဟု ယုံကြည်သောအခါ EAO အုပ်ချုပ်ရေးနှင့် ပျမ်းမျှထိတွေ့မှု သုည (လုံးဝမကြားဖူး) မှ သုံး (ကိုယ်တိုင်ကြုံတွေ့) သို့ တိုးလာပြီး ၎င်းတို့၏ NUG အပေါ် ထင်မြင်ချက်သည် ၅ (တစုံတရာ အပြုသဘောဆောင်) မှ ၄ (အပြုသဘောလည်း မဆောင်သလို အပြုသဘောမဆောင်ဟုလည်း မမြင်) သို့ ပြောင်းလဲသွားစေသည်။

ဖြေဆိုသူ၏ NUG အုပ်ချုပ်ရေးနှင့် ထိတွေ့မှု၊ ဒီမိုကရေစီအပေါ် ယုံကြည်မှု၊ တိုင်းရင်းသား စိတ်ဓာတ်ပြင်းထန်မှုနှင့် အခြား လူဦးရေပျံ့နှံ့မှုဆိုင်ရာ အချက်အလက်များ စသည့် အချက်များကို ထည့်သွင်း စဉ်းစားသောအခါတွင်ပါ ထိုအချက်သည် မှန်ကန်ကြောင်း တွေ့ရသည်။
EAOs များထံမှ လူမှုဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေး ရရှိလေ့ရှိသူများသည် NUG က နိုင်ငံကို ထိန်းချုပ်နိုင်ပါက ၎င်းတို့တိုင်းရင်းသားအုပ်စု အကျိုးစီးပွားကို ဦးစားပေးလိမ့်မည်ဆိုသည့် ယုံကြည်ချက်က နည်းသွားသည်။
မြန်မာတွင် NUG အပေါ် အကြွင်းမဲ့နီးပါး လူထုထောက်ခံမှုကို ထည့်သွင်း စဉ်းစားသောအခါ ထိုအချက်သည် ထူးခြားသောအချက် ဖြစ်သည်။ EAOs များထံမှ လူမှုဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေး ရရှိလေ့ရှိသူများသည် NUG က နိုင်ငံကို ထိန်းချုပ်နိုင်ပါက ၎င်းတို့တိုင်းရင်းသားအုပ်စု အကျိုးစီးပွားကို ဦးစားပေးလိမ့်မည်ဆိုသည့် ယုံကြည်ချက်က နည်းသွားသည်။
မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှု
စစ်တမ်း၏ တွေ့ရှိချက်များအရ EAOs များသည် တိုင်းရင်းသား လူနည်းစုများအကြား ကြီးမားသော သြဇာသက်ရောက်မှုရှိပြီး ယုံကြည်မှု မြင့်မားစွာ ခံစားရသည့် အရေးပါသော နိုင်ငံရေး ဇာတ်ဆောင်များ ဖြစ်ကြောင်း ပြသနေသည်။
NUG သည် တိုင်းရင်းသားလူနည်းစု ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် EAOs များနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးခံစားရမည် ဖြစ်ကြောင်းကိုလည်း ယခုလေ့လာမှုက ပြသနေသည်။
အဓိကကျသည့် လူမှုဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေးကို ပံ့ပိုးပေးသူ အဖြစ်သာမက တိုင်းရင်းသားလူနည်းစု အကျိုးစီးပွားများကို ကာကွယ်သူအဖြစ်ပါ ဆယ်စုနှစ်ပေါင်းများစွာ အသိအမှတ်ပြုခံရသောကြောင့် ၎င်းတို့ကို နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် တက်ကြွစွာ ထည့်သွင်းသင့်သည်။
NUG သည် တိုင်းရင်းသားလူနည်းစု ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် EAOs များနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးခံစားရမည် ဖြစ်ကြောင်းကိုလည်း ယခုလေ့လာမှုက ပြသနေသည်။ EAO အဖွဲ့တဖွဲ့သည် NUG နှင့် တိုက်ရိုက်ပူးပေါင်း ညှိနှိုင်းမှု ရှိသောအခါ ထို EAO ကပေးသော အုပ်ချုပ်ရေးသည် NUG အပေါ် ယုံကြည်မှုကို မထိခိုက်စေပေ။ EAOs များနှင့် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေး တည်ဆောက်ခြင်းသည် NUG ကို တိုင်းရင်းသားလူနည်းစု လူမှုအသိုက်အဝန်းများအကြား ယုံကြည်မှုရရန် ပိုမို လွယ်ကူစေသည်။
(London School of Economics and Political Science, International Growth Centre ၏ ဘလော့ဂ် The IGC ပါ Jiwon Kim ၏ Navigating political upheaval: Rebel governance and trust dynamics in post-coup Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ
သက်ဆိုင်သူများ မပါသည့် အကူအညီပေးရေး လုပ်ငန်းစဉ် ရပ်ရန် NUG နှင့် EAOs သုံးဖွဲ့တိုက်တွန်း
EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ
NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်
အခွန်ငွေခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို NUG ဘယ်လို ကိုင်တွယ်မလဲ













