“မြန်မာနိုင်ငံဟာ တစစီပြိုလဲတော့မယ်၊ လူတွေ အလုံးအရင်းနဲ့ နိုင်ငံက ထွက်ပြေးကြတော့မှာ” ဆိုတဲ့ စကားတွေ လွှင့်နေတာက ခုချိန်မှာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးလှုပ်ရှားမှုအတွက် အကြီးဆုံး ခြိမ်းခြောက်မှုပါပဲ။
အခုချိန်အထိ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ သံတမန်နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းပေးဖို့ ကြိုးစားနေကြသလိုလို ဟန်ဆောင်နေကြပါတယ်။ အမှန်တကယ်မှာတော့ တကယ် အဓိပ္ပာယ်ရှိတဲ့ ဖြေရှင်းပေးမှုမျိုးကို လုပ်ဖို့ လက်ရှောင်နေကြတာပါ။
လူသားချင်း စာနာထောက်ထားမှု အကူအညီနည်းနဲ့ပဲဖြစ်ဖြစ်၊ သံတမန်နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ထိရောက်တဲ့ အဖြေရှာပေးဖို့ထက် ဖိအားထပ်ပေးရမှာကိုတောင် တွန့်ဆုတ်နေကြပါတယ်။ မထိရောက်တဲ့၊ ဘာမှ ထထကြွကြွ ဆောင်ရွက်နေတာမရှိတဲ့ အပြသက်သက် လုပ်ငန်းစဉ်တွေအနောက်မှာ ဇိမ်နဲ့ သက်သောင့်သက်သာ ထိုင်စောင့်နေကြတာလည်း ကြာပါပြီ။ (ဥပမာ – အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကမ္ဘောဒီးယားက မစ္စတာ ဟွန်ဆန်ရဲ့ ကိုယ်ရည်သွေးပြဖို့ တီထွင်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်တာတွေ၊ အင်ဒိုနီးရှားရဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲနဲ့ အခုလက်ရှိ ထိုင်းကလုပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံ ဆိုတာမျိုးတွေနောက်မှာ မှိန်းနေခဲ့ကြပါတယ်။)
မြန်မာ့အိမ်နီးချင်းတွေဟာ စစ်အာဏာရှင်ကို မကြိုက်ကြပါဘူး။ ဘယ်သူမှလည်း လိုလားကြမှာတော့ မဟုတ်ပါဘူး။ သူတို့လည်းပဲ ဒီစစ်တပ်ဟာ ယုတ်မာတာ၊ စစ်တပ်အရည်အသွေး မပြည့်တာ၊ လူမုန်းများတာ၊ ဗိုလ်ကျပြီး အနိုင်ကျင့်တတ်တာတွေကို မြင်မှာပါ။
မြန်မာ့အိမ်နီးချင်းတွေဟာ စစ်အာဏာရှင်ကို မကြိုက်ကြပါဘူး။ ဘယ်သူမှလည်း လိုလားကြမှာတော့ မဟုတ်ပါဘူး။ သူတို့လည်းပဲ ဒီစစ်တပ်ဟာ ယုတ်မာတာ၊ စစ်တပ်အရည်အသွေး မပြည့်တာ၊ လူမုန်းများတာ၊ ဗိုလ်ကျပြီး အနိုင်ကျင့်တတ်တာတွေကို မြင်မှာပါ။
ဒါပေမယ့် မြန်မာအိမ်နီးချင်းတွေရော တခြားနိုင်ငံတွေရောဟာ အာဏာစသိမ်းဖို့ ကြိုးစားတဲ့ ပထမနေ့ကနေစလို့ စစ်တပ်ဟာ ဒီလို လူထုလှုပ်ရှားမှုတွေပေါ်လာရင် အကြမ်းနည်းနဲ့ နှိမ်နင်းပစ်ပြီး ငြိမ်သွားအောင် လုပ်နိုင်မှာပဲ၊ စစ်အုပ်စု အာဏာမြဲနေဦးမှာပဲလို့ ထင်ခဲ့ကြတယ်။
အခုကတော့ ဒီလို မဖြစ်လာနိုင်တော့ဘူးဆိုတာ သူတို့ နားလည်လာပါပြီ။ အခုတော့ သူတို့က “တခုခု လုပ်ကြပါဦး” ဆိုတာမျိုး ပြောလာကြတယ်။ ဒီလို တခုခုတော့ လုပ်မှရတော့မယ် ဆိုတဲ့အထဲမှာ အပစ်အခတ်ရပ်ကြဖို့၊ လူသားချင်းစာနာမှု အကူအညီတွေနဲ့ တခြားမက်လုံးတွေ ပေးဖို့၊ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးရေး စားပွဲဝိုင်းပေါ်ကိုရောက်ဖို့ စတာတွေ ပါလာပါတယ်။
ဒီအစီအစဉ်တွေကနေ ထွက်လာနိုင်တာက စစ်အာဏာပိုင်တွေကို သက်ဆိုးရှည်စေတာထက် မပိုပါဘူး။ စစ်အာဏာပိုင်တွေဟာ အပြစ်ပေးမခံရဘဲ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ကို ရနေကြမယ်။ စီးပွားရေးမှာ ဆက်ပြီး လက်ဝါးကြီးအုပ်ထားနိုင်မယ်။ နိုင်ငံရေးမှာ ဆက်ပြီး လူပါးဝနေနိုင်မယ်။
စစ်တပ်မဟုတ်တဲ့ တခြားအုပ်စုတွေကိုတော့ လာဘ်ပေးလာဘ်ယူ သဘောဆန်တဲ့ အပေးအယူတွေနဲ့ ညှိတာ၊ ဖိအားပေးတာ၊ အကြံပေးတာတွေ လုပ်လာနိုင်ပါတယ်။ ဒီလို အိမ်နီးချင်းတွေနဲ့ တခြားနိုင်ငံတွေက မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ အားထုတ်နေတာကို တားနိုင်ဖို့ ခြေလှမ်းတွေကို ပြန်တွန်းနိုင်ဖို့ တနည်းပဲ ရှိပါတယ်။ တခုနဲ့တခု ချိတ်ဆက်နေတဲ့ မဟာဗျူဟာတွေ ရှိကြရမှာဖြစ်ပြီး အဲဒီထဲမှာ အောက်ပါတို့ကို အရေးထားရမှာ ဖြစ်ပါတယ်။
(၁) လက်ရှိ စစ်ခေါင်းဆောင်တွေ ပေးနေတဲ့ ဖိအားတွေနဲ့ တပ်က တိုက်ပွဲအသေးအကြီး အလီလီရှုံးနေတာတွေကို သတင်းတွေ တရစပ်ထုတ်ပြန်ပြီး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တိုက်နေရမှာ ဖြစ်ပါတယ်။ တပ်သားတွေဟာ အောက်ခြေကနေစပြီး ပြိုကွဲလာနိုင်တာကို ရည်ရွယ်ပြီးတော့ သတင်းစကားတွေ တရစပ် ထုတ်လုပ်နေဖို့ လိုပါတယ်။
(၂) နိုင်ငံရေးနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့သူတွေဟာ ဘယ်သူ့ကိုမှ မစောင့်နေဘဲနဲ့ မိမိတို့ဘာသာ ဦးဆောင်ပြီး နိုင်ငံရေးလုပ်ငန်းတွေကို ရှေ့ဆက်ကြဖို့လိုပါတယ်။ မီဒီယာကလည်း ဒါကို သတင်းမပြတ် ထုတ်ပြန်နေပြီး သံတမန်တွေရဲ့ အာရုံစိုက်မှု နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရယူရမှာ ဖြစ်ပါတယ်။
အရေးကြီးတာက အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက လူတွေ ဝင်ပြီး မြန်မာပြည်အတွက် ဆွေးနွေးညှိနှိုင်းတဲ့ပွဲကို ဝင်မစီစဉ်ကြဖို့ဘဲ ဖြစ်ပါတယ်။ အပြင်ကလူတွေက စစ်တပ်ကို ပင်တိုင်ဇာတ်ဆောင်အနေနဲ့ မပါမဖြစ်ဘူးလို့ ဆက်လက်ပြီး စဉ်းစားထားကြပါတယ်။
အရေးကြီးတာက အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက လူတွေ ဝင်ပြီး မြန်မာပြည်အတွက် ဆွေးနွေးညှိနှိုင်းတဲ့ပွဲကို ဝင်မစီစဉ်ကြဖို့ဘဲ ဖြစ်ပါတယ်။ အပြင်ကလူတွေက စစ်တပ်ကို ပင်တိုင်ဇာတ်ဆောင်အနေနဲ့ မပါမဖြစ်ဘူးလို့ ဆက်လက်ပြီး စဉ်းစားထားကြပါတယ်။ အဲဒီလို လုပ်တဲ့အခါ အရင်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာတုန်းကလိုပဲ အရေးကြီးတဲ့လူတွေ မပါဝင်တဲ့ လမ်းကြောင်းမျိုးကို ဖော်ပြီး ဖြစ်သင့်တဲ့ အပြောင်းအလဲဆီ မရောက်ဘဲ ဝေဝါးသွားစေနိုင်ပါတယ်။
(၃) တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို ဆွဲသွင်းဖို့ ကြိုးစားနေတာကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားလှုံ့ဆော်မှုတွေ နှစ်ကြိမ်၊ သုံးကြိမ်လောက် လိုပါမယ်။ ဒီလှုပ်ရှားလှုံ့ဆော်မှုတွေဟာ အိမ်နီးချင်းတွေနဲ့ ဒေသတွင်းနိုင်ငံတွေကို စစ်တပ်ကို ပိုပြီး တိုက်နိုင်ခိုက်နိုင်အောင် မြှောက်ပေးနေခဲ့ကြတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ဝေဖန်ပြဖို့လိုပါတယ်။ မှားယွင်းစွာ ရေးဆွဲခဲ့ကြတဲ့ ကြားဝင်ဖြန်ဖြေရေး အစီအစဉ်တွေ အလုပ်မဖြစ်ခဲ့ကြောင်း ထောက်ပြကြရပါမယ်။ တနိုင်ငံလုံးအပေါ် တပ်က အသာစီးနဲ့ နှိပ်စက်နေနိုင်တဲ့ အခင်းအကျင်းမျိုး ဖန်တီးခဲ့ကြတယ် ဆိုတာကို အပြစ်တင်ကြရပါမယ်။
သူတို့ဟာ ပြိုကျတော့မယ့် စစ်အုပ်စုကို အချိန်တွေပေးခဲ့တယ်။ မက်လုံးတွေနဲ့ စိတ်ပြောင်းမလား ချော့နေခဲ့တယ်။ အဲဒီအချိန်မှာ စစ်အာဏာရှင်တွေဟာ အရပ်သားလူထုကို လူသားတံတိုင်းအဖြစ်သုံးပြီး မြို့ပြတွေကို စစ်မြေပြင်လုပ်ဖို့ ပြင်ဆင်နေခဲ့တယ်။
အရပ်သားတွေအပေါ် ဗုံးကြဲပြီး မြို့ရွာတွေကို လေတပ်သုံး ပြာချပစ်ဖို့ စီစဉ်နေခဲ့တယ်။ ဒီလေယာဉ်တွေကို ရုရှားနဲ့ တရုတ်ကနေ ဝယ်လို့ရနေခဲ့တယ်။ ဒီအိမ်နီးချင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြို့တွေကို ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကို မမြင်သလို မျက်နှာလွှဲထားပြီး နေပေးကြတဲ့သူတွေပါ။
ဒါကြောင့် နိုင်ငံသားတွေဟာ အိမ်နီးချင်းတိုင်းပြည်တွေဆီ နယ်စပ်ကျော်ပြီး အစုလိုက်အပြုံလိုက် ထွက်ပြေးကြရတဲ့ အကြောင်းရင်းကြီးတခု ဖြစ်နေပါတယ်။ လူတွေ နယ်စပ်ကိုကျော်ပြီး ထွက်ပြေးဖို့ဖြစ်လာရင် ဘယ်လို ခြံစည်းရိုးကမှလည်း ခိုင်မှာ မဟုတ်သလို နယ်စပ်ဖြတ်ကျော် စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း တားလို့ရမှာ မဟုတ်ပါဘူး။
မြန်မာ့အရေးကို နိုင်ငံတကာက ချဉ်းကပ်သုံးသပ်ကြရာမှာ ခုတ်ရာတခြား ရှရာတလွဲတွေ ဖြစ်ခဲ့ပါတယ်။ အိမ်နီးချင်းတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်မှုကလွဲလို့ ဘာကိုမှ မလိုချင်ဘူး။ တချိန်တည်းမှာပဲ သူတို့ဟာ တိုင်းပြည် ယိုယွင်းအောင် လုပ်နေတဲ့ အစီအစဉ်တွေမှာ ဝင်ပါမိနေတယ်။
မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံဟာ လက်ရှိ စစ်အုပ်ချုပ်ရေးကို အသက်ကယ်ဆေး ထိုးပေးနေတယ်ဆိုတာ ထောက်ပြသင့်ကြပါပြီ။ ဒီအချက်ကပဲ မြန်မာပြည်ကိုပျက်စီးစေတဲ့၊ မြန်မာပြည်ကို တစစီပြိုကွဲစေတဲ့ အကြောင်းရင်းဖြစ်မှာပါ။
မြန်မာ့အရေးကို နိုင်ငံတကာက ချဉ်းကပ်သုံးသပ်ကြရာမှာ ခုတ်ရာတခြား ရှရာတလွဲတွေ ဖြစ်ခဲ့ပါတယ်။ အိမ်နီးချင်းတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်မှုကလွဲလို့ ဘာကိုမှ မလိုချင်ဘူး။ တချိန်တည်းမှာပဲ သူတို့ဟာ တိုင်းပြည် ယိုယွင်းအောင် လုပ်နေတဲ့ အစီအစဉ်တွေမှာ ဝင်ပါမိနေတယ်။ မှားယွင်းစွာ ပုံစံချထားတဲ့ အစီအစဉ်တွေမှာ ပါဝင်ခြင်းအားဖြင့် မတည်ငြိမ်မှုကို ဖန်တီးရာမှာ ကြံရာပါဖြစ်နေကြတယ်။
မြန်မာပြည်သူတွေနဲ့ လွတ်မြောက်ရေး လှုပ်ရှားသူတွေမှာ အခုဆိုရင် နှစ်ထပ်ကွမ်း တာဝန်ကို ယူနေရပါတယ်။ တခုက စစ်အာဏာရှင်ကို တိုက်တဲ့အလုပ်နဲ့ နောက်တခုက အိမ်နီးချင်းတွေကို စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အရေးမှာ ဝင်မကူကြဖို့ တိုက်တွန်းတဲ့အလုပ်ကို တွဲလုပ်နေရပါတယ်။
(အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။ ယခုဆောင်းပါးသည် စာရေးသူ အာဘော်သာ ဖြစ်သည်။)
You may also like these stories:
မြန်မာလူသားချင်းစာနာမှု အကူအညီ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလေးပေး
အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်
အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း
“မြန်မာပိုင် ဦးဆောင် ဖြေရှင်းမှု”ကို အာဆီယံ ထောက်ခံ
လှုပ်လှုပ်ရှားရှား ကူမင်းဆွေးနွေးပွဲများ