စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် နှစ်ဆန်း ဘယ်လာရုစ် ခရီးစဉ်အတွင်း မြန်မာပြည်တွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နှစ်ကုန် သို့မဟုတ် ၂၀၂၆ နှစ်ဆန်းတွင် ပြုလုပ်မည်ဟု ပြောဆိုခဲ့သည်ကို တွေ့ရ၏။ စစ်ခေါင်းဆောင်၏ ပြောဆိုချက်တွင် တိကျသေချာသည့် ဆုံးဖြတ်ချက် ချမှတ်ထားမှု မရှိသေးသည်ကို ထင်ရှားစွာ တွေ့ရသကဲ့သို့ အပြောင်းအလဲလည်း ရှိနိုင်သည်ဟူသည့် အရိပ်အယောင်ကိုလည်း တွေ့ရ၏။
သို့သော်လည်း ရွေးကောက်ပွဲဟု အသံကြားသည်နှင့် နိုင်ငံရေးထွက်ပေါက်ဟု ထင်နေဆဲဖြစ်သည့် နိုင်ငံရေးဇာတ်ပျက်အချို့နှင့် ဆိုင်းသံကြားလျှင် က,ချင်သည့် တချို့တလေမှလွဲလျှင် စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲဆိုသည်မှာ အပေါစား ပျက်လုံးသဖွယ်ဖြစ်နေပြီး လက်တွေ့ မြန်မာပြည်နိုင်ငံရေး ပြဿနာကို ဖြေရှင်း၍ ရနိုင်မည် မဟုတ်သည်ကို လူထုအများစုက သဘောပေါက်ကြပြီး ဖြစ်၏။
ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည်ပင် စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်တွင် ပြောကြားသည့်အချက်အား ယုံစားကြပုံ မရပေ။
ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည်ပင် စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်တွင် ပြောကြားသည့်အချက်အား ယုံစားကြပုံ မရပေ။ လက်တွေ့တွင် ရွေးကောက်ပွဲကော်မရှင်က မည်သည့်ထုတ်ပြန်ချက်မှ ရေရေရာရာ ထုတ်ပြန်နိုင်ခြင်း မရှိသည့်အပြင် မြို့နယ် ၁၀၀ ခန့်တွင် ဦးစွာပြုလုပ်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်၊ ၂၀၂၄ သန်းခေါင်စာရင်း ကောက်နိုင်သည့် အခြေအနေ၊ လက်ရှိ စစ်မြေပြင်မှ စစ်သတင်းများသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ကူးယဉ်၍ မရသည်ကို အခြားသူများထက် ရွေးကောက်ပွဲဝင်မည့် ပါတီများက ပိုသိနေကြပုံရ၏။
လက်ရှိအချိန်တွင် တပြည်လုံးအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီ၊ ကရင်၊ မွန် စသည့် ပြည်နယ်များသာမက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်တိုင်းများတွင်ပါ စစ်မီးကူးစက်နေသည်ကို တွေ့မြင်နေရ၏။
စစ်ပွဲသည် ယခင်ကဲ့သို့ နယ်စွန်နယ်ဖျားတွင် ဖြစ်ပွားနေသည် မဟုတ်။ စစ်ကောင်စီအတွက် အရေးပါသည့် အချက်အချာ နေရာဒေသများကိုပါ ခြိမ်းခြောက်နေပြီ ဖြစ်၏။ ၂၀၁၄ နှစ်ကုန်ပိုင်း သန်းခေါင်စာရင်း ကောက်စဉ်ကပင် မြို့နယ် ၁၀၀ ခန့်သာ အပြည့်အထိန်းချုပ်နိုင်သည်ဟု ဆိုခဲ့သော စစ်ကောင်စီသည် ၂၀၂၅ နှစ်ကုန် ၂၀၂၆ နှစ်ဆန်းတွင် မြို့နယ်မည်မျှ ကျန်တော့မည်နည်း။ ယခုပင် မကွေး၊ ပြည်၊ ဧရာဝတီ ဒေသများတွင် တိုက်ပွဲများ ကူးစက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက တစတစ ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။
တောင်ခမ်းတိုက်ပွဲတွင် တပ်ရင်းဌာနချုပ်များ ပြန်ရပြီဟု ကြွားလုံးထုတ်နေသော်လည်း စွန့်လွှတ်ရသည့် စခန်းနှင့်မြို့က ပိုများပြားနေသည်။ ထိုစခန်းများ၊ မြို့များအား စစ်ကောင်စီ ပြုလုပ်မည်ဟု ကြွေးကြော်နေသည့် ရွေးကောက်ပွဲ မတိုင်ခင် ပြန်လည် သိမ်းနိုင်ခြင်း မရှိသည်က သေချာသည်။
ရွေးကောက်ပွဲ လုပ်ပါကလည်း လက်ရှိ စစ်တပ်က အပြည့်အဝ ချုပ်ကိုင်ထားသည့် အစိုးရနေရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့်အတူ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ စစ်ဗိုလ်ချုပ်ဟောင်းများ ဝင်လာသည်မှအပ ထူးခြားမှု ရှိမည်မဟုတ်ပေ။
ရွေးကောက်ပွဲ လုပ်ပါကလည်း လက်ရှိ စစ်တပ်က အပြည့်အဝ ချုပ်ကိုင်ထားသည့် အစိုးရနေရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့်အတူ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ စစ်ဗိုလ်ချုပ်ဟောင်းများ ဝင်လာသည်မှအပ ထူးခြားမှု ရှိမည်မဟုတ်ပေ။
ကျန်နိုင်ငံရေးပါတီများကမူ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုသည့် အမည်နာမအတွက် အိမ်ဖြည့်သာဖြစ်ပြီး ရွေးကောက်ခံရရန် မလွယ်သကဲ့သို့ အစိုးရဖွဲ့ရန်လည်း မဖြစ်နိုင်ပေ။ လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း အိမ်ဖြည့်၊ ရုပ်ပြ နေရာပေးသည်ထက် မပိုနိုင်ပေ။ ထိုအစိုးရမျိုးသည် လက်ရှိ စစ်ကောင်စီနှင့် ထူးမခြားနားသာ ဖြစ်ပေလိမ့်မည်။
တဖက်တွင် စစ်အင်အား၊ လက်နက်ကိုင်အင်အား တောင့်တင်းပြီး နယ်မြေစိုးမိုးထိန်းချုပ်မှု ရရှိထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် ပြည်မမှ PDF များနှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များသည်လည်း အားကောင်းမောင်းသန်ဖြင့် ထွက်ပေါ်လာနေပြီဖြစ်သည်ကို ငြင်းပယ်၍ မရနိုင်ပေ။
ထို့ပြင် ထိုအင်အားစုများ၏ ထိန်းချုပ်နယ်မြေမှာလည်း တိုင်းပြည်၏ သုံးပုံ နှစ်ပုံခန့် ရှိလာရာ မြို့နယ် ၁၀၀ ခန့်တွင်သာ လောလောဆယ် ရွေးကောက်ပွဲ လုပ်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ဝန်ခံထားရပြီဖြစ်၏။
ထိုအင်အားစုများနှင့် ထိန်းချုပ်နယ်မြေများ ပြဿနာကို ရွေးကောက်ပွဲလုပ်ရုံဖြင့် ဖြေရှင်း၍ မရပေ။ အဆိုပါ အင်အားစုများနှင့် နယ်မြေများသည် စစ်ကောင်စီ လက်ကိုင်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်လည်း မရှိပေ။
ယခင် တပ်အင်အားနှင့် ထိန်းချုပ်နယ်မြေရှိသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတို့သည် ၂၀၀၈ အခြေခံဥပဒေအောက်တွင် မရှိသကဲ့သို့ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်လည်း မရှိကြပေ။ ယခုအခါ ပိုမိုကြီးမားသည် အင်အားစုများ၊ နယ်မြေများ ပြဿနာကို တွေ့ကြုံနေရပြီဖြစ်၏။
လက်ရှိ စစ်ကောင်စီဖြစ်စေ၊ စစ်ကောင်စီက ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရဖြစ်စေ အတွင်းသဘောအရ ဘာမှ မထူးခြားရာ အဘယ်ကြောင့် ရွေးကောက်ပွဲဟု ဆိုနေရပါသနည်း။ အကြောင်းအချက် တခုသာ ရှိပေလိမ့်မည်။ ထိုအချက်မှာ ရွေးကောက်ပွဲက တက်လာသည့် အစိုးရဟူသော ဝိသေသနှင့် နိုင်ငံတကာကို လှည့်ဖျားရန်၊ ရုပ်ပြကောင်းရန် ရည်ရွယ်ခြင်းသာဖြစ်သည်။
လက်ရှိ စစ်ကောင်စီဖြစ်စေ၊ စစ်ကောင်စီက ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရဖြစ်စေ အတွင်းသဘောအရ ဘာမှ မထူးခြားရာ အဘယ်ကြောင့် ရွေးကောက်ပွဲဟု ဆိုနေရပါသနည်း။ အကြောင်းအချက် တခုသာ ရှိပေလိမ့်မည်။ ထိုအချက်မှာ ရွေးကောက်ပွဲက တက်လာသည့် အစိုးရဟူသော ဝိသေသနှင့် နိုင်ငံတကာကို လှည့်ဖျားရန်၊ ရုပ်ပြကောင်းရန် ရည်ရွယ်ခြင်းသာဖြစ်သည်။
သို့သော် လက်ရှိ စစ်ကောင်စီဖြစ်စေ၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲက တက်လာသည်ဆိုသော အစိုးရကိုဖြစ်စေ ဆက်လက်ထောက်ခံမည်၊ အသိအမှတ်ပြုမည်၊ ဆက်ဆံမည်မှာ တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ် သုံးနိုင်ငံသာ ရှိမည်ဖြစ်ရာ ထူးခြားမှု ရှိလိမ့်မည် မဟုတ်ပေ။
ရွေးကောက်ပွဲပြီးမှ နိုင်ငံရေးအပြောင်းအလဲ စတင်မည်ဆိုပါကလည်း မူဝါဒအပြောင်းအလဲ မလုပ်ဘဲ မြန်မာပြည် အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးရရန် မဖြစ်နိုင်ပေ။ လက်ရှိ မြန်မာပြည် ပဋိပက္ခသည် အချိန်ဆွဲလေ၊ စေ့စပ်ညှိနိုင်းဖြေရှင်းရန် ခက်ခဲလေဖြစ်ပေလိမ့်မည်။ လက်ရှိ စစ်ကောင်စီက ဆုပ်ကိုင်ထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်တို့သည် လက်ရှိ စစ်ရေးပဋိပက္ခ ဖြစ်ပွားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အဖွဲ့များက လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
NUG, PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား လက်နက်စွန့်လွှတ်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများအား စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်သို့ ပြန်လည် ထည့်သွင်းရန် စစ်ကောင်စီ၏ တောင်းဆိုမှုသည် လက်တွေ့မကျပေ။
ယခင် UWSA နှင့် NDAA မိုင်းလား တပ်ဖွဲ့နှစ်ခုသာ ရှိစဉ်ကပင် ဖြေရှင်းနိုင်ခြင်း မရှိသည်ဖြစ်ရာ UWSA နှင့် NDAA ထက် အင်အားနှင့် ထိန်းချုပ်နယ်မြေလည်း သုံး၊ လေးဆမက အင်အားများလာသည့် အခြေအနေအောက်တွင် လက်တွေ့ အကောင်အထည်ဖော် ၍ရမည် မဟုတ်ပေ။
၂၀၁၅ ခုနှစ်က ရခိုင် AA, တအာင်း TNLA, ကိုးကန့် MNDAA မြောက်ပိုင်းသုံးဖွဲ့အား လက်နက်စွန့်ရမည်၊ NCA လက်မှတ်ပင် ထိုးခွင့်မပြုဟုဆိုခဲ့သည့် စစ်တပ်၏ ပြောကြားချက်များသည် ဆယ်နှစ်အကြာတွင် လက်တွေ့ မည်သည့်အခြေရောက်နေသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။
လက်တွေ့ မြေပြင်အခြေအနေအရ ဘဏ္ဍာရေးနှင့် လက်နက်ခဲယမ်း ထောက်ပို့ အားနည်းမှုကြောင့်လည်းကောင်း၊ တစုတစည်းတည်း ခေါင်းဆောင်မှု မရှိ၍လည်းကောင်း၊ PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက စစ်တပ်အား အလွယ်တကူ မြန်မြန်ဆန်ဆန် အနိုင်မယူနိုင်ဟု တွက်ဆနိုင်ပါသည်။
စစ်တပ်သည် လေကြောင်း၊ ဒရုန်းနည်းပညာနှင့် လက်နက်ကြီးပစ်ကူ မည်သို့ပင် သာစေကာမူ ဆုံးရှုံးသွားသည့် နယ်မြေများကို လက်ရှိ စစ်တပ်၏ မြေပြင်တပ်နှင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် ယခု တော်လှန်ရေးအင်အားစုများ တောက်လျှောက် ထိုးစစ်ဆင်နေသည့် ကချင်၊ ချင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်နီ၊ ကရင် စသည့် နယ်မြေအားလုံးကို ဟန့်တားရန် ခက်ခဲသည်။ စစ်တပ်အတွက် စစ်ပွဲရေသောက်မြစ် ဖြစ်နေသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များသည်ပင် ထိလွယ်ရှလွယ် အခြေသို့ ဆိုက်နေပြီဖြစ်၏။
သို့သော် တဖက်က ကြည့်ပါကလည်း စစ်တပ်သည် လေကြောင်း၊ ဒရုန်းနည်းပညာနှင့် လက်နက်ကြီးပစ်ကူ မည်သို့ပင် သာစေကာမူ ဆုံးရှုံးသွားသည့် နယ်မြေများကို လက်ရှိ စစ်တပ်၏ မြေပြင်တပ်နှင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် ယခု တော်လှန်ရေးအင်အားစုများ တောက်လျှောက် ထိုးစစ်ဆင်နေသည့် ကချင်၊ ချင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်နီ၊ ကရင် စသည့် နယ်မြေအားလုံးကို ဟန့်တားရန် ခက်ခဲသည်။ စစ်တပ်အတွက် စစ်ပွဲရေသောက်မြစ် ဖြစ်နေသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များသည်ပင် ထိလွယ်ရှလွယ် အခြေသို့ ဆိုက်နေပြီဖြစ်၏။
ဤသို့သော အခြေအနေအောက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ၂၀၀၈ အခြေခံဥပဒေတို့သည် ပကတိတည်ရှိနေသော မြန်မာပြည်အခြေအနေကို တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်၊ တစုတစည်းတည်း ရှိအောင် လက်တွေ့ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထို့အတူ စစ်ကောင်စီက ဆုပ်ကိုင်ထားသည့် NCA ငြိမ်းချမ်းရေး သဘောတူညီချက် ဆိုသည်မှာလည်း မြန်မာပြည် ပြည်တွင်းစစ် ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲရေးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ လက်ရှိ စစ်ကောင်စီက ကြွေးကြော်နေသည့် ရွေးကောက်ပွဲဆိုသည်မှာ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ မြန်မာပြည်အတွက် ထူးခြားသည့် အပြောင်းအလဲ ဖြစ်မည်မဟုတ်ပေ။ ရွေးကောက်ပွဲကြောင့် မြန်မာပြည်တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတက်မှုများ ရရှိရန် လမ်းမမြင်ပေ။
စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြင့် တိုင်းပြည်ကို အဆိုးဝါးဆုံးအခြေအနေသို့ ဆွဲချထားပြီဖြစ်၏။
ယနေ့ မြန်မာပြည်အခြေအနေသည် စစ်တပ်အာဏာသိမ်း၍ ဖြစ်ပေါ်လာခြင်းဖြစ်၏။ ယနေ့ PDF, ချင်း CDF, ကရင်နီ KNDF စသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များစွာ ပေါ်ပေါက်လာခြင်းသည် စစ်တပ်အာဏာသိမ်းခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၏။
ပုံမှန်အတိုင်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ၂၀၀၈ ဥပဒေအတိုင်း အစိုးရဖွဲ့နိုင်ခဲ့ပါက ယနေ့ လက်နက်ကိုင် PDF နှင့် နွေဦးတော်လှန်ရေးသည် ရှိမည်မဟုတ်။ စစ်တပ်အား လက်နက်ကိုင်တိုက်ခိုက်ရန် လှုံ့ဆော်သူပင် ဆန့်ကျင်ခံရလိမ့်မည်။
စစ်တပ်အား သီအိုရီအရ လက်နက်ကိုင်တိုက်ခိုက်လိုသူအချို့ ရှိနိုင်သော်လည်း အားကောင်းမောင်းသန် မဖြစ်နိုင်။ ထို့ပြင် နွေဦးတော်လှန်ရေးအင်အားစုများ မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများလည်း စစ်ရေးအရ အားကောင်းမောင်းသန်ဖြစ်ရန် မလွယ်ကူပေ။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ စီးပွားအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ လျှပ်စစ်မီးအခြေအနေ၊ တိုင်းပြည်၏ လူငယ်၊ အတတ်ပညာရှင်များနှင့် ဓနအင်အားများ ပြည်ပ ယိုစီးမှုအခြေအနေများ ဖြစ်ပေါ်လာသည့်အပြင် စစ်မှုထမ်းဥပဒေကြောင့် ကသောင်းကနင်းဖြစ်ရသည့် အခြေအနေများလည်း ရှိလိမ့်မည် မဟုတ်ပေ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေများသည် တိုင်းပြည်အား ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေသည့် အခြေအနေသို့ ဆိုက်ရောက်သွားစေခဲ့သည်ဖြစ်ရာ ဤအခြေအနေကို ပြန်လည် တည်ငြိမ်အေးချမ်းအောင် အဓိက တာဝန်ရှိသူမှာ စစ်တပ်ပင်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေများသည် တိုင်းပြည်အား ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေသည့် အခြေအနေသို့ ဆိုက်ရောက်သွားစေခဲ့သည်ဖြစ်ရာ ဤအခြေအနေကို ပြန်လည် တည်ငြိမ်အေးချမ်းအောင် အဓိက တာဝန်ရှိသူမှာ စစ်တပ်ပင်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းပြည်ကို တည်ငြိမ်အောင်၊ လက်တွေ့အခြေအနေနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်စွမ်း၊ တာဝန်ယူနိုင်စွမ်း ရှိသည်ကို မတွေ့ရပေ။
ပြဿနာမှာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ခြေလွန်လက်လွန် ပြုကျင့်သည်က များပြားလွန်းသဖြင့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်မည့် အခြေအနေမရှိရာ စစ်တပ်ကို ဖက်တွယ်ချုပ်ကိုင်ထားပြီး သူနှင့်အတူ သေတွင်းသို့ ဆွဲခေါ်နေသည်ဟု ဆိုရမည်။
သို့ဖြစ်ရာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး လက်တွေ့အခြေအနေများကို ဖြေရှင်းနိုင်မည် မဟုတ်သဖြင့် မြန်မာနိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ပေ။ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ မြန်မာပြည်အတွက် ထူးခြားသည့် အပြောင်းအလဲ ဖြစ်နိုင်ဖွယ် မရှိသကဲ့သို့ ရွေးကောက်ပွဲကြောင့် မြန်မာပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပေါင်းစည်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ
မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး
“မျှတတဲ့ရွေးကောက်ပွဲ” ကျင်းပဖို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး
ရှုတ်ချခံ ရွေးကောက်ပွဲ အနိုင်ရ ပူတင်ကို မင်းအောင်လှိုင် ချီးကျူး
ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး
အာဏာကို ရသလောက် ကုပ်တွယ်ဖို့ မင်းအောင်လှိုင် ဘာမဆိုလုပ်မယ်













