• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သေသည်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ဦးမြင့်ဆွေနှင့် စစ်ဗိုလ်ချုပ်များ

by အိကေကျော်
23 August 2025
in သူ့အတွေး သူ့အမြင်
A A
သေသည်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ဦးမြင့်ဆွေနှင့် စစ်ဗိုလ်ချုပ်များ
2.5k
VIEWS
Share on FacebookShare on Twitter

စစ်အုပ်စုအဆက်ဆက် အဓိက အမာခံလူတယောက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေဟာ တရားမျှတမှုကနေ ရှောင်လွှဲပြီး သြဂုတ် ၇ ရက်မှာ သေဆုံးခဲ့ပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ အကြမ်းဖက်မှု၊ ရက်စက်မှု၊ အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်မှုများစွာရဲ့ တာဝန်ရှိသူတဦးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့သူဟာ သူ့ပြစ်မှုတွေအတွက် ဘာတခုမှ အရေးယူမခံခဲ့ရပါဘူး။

ဦးမြင့်ဆွေ သေဆုံးမှုဟာ ဆိုးရွားစွာနေထိုင်ခဲ့တဲ့ ဘဝ တခု အဆုံးသတ်သွားခဲ့တာတင်မကဘဲ မြန်မာနိုင်ငံရဲ့ ခါးသီးအကျည်းတန်တဲ့ အစဉ်အလာတခုကို ထပ်သတိပေးလိုက်တာပါပဲ။ ဒါကတော့ ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်တွေ တရားဥပဒေအရ အရေးယူမခံရဘဲ နောက်ဆုံးချိန်ထိ လွတ်ကင်းနေကြခြင်း ပါပဲ။

ဦးမြင့်ဆွေ သေဆုံးမှုဟာ ဆိုးရွားစွာနေထိုင်ခဲ့တဲ့ ဘဝ တခု အဆုံးသတ်သွားခဲ့တာတင်မကဘဲ မြန်မာနိုင်ငံရဲ့ ခါးသီးအကျည်းတန်တဲ့ အစဉ်အလာတခုကို ထပ်သတိပေးလိုက်တာပါပဲ။ ဒါကတော့ ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်တွေ တရားဥပဒေအရ အရေးယူမခံရဘဲ နောက်ဆုံးချိန်ထိ လွတ်ကင်းနေကြခြင်း ပါပဲ။

စစ်အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေဟာ စစ်ဆေးခံရတာ၊ ရုံးတင်ခံရတာ၊ တရားစီရင်တာ စတဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်အကျိုးဆက်တွေကိုမှ ဒီကနေ့ထိ ရင်ဆိုင်ရခြင်းမရှိပါ။

ဦးမြင့်ဆွေကတော့ အဲ့ဒီထဲက တယောက်ပါ။

စစ်အာဏာရှင်တွေရဲ့ အမာခံ

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ အနီးကပ်လူယုံ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဦးမြင့်ဆွေဟာ ဆန္ဒပြပွဲတွေကို နှိမ်နင်းတာ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရိုက်နှက်အရေးယူတာ၊ သံဃာတော်တွေကို ထောင်ချခဲ့တာ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွင်းမှု စတာတွေမှာ အဓိက တာဝန်ရှိခဲ့တဲ့သူ တဦး ဖြစ်ပါတယ်။

သူဟာ နိုင်ငံရေး အတိုက်အခံတွေနှင့် ကျောင်းသား တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားဖို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လက်ပတ်နီဝတ် စွမ်းအားရှင် ဆိုတဲ့အဖွဲ့ ကို ဖွဲ့တာမှာလည်း ကူညီခဲ့ပြီး အကျင့်ပျက်ခြစားမှုနဲ့ မြေယာသိမ်းပိုက်မှုတွေပါ ပါဝင်ခဲ့သူပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ စစ်တပ်က တင်မြှောက်တဲ့ ဒု သမ္မတ ဖြစ်လာပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ၏ ဈာပန

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ ယာယီသမ္မတဖြစ်လာပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို အထမြောက်အောင် ကူညီပေးခဲ့ပါတယ်။

ဒီအာဏာသိမ်းမှုကြောင့် ကလေးငယ်တွေအပါအဝင် ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ဒီကနေ့ထိ သေဆုံးခဲ့ရပြီး သောင်းနဲ့ချီ ဖမ်းဆီးနှိပ်စက်ခံရ၊ ပြည်သူသန်းချီ စစ်အုပ်ချုပ်ရေးအောက် တဖန်ပြန်ရောက်ခဲ့ရတာပါ။

ဒီလို ရာဇဝတ်မှုတွေ အများကြီးမှာ ဦးဆောင်ပါဝင်ခဲ့ပေမယ့် သူ့ အပြစ်တွေအတွက် ကျူးလွန်ခံရသူတွေ တောင်းဆိုခဲ့တဲ့ တရားမျှတမှုကို ပြန်ပေးဆပ်ဖို့ ဘယ်အကျဉ်းခန်း၊ တရားခွင်မှ ဦးမြင့်ဆွေ မရောက်ခဲ့ပါဘူး။

အဲ့ဒီအစား သူဟာ နေပြည်တော်က တပ်မတော်ဆေးရုံ ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသစောင့်ရှောက်မှုခံယူရင်း နောက်ဆုံးချိန်ကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက် စနစ်တကျ ဖန်တီးထားတဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ မြောက်များစွာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆေးဝါးလုံလောက်မှုမရှိ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့စွာနဲ့ မတရား အကျဉ်းချ နှိပ်စက်ညှဉ်းပမ်းခံရပြီး မိသားစုနဲ့ အဝေးမှာ အသက်သေဆုံးခဲ့ကြ၊ သေဆုံးနေကြ ရတာပါ။

ဒီလို နိုင်ငံတော်အခမ်းအနားကို ၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့အစိုးရဝန်ကြီးတွေအတွက် ပထမဆုံးတကြိမ်နဲ့ ၂၀၀၇ ခုနှစ်မှာ အရင်စစ်အုပ်စုခန့် ဝန်ကြီးချုပ် ဦးစိုးဝင်းအတွက် ကျင်းပခဲ့ပြီး အခု တတိယအကြိမ် ဖြစ်ပါတယ်။

အခု စစ်အုပ်စုက သူတို့ရဲ့ အချိန်ကြာရှည်စွာ အားကိုးအားထားခဲ့ရတဲ့ သူ့အတွက် နိုင်ငံတော်ဈာပနနဲ့ ဂုဏ်ပြုချီးမြှောက်ခဲ့ပါတယ်။ ဒီလို နိုင်ငံတော်အခမ်းအနားကို ၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့အစိုးရဝန်ကြီးတွေအတွက် ပထမဆုံးတကြိမ်နဲ့ ၂၀၀၇ ခုနှစ်မှာ အရင်စစ်အုပ်စုခန့် ဝန်ကြီးချုပ် ဦးစိုးဝင်းအတွက် ကျင်းပခဲ့ပြီး အခု တတိယအကြိမ် ဖြစ်ပါတယ်။ သူ့အတွက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ ဆိုပြီးပါ သတ်မှတ်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး ကာ/လုံ အစည်းအဝေးတွင် ဦးမြင့်ဆွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာလွှဲပေးစဉ်

ရွှေဝါရောင်တော်လှန်ရေး ဖြိုခွဲမှုအတွက် ဦးမြင့်ဆွေနဲ့ တခြား အဓိကတာဝန်ရှိသူတွေကို သူတို့ ရာဇဝတ်မှုတွေကို ဝန်ခံပြီး တောင်းပန်ဖို့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေ တောင်းဆိုခဲ့တာ ကြာပြီဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးတုန်းက ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေက “သူ့မှာ တာဝန်ရှိတယ်လို့ ထင်ရင် တရားရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ” လို့ ပြောခဲ့ပြီး “တာဝန်အရဆောင်ရွက်တာဖြစ်ပြီး မှားယွင်းတယ်လို့ တင်ပြလာပါက ကြိုးပေးရင် ခံနိုင်တယ်” လို့ပါ ပြောခဲ့ပါတယ်။

ဒါပေမယ့် တရားခွင်ဟာ ဘယ်တော့မှ မဖြစ်လာခဲ့ဘဲ ကျူးလွန်ခံခဲ့ရသူတွေကလည်း သူတို့ လိုချင်တဲ့ တရားမျှတမှု အဖြေ မရရှိခဲ့ကြပါဘူး။

ဒီလို အရေးယူခံရမှုက ကင်းလွတ်တာက သူ တယောက်တည်းတော့ မဟုတ်ပါဘူး။

ခေတ်အဆက်ဆက်မှာ မရေမတွက်နိုင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး တရားခွင်ကို မရင်ဆိုင်ရဘဲ ငြိမ်းချမ်းစွာ အငြိမ်းစား ယူ သို့မဟုတ် သေဆုံးသွားခဲ့တဲ့ စစ်ဗိုလ်ချုပ်များစွာ ရှိပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဗိုလ်နေဝင်း ပါ။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်ကြာ မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး တချိန်က ကြွယ်ဝချမ်းသာတဲ့နိုင်ငံကို ချွတ်ခြုံကျ ဆင်းရဲနွမ်းပါးစေခဲ့တဲ့ အာဏာရှင်ဟာ အရေးယူခံရခြင်းမရှိဘဲ အသက် ၉၃ နှစ်အရွယ် ၂၀၀၂ ခုနှစ်မှာ ရန်ကုန် အင်းလျားကန်စပ်က နေအိမ်မှာ သေဆုံးခဲ့တယ်။

ဩဂုတ်လ ၁၁ ရက်နေ့က နေပြည်တော်၊ စစ်သင်္ချိုင်းတွင် ကျင်းပသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ်

အာဏာသိမ်းမှုကို စ မိတ်ဆက်ပေးခဲ့တဲ့ သူ့လက်ထက်မှာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးပစ်တာ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းတွေမှာ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ် တာတွေအပြင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း သူ့စစ်တပ်ဟာ တနိုင်ငံလုံး ပြည်သူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်။

သူ့ကိုဆက်ခံပြီး နိုင်ငံကို ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၉ နှစ် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်သန်းရွှေဟာလည်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြိုခွဲမှု အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက် နှိမ်နင်းဖမ်းဆီးခဲ့တာတွေကို ကြီးကြပ်ခဲ့ပေမယ့် အခုချိန်ထိ တရားမျှတမှုကို ရှောင်တိမ်းပြီး အငြိမ်းစား သက်သောင့်သက်သာ နေထိုင်နေဆဲဖြစ်ပါတယ်။

သူ့ကိုဆက်ခံပြီး နိုင်ငံကို ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၉ နှစ် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်သန်းရွှေဟာလည်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြိုခွဲမှု အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက် နှိမ်နင်းဖမ်းဆီးခဲ့တာတွေကို ကြီးကြပ်ခဲ့ပေမယ့် အခုချိန်ထိ တရားမျှတမှုကို ရှောင်တိမ်းပြီး အငြိမ်းစား သက်သောင့်သက်သာ နေထိုင်နေဆဲဖြစ်ပါတယ်။

အာဏာရှင်သန်းရွှေလက်ထက် ဖြိုခွဲမှုတွေမှာ အဲ့ဒီအချိန်က ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့တဲ ဦးမြင့်ဆွေအပြင် အခု ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ လုပ်နေတဲ့ ဦးခင်ရီလည်း ပါဝင် ပတ်သက်ခဲ့တယ်။

အာဏာရှင် နေဝင်း၊ စစ်အာဏာရှင် သန်းရွှေနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

ဦးသန်းရွှေလက်ထက် ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုမှာ တာဝန်ယူဦးဆောင်ခဲ့တဲ့ “ဒီပဲယင်း သားသတ်သမား” လို့ အမည်တွင်တဲ့ စစ်ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းကလည်း အသက် ၅၉ နှစ်မှာ နာမကျန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ သေဆုံးသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှုမှာ အနည်းဆုံး လူ ၇၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။

အဲ့ဒီအတွက် တာဝန်ရှိတဲ့ ဗိုလ်စိုးဝင်း ဆုံးတော့ ဦးသန်းရွှေစစ်အုပ်စုက နိုင်ငံတော် ဈာပနအခမ်းအနားနဲ့ ချီးမြှောက်ခဲ့ပြီး နိုင်ငံတော် ဝမ်းနည်းခြင်း ကာလ သတ်မှတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်စက်စွာ ဖြိုခွင်းမှုမှာ တာဝန်ရှိတဲ့ သူတယောက်ဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကျော်ဘလည်း ၂၀၂၄ ခုနှစ် အသက် ၉၀ အရွယ်မှာ သေဆုံးခဲ့တယ်။

ဗိုလ်နေဝင်းကနေ ဗိုလ်စိုးဝင်းနဲ့ ဗိုလ်မြင့်ဆွေတို့ အပါအဝင် စစ်ဗိုလ်ချုပ်အားလုံးနီးပါးဟာ သူတို့ရဲ့ နာမကျန်းမှုကို အရည်အသွေးမြင့် ဆေးကုသမှု အတွက် ဗိုလ်ချုပ်တွေရဲ့ အနှစ်သက်ဆုံး မြို့တော် စင်္ကာပူမှာပါ သွားကုသခဲ့ကြတာပဲဖြစ်ပါတယ်။

သူတို့ရဲ့ လုပ်ရပ်တွေအတွက် သေသည်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသူတွေထဲမှာ ဗိုလ်နေဝင်းကို ဆက်ခံတဲ့ ဗိုလ်စန်းယု၊ ဗိုလ်ကျော်ထင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ သမ္မတတဖြစ်လဲ ဗိုလ်သိန်းစိန်၊ ယခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒု စစ်ခေါင်းဆောင် စိုးဝင်း၊ လေတပ်ချုပ် ထွန်းအောင်၊ ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ခင်ရီ …စာရင်းရှည်ကြီး ဆက်လို့ မဆုံးတော့။

သူတို့ရဲ့ လုပ်ရပ်တွေအတွက် သေသည်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသူတွေထဲမှာ ဗိုလ်နေဝင်းကို ဆက်ခံတဲ့ ဗိုလ်စန်းယု၊ ဗိုလ်ကျော်ထင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ သမ္မတတဖြစ်လဲ ဗိုလ်သိန်းစိန်၊ ယခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒု စစ်ခေါင်းဆောင် စိုးဝင်း၊ လေတပ်ချုပ် ထွန်းအောင်၊ ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ခင်ရီ …စာရင်းရှည်ကြီး ဆက်လို့ မဆုံးတော့။

(အပေါ် ဝဲမှယာ) စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘနှင့် ရဲချုပ်ဟောင်း ခင်ရီ။ (အောက် ဝဲမှယာ) ဗိုလ်ချုပ်ကြီး စောမောင်၊ လက်ရှိ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း စိုးဝင်း

သူတို့ထဲ အသက်ရှင်ရက်ရှိသူတွေက စစ်အုပ်စုအဆက်ဆက်မှာ အဂတိလိုက်စားမှု အာဏာအလွဲသုံစားမှုတွေကနေ ရထားတဲ့ စည်းစိမ်အပြည့်နဲ့ ဇိမ်ကျကျ အငြိမ်းစားယူသွားကြတာပဲ ဖြစ်ပါတယ်။ အငြိမ်းမစားနိုင်သူတွေအဖို့လည်း အာဏာကို ယစ်မူးခုံမင်ပြီး အကျင့်ပျက်နေကြပါပြီ။

ဦးမြင့်ဆွေလို ကျူးလွန်ခဲ့တာတွေအတွက် ဘာတာဝန်ခံမှုမှ မရှိ သေဆုံးသွားကြတဲ့ထိ စစ်တပ်ကို သစ္စာခံသွားသူတွေ တပုံတပင်ပါ။

အဆုံးသတ်ဖို့ လိုတဲ့ အစဉ်အလာ

ဩဂုတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက ဦးမြင့်ဆွေ အတွက် နိုင်ငံတော်ဈာပန ကျင်းပပေးခဲ့ပါတယ်။ ဈာပနကို လက်ရှိနှင့် အရင် စစ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်သူအများစုအတွက်ကတော့ ဝမ်းနည်းပူဆွေးစရာ စိုးစဉ်းမရှိပါ။ သူတို့အတွက်တော့ ဒါဟာ တရားမျှတမှုကို ထပ်ပြီး အငြင်းပယ်ခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်တွေကလည်း သူတို့ အရေးယူမခံရဖို့နဲ့ သက်ဆိုးရှည်စေဖို့ ဒီအစဉ်အလာကို ဆက်ထိန်းဖို့ ကြိုးပမ်းကြမည်သာ။

ဦးမြင့်ဆွေ သေဆုံးတဲ့သတင်း ထွက်လာတဲ့အခါ လူမှုကွန်ရက်မှာ ပြည့်လျှံသွားတဲ့မှတ်ချက်တွေက သက်သေပါပဲ။ “နောက်ဆုံးတော့ သေပါပြီ” လို့ ရေးကြပြီး တချို့က “ငရဲရောက်ပြီ” လို့ပါ ရေးကြပါတယ်။

ဦးမြင့်ဆွေ သေဆုံးသွားပြီ။ ဒါပေမယ့် သူ့ရာဇဝတ်မှုတွေရဲ့ ကျူးလွန်ခံခဲ့ရသူတွေကတော့ သူတို့နဲ့ ထိုက်တန်တဲ့ တရားမျှတမှု ပြန်မရရှိခဲ့ကြပါဘူး။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်တွေကလည်း သူတို့ အရေးယူမခံရဖို့နဲ့ သက်ဆိုးရှည်စေဖို့ ဒီအစဉ်အလာကို ဆက်ထိန်းဖို့ ကြိုးပမ်းကြမည်သာ။

စစ်အာဏာရှင်စနစ်ကို အပြီးသတ် အမြစ်ဖြတ်နိုင်တဲ့အခါမှသာ ဒီအကျည်းတန်တဲ့ အစဉ်အလာကို ပယ်ဖျက်နိုင်ပြီး ခံခဲ့ရတဲ့သူတွေအတွက် တရားမျှတမှု ရှာပေးနိုင်ပါလိမ့်မယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အိကေကျော်၏ How Ruthless Thug Myint Swe Cheated Justice One Last Time ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
42
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
879
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.2k

နိုင်ငံတော်ဈာပနနှင့် အညတရတို့၏ ပျောက်ဆုံးခြင်း

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

အာဏာရှင်တွေ နိုင်ငံတော် ဈာပနနဲ့ ထိုက်တန်သလား (ရုပ်/သံ)

စစ်တပ်ဗဟိုပြု နိုင်ငံရေးကြောင့် တိုင်းပြည်ပျက်ခဲ့သည် (ရုပ်/သံ)

စစ်အာဏာရှင်အတွက် စတေးခံဖြစ်နေကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေ (ရုပ်/သံ)

Your Thoughts …
Tags: ၈၈ အရေးအခင်းNLDSliderUSDPစစ်အာဏာသိမ်းမှုနိုင်ငံတော်ဈာပနနိုင်ငံရေးအကျဉ်းသားရာဇဝတ်မှုရွှေဝါရောင်တော်လှန်ရေးအကျင့်ပျက်ခြစားမှုဦးမြင့်ဆွေ
အိကေကျော်

အိကေကျော်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
MNDAA အပေါ် တရုတ်ဖိအား ကြီးမားနေသလား

လားရှိုး၊ သိန္နီနှင့် သုံးပွင့်ဆိုင် သဘောတူညီချက်

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
880

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved