၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်းတွင် လားရှိုးမြို့ကျပြီးနောက် တော်လှန်ရေး ပြိုလဲနိုင်သည်ဟု အများက ယူဆကြသည်။ စစ်တပ်အား အသက်ဆက်ပေးရန် တရုတ်တို့ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သည်ကို တွေ့ရ၏။ မြန်မာ့ပြည်တွင်းရေးကို ဗြောင်အတိအလင်း စွက်ဖက်ပြီး နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ခြိမ်းခြောက်၊ အကျပ်ကိုင်၊ ဖိအားပေး၊ ဖြိုခွဲမှုမျိုးစုံ ပြုလုပ်ခဲ့သည်။
တရုတ်၏ အကျပ်ကိုင် ဖိအားပေးမှုအောက်တွင် တရုတ်၊ စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့တို့ကြား သဘောတူညီချက်တခုကို တရုတ်အလိုကျ ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် လက်မှတ်ရေးထိုးခဲ့ကြ၏။ ဤသဘောတူညီချက်တွင် ကိုးကန့်အဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် လားရှိုးကို ပြန်ပေးရမည်ဟူသည့် သတင်းများ စောစီးစွာ ပေါက်ကြားခဲ့၏။ မည်သည့်ဘက်ကမှ တရားဝင် ထုတ်ပြန်ခြင်းမရှိသဖြင့် အတည်ပြုရန် ခက်ခဲခဲ့သည်။
သို့သော်လည်း တဖြည်းဖြည်း သတင်းမှာ သေချာသလောက် ရှိခဲ့၏။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်ပေါ် လူအများ အာရုံစိုက်နေချိန်တွင် လားရှိုးမြို့ လွှဲပြောင်းရေးကို ဧပြီလအတွင်း တရုတ်တို့ အလျင်အမြန် စီစဉ်ခဲ့သည်ကို တွေ့ရသည်။
ဧပြီလအတွင်း လားရှိုးကို လွှဲစဉ် MNDAA က လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကိုသာ လွှဲပြောင်းပေးခဲ့ပြီး လားရှိုးပတ်လည်ကို ဆက်လက်ထိန်းချုပ်ထားကြောင်း တွေ့ရ၏။ လားရှိုးမြို့ပတ်လည်ကိုသာမက လားရှိုး၊ မိုင်းရယ်လမ်းပေါ်ရှိ နန့်ပေါင်၊ ဟိုယ လမ်းကြောင်းကိုပါ ထိန်းချုပ်ထားရာ လားရှိုးမြို့သည် MNDAA ၏ ပတ်လည်ဝိုင်းပတ်ထားခြင်း ခံနေရပြီး လှုပ်မရသည့်အနေအထားတွင်ရှိသည်။
စစ်တပ်သည် လားရှိုးပြန်ရပြီးနောက် လားရှိုးသို့ တပ်အင်အားဖြည့်တင်းရာတွင်လည်းကောင်း၊ အရပ်ဘက်အုပ်ချုပ်ရေးများ ပို့ဆောင်ရာတွင်လည်းကောင်း၊ ထောက်ပို့ပစ္စည်းများ ပို့ရာတွင်လည်းကောင်း MNDAA ၏ ခွင့်ပြုချက်ရမှ ပို့၍ရသည့် အခြေအနေဖြစ်သည်ကို တွေ့နေရ၏။
စစ်တပ်သည် လားရှိုးပြန်ရပြီးနောက် လားရှိုးသို့ တပ်အင်အားဖြည့်တင်းရာတွင်လည်းကောင်း၊ အရပ်ဘက်အုပ်ချုပ်ရေးများ ပို့ဆောင်ရာတွင်လည်းကောင်း၊ ထောက်ပို့ပစ္စည်းများ ပို့ရာတွင်လည်းကောင်း MNDAA ၏ ခွင့်ပြုချက်ရမှ ပို့၍ရသည့် အခြေအနေဖြစ်သည်ကို တွေ့နေရ၏။
သို့ဖြစ်ရာ MNDAA က လားရှိုးအား စစ်တပ်ထံ ပြန်လည် လွှဲပြောင်းပေးမှုအခြေအနေသည် ယေဘုယျ ကြည့်လျှင်ပင် မှန်တမ်းကျသည့် အခြေအနေတွင် မရှိပေ။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း သိန္နီမြို့ကိုပါ MNDAA က စစ်တပ်ကို ပြန်လွှဲပေးရမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခဲ့သကဲ့သို့ တဖက်တွင်လည်း MNDAA က သိန္နီမြို့ကို တရုတ်လုပ်ငန်းရှင်များ၏ အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပုံမှန်အရှိန်မပျက် ပြုလုပ်နေသည်ကို တွေ့ရ၏။
လားရှိုးကို လွှဲပြောင်းပေးသည့် ဧပြီမှ စ၍ ဩဂုတ်လဆန်းအထိ လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ ပုံမှန်အစည်းအဝေးများ ရှိသော်လည်း ဆွေးနွေးသည့် အကြောင်းအရာများကို ထုတ်ပြန်ခြင်း မရှိပါ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်းတွင် သိန္နီကို လွှဲပြောင်းပေးရေး သဘောတူညီမှုမရဟူသည့် သတင်းစကားများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ကွတ်ခိုင်မြို့ကို စစ်တပ်က ဗုံးကြဲသဖြင့် MNDAA က အပစ်ရပ်သဘောတူညီချက်ကို ဖောက်ဖျက်သည်ဟု တရားဝင် ကန့်ကွက်ကြောင်း တွေ့ရ၏။
သို့ဖြစ်ရာ တရုတ်တို့ ကမကထပြုသည့် တရုတ်၊ မြန်မာစစ်တပ်နှင့် MNDAA တို့ကြား မည်သည့် သဘောတူညီချက်များ ရသည်ဆိုသည့်အချက်မှာ အများ စိတ်ဝင်စားဖွယ်ဖြစ်သည်။
ထို့ပြင် MNDAA နှင့် စစ်တပ်ကြား အပစ်ရပ်ထားသော်လည်း စစ်တပ်ဖက်က တရားဝင်ကြေညာမှုတခုမှ ပြုလုပ်ခြင်း မရှိသကဲ့သို့ စစ်တပ်က MNDAA အား တရားဝင် မည်သည့်အသိအမှတ်ပြုမှုမှ ပြုသည်ကို မတွေ့ရပေ။
MNDAA အဖို့ တရုတ်၏ ဖိအားကြောင့် ရှမ်းမြောက်တွင် အရေးပါသည့် လားရှိုးမြို့ကြီးတခုလုံး စစ်တပ်လက်ထဲ ပြန်ထိုးအပ်လိုက်ရသော်လည်း လေးလကြာသည်အထိ စစ်တပ်က တရားဝင် အသိအမှတ်ပြုမှု တခုတလေမှ မရသည်မှာလည်း အံ့ဩစရာဖြစ်၏။
MNDAA အဖို့ တရုတ်၏ ဖိအားကြောင့် ရှမ်းမြောက်တွင် အရေးပါသည့် လားရှိုးမြို့ကြီးတခုလုံး စစ်တပ်လက်ထဲ ပြန်ထိုးအပ်လိုက်ရသော်လည်း လေးလကြာသည်အထိ စစ်တပ်က တရားဝင် အသိအမှတ်ပြုမှု တခုတလေမှ မရသည်မှာလည်း အံ့ဩစရာဖြစ်၏။
သုံးပွင့်ဆိုင် သဘောတူညီချက်
၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် တရုတ်သံတမန် တိန့်ရွှီကျွင်း ပါဝင်ခဲ့သည့် တရုတ်၊ မြန်မာစစ်တပ်နှင့် MNDAA တို့ သဘောတူညီချက်တွင် ပါဝင်သည့်အချက်အချို့ကို တရုတ်နယ်စပ်ရှိ ခိုင်လုံသည့် သတင်းအရင်းအမြစ်များထံမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ပေါက်ကြားလာသဖြင့် သဘောတူညီချက်ပါ အချက်အချို့အား သိရသည်။
၁။ MNDAA ထိန်းချုပ်ထားသည့် လားရှိုးနှင့် သိန္နီမြို့ နှစ်မြို့လုံးအား MNDAA က မြန်မာစစ်တပ်သို့ ပြန်လည်လွှဲအပ်ရမည်။
၂။ မိုင်းရယ်၊ ဟိုယမှ နမ့်ပေါင်၊ လားရှိုး ကားလမ်းတလျှောက်တွင် MNDAA ကိုးကန့်တပ်ဖွဲ့ တပ်စွဲခြင်း မပြုလုပ်ရ။
၃။ MNDAA ကိုးကန့်အဖွဲ့မှ ထုတ်ပေးသော ကိုးကန့်မှတ်ပုံတင် ကိုင်ဆောင်သူများ တရုပ်ပြည်တွင်း သွားလာခွင့်ပြုလက်မှတ် ထုတ်ပေးမည်။
၄။ ကျန် ကိုးကန့်ထိန်းချုပ်နယ်မြေများအား MNDAA ကိုးကန့် အထူးဒေသ ၁ အဖြစ် မြန်မာစစ်တပ်မှ အသိအမှတ်ပြုပေးရမည်။
၅။ ကွတ်ခိုင်၊ ၁၀၅ မိုင် အပါအဝင် ကိုးကန့်တပ် ထိန်းချုပ်ထားသော နေရာများအား လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ရ။ (ကွတ်ခိုင်အရှေ့ဘက်ခြမ်းအား ကိုးကန့်က ထိန်းချုပ်ပြီး အနောက်ဘက်ခြမ်းအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထိန်းချုပ်သည်ဟု သတ်မှတ်၏။)
လားရှိုးကို လွှဲပြောင်းပေးပြီးဖြစ်သော်လည်း စစ်တပ်က ကျန် ကိုးကန့်ထိန်းချုပ်ထားသည့် ဒေသများအား ကိုးကန့် အထူးဒေသ ၁ အဖြစ် အသိအမှတ်မပြုသေးသဖြင့် MNDAA က ကျန်အချက် နှစ်ချက်ဖြစ်သည့် သိန္နီမြို့ ပြန်လည်လွှဲပြောင်းရေးနှင့် လားရှိုး၊ မိုင်းရယ်လမ်းမှ တပ်များ ဆုတ်ခွာပေးရေးကို လိုက်နာခြင်း မရှိသေးဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲ သဘောတူညီချက် ပထမအဆင့်အဖြစ် လားရှိုးအား ကိုးကန့်က စစ်တပ်သို့ လွှဲပေးသည်။ လားရှိုးကို လွှဲပြောင်းပေးပြီးဖြစ်သော်လည်း စစ်တပ်က ကျန် ကိုးကန့်ထိန်းချုပ်ထားသည့် ဒေသများအား ကိုးကန့် အထူးဒေသ ၁ အဖြစ် အသိအမှတ်မပြုသေးသဖြင့် MNDAA က ကျန်အချက် နှစ်ချက်ဖြစ်သည့် သိန္နီမြို့ ပြန်လည်လွှဲပြောင်းရေးနှင့် လားရှိုး၊ မိုင်းရယ်လမ်းမှ တပ်များ ဆုတ်ခွာပေးရေးကို လိုက်နာခြင်း မရှိသေးဟု သိရသည်။
ထို့ကြောင့် လားရှိုး၌ ဩဂုတ်လဆန်းတွင် နောက်ဆုံးပြုလုပ်သည့် စစ်တပ်နှင့် MNDAA ကိုးကန့်အဖွဲ့ကြား ဆွေးနွေးပွဲ မအောင်မြင်ဟု သိရ၏။ အဓိက ပြဿနာဖြစ်နေသည်မှာ လားရှိုးနှင့် သိန္နီကို ပြန်ယူပြီး MNDAA ထိန်းချုပ်မှုအောက်တွင် ကျန်ခဲ့မည့် ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကွတ်ခိုင်အရှေ့ခြမ်း၊ ၁၀၅ မိုင်၊ ကြူကုတ်-ပန်ဆိုင်း၊ မုန်းကိုး၊ တာမိုးညဲ စသည့် MNDAA ၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိမည့် ကျယ်ပြန့်သည်ဒေသကြီးအား ကိုးကန့် အထူးဒေသ ၁ အဖြစ် စစ်တပ်က အသိမှတ် မပြုနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်အထိ လောက်ကိုင်၊ ကုန်ကြမ်း နှစ်မြို့နယ်သာ ပါဝင်သည့် ကိုးကန့်ဒေသကိုသာ ကိုးကန့်အထူးဒေသအဖြစ် အသိအမှတ်ပြုမည်ဟု စစ်တပ်က ရပ်ခံထားကြောင်း သိရ၏။

အလားအလာ
တရုတ်တို့ကမူ လားရှိုးကဲ့သို့ အချက်အချာ နေရာအား မြန်မာစစ်တပ်လက်ထဲ ပြန်ထည့်ပေးပြီး မြန်မာစစ်တပ်ကို ကျားကန်ပေးခဲ့ခြင်း၊ MNDAA ၏ ထိုးစစ်ဆင်မှုကို ဟန့်တား ထိန်းချုပ်ခဲ့ခြင်းကို အဓိကဦးတည်၍ ဆောင်ရွက်ခဲ့ပြီး ကျန်ပြသနာများကို တဖြည်းဖြည်းချင်း ဖြေရှင်းရန် ရည်ရွယ်ပုံရ၏။ အဓိက မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ရေးအရှိန်အား ဖြတ်ချသည်ကို အဓိကထား ပြုလုပ်သည်ဟု ဆိုရမည်။
မြန်မာစစ်တပ်အဖို့ တရုတ်၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကူအညီကို ရယူနေရသည်ဖြစ်ရာ တရုတ်သဘောထားကို လွန်ဆန်စရာ မရှိပေ။ လားရှိုး၊ သိန္နီကဲ့သို့ မြို့ကြီးများကို မတိုက်ဘဲနှင့် ပြန်ရခြင်းသည် မြန်မာစစ်တပ် အကျိုးအမြတ်ရှိသည်ဖြစ်ရာ ငြင်းစရာမရှိပေ။
သို့သော် စစ်တပ်သည် လားရှိုးနှင့် သိန္နီ ပြန်ရသော်လည်း ရှမ်းမြောက်ရှိ ကျယ်ပြန့်သည့် MNDAA ထိန်းချုပ်နယ်မြေများကို ကိုးကန့်အထူးဒေသ ၁ အဖြစ် အသိအမှတ် မပြုနိုင်ပေ။
တရုတ်ကလည်း ဤဖြစ်စဉ်တွင် မြန်မာစစ်တပ်ဘက်က သာသာထိုးထိုး ကူညီနေသည်။ တဖက်ကလည်း မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ စီးပွားရေးအကျိုးအမြတ် ရယူနေသည်။
မြန်မာစစ်တပ်က အရပ်သားပစ်မှတ်များ၊ ဆေးရုံ၊ စာသင်ကျောင်းများမကျန် တိုက်ခိုက်ပြီး အရပ်သားလူထုအား သတ်ဖြတ်နေသည်ကို လူသိရှင်ကြား ဝေဖန်ရှုတ်ချခြင်း မပြုသည့်အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံတကာစင်မြင့်တွင် တရုတ်လက်ဝေခံအဖြစ် ပွဲထုတ်ပေးနေသည်ဖြစ်ရာ ကိုးကန့်အထူးဒေသ ၁ နယ်မြေ အသိအမှတ်ပြုသကဲ့သို့ အချို့ကိစ္စများတွင် မြန်မာစစ်တပ်နှင့် ပတ်သက်၍ မျက်နှာလွှဲနေပုံရ၏။
ထို့ကြောင့်လည်း မြန်မာစစ်တပ်က အရပ်သားပစ်မှတ်များ၊ ဆေးရုံ၊ စာသင်ကျောင်းများမကျန် တိုက်ခိုက်ပြီး အရပ်သားလူထုအား သတ်ဖြတ်နေသည်ကို လူသိရှင်ကြား ဝေဖန်ရှုတ်ချခြင်း မပြုသည့်အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံတကာစင်မြင့်တွင် တရုတ်လက်ဝေခံအဖြစ် ပွဲထုတ်ပေးနေသည်ဖြစ်ရာ ကိုးကန့်အထူးဒေသ ၁ နယ်မြေ အသိအမှတ်ပြုသကဲ့သို့ အချို့ကိစ္စများတွင် မြန်မာစစ်တပ်နှင့် ပတ်သက်၍ မျက်နှာလွှဲနေပုံရ၏။
MNDAA အဖို့ကမူ လားရှိုးကို ပြန်ပေးလိုက်ရသော်လည်း တရားဝင် အသိအမှတ်ပြုမှု မရပေ။ MNDAA ထိန်းချုပ်ထားသည့် နယ်မြေများအား ဗုံးမကြဲသည့်အချက်ကြောင့်သာ နယ်မြေတည်ငြိမ်သည့် အားသာချက်ရ၏။ ကိုးကန့် မှတ်ပုံတင်များ တရုတ်ပြည်သို့ သွားလာခွင့်ရသည်။
သို့သော် ပြီးခဲ့လပိုင်းက သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ကွတ်ခိုင်အား ဗုံးကြဲခဲ့၍ MNDAA ကန့်ကွက်သည်ကို တွေ့ရ၏။ နောက်တကြိမ် မဖောက်ဖျက်ဟု မဆိုနိုင်ပေ။ သံလွင်အရှေ့ခြမ်းရှိ လောက်ကိုင်၊ ကုန်ကြမ်း ဒေသကိုသာ ကိုးကန့်အထူးဒေသအဖြစ် သဘောထားသည့် စစ်တပ်၏ သဘောထား ပြောင်းလဲမည့် အလားအလာ မရှိပေ။
လက်ရှိ ၁၀၅ မိုင်နှင့် တရုတ်နယ်စပ်မှ MNDAA နှင့် မြောက်ပိုင်းသုံးဖွဲ့က အခွန်ကောက်၍ တရုတ်ကုန်များ သွင်းခွင့်ပြုနေသည်ကို တွေ့ရသည်။ အလားတူပင် တရုတ်နယ်စပ်သတင်းများရ တရုတ်အစိုးရ တာဝန်ရှိသူများသည် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အာရက္ခတပ်တော် (AA)၊ MNDAA, TNLA တို့အား ချိတ်ဆက်၍ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာသည့် တရုတ်ကုန်ပစ္စည်းများအား အခွန်ရာခိုင်နှုန်းအချို့ယူပြီး အကာအကွယ်ပေးရန် ညှိနှိုင်းသည်ဟု သိရပြီး တိုင်းရင်းသားအဖွဲ့များကလည်း သဘောတူသည်ဟု သိရ၏။
သို့သော် စစ်တပ်က တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအား အခွန်ဆောင်ပြီး သယ်လာသည့် တရုတ်၊ ထိုင်းကုန်စည် အားလုံးကို ဖမ်းဆီးလျက်ရှိကြောင်း တွေ့ရ၏။ ထိုနယ်စပ်ကုန်သွယ်မှုများသည် တိုင်းရင်းသားတပ်ဖွဲ့များကို ဘဏ္ဍာရေးတောင့်တင်းစေသည်ဟု စစ်တပ်က သဘောထားကာ ဖမ်းဆီးနေပြီး လက်သင့်မခံကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။ တရုတ်နယ်စပ်၌ အပစ်ရပ်ပြီး အကျိုးစီးပွား ခွဲဝေယူစေလိုသည့် တရုတ်သဘောထားနှင့် ကွဲလွဲသည်။
ယခုအခါ စစ်တပ်သည် နောင်ချိုကို သိမ်းပိုက်ရရှိပြီး ကျောက်မဲထိုးစစ် စတင်ပြီဖြစ်၏။ အကယ်၍သာ စစ်တပ်သည် စစ်ရေးအရ အနည်းငယ် အသာရလာပါက တရုတ်၊ မြန်မာစစ်တပ်နှင့် MNDAA တို့၏ သုံးပွင့်ဆိုင်သဘောတူညီချက်များကို မြန်မာစစ်တပ် ဆက်လက် လိုက်နာပါမည်လော။
ယခုအခါ စစ်တပ်သည် နောင်ချိုကို သိမ်းပိုက်ရရှိပြီး ကျောက်မဲထိုးစစ် စတင်ပြီဖြစ်၏။ အကယ်၍သာ စစ်တပ်သည် စစ်ရေးအရ အနည်းငယ် အသာရလာပါက တရုတ်၊ မြန်မာစစ်တပ်နှင့် MNDAA တို့၏ သုံးပွင့်ဆိုင်သဘောတူညီချက်များကို မြန်မာစစ်တပ် ဆက်လက် လိုက်နာပါမည်လော။
မြန်မာစစ်တပ်အတွက် ထိုသဘောတူညီချက်သည် စစ်ရေးအရ အသက်ဆက်နိုင်အောင် ရယူသည့် သဘောတူညီချက်မျှသာ ဖြစ်ပြီး ဖောက်ဖျက်ရန် ဝန်မလေးသည်ကို ကြုံတွေ့ဖွယ်ရှိ၏။ နောင်ချိုမှ လားရှိုးအထိ လမ်းပွင့်ပါက လားရှိုးမှ မူဆယ်လမ်း ပြန်ပွင့်ရန် စစ်တပ်က မုချ အားထုတ်ပေလိမ့်မည်။ ဤအခြေအနေသို့ ဆိုက်ရောက်ပါက တရုတ်တို့က မျက်နှာလွှဲနေဖွယ်ရှိပြီး မြန်မာစစ်တပ်ဘက်ကသာ ရပ်တည်ဖွယ်ရှိ၏။ MNDAA အဖို့ကမူ ရှောင်လွှဲမရသည့် အကျပ်အတည်းတခုကို ရင်ဆိုင်ရမည်ဖြစ်၏။
ဩဂုတ်လလယ်တွင်ပင် ရှမ်းပြည်တောင်ပိုင်း စစ်တပ်ထိန်းချုပ်ရာမြို့များ၌ MNDAA နှင့် TNLA ဆန့်ကျင်ရေးဆန္ဒပြပွဲများကို စစ်တပ်က စီစဉ်ကျင်းပသည်မှာ ရည်ရွယ်ချက်ရှိပုံရ၏။ စစ်တပ်နှင့် ညှိနှိုင်းမရသည့် TNLA ကိုသာမက တရားဝင်အပစ်ရပ်ထားပြီး လားရှိုးမြို့ကို ပြန်ပေးထားရသော MNDAA ကိုပါ ထည့်သွင်းဆန္ဒပြခိုင်းခြင်းမှာ သွေးရိုးသားရိုး ဟုတ်ပုံမရပေ။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
လားရှိုးဆွေးနွေးပွဲ ဘာကြောင့် ပျက်
တရုတ်ကိုယ်စားလှယ်ရုံး လားရှိုး၌ မဖွင့်နိုင်သေး
လားရှိုး အလှည့်အပြောင်း၊ တရုတ် စွက်ဖက်မှုနှင့် နွေဦးတော်လှန်ရေး (၁)
တိုင်းရင်းသားတပ်များကို နောက်ပြန်လှည့်စေသည့် တရုတ်သေနင်္ဂဗျူဟာ
“ဝ” ထုတ်ပြောရတဲ့အထိ တရုတ်ဖိအား ဘယ်လောက်ကြီးနေလဲ
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ နယ်စပ်အုပ်ချုပ်ရေးမှူးများ ဖြစ်လာတဲ့အခါ
ဗုံးကြဲနေသော်လည်း မူလရပ်တည်ချက်အတိုင်းရှိမည်ဟု TNLA ပြော














