စစ်အာဏာသိမ်းမှုအလွန် ပဋိပက္ခသည် စစ်အုပ်စု လျင်မြန်စွာ ပြိုကွဲခြင်းနှင့် အတိုက်အခံတို့၏ အဆုံးအဖြတ်ကျသော အောင်ပွဲရမည်ဆိုသော ကြိုတင်ခန့်မှန်းမှုများဖြင့် အကြိမ်ကြိမ် ရှုပ်ထွေးစေသည်။ လက်ရှိအချိန်တွင် စိတ်မချမ်းမြေ့စရာ ပကတိ အခြေအနေမှာ လွတ်မြောက်ရေးမဟုတ်ဘဲ သွေးထွက်သံယိုများသော အကျပ်အတည်းနှင့် နောက်ဆုံးတွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အိမ်နီးချင်းနိုင်ငံများက အသိအမှတ်ပြုခြင်းသို့ ဦးတည်နေသည်။
စစ်တပ်က နိုင်ငံရေးအာဏာကို တိုက်ရိုက်ပြန်ယူပြီးနောက် ကုန်ဆုံးသွားသည့် လေးနှစ်ခွဲအတွင်း ပညာရှင်များ၊ သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားကျွမ်းကျင်သူ အများအပြားက လက်ရှိ ပြည်တွင်းစစ်၏ နောက်ဆုံးရလဒ်နှင့် ပတ်သက်၍ ခန့်မှန်းမှုအများအပြား ပြုလုပ်ခဲ့သည်။
ပထမတွင် ကြီးထွားလာသော အတိုက်အခံလှုပ်ရှားမှုကို ချေမှုန်းရန် နိုင်ငံမှ အင်အားကြီးမားသည့် လုံခြုံရေးယန္တရားကို ဖြန့်ကြက်လိုက်သောကြောင့် ကြိုတင်ခန့်မှန်းမှု အများအပြားသည် လုံးဝ အဆိုးမြင်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြီးအကျယ် အများစု အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပိုမို ဒီမိုကရေစီကျသောအစိုးရ ချက်ချင်းဖွဲ့စည်းရေးကို မြန်မာနိုင်ငံအတွင်းနှင့် ပြင်ပမှ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရသော်လည်း ယခင်က မကြာခဏ ဖြစ်ခဲ့သည့်အတိုင်း စစ်အုပ်စုကို တနိုင်ငံလုံး အုံကြွမှုကို ရက်စက်စွာနှိမ်နင်းမည်ဟု ကျွမ်းကျင်သည့် လေ့လာသူအများအပြားက ယုံကြည်ကြသည်။
စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုများသည် မကြာမီ လက်နက်ကိုင် ခုခံတော်လှန်မှု စတင်ပြီး နိုင်ငံ၏ဝေးကွာသော ဒေသများတွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားထံ အကူအညီ တောင်းခံကြသည်။ ထိုအဖွဲ့များက တုံ့ပြန်ပြီး အတိုက်အခံအင်အားစု၏ အင်အားနှင့် ညီညွတ်မှု တဖြည်းဖြည်း ကြီးထွားလာသောကြောင့် သုတေသီများက လောင်းကြေးဖြန့်ခွဲထားကြသည်။ အလွန်အကျွံ အကောင်းမြင်ခြင်းကို ၎င်းတို့ သတိပေးသော်လည်း ယခင်ကထက် များစွာ ပိုမိုထိရောက်သော ခုခံတော်လှန်မှုကို လက်ခံကြသည်။
စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုများသည် မကြာမီ လက်နက်ကိုင် ခုခံတော်လှန်မှု စတင်ပြီး နိုင်ငံ၏ဝေးကွာသော ဒေသများတွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားထံ အကူအညီ တောင်းခံကြသည်။ ထိုအဖွဲ့များက တုံ့ပြန်ပြီး အတိုက်အခံအင်အားစု၏ အင်အားနှင့် ညီညွတ်မှု တဖြည်းဖြည်း ကြီးထွားလာသောကြောင့် သုတေသီများက လောင်းကြေးဖြန့်ခွဲထားကြသည်။ အလွန်အကျွံ အကောင်းမြင်ခြင်းကို ၎င်းတို့ သတိပေးသော်လည်း ယခင်ကထက် များစွာ ပိုမိုထိရောက်သော ခုခံတော်လှန်မှုကို လက်ခံကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူ့စစ်များ၏ ထူးခြားသော ရေးစစ်ရေးအောင်ပွဲများနောက်ပိုင်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းသို့ ရောက်လာသောအခါ စစ်အုပ်စု၏ နီးကပ်လာသောကျဆုံးမှုကို အချို့က ယုံကြည်ချက်ရှိရှိ ခန့်မှန်းလာကြသည်။ စစ်အုပ်စုသည် “ကျဆုံးမှု” နှင့် “ပြိုလဲလုနီးပါးဖြစ်သည်” ဟု ပြည်ပလေ့လာသူ အများအပြားက သဘောတူကြသည်။
နိုင်ငံ၏ မြို့နယ် ၃၃၀ နက် ၃၂ ရာခိုင်နှုန်းကိုသာ စစ်အုပ်စုက ထိန်းချုပ်နိုင်တော့ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပြောသည်။ BBC က ပြုလုပ်သည့် စစ်တမ်းအရ စစ်အုပ်စုသည် နိုင်ငံ၏ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သည်ဟု ဖော်ပြသည်။
သို့သော် ထိုပြောဆိုချက်များကို ဂရုတစိုက် သုံးသပ်ရန် လိုအပ်သည်။ ဥပမာအားဖြင့် BBC ၏ စစ်တမ်းတွင် အတိုက်အခံ အင်အားစုလက်သို့ ဆုံးရှုံးသွားသည်ဆိုသည့် နယ်မြေအများစုသည် မတ်စောက်သောတောင်တန်းနှင့် သစ်တောထူသည့် ဝေးကွာပြီး လူဦးရေနည်းသော ဒေသများပါဝင်သည်။
ထိုကာလတလျှောက်လုံးတွင် တက်ကြွလှုပ်ရှားသူ အသိုက်အဝန်းနှင့် ခုခံတော်လှန်ရေးအင်အားစုကို ထောက်ခံသူများက ဖြစ်ရပ်များအား ဓမ္မဒိဋ္ဌာန်ကျသော သရုပ်ခွဲလေ့လာမှုဖြင့် အတည်ပြုရန် ခက်ခဲသည့် ပြည်တွင်းစစ်၏ ရလဒ်တွင် အကောင်းမြင်မှုအဆင့်တခု လူသိရှင်ကြား ထိန်းသိမ်းထားသည်။
မတိကျသော အချက်အလက်၊ သတင်းမှားနှင့် လိုရာဆွဲတွေးခြင်းတို့ ပေါင်းစပ်ထားပုံရသည့်ကိစ္စမှာ ၎င်းတို့သည် ဒီမိုကရေစီတိုက်ပွဲနှင့် ပတ်သက်ပြီး အတည်မပြုနိုင်သည့် ဟောကိန်းအများအပြား ပြုလုပ်ကြခြင်းဖြစ်သည်။ အတိုက်အခံအင်အားစုသည် ၎င်းတို့၏ ဝါဒဖြန့်ချိမှုများကို သူတို့ကိုယ်တိုင် ပြန်လည်ယုံကြည်လာမည့် အန္တရာယ်ရှိသည်ဟု The Economist က မြင်သည်။
သမိုင်းတွင် အထင်အရှားတွေ့ရသည့်အတိုင်း စစ်အုပ်စုကျဆုံးမှု ကြိုတင်ခန့်မှန်းချက်များသည် အချိန်မတိုင်သေးကြောင်း တွေ့ရသည်။ လက်တွေ့တွင်လည်း လွန်ခဲ့သော ကိုးလအတွင်း စစ်အုပ်စုသည် အဓိကအားဖြင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းဖြင့် ကုန်ခန်းသွားသော အင်အားများကို ပြန်လည်ဖြည့်တင်း၊ လက်နက်ပြန်လည်တပ်ဆင်ကာ နည်းဗျူဟာများကို ပြန်လည်ပြင်ဆင်ပြီး ယခင်က ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်သည်။
သမိုင်းတွင် အထင်အရှားတွေ့ရသည့်အတိုင်း စစ်အုပ်စုကျဆုံးမှု ကြိုတင်ခန့်မှန်းချက်များသည် အချိန်မတိုင်သေးကြောင်း တွေ့ရသည်။ လက်တွေ့တွင်လည်း လွန်ခဲ့သော ကိုးလအတွင်း စစ်အုပ်စုသည် အဓိကအားဖြင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းဖြင့် ကုန်ခန်းသွားသော အင်အားများကို ပြန်လည်ဖြည့်တင်း၊ လက်နက်ပြန်လည်တပ်ဆင်ကာ နည်းဗျူဟာများကို ပြန်လည်ပြင်ဆင်ပြီး ယခင်က ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်သည်။
မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် ဆက်သွယ်ရေးနှင့် ထောက်ပံ့မှု ဖြတ်တောက်ပြီး တရုတ်ထံမှ ခြိမ်းခြောက်သည့် ဖိအားများကို ပိုမိုခံနေရသည်။
ယနေ့တွင် လေးနက်သော မြန်မာ့အရေး လေ့လာသူများသည် များစွာ ပိုမိုနှိုင်းနှိုင်းဆဆ ပြောလာကြပြီး အနာဂတ်ဖြစ်ပေါ်တိုးတက်မှုများကို စဉ်းစားရာတွင် သတိထားရန် အများစုက အကြံပြုကြသည်။ လုံခြုံရေး အခြေအနေသည် အပြောင်းအလဲမြန်ပြီး မိမိတို့ မသိသေးသည် ဟာကွက်များစွာ ရှိသော်လည်း သေနင်္ဂဗျူဟာ အကျပ်အတည်းဆိုသည့် စကားလုံးကို ပိုမိုတွေ့လာရသည်။
စစ်ကောင်စီ၏ အဆုံးသတ်အောင်ပွဲကို ကြိုတင်ဟောကိန်းထုတ်သည့် သုတေသီ မရှိသလောက်ဖြစ်သော်လည်း တနည်းမဟုတ် တနည်းဖြင့် ဆက်လက် ရပ်တည်နိုင်မည်ဟု အများအပြားက သဘောတူကြသည်။
ဥပမာအားဖြင့် ပြောင်းလဲနေသော ပထဝီနိုင်ငံရေး အခြေအနေများသည် မြန်မာဗိုလ်ချုပ်များ ကမ္ဘာ့စင်မြင့်တွင် လှုပ်ရှားရန် ပိုမိုနေရာပေးလာသည်ဟု ၎င်းတို့က မှတ်ချက်ချကြသည်။
တချိန်က နိုင်ငံတကာအသိုက်အဝန်း တခုလုံးက ရှုတ်ချခဲ့သည့် စစ်အုပ်စုသည် လက်ခံမှုမရသည့်တိုင် သည်းခံမှုအတိုင်းအတာတခု စတင်ရနေသည်ဆိုသည့်အမြင် ကြီးထွားလာနေသည်။ မြန်မာသည် ပိုမိုများပြားလာသည့် နိုင်ငံတကာ အစည်းအဝေးများသို့ ဖိတ်ကြားခံလာရသည်။ အဆင့်မြင့် စစ်ခေါင်းဆောင်များသည် တရုတ်နှင့် ရုရှားသာမက ပြည်ပသို့ ပိုမိုသွားရောက်လာကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲများသည် လူထုကိုယ်စားပြုမှုအရ လုံးဝ အဓိပ္ပာယ် ကင်းမဲ့မည်ဖြစ်သော်လည်း အစိုးရသစ် ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲကို မြန်မာနှင့်အနီးဆုံး အိမ်နီးချင်းများအပါအဝင် နိုင်ငံအများအပြားက တစုံတရာ အသိအမှတ်ပြုမည့် လက္ခဏာများလည်း ရှိနေသည်။
ကြိုမြင်နိုင်သည့် အနာဂတ်အတွက် အရေးပါသည့် တရားဝင်လုပ်ငန်းများကို စစ်အုပ်စုက ထိထိရောက်ရောက် ထိန်းချုပ်ထားပြီး အဆင်ပြေစေမည့် အစီအစဉ်တခု လိုအပ်ကြောင်းကို ထိုနိုင်ငံများက လက်ခံသည့် တိမ်းညွတ်မှုရှိနေသည်။
ထိုအချက်နှင့် ပတ်သက်ပြီး မှတ်သားစရာကောင်းသည်မှာ ဆုံးဖြတ်ချက် မပြတ်သားသည့်ကာလအလွန်တွင် တရုတ်နိုင်ငံသည် မြန်မာဗိုလ်ချုပ်များဘက်တွင် ပိုမိုခိုင်မာစွာ ရပ်တည်လာခြင်းဖြစ်သည်။ ၎င်း၏ အဓိက အကျိုးစီးပွားများသည် စစ်အုပ်စုကို ကျားကန်ပေးခြင်းနှင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံရာတွင် ရှိသည်ဟု တရုတ်က ဆုံးဖြတ်လိုက်ပုံရသည်။
လွတ်လပ်သော မြန်မာ့အရေးလေ့လာသူ ဒေးဗစ် မက်သီဆန်နှင့် အခြားသူများ ထောက်ပြသည့်အတိုင်း NUG သည် အခက်အခဲအများအပြား ကြုံနေရသည်။ NUG သည် နိုင်ငံရေးအရ၊ စစ်ရေးအရ ကွဲပြားနေပြီး နိုင်ငံကို ထိန်းချုပ်ရန် ဘုံသေနင်္ဂဗျူဟာ ကင်းမဲ့နေသည်။
ထိုကိစ္စတွင် မြန်မာမှ တရုတ်ပိုင်ဆိုင်မှုများကို ပုဂ္ဂလိက လုံခြုံရေးတပ်များဖြင့် ကာကွယ်ခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးခြင်းပါဝင်သည်။
လွတ်လပ်သော မြန်မာ့အရေးလေ့လာသူ ဒေးဗစ် မက်သီဆန်နှင့် အခြားသူများ ထောက်ပြသည့်အတိုင်း NUG သည် အခက်အခဲအများအပြား ကြုံနေရသည်။ NUG သည် နိုင်ငံရေးအရ၊ စစ်ရေးအရ ကွဲပြားနေပြီး နိုင်ငံကို ထိန်းချုပ်ရန် ဘုံသေနင်္ဂဗျူဟာ ကင်းမဲ့နေသည်။
NUG ၏ အခွင့်အလမ်း လမ်းကြောင်းသည် ပိတ်လာနေပုံရပြီး ပိုမိုကြီးမားသည့် ထောက်ခံမှုမရပါက အားနည်းသွားမည့် အန္တရာယ်ရှိသည်။ ထိုအချက်ကလည်း သုတေသီများအနေဖြင့် ရှေ့သို့ မျှော်ကြည့်ရန် ခက်ခဲစေသည်။
ထုံးစံအတိုင်း မြန်မာမှ ဖြစ်ပေါ်တိုးတက်မှုများကို နားလည်ရန် လိုအပ်သည့်အချက်မှာ မတည်ငြိမ်ဘဲ စိတ်ခံစားမှု ပြင်းထန်သည့် ပတ်ဝန်းကျင်တွင် မှန်ကန်သော အကဲဖြတ်ချက် ရရှိရန် ဓမ္မဒိဋ္ဌာန်ကျပြီး အထောက်အထားကို အခြေခံသည့် အချက်အလက်များဖြင့် တတ်နိုင်သမျှ ဆုံးဖြတ်နိုင်သည့် သရုပ်ခွဲလေ့လာမှုဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းသည် မြန်မာမှ ပြည်တွင်းစစ်သည် ပြတ်ပြတ်သားသား အဆုံးသတ်မည်၊ ဒီမိုကရေစီ အင်အားစုသည် နိုင်ငံကို မကြာမီ အပြည့်အဝ ထိန်းချုပ်နိုင်မည်ဆိုသည့် မျှော်လင့်ချက်ကို အားမပေးပေ။
မြန်မာသည် သုတေသီများကို အံ့သြစေနိုင်သည့် စွမ်းရည် အမြဲတမ်းရှိသော်လည်း လက်ရှိဖြစ်နိုင်ခြေများမှာ သမိုင်းတပတ်လည်ပြီး စစ်အုပ်စု ဆက်လက်ရှင်သန်ကာ အတိုက်အခံများ အက်ကွဲမှေးမှိန်လာပြီး မြန်မာပြည်သူများ ဆက်လက် ဒုက္ခခံစားရမည်ကိုသာ ပြသနေသည်။
(New Mandala ပါ Andrew Selth ၏ Myanmar and the perils of prediction ကို ဘာသာပြန်သည်။ အင်ဒရူး ဆက်သ်သည် ဩစတေးလျနိုင်ငံ၊ ဘရစ္စဘိန်းရှိ ဂရစ်ဖစ် အာရှ အင်စတီကျုမှ တွဲဖက်ပါမောက္ခဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ စာအုပ်နှင့် ဆောင်းပါးများ ရေးသားခဲ့ပြီး နောက်ဆုံး ထွက်ရှိမည့် စာအုပ်မှာ “Myanmar: The Making of an Intelligence State” ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ
တရုတ်ကြောင့် နွေဦးတော်လှန်ရေး ကျရှုံးသွားမှာမဟုတ်ဘူး (ရုပ်/သံ)
သေနတ်မပါ ဩဇာမရှိ သို့မဟုတ် မွန်တော်လှန်ရေး ဘာကြောင့် အရေးနိမ့်နေသနည်း
စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေပြော (ရုပ်/သံ)
နွေဦးတော်လှန်ရေးအတွက် “၈၈” မှ သင်ခန်းစာများ
တယောက်တပေါက်လုပ်နေသမျှ ဘာတော်လှန်ရေးမှအောင်မှာမဟုတ်ဘူး (ရုပ်/သံ)













