တရုတ်နိုင်ငံ၊ တီယန်ကျင်းတွင် ပြုလုပ်သည့် ရှန်ဟိုင်း ထိပ်သီးဆွေးနွေးပွဲ (SCO) နှင့် ဘေဂျင်းတွင် ပြုလုပ်သည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ စစ်ရေးပြပွဲအတွက် တရုတ်သို့ သူ၏ သြဂုတ်-စက်တင်ဘာ ခရီးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့နှင့် တွေ့ဆုံပြီးနောက် စစ်အုပ်စုသည် နှစ်နိုင်ငံဆက်ဆံရေး ခေါင်းစဉ်အောက်တွင် အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံနှင့် သံတမန်ရေး၊ စစ်ရေး ထိတွေဆက်ဆံမှု အရှိန်မြှင့်တင်နေသည်။
တရုတ်နိုင်ငံကိစ္စတွင် စစ်အုပ်စုသည် ဆက်ဆံရေး ခိုင်မာစေရန် ကိုယ်စားလှယ်အဖွဲ့ အများအပြား စေလွှတ်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်အုပ်စုဝန်ကြီးချုပ် ညိုစောသည် အဆင့်မြင့်အရာရှိများ လိုက်ပါပြီး နန်နင်းတွင် ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ညိုစောသည် တရုတ် ဒုသမ္မတ ဟန်ကျုံနှင့် ဆွေးနွေးပွဲကျင်းပပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ဆွေးနွေးသည်။ ထိုနေ့တွင်ပင် စစ်အုပ်စုသည် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံ၊ ဂွီလင်တွင် ကျင်းပသည့် အာဆီယံ-တရုတ် ဆောက်လုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲတက်ရန် စေလွှတ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ညိုစောသည် တရုတ် ဒုသမ္မတ ဟန်ကျုံနှင့် ဆွေးနွေးပွဲကျင်းပပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ဆွေးနွေးသည်။ ထိုနေ့တွင်ပင် စစ်အုပ်စုသည် ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံ၊ ဂွီလင်တွင် ကျင်းပသည့် အာဆီယံ-တရုတ် ဆောက်လုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲတက်ရန် စေလွှတ်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်အုပ်စု ကာကွယ်ရေးဝန်ကြီး မောင်မောင်အေးသည် ၁၂ ကြိမ်မြောက် ဘေဂျင်း ရှန်ရှန်း ဖိုရမ်တွင် ပါဝင်တက်ရောက်သည်။ သူသည် တရုတ်ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဒုန်ဂျွင်နှင့်လည်း တွေ့ဆုံပြီး ဘေဂျင်းမှ အဆင့်မြင့် စစ်နည်းပညာကုမ္ပဏီများကိုလည်း သွားရောက်ကာ မောင်းသူမဲ့လေယာဉ် (UAV) ထုတ်လုပ်မှု၊ လေကြောင်းနည်ပညာ ကိရိယာများ၊ အီလက်ထရွန်းနစ် စစ်ရေးစနစ်များနှင့် လေကြောင်းကာကွယ်ရေး နည်းပညာလက်နက်များကို ကြည့်ရှုသည်။
အိန္ဒိယနှင့်လည်း အလားတူ ထိတွေ့ဆက်ဆံမှု တိုးမြှင့်သည်။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမှတ် (၁) အထူးစစ်ဆင်ရေးအဖွဲ့ တပ်မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ခေါင်းဆောင်သည့် အဆင့်မြင့် စစ်တပ်ကိုယ်စားလှယ် အဖွဲ့သည် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဥပန်ဒရာ ဒွီဗီဒီနှင့် တွေ့ဆုံရန် နယူးဒေလီသို့ သွားရောက်သည်။ ဆွေးနွေးမှုများသည် နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနှင့် စစ်တပ်ချင်း ဆက်ဆံရေး တိုးချဲ့ရေးတို့ကို အာရုံစိုက်သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် ကိုလ်ကတ္တားရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်သို့လည်း သွားရောက်သည်။ ထို့နောက် မကြာမီ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အရာရှိ ၁၂၀ ပါဝင်ပြီး ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် နောက်ထပ် စစ်တပ်အဖွဲ့တဖွဲ့သည် အိန္ဒိယသို့ သွားရောက်သည်။ ထိုနေ့တွင်ပင် ဗိုလ်မှူးကြီး ရှရီကန့် ဂျက်သီ ဦးဆောင်သည့် အိန္ဒိယ လက်နက်ကိုင်တပ်များ၏ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာသို့ အပြန်အလှန်အားဖြင့် လာရောက်သည်။
မေးစရာရှိသည့် အဓိကမေးခွန်းမှာ စစ်အုပ်စုသည် ထို နှစ်နိုင်ငံနှင့် ဆက်ဆံရေး မည်သည့်အတွက် အရှိန်မြှင့်တင်နေသနည်းဆိုသည့် မေးခွန်းဖြစ်သည်။
တရုတ်၊ အိန္ဒိယနှင့် စစ်အုပ်စုတို့ ထိတွေ့ဆက်ဆံမှု အရှိန်မြင့်လာသည့် အခြေခံအကြောင်းရင်း သုံးခုရှိသည်။ ပထမ အကြောင်းရင်းမှာ စစ်အုပ်စုသည် ကျယ်ပြန့်လာနေသည့် တော်လှန်ရေးလှုပ်ရှားမှုကို တန်ပြန်ရန် စစ်ရေးထောက်ခံမှုရရေး ကြိုးစားခြင်းဖြစ်သည်။
တရုတ်၊ အိန္ဒိယနှင့် စစ်အုပ်စုတို့ ထိတွေ့ဆက်ဆံမှု အရှိန်မြင့်လာသည့် အခြေခံအကြောင်းရင်း သုံးခုရှိသည်။ ပထမ အကြောင်းရင်းမှာ စစ်အုပ်စုသည် ကျယ်ပြန့်လာနေသည့် တော်လှန်ရေးလှုပ်ရှားမှုကို တန်ပြန်ရန် စစ်ရေးထောက်ခံမှုရရေး ကြိုးစားခြင်းဖြစ်သည်။
တရုတ်သည် စစ်အုပ်စုကို လက်နက်ထောက်ပံ့သည့် အဓိကနိုင်ငံ ဆက်လက်ဖြစ်နေပြီး FTC-2000 G အပေါ့စား ဂျက်တိုက်လေယာဉ်များ၊ Y-12 နှင့် K-8 ကဲ့သို့ အမောင်းသင် လေယာဉ်များ၊ မောင်သူမဲ့လေယာဉ်များ၊ ဒေါင်လိုက်တက်ဆင်းနိုင်သည့် VTOL ဒရုန်းများ၊ CH-3/CH-3A ထောက်လှမ်းရေး ဒရုန်းများ၊ Type 053H1 ဖရီးဂိတ်သင်္ဘောများ၊ Type 92 ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ် (IFVs) များ၊ အတွဲလိုက်ပစ်သည့် ဒုံးလက်နက်များ (MLRS) စသည့် လက်နက်များ ထောက်ပံ့ပြီး ထိုလက်နက်များသည် စစ်တပ်၏ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ပေးသည်။
Justice for Myanmar ၏ အဆိုအရ စစ်အုပ်စုသည် အိန္ဒိယမှ အမြောက်အစိတ်အပိုင်းများ၊ ဆက်သွယ်ရေးစနစ်များ၊ ရေကြောင်းကိရိယာအစိတ်အပိုင်းများ၊ အဝေးရောက်လက်နက်စခန်းများ၊ လေကြောင်းကာကွယ်ရေးစနစ်များ၊ လောင်စာ၊ ချောဆီ၊ အပိုပစ္စည်းအစိတ်အပိုင်းများနှင့် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ရရှိနေသည်။
စစ်အုပ်စုသည် ကျယ်ပြန့်လာသော တော်လှန်ရေးလှုပ်ရှားမှုကို ဖိနှိပ်ရန်၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမိန့်ပေးကွပ်ကဲမှုအောက်မှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ဖိနှိပ်ရန်အတွက် ထို နှစ်နိုင်ငံလုံးမှ စစ်ရေးအကူအညီ ပိုမိုရရန် တက်ကြွစွာ ကြိုးစားနေသည်။
NUG သည် စစ်ကောင်စီကိုတိုက်ရန် နိုင်ငံတဝန်း ထိုးစစ်ကြီးအတွက် ပြင်ဆင်နေသည်ဟု အကြိမ်ကြိမ် ကြေညာပြီး စစ်ကောင်စီ၏ လာမည့် ရွေးကောက်ပွဲများကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းသည်။
ရွေးကောက်ပွဲကျင်းပမည့် နယ်မြေသည် ရွေးကောက်ပွဲမတိုင်မီ ပိုမိုကျဉ်းမြောင်းသွားမည်ဟု မျှော်လင့်ရသည်။ ဥပမာအားဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် PDF များသည် စစ်ကိုင်းတိုင်းမှ ဗန်းမောက်ကို သိမ်းပိုက်လိုက်ပြီး စစ်အုပ်စု၏ မဲဆန္ဒနယ်တခုကို ထပ်မံ ပယ်ဖျက်လိုက်သည်။ တနိုင်ငံလုံးမှ မဲဆန္ဒနယ် ၁၂၁ ခုတွင် ရွေးကောက်ပွဲများမလုပ်ဟု စစ်အုပ်စု ကြေညာထားသည်။
ရွေးကောက်ပွဲကျင်းပမည့် နယ်မြေသည် ရွေးကောက်ပွဲမတိုင်မီ ပိုမိုကျဉ်းမြောင်းသွားမည်ဟု မျှော်လင့်ရသည်။ ဥပမာအားဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် PDF များသည် စစ်ကိုင်းတိုင်းမှ ဗန်းမောက်ကို သိမ်းပိုက်လိုက်ပြီး စစ်အုပ်စု၏ မဲဆန္ဒနယ်တခုကို ထပ်မံ ပယ်ဖျက်လိုက်သည်။ တနိုင်ငံလုံးမှ မဲဆန္ဒနယ် ၁၂၁ ခုတွင် ရွေးကောက်ပွဲများမလုပ်ဟု စစ်အုပ်စု ကြေညာထားသည်။
ထို့ကြောင့် NUG ၏ စစ်ဆင်ရေးနှင့် ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဒွိသေနင်္ဂဗျူဟာသည် စစ်အုပ်စုအတွက် အဓိက စိန်ခေါ်မှုတခုဖြစ်နေပြီး မျှော်မှန်းထားသည့် ထိုးစစ်များကိုတန်ပြန်ကာ ထိန်းချုပ်မှု ဆက်လက် ထိန်းသိမ်းရန် နောက်ထပ် စစ်ရေးအထောက်အပံ့ လိုအပ်နေသည်။
ဒုတိယအကြောင်းရင်းမှာ စစ်အုပ်စုသည် နိုင်ငံရေးထောက်ခံမှု၊ အထူးသဖြင့် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးထောက်ခံမှုရရန် ကြိုးစားနေသည်။ တရုတ်၊ အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ပြင်ဆင်မှုများကို ၎င်းတို့၏ ထောက်ခံမှုရရေး အလေးထားပြောသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တရုတ်ကဖြစ်စေ၊ အိန္ဒိယကဖြစ်စေ ပွင့်ပွင့်လင်းလင်း ထောက်ခံခြင်းမရှိသောကြောင့် ထောက်ခံကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခြင်းကို ရှောင်ရှားသည်။
စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ရွေးကောက်ပွဲများသည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စသည့် ပန်းတိုင် သုံးခုကို အားပေးသည်ဟု ပြောသည်။
သို့သော် သူ၏ မှတ်ချက်များသည် သင်္ကေတသဘောဆောင်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲအပေါ် တရုတ်က ပွင့်လင်းသော ထောက်ခံမှုအတွက် ပွင့်လင်းသောကတိ မဟုတ်ပေ။
အလားတူစွာပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်တွင် တွေ့ဆုံစဉ် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ရွေးကောက်ပွဲများသည် မျှတရမည်၊ အားလုံးအကျုံးဝင်ပြီး သက်ဆိုင်သူအားလုံး ပါဝင်ရမည်ဟုပြောပြီး အိန္ဒိယ၏ ပိုမိုကျယ်ပြန့်သော ဒီမိုကရေစီမူများကို အလေးထားပြောသည်။
ထိုသို့ ပွင့်ပွင့်လင်းလင်းထောက်ခံမှု မရှိသောကြောင့် စစ်အုပ်စုသည် ပိုမိုခိုင်မာသည့် ထောက်ခံမှုရရှိရေးအတွက် သံတမန် ထိတွေ့မှုကို အရှိန်မြှင့်တင်သည်။ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲများသည် “လွတ်လပ်ပြီး မျှတမည်” ဟု ကြေညာကာ တရုတ်နှင့် အိန္ဒိယ ရွေးကောက်ပွဲလေ့လာသူများကို ဖိတ်ခေါ်ပြီး ထိုမှတဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် တရားဝင်စေရန် ကြိုးစားသည်။
ထိုသို့ ပွင့်ပွင့်လင်းလင်းထောက်ခံမှု မရှိသောကြောင့် စစ်အုပ်စုသည် ပိုမိုခိုင်မာသည့် ထောက်ခံမှုရရှိရေးအတွက် သံတမန် ထိတွေ့မှုကို အရှိန်မြှင့်တင်သည်။ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲများသည် “လွတ်လပ်ပြီး မျှတမည်” ဟု ကြေညာကာ တရုတ်နှင့် အိန္ဒိယ ရွေးကောက်ပွဲလေ့လာသူများကို ဖိတ်ခေါ်ပြီး ထိုမှတဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် တရားဝင်စေရန် ကြိုးစားသည်။
ဥပမာအားဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် UEC ဥက္ကဋ္ဌ ဦးသန်းစိုးသည် ကော်မရှင်၏ ရွေးကောက်ပွဲပြင်ဆင်မှုများကို တင်ပြရန်နှင့် အိန္ဒိယလေ့လာစောင့်ကြည့်မှုကို တရားဝင် ဖိတ်ခေါ်ရန် အန္ဒိယ သံအမတ် အက်ဘ်ဟေး သာကာနှင့် နေပြည်တော်တွင် တွေ့ဆုံသည်။ တရုတ်သံအမတ်ကို မကြာမီ ထိုသို့ဖိတ်ခေါ်မှုပြုလုပ်မည်ဟု မျှော်လင့်ရသည်။ ထိုသို့ အရှိန်မြင့်လာသည့် ထိတွေ့ဆက်ဆံမှုများသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံး၏ နိုင်ငံရေး အသိအမှတ်ပြုမှုရရန် စစ်အုပ်စု၏ သေနင်္ဂဗျူဟာကို မီးမောင်းထိုးပြနေသည်။
တတိယအကြောင်းရင်းမှာ စစ်အုပ်စုသည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ချေမှုန်းရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များအပေါ် တရုတ်နှင့် အိန္ဒိယ၏ သြဇာကို အသုံးပြုရန် ကြိုးစားနေသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော အဖွဲ့များ ထိုးစစ်များရပ်ဆိုင်းရန်၊ နယ်စပ်တည်ငြိမ်မှု ထိန်းသိမ်းရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လက်ခံရန် အခြား EAO များကို အားပေးပြီး တရုတ်က ဖိအားပေးရန် စစ်အုပ်စုက မျှော်လင့်နေသည်။
အောင်မြင်မှု အချို့သည် အကောင်အထည်ပေါ်လာပြီဖြစ်သည်။ တရုတ်ဖိအားနှင့် ကြားဝင်စေ့စပ်မှုအပြီးတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးပြီး ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးကို စစ်အုပ်စုသို့ ပြန်ပေးရသည်။
တရုတ် အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်း၏ ဖိတ်ကြားမှုဖြင့် MNDAA ခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ လွန်ခဲ့သော စက်တင်ဘာလ ၁၉ ရက်နေ့တွင် သွားရောက်လည်ပတ်ကြပြီး ရှမ်းပြည်နယ်မှ သိန္နီမြို့အား ထိန်းချုပ်မှုစွန့်လွှတ်ရန် ဖိအားပိုမိုပေးမည်ဟု မျှော်လင့်ရသည်။
အလားတူစွာပင် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် တရုတ်က ခိုင်းသောကြောင့် TNLA, MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကို ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့ ဖြတ်တောက်ရသည်။
KIA တိုက်ခိုက်မှု ရပ်စဲပြီး ကိုးလကြာ တိုက်ပွဲအပြင်းအထန် ဖြစ်နေသည့် ဗန်းမော်မှ ဆုတ်ခွာရေး တရုတ်က KIA ကို ဖိအားပေးရန်နှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် ရင်းနှီးမြှုပ်နှံမှု အချက်အချာနေရာ ကျောက်ဖြူကို အာရက္ခတပ်တော် (AA) ထိုးစစ်များ ရပ်ရန် ဖိအားပေးမည်ဟု စစ်အုပ်စုက မျှော်လင့်နေသည်။
စစ်အုပ်စုသည် အိန္ဒိယထံမှ ပိုမိုတင်းကျပ်သော နယ်စပ်ဖြတ်ကျော်မှုနှင့် ကုန်သွယ်ရေးလမ်း ကန့်သတ်ချက်များရရန်၊ အထူးဖြင့် ရခိုင်နှင့်ချင်းပြည်နယ်များသို့ ကုန်သွယ်ရေး လမ်းကြောင်းများကို ကန့်သတ်ရန် ကြိုးစားနေသည်။ ထိုပြည်နယ်များသည် တော်လှန်ရေးအင်အားစု အမာခံဒေသများဖြစ်ပြီး အိန္ဒိယ၏ ထောက်ခံမှုသည် AA က ပြည်နယ်မြို့တော် စစ်တွေကို ထိုးစစ်ဆင်ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။
စစ်အုပ်စုသည် အိန္ဒိယထံမှ ပိုမိုတင်းကျပ်သော နယ်စပ်ဖြတ်ကျော်မှုနှင့် ကုန်သွယ်ရေးလမ်း ကန့်သတ်ချက်များရရန်၊ အထူးဖြင့် ရခိုင်နှင့်ချင်းပြည်နယ်များသို့ ကုန်သွယ်ရေး လမ်းကြောင်းများကို ကန့်သတ်ရန် ကြိုးစားနေသည်။ ထိုပြည်နယ်များသည် တော်လှန်ရေးအင်အားစု အမာခံဒေသများဖြစ်ပြီး အိန္ဒိယ၏ ထောက်ခံမှုသည် AA က ပြည်နယ်မြို့တော် စစ်တွေကို ထိုးစစ်ဆင်ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။
တရုတ်နှင့် အိန္ဒိယသြဇာသည် EAO များနှင့် စစ်ပွဲကို လုံးလုံးလျားလျား မရပ်တန့်စေနိုင်သည့်တိုင် လျှော့ချပေးနိုင်မည်ဟု စစ်အုပ်စုက တွက်ချက်သည်။ လက်နက်ကိုင်ပဋိပက္ခများ တစိတ်တပိုင်း လျော့ကျခြင်းသည် ရွေးကောက်ပွဲကျင်းပရန် စစ်အုပ်စု၏ အားထုတ်မှုများကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် စစ်အုပ်စုသည် ထိုနှစ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်နေသည်။
လက်တွေ့တွင် မြန်မာ၏ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် ရွေးကောက်ပွဲများ လိုအပ်သော်လည်း လွတ်လပ် တရားမျှတပြီး ဒီမိုကရေစီအရည်ခြုံကာ စစ်အုပ်ချုပ်ရေးသက်တမ်း မတိုးမှသာ ထိုသို့ဖြစ်မည်ဖြစ်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲလမ်းပြမြေပုံကို ထောက်ခံမည့်အစား တရုတ်နှင့်အိန္ဒိယတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူသည့် စစ်တပ်၏ဝေစုကို ပြုပြင်ရန်၊ NUG နှင့် EAO များ အပါအဝင် အတိုက်အခံများနှင့် စစ်မှန်သော စေ့စပ်ညှိနှိုင်းမှုလုပ်ရန်အတွက် ဖိအားပေးသင့်သည်။ ထိုသို့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမရှိပါက ရွေးကောက်ပွဲများသည် ပြည်တွင်းစစ်ကို ပြီးဆုံးစေဖွယ်မရှိဘဲ တရုတ်အတွက်ဖြစ်စေ၊ အိန္ဒိယအတွက်ဖြစ်စေ သေနင်္ဂဗျူဟာ အကျိုးကျေးဇူး ဖြစ်လာမည် မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Joe Kumbun ၏ Why Myanmar Junta’s Engagement with China and India is Accelerating ကို ဘာသာပြန်သည်။ Joe Kumbun သည် လွတ်လပ်သော နိုင်ငံရေးသုတေသီတဦး၏ ကလောင်အမည်ဖြစ်သည်။)
You may also like these stories:
တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင်
တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား
စစ်ကောင်စီ အားကိုးတဲ့ တရုတ်က လွတ်လပ်ရေးနေ့ သဝဏ်လွှာတောင် မပို့
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပေါ်လစီ ရီဗျူး
အိန္ဒိယ၊ တရုတ်နှင့် အာဆီယံတို့သည် မြန်မာ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်နေမှု ကြံရာပါများ ဖြစ်ကြသည်
ရှမ်းမြောက်သာမက ရခိုင်မှာပါ အပစ်ရပ်ဖို့ တရုတ် ကြိုးစားနေ














