ရွေးကောက်ပွဲများအပေါ် မြန်မာလူထု၏ မည်သို့မည်ပုံ ကျင့်သုံးခဲ့ခြင်းများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများအပေါ် ပြန်လည် စဉ်းစားမိပါသည်။ ၁၉၆၀ ပြည့်နှစ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေတ်ကာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် အလွန်တရာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
“တည်မြဲပါတီ” သည် စစ်တပ်၏ ကျောထောက်နောက်ခံ ရရှိပြီး အင်အားကောင်းသည့် အခြေအနေတွင် “နိုင်လည်း နိုင်ရမည်၊ ရှုံးလည်း နိုင်ရမည်” ဆိုသည့် ကြွေးကြော်သံဖြင့် လူထုအား အသိပေးခဲ့သည်။ သို့သော် လူထု၏မဲပေးခြင်းအပြီးတွင် “သန့်ရှင်းပါတီ” က အပြတ်အသတ် နိုင်သွားသောကြောင့် မြန်မာ့သမိုင်းတွင် “လူတည်မြဲ မဲသန့်ရှင်း” ဟူသည့် စကားတရပ် ပေါ်ပေါက်ခဲ့ပါသည်။
ဆိုလိုချင်သည်မှာ မြန်မာလူထု၏ ရင်ထဲကဆန္ဒကို အကဲခတ်ရန် အလွန်ခက်ခဲသည်ဟု ဆိုရပါလိမ့်မည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အား အမည်ပြောင်းထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနိုင်ရလိမ့်မည်ဟု အာဏာသိမ်းစစ်တပ်က ခန့်မှန်းတွက်ချက်၍ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်လည်း အံ့အားသင့်လောက်အောင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အပြတ်အသတ် ထောက်ခံမှုရပြီး ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ဆိုလိုချင်သည်မှာ မြန်မာလူထု၏ ရင်ထဲကဆန္ဒကို အကဲခတ်ရန် အလွန်ခက်ခဲသည်ဟု ဆိုရပါလိမ့်မည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အား အမည်ပြောင်းထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနိုင်ရလိမ့်မည်ဟု အာဏာသိမ်းစစ်တပ်က ခန့်မှန်းတွက်ချက်၍ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်လည်း အံ့အားသင့်လောက်အောင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အပြတ်အသတ် ထောက်ခံမှုရပြီး ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
စစ်တပ်က မျှော်လင့်ထားသော တစည ပါတီသည် ဆယ်ဂဏန်းမျှသာ ရွေးချယ်ခံခဲ့ရပြီး တပြည်လုံးတွင် “တတိယ” နေရာသာ ချိတ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် စစ်တပ်က အနိုင်ရသူ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ခေါ်ယူပေးခြင်း မရှိဘဲ နှစ် ၂၀ တိုင်အောင် ဖိနှိပ်ခြင်း နည်းလမ်းအမျိုးမျိုး၊ ရှောင်လွဲခြင်း နည်းအမျိုးမျိုးဖြင့် အစိုးရသစ် မဖွဲ့စည်းနိုင်စေရန် ငြင်းဆန်ခဲ့ပါသည်။
စစ်တပ်သည် သူတို့စိတ်ကြိုက်၊ သူတို့၏ အခန်းကဏ္ဍအား အဓိကနေရာများတွင် ရယူထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား နည်းမျိုးစုံဖြင့် အခိုင်အမာ ရေးဆွဲပြီးသည့်သကာလ နှစ်ပေါင်း ၂၀ အကြာ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတရပ်အား ထပ်မံကျင်းပခဲ့သည်။
ဖြတ်သန်းမှု အတွေ့အကြုံများက ရရှိထားသော သင်ခန်းစာများအရ အလွဲအမှား မရှိရလေအောင် ကြိုတင်စီစဉ်ခဲ့ကြသည်။
၁၉၉၀ ပြည့်နှစ်တုန်းက ပထမနေရာနှင့် ဒုတိယနေရာများ ရရှိခဲ့သော NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ ပါဝင်နိုင်ခြင်း မရှိရလေအောင် ဖိနှိပ်ပြီး ချန်လှပ်ထားခဲ့သည်။
ထို့ပြင် ၁၉၉၃ ခုနှစ်ကတည်းက အသင်းအဖွဲ့အနေဖြင့် ဖွဲ့စည်းခဲ့ပြီး လူထုအား ၁၇ နှစ်တိုင်အောင် စည်းရုံးထားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်စေခဲ့သည်။ သူတို့ အားကိုးခဲ့ရသော တစညပါတီအား ကျောခိုင်းခဲ့ကြပါသည်။
ပြည်သူလူထု၏ ရင်ထဲကဆန္ဒများကို နားလည်သဘောပေါက်ထားသော ဗိုလ်သန်းရွှေသည် ဟာကွက် မရှိရလေအောင် အဘက်ဘက်က စီစဉ်ထားခဲ့သည်ကို မြင်နိုင်ပါသည်။ ဒီမိုကရေစီ လိုလားနေကြသော အင်အားစုများအနေဖြင့်လည်း အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာစေရေးကို “မျှော်လင့်” ထားကြသူများက ‘No Vote’ လှုပ်ရှားမှုလောက်မျှဖြင့်သာ ဆန့်ကျင်ခဲ့ကြပြီး ရွေးကောက်ပွဲအပြီးကို စောင့်မျှော်ခဲ့ကြသည်။
ကြိုတင် စီစဉ်ထားသည့်အတိုင်း သူတို့လူအား ထောက်ခံထားသည့် ကြိုတင်မဲလက်မှတ်များကို ဆာလာအိတ်များဖြင့် တအိတ်ပြီးတအိတ် မနိုင်မချင်း သွန်ထည့်၍ သူတို့၏အနိုင်ရရှိမှုကို တည်ဆောက်ခဲ့ကြသည်။ ယင်းကဲ့သို့ မတရားညစ်ပတ်သည့်နည်း ကျင့်သုံးခဲ့သည့်ကိစ္စများမှာ လူအများ သိထားကြသည့် လျှို့ဝှက်ချက်အဖြစ် မှတ်သားထားကြပါလိမ့်မည်။
မဲဆန္ဒရှင်များဘက်ကလည်း မဲပေးခဲ့ကြပါသည်။ ကြိုတင် စီစဉ်ထားသည့်အတိုင်း သူတို့လူအား ထောက်ခံထားသည့် ကြိုတင်မဲလက်မှတ်များကို ဆာလာအိတ်များဖြင့် တအိတ်ပြီးတအိတ် မနိုင်မချင်း သွန်ထည့်၍ သူတို့၏အနိုင်ရရှိမှုကို တည်ဆောက်ခဲ့ကြသည်။ ယင်းကဲ့သို့ မတရားညစ်ပတ်သည့်နည်း ကျင့်သုံးခဲ့သည့်ကိစ္စများမှာ လူအများ သိထားကြသည့် လျှို့ဝှက်ချက်အဖြစ် မှတ်သားထားကြပါလိမ့်မည်။
အများမျှော်လင့်ထားသကဲ့သို့ စစ်ဝတ်စုံချွတ် အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက်တွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအား ပြန်လည် ခွင့်ပြုခြင်းများလည်း ရှိခဲ့ပါသည်။
အမျိုးသားရင်ကြားစေ့ရေးအတွက် NLD ပါတီ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးမှုများ ပြုခဲ့သည့်အပြင် သဘောတူညီချက်များလည်း ရယူနိုင်ခဲ့သည်။ ယင်းအတွက် NLD ပါတီခေါင်းဆောင်များအနေဖြင့် သဘောထား ပြောင်းလဲလျက် ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါသည်။
လွှတ်တော်တွင်းတွင်လည်း သင့်တင့်သော ဆောင်ရွက်မှုများကို NLD နှင့် စစ်တပ်အရာရှိများ ပူးတွဲလုပ်ကိုင်ခဲ့ကြသည်။ ထိုကာလသည် ပြည်တွင်းညီညွတ်ရေး အခိုက်အတန့်ကာလဟု ဆိုရပါလိမ့်မည်။

အင်အားအလွန်ကောင်းပြီး အစိုးရဖွဲ့နိုင်ခဲ့သော USDP အနေဖြင့် လူထု၏ထောက်ခံမှုမှာ ခိုင်မြဲပြီဟုလည်း ယူဆခဲ့ကြသည်။ အနားယူနေပြီဖြစ်သော ဗိုလ်သန်းရွှေ အနေဖြင့်လည်း ပါဝင်ဆောင်ရွက်ခြင်း မရှိတော့ပေ။
ထို့ကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး တရားမျှတမှု ရှိရလေအောင် စစ်တပ်အရာရှိဟောင်းများက စီစဉ်ပေးခဲ့သည်။
လက်တွေ့တွင်မူ ပြည်သူလူထုသည် ရွေးကောက်ပွဲအတွင်း ပြန်လည်ပါဝင်လာသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် မေ့လျော့ခြင်း မရှိသေးဘဲ အနိုင်မဲများ ပေးခဲ့ကြ၍ အပြတ်အသတ် အနိုင်ရသွားသည့်အခါ စစ်တပ်အရာရှိဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အားလုံး မှင်တက်သွားရသည်။
လက်တွေ့တွင်မူ ပြည်သူလူထုသည် ရွေးကောက်ပွဲအတွင်း ပြန်လည်ပါဝင်လာသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် မေ့လျော့ခြင်း မရှိသေးဘဲ အနိုင်မဲများ ပေးခဲ့ကြ၍ အပြတ်အသတ် အနိုင်ရသွားသည့်အခါ စစ်တပ်အရာရှိဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အားလုံး မှင်တက်သွားရသည်။
၂၀၁၅-၂၀၂၀ ကာလများသည် စစ်တပ်အရာရှိဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များအတွက် အာဏာပြိုင်ပွဲများဖြစ်ပြီး NLD ပါတီနှင့် ပြိုင်ဆိုင်မှုများ ရှောင်လွှဲမရနိုင်ဘဲ ပေါ်ပေါက်နေခဲ့သည်။ USDP အတွင်းတွင်လည်း အာဏာလွန်ဆွဲပွဲများ ပေါ်ပေါက်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထုအနေဖြင့် NLD ၏ အမှားအချို့ကို လျစ်လျူရှုလျက် NLD ကိုပင် ထပ်မံ၍ ရွေးချယ်ခဲ့ကြသည်။ ဘာကြောင့်နည်း။ စစ်တပ် ကျောထောက်နောက်ခံပြု USDP အား မကြိုက်ရင်းစွဲ ရှိနေခြင်းကြောင့်ဟု အကဲဖြတ် အတော်များများ၏ မှတ်ချက်များက ဆိုပါသည်။
ရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ် လွှတ်တော်မခေါ်မီ အားလုံးသိထားကြသည့်အတိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပါသည်။ တနှစ်အတွင်း တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဟု ထုတ်ပြန်သည်။
စစ်တပ်အပေါ် မယုံကြည်ရင်းစွဲ ရှိထားသည့်လူထုသည် အာဏာသိမ်းခြင်းအား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် ဆန့်ကျင်ခဲ့ကြသည်။ သို့သော် ပစ်ခတ်နှိမ်နင်းမှုများ အလွန်ပြင်းထန်လာသည့်နောက်ပိုင်း လူငယ်အများစုမှာ လက်နက်ကိုင်တော်လှန်ကြသည့်အဆင့်သို့ ကူးပြောင်းသွားကြသည်။
မြန်မာတွင် နိုင်ငံရေးဘောင် ကျဉ်းမြောင်းသွားပြီး စစ်ရေးဘောင်က အလွန်ကျယ်ပြန့်သွားပါတော့သည်။ တိုင်းသူပြည်သားများသည် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာခဲ့ကြရသည်မှာ ငါးနှစ်နီးပါး တိုင်ခဲ့ပြီ ဖြစ်သည်။
မြန်မာတွင် နိုင်ငံရေးဘောင် ကျဉ်းမြောင်းသွားပြီး စစ်ရေးဘောင်က အလွန်ကျယ်ပြန့်သွားပါတော့သည်။ တိုင်းသူပြည်သားများသည် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာခဲ့ကြရသည်မှာ ငါးနှစ်နီးပါး တိုင်ခဲ့ပြီ ဖြစ်သည်။
ဤဆောင်းပါး၏ အဓိကဆိုချင်သည့် ရည်ရွယ်ချက်အား ယခုမှ အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမအဆင့် ၁၀၂ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကို စတင် ကျင်းပမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယအဆင့် မြို့နယ် ၁၀၀ တွင် ကျင်းပမည် ဖြစ်သည်။ တတိယအဆင့်ကိုမူ ကျင်းပမည့်နေ့ ထုတ်ပြန်ချက် မရှိသေးပေ။
မြန်မာပြည်၏ ရွေးကောက်ပွဲများ အားလုံးထဲတွင် ဥပဒေများ၊ အမိန့်များဖြင့် တင်းကျပ်မှုအများဆုံး ရွေးကောက်ပွဲဟု ဆိုချင်ပါသည်။ တင်းကျပ်သည့် စည်းမျဉ်းများကြောင့် ပါတီဖျက်သိမ်းခံရတော့မည် ပါတီများအတွက် လျော့ပေါ့သော အမိန့်ဥပဒေများကို တနင်္ဂနွေနေ့လိုမျိုး ရုံးပိတ်ရက်တွင်ပင် ထုတ်ပြန်ခဲ့ရသည်။
ဝေဖန်ခြင်းကိစ္စမျိုး လုံးဝ ခွင့်မပြု၊ ကြီးလေးသည့် ပြစ်ဒဏ်များဖြင့် ကာကွယ်ထားသည်။ ရုပ်ရှင်သရုပ်ဆောင်များကို ရွေးကောက်ပွဲ လှုံ့ဆော်သည့် ဇာတ်လမ်းများတွင် မပါဝင်ပါက ဖမ်းဆီးအရေးယူမည်ဟု ချိန်းခြောက်ပြီး ပြည်ပသို့ ထွက်ခွာခွင့်များ ပိတ်ပင်ထားသည်။
မဲပေးခွင့်စာရင်းများ ထုတ်ပြန်ထားသော်လည်း လာရောက်ကြည့်ရှုသူ (ထင်မှတ်မထားလောက်အောင်) အလွန်နည်းသည့်အတွက် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်များ မျက်နှာပျက်ရသည်။ အမှန်မှာ မဲပေးခွင့်ရှိသူစာရင်းအား မှန်မှန်ကန်ကန် ကောက်ယူနိုင်ရန်အတွက် လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေသည်။ အထက်လူကြီးများ၏ ညွှန်ကြားချက်အတိုင်း အောက်ခြေမှ လက်တွေ့လုပ်ကိုင်သူများက လိုက်မလုပ်နိုင်ကြပေ။
ရွေးကောက်ပွဲဟူသည် ပြည်သူလူထုအား အခွင့်အရေးပေးရသည့်လုပ်ငန်း ဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလုပ်ကိုင်ရသည့် နိုင်ငံရေးလုပ်ငန်းတခု ဖြစ်ပါသည်။ ပြည်သူလူထုအား အတင်းအကျပ် ချုပ်ကိုင်စေခိုင်း၍ မရသောလုပ်ငန်း ဖြစ်သည်။
ရွေးကောက်ပွဲဟူသည် ပြည်သူလူထုအား အခွင့်အရေးပေးရသည့်လုပ်ငန်း ဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလုပ်ကိုင်ရသည့် နိုင်ငံရေးလုပ်ငန်းတခု ဖြစ်ပါသည်။ ပြည်သူလူထုအား အတင်းအကျပ် ချုပ်ကိုင်စေခိုင်း၍ မရသောလုပ်ငန်း ဖြစ်သည်။
မြန်မာလူထု၏ သဘောထားများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများစွာတွင် ထုတ်ဖော်ပြသခဲ့ကြသည်ကို မမေ့အပ်ပေ။ နိုင်ငံသားတိုင်း မဲပေးခွင့် ရှိသကဲ့သို့ နိုင်ငံသားတိုင်းသည် မဲမပေးဘဲ နေနိုင်ခွင့်လည်း ရှိထားပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပထမမဲပေးကြရမည့်နေ့တွင် ပြည်သူလူထုကြီးက မည်သို့မည်ပုံ သူတို့၏ဆန္ဒကို ထုတ်ဖော်ပြသကြမည်ဆိုသည့်အချက်မှာ အင်မတန် စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ယခုကာလ မဲဆွယ်နေသူများသည် မဲလာပေးကြပါ ဆိုသည်ကို ပထမဆုံး တိုက်တွန်းပြီးတော့မှ မိမိအား မဲပေးပါဟု ဒုတိယအဆင့်ထား တိုက်တွန်းနေရသည်ကို သတိပြုမိကြမည် ထင်ပါသည်။ မဲလာမပေးမည်ကို အထူးစိုးရိမ်နေကြကြောင်း ထင်ရှားလှပါသည်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကကဲ့သို့ ထောက်ခံမှု များပြားသော NLD နှင့် SNLD ပါတီတို့ မပါသောကြောင့် ၂၀၁၀ အခင်းအကျင်းအတိုင်း USDP တခုတည်း အင်တိုက်အားတိုက် ပြိုင်ဆိုင်အနိုင်ယူဖို့ အကွက်ဆင်ထားသည်မှာ သိသာထင်ရှားလှပါသည်။ ဝင်ပြိုင်ကြမည့် ကျန်ပါတီများအပေါ် အေးအေးသက်သာ အနိုင်ရလိမ့်မည်ဟု တွက်ဆထားကြောင်း ထင်မြင်ယူဆနိုင်ပါသည်။ အစဉ်အဆက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တို့၏ နှလုံးသားကို သူတို့ မေ့လျော့နေကြဟန်တူသည်။
ယခုအခါ ကိုယ်စားလှယ်လောင်း ၃၀ ကျော်အား ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်ကို အသိအမှတ်ပြုလိုက်သည့်အတွက် မဲမပေးလိုက်ရသော မဲဆန္ဒရှင်များအတွက် အတော်ကို နစ်နာသွားပါသည်။
ယခုအခါ ကိုယ်စားလှယ်လောင်း ၃၀ ကျော်အား ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ယှဉ်ပြိုင်သူ တဦးတည်းရှိသောကြောင့် မဲမပေးတော့ဘဲ ကိုယ်စားလှယ်ကို အသိအမှတ်ပြုလိုက်သည့်အတွက် မဲမပေးလိုက်ရသော မဲဆန္ဒရှင်များအတွက် အတော်ကို နစ်နာသွားပါသည်။
အဆိုပါ မဲဆန္ဒနယ်ရှိ လူထုအနေဖြင့် အဆိုပါ တဦးတည်းသောလူအား ကြိုက်၏၊ မကြိုက်၏ ရွေးချယ်ခွင့် ဆုံးရှုံးသွားရသည်။ ထိုအခါ အဆိုပါပုဂ္ဂိုလ်အား ထိုမြို့နယ်၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ထိုက်တန်ပါသလား၊ မှန်ကန်နိုင်ပါသလားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။
ထို့ပြင် မဲရုံသို့ လူတဦးတည်း လာရောက်မဲပေးရုံဖြင့် ရွေးကောက်ပွဲ အထမြောက်သည်ဟု ဆိုထားပြန်ရာ မဲဆန္ဒနယ်အတွင်းရှိ မဲပေးခွင့်ရှိသူ အားလုံး၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ထိုက်တန်ပါသလားဟု ထပ်ဆင့် မေးမြန်းနိုင်မည် ဖြစ်သည်။
ထိုနယ်တခွင်လုံးထဲက တဦးတည်း မဲလာပေး၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာရသော အဆိုပါပုဂ္ဂိုလ်သည်လည်း မြန်မာ့အလယ်၊ ကမ္ဘာ့အလယ် မည်သို့မည်ပုံ မျက်နှာပြရမည်နည်းဟုလည်း မေးခွန်းထုတ်မိပါသည်။

“ရွေးကောက်ပွဲကို လက်မခံရင် ခင်ဗျားတို့က ဘာလုပ်မှာလဲ”၊ “မဲမပေးရင် ဘာဖြစ်မလဲ၊ ခွေးဖြစ်မှာပေါ့”၊ “ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး” စသော ပါတီခေါင်းဆောင်များ၏ ပြည်သူလူထုထံသို့ ပြောဆိုချက်များကို လေ့လာကြည့်လျှင် နိုင်ငံရေးပြိုင်ဘက် အခြားပါတီများအပေါ် ဝေဖန်သုံးသပ်ခြင်း၊ မိမိ အနိုင်ရခဲ့လျှင် ဆောင်ရွက်မည့် အစီအစဉ်များကို မပြောဘဲ မဲဆန္ဒရှင် ပြည်သူများဘက်ဆီသို့သာ ဦးတည်ပြောဆိုမှုများသည် ပြည်သူများကို မဲရုံဆီသို့ လာချင်စိတ် မရှိအောင် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။
၂၀၂၀ ရွေးကောက်ပွဲတုန်းက NLD ပါတီအား ထောက်ခံမဲပေးခဲ့ကြသည့် ၈၀ ရာခိုင်နှုန်းကျော် လူထုကြီးအား မေ့လျော့ထား၍ မဖြစ်မှန်း အဆိုပါ ပါတီခေါင်းဆောင်များ သိထားသင့်သည်ဟု ဆိုချင်ပါသည်။
သို့ဆိုပါလျှင် NLD ပါတီအား မဲပေးခဲ့သည့် မဲဆန္ဒရှင်များသည် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း မရှိသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် မည်သူ့ကို ရွေးချယ်ကြမည်နည်း၊ ရွေးချယ်စရာ လူပုဂ္ဂိုလ်၊ ပါတီက ဘယ်သူဖြစ်မည်နည်း၊ ယှဉ်ပြိုင်မှု ဇယားထဲက တဦးတယောက်ကိုမှ မကြိုက်မနှစ်သက်လျှင် ဘယ်လို လုပ်ကြမည်နည်း စသော မေးခွန်းများသည် ရှောင်လွှဲမရသော မေးခွန်းများ ဖြစ်လာပါသည်။
သို့ဆိုပါလျှင် NLD ပါတီအား မဲပေးခဲ့သည့် မဲဆန္ဒရှင်များသည် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း မရှိသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် မည်သူ့ကို ရွေးချယ်ကြမည်နည်း၊ ရွေးချယ်စရာ လူပုဂ္ဂိုလ်၊ ပါတီက ဘယ်သူဖြစ်မည်နည်း၊ ယှဉ်ပြိုင်မှု ဇယားထဲက တဦးတယောက်ကိုမှ မကြိုက်မနှစ်သက်လျှင် ဘယ်လို လုပ်ကြမည်နည်း စသော မေးခွန်းများသည် ရှောင်လွှဲမရသော မေးခွန်းများ ဖြစ်လာပါသည်။
မြန်မာလူထုကို ဥပဒေ အမိန့်များဖြင့် ယခုထက် ပိုမို၍ ဖိအားပေးနိုင်ပါမည်လား။ ရွေးကောက်ပွဲဟူသည် မဲဆန္ဒရှင်များအား အတင်းအကျပ်ဖိနှိပ်၍ လုပ်အပ်သော နိုင်ငံရေးလုပ်ငန်းစဉ်လည်း မဟုတ်ပြန်ပေ။
သီတင်းကျွတ်၊ တန်ဆောင်မုန်း ပွဲတော်များကာလတွင် ရွှေပွဲလာ လူထုပရိသတ်များ အလွန်များပြားခဲ့သည့်အပေါ် တွက်ဆ၍ မဲပေးရာတွင်လည်း အများအပြား လာပေးလိမ့်မည်ဟု ထင်မြင်လျှင် အမှားကြီးမှားပေလိမ့်မည်။
သို့သော် အလွန်ကြပ်မတ်ထားသောကြောင့် ၂၀၂၅ ရွေးကောက်ပွဲသည် အထမြောက် အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မည်။ ဂုဏ်သိက္ခာအပိုင်းတွင်မူ ဆန်းစစ်ကြရပါလိမ့်မည်။ မိတ်ဖက်နိုင်ငံများက မည်သို့ပင် ထောက်ခံမည်ဟု ဆိုစေကာမူ လွတ်လပ်ပွင့်လင်းပြီး ထင်သာမြင်သာရှိမှု၊ တရားမျှတမှု၊ မဲပေးခွင့်ရှိသူ စုစုပေါင်း၊ မဲလာပေးသူ စုစုပေါင်း၊ ထောက်ခံမဲရရှိမှု စုစုပေါင်း စသည့် ရလဒ်များ ဆိုးဝါးခဲ့ပါက ထောက်ခံမှုပေးရန် ပြန်လည် စဉ်းစားကြပါလိမ့်မည်။
ဆိုခဲ့သလို ရွေးကောက်ပွဲဟူသည် လူထုအား လွတ်လပ်ခွင့်ပေးရသည့်၊ လူထုနှင့် ကစားရသည့်၊ လူထုအား ဦးထိပ်ပန်ဆင်ရသည့် နိုင်ငံရေးလုပ်ငန်း ဖြစ်သည့်အတွက် စစ်ကော်မရှင်အနေဖြင့် များစွာ သတိထား ကိုင်တွယ်ရမည် ဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်များအား ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းအား ပြည်သူလူထု ကိုယ်တိုင်က (လျှို့ဝှက်စွာ) မဲပေးဆုံးဖြတ်ခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုသည် အခရာ (သို့မဟုတ်) အချုပ်အခြာ ဖြစ်နေပါသည်။ အဆုံးအဖြတ်သည် ပြည်သူလူထု၏ စိတ်ဆန္ဒ (သို့မဟုတ်) လက်ထဲတွင် ခိုင်ခိုင်မာမာ ရှိနေကြောင်း မေ့ထား၍ မရပါပေ။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်များအား ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းအား ပြည်သူလူထု ကိုယ်တိုင်က (လျှို့ဝှက်စွာ) မဲပေးဆုံးဖြတ်ခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုသည် အခရာ (သို့မဟုတ်) အချုပ်အခြာ ဖြစ်နေပါသည်။ အဆုံးအဖြတ်သည် ပြည်သူလူထု၏ စိတ်ဆန္ဒ (သို့မဟုတ်) လက်ထဲတွင် ခိုင်ခိုင်မာမာ ရှိနေကြောင်း မေ့ထား၍ မရပါပေ။
မကြာမီ အဖြေမှန်သည် ပေါ်ထွက်လာပါတော့မည်။
မြန်မာ၏ အပြောင်းအလဲ ကောင်းခြင်း၊ ဆိုးခြင်းသည် အဆိုပါ အဖြေအပေါ်တွင် မူတည်နေသည်ဟု ဆိုရပါမည်။
(ဉာဏ်လင်းသည် ဝါရင့်နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။)
You may also like these stories:
ရွေးကောက်ပွဲအောင်မြင်ရင်လည်း စစ်အာဏာရှင်စနစ် ဆက်ရှင်သန်နေဦးမှာပဲ (ရုပ်/သံ)
ရွေးကောက်ပွဲဥပဒေ ပြည်သူတို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်နေ
ရွေးကောက်ပွဲအတုမှာ ဗိုလ်ချုပ်တွေ၊ စစ်ဝန်ကြီးတွေ ရှေ့ဆုံးက ဝင်ပါ
ရွေးကောက်ပွဲဝေဖန်သူတွေကို ဆက်တိုက် ဖမ်းနေ (ရုပ်/သံ)
ရွေးကောက်ပွဲမဲဆွယ်မှု ကြံ့ခိုင်ရေးပါတီကိုသာ တွေ့နေရ
ရုပ်ရှင်လောကကို အသုံးချပြီး စကမ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး လုပ်လာ














