• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာစစ်အုပ်စု မပြိုကွဲလျှင် ငွေကြေးလိမ်လည်မှုစစ်ပွဲကို အမေရိကန် နိုင်မည်မဟုတ်

by သန်းဦး
22 November 2025
in သူ့အတွေး သူ့အမြင်
A A
မြန်မာစစ်အုပ်စု မပြိုကွဲလျှင် ငွေကြေးလိမ်လည်မှုစစ်ပွဲကို အမေရိကန် နိုင်မည်မဟုတ်

မြန်မာစစ်အုပ်စု အာဏာရနေသမျှ ကာလပတ်လုံး ငွေလိမ်လုပ်ငန်းများသည် အကာအကွယ် တမျိုးမဟုတ် တမျိုး ရနေမည်

2.4k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်လုပ်ငန်းများသည် ကမ္ဘာ့ခြိမ်းခြောက်မှု ဖြစ်လာသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန်ရှိ လိမ်လည်ခံရသူများထံမှ ၂၀၂၄ ခုနှစ် တနှစ်တည်းတွင် ဒေါ်လာ ၁၀ ဘီလီယံ အပါအဝင် ဒေါ်လာ ၁၆.၆ ဘီလီယံ လိမ်လည်ကြောင်း သိရသည်။

ထိုခေတ်စားနေသော လိမ်လည်မှုများကြောင့် တုန်လှုပ်ပြီး ကွန်ဂရက်နှင့် ထရမ့်အစိုးရ နှစ်ဖက်လုံးသည် သိသာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြသည်။

အင်ဒီယားနားပြည်နယ်၊ ရီပတ်ဘလစ်ကန် ကွန်ဂရက်အမတ် ဂျက်ဖာဆန် ရှရိဗ်သည် ပြည်ပငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ဥပဒေ (Dismantle Foreign Scam Syndicates Act) ကို မကြာသေးမီက တင်သွင်းပြီး ဖလော်ရီဒါပြည်နယ်၊ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရစ်ခ် စကောက်က ငွေလိမ်သူများကို တားဆီးရေး အက်ဥပဒေ (STOP Scammers Act) ကို အဆိုပြုသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန် ရှေ့နေချုပ်ရုံးက ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး အထူးအဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းကြောင်း ကြေညာပြီး အဓိကကျသည့် ဖက်ဒရယ် တရားဥပဒေ စိုးမိုးရေးဌာနများကို ပေါင်းစပ်လိုက်သည်။ တရားဝင် သတ်မှတ်ချက်မှာ “လုပ်ငန်းအဖွဲ့ “မဟုတ်ဘဲ “တိုက်ဖျက်ရေးအဖွဲ့” ဖြစ်ပြီး လျင်မြန် အဆုံးအဖြတ်ကျစွာ အရေးယူရန် ရည်ရွယ်ချက်ကို ပြသနေသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန် ရှေ့နေချုပ်ရုံးက ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး အထူးအဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းကြောင်း ကြေညာပြီး အဓိကကျသည့် ဖက်ဒရယ် တရားဥပဒေ စိုးမိုးရေးဌာနများကို ပေါင်းစပ်လိုက်သည်။ တရားဝင် သတ်မှတ်ချက်မှာ “လုပ်ငန်းအဖွဲ့ “မဟုတ်ဘဲ “တိုက်ဖျက်ရေးအဖွဲ့” ဖြစ်ပြီး လျင်မြန် အဆုံးအဖြတ်ကျစွာ အရေးယူရန် ရည်ရွယ်ချက်ကို ပြသနေသည်။

ထိုရာဇဝတ်လုပ်ငန်းများသည် မြန်မာမှ ဥပဒေမဲ့သော နယ်စပ်ဒေသများ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ အစိတ်အပိုင်းများတွင် ထွန်းကားနေသည်။ ၎င်းတို့၏ အရင်းအမြစ်များသည် ပိုမိုနက်ရှိုင်းသော စနစ်ဆိုင်ရာ ချို့ယွင်းချက်များတွင် ရှိနေသည်။ ရေရှည် ဆင်းရဲနွမ်းပါးမှု၊ အင်အားနည်းသော စီမံအုပ်ချုပ်မှု၊ လူကုန်ကူးခြင်းနှင့် တရားဥပဒေ စိုးမိုးမှုပြိုလဲခြင်းတို့ ဖြစ်သည်။

ထိုလုပ်ငန်းအများစုကို မူလက နယ်စပ်ဖြတ်ကျော် ကာစီနိုများနှင့် လောင်းကစား အင်ပါယာများကို တည်ထောင်ထားသည့် တရုတ်ရာဇဝတ်ဂိုဏ်းများက ကြီးကြပ်သည်။ အချိန်ကြာလာသောအခါ ထိုလုပ်ငန်းများသည် လွန်စွာစနစ်ကျသည့် ငွေလိမ်လုပ်ငန်းများအဖြစ် ပြောင်းလာသည်။

မြန်မာတွင် ပြဿနာကို အကျင့်ပျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်အုပ်စုအကြား မဟာမိတ်ဖွဲ့ခြင်းက ပိုမိုဆိုးရွားစေသည်။ ထိုမဟာမိတ် နှစ်ဖက်သည် ရာဇဝတ်မှု အချက်အချာများကို အတူတကွ ကာကွယ်ကာ အကျိုးအမြတ် ရယူကြသည်။

မြန်မာစစ်တပ်၊ တရုတ်များ ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့အကြား ပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန့်သော အထောက်အထားရှိသည်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မြို့များဖြစ်သည့် လောက်ကိုင်နှင့် မိုင်းလားသည် စစ်အုပ်စု မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ၏ အကာအကွယ်ဖြင့် အဓိက ငွေလိမ်လုပ်ငန်းဒေသများအဖြစ် လုပ်ကိုင်သည်။

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ထိုဂိုဏ်းများကို ဖြိုခွဲရန် မြန်မာစစ်တပ်၏ ငြင်းဆန်မှုကြောင့် တရုတ်အစိုးရသည် မြောက်ပိုင်းမဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်တွင် ခွင့်ပြုခဲ့သည်။

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ထိုဂိုဏ်းများကို ဖြိုခွဲရန် မြန်မာစစ်တပ်၏ ငြင်းဆန်မှုကြောင့် တရုတ်အစိုးရသည် မြောက်ပိုင်းမဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်တွင် ခွင့်ပြုခဲ့သည်။

ထိုထိုးစစ်အတွင်း မြန်မာစစ်တပ်နှင့် ကိုးကန့်နယ်ခြားစောင့်တပ်သည် အကြီးအကျယ် ချေမှုန်းခံရသည်။ ထိုဒေသကို သိမ်းပိုက်ပြီးနောက် ညီနောင်မဟာမိတ် သုံးဖွဲ့ဟုလည်း သိကြသည့် မြောက်ပိုင်းမဟာမိတ်သည် ဖမ်းမိသော ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို တရုတ်အာဏာပိုင်များထံ ချက်ချင်း လွှဲပြောင်းပေးအပ်သည်။

ထိုသို့ ဖမ်းဆီးခံရသူများတွင် ကိုးကန့် BGF ခေါင်းဆောင်ဖြစ်ပြီး စစ်အုပ်စုခန့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးနှင့် စစ်အုပ်စု ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင် ပယ်ဆောက်ချိန် ပါဝင်သည်။ ပုဂ္ဂိုလ်ရေးနှင့် ဘဏ္ဍာရေးကွန်ရက်များဖြင့် စစ်တပ်နှင့် အပြန်အလှန် ပတ်သက်နေသည့် အခြားကိုးကန့် BGF ခေါင်းဆောင် အများအပြားကိုလည်း လွှဲပြောင်းပေးပြီး ယခုအခါ တရုတ်နိုင်ငံတွင် ပြင်းထန်သော ပြစ်ဒဏ်များ ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ ငွေလိမ်လုပ်ငန်း အချက်အချာနေရာများ ပြိုလဲပြီးနောက် နိုင်ငံတောင်ပိုင်းတွင် အလားတူ ပုံစံဖြစ်လာပြီး ငွေလိမ်လုပ်ငန်းများသည် ထိုင်းနယ်စပ်အနီး ကရင်နှင့် မွန်ပြည်နယ်များတွင် ထွန်းကားကြသည်။ အမည်ဆိုး အကျော်ကြားဆုံးမှာ သောင်ရင်းမြစ်ကမ်းတွင် တည်ရှိသည့် ရွှေကုက္ကိုဖြစ်ပြီး ထိုနေရာကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မှူးဟောင်း စောချစ်သူ ဦးဆောင်သည့် BGF က ထိန်းချုပ်ထားသည်။

ထို BGF သည် စစ်အုပ်စုက စီစဉ်သည့် ရွေးကောက်ပွဲအတုကို ဗြောင်ကျကျ ထောက်ခံပြီး ၂၀၂၃ ခုနှစ်တွင် စောချစ်သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ ဂုဏ်ထူးဆောင်ဘွဲ့တခု လက်ခံသည်။ ထိုကိစ္စသည် ဆိုက်ဘာရာဇဝတ်မှုနှင့် လူကုန်ကူးမှုတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု အထောက်အထား ဖြစ်သည်။

မြန်မာစစ်အုပ်စု အာဏာရနေသမျှ ကာလပတ်လုံး ငွေလိမ်လုပ်ငန်းများသည် အကာအကွယ် တမျိုးမဟုတ် တမျိုး ရနေမည်ဖြစ်ကြောင်း ပိုမိုထင်ရှားလာသည်။ အရေးပါသော ဥပမာတခု ၂၀၂၄ ခုနှစ်တွင် ဖြစ်လာသည်။ ငွေလိမ်ဒေသများသို့ ထိုင်းအာဏာပိုင်များက နယ်စပ်ဖြတ်ကျော် အင်တာနက် အချိတ်အဆက် ဖြတ်တောက်လိုက်သည်။ စစ်အုပ်စုပိုင် Mytel ဟုခေါ်သည့် Telecom International Myanmar သည် ချက်ချင်း အစားထိုး ဝင်ဆောင်မှုပေးသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုရာဇဝတ်ဂိုဏ်များကို ပစ်မှတ်ထား အရေးယူမှုများဖြင့် ထိန်းချုပ်ရန် ကြိုးစားသော်လည်း ထိုနည်းလမ်းသည် အကန့်အသတ်ရှိသော ရလဒ်ကိုသာ ဖြစ်စေသည်။ ထို့ကြောင့် ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် လိုအပ်ပြီး ကြိုဆိုရမည့်ကိစ္စ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ထိုရာဇဝတ်ဂိုဏ်များကို ပစ်မှတ်ထား အရေးယူမှုများဖြင့် ထိန်းချုပ်ရန် ကြိုးစားသော်လည်း ထိုနည်းလမ်းသည် အကန့်အသတ်ရှိသော ရလဒ်ကိုသာ ဖြစ်စေသည်။ ထို့ကြောင့် ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် လိုအပ်ပြီး ကြိုဆိုရမည့်ကိစ္စ ဖြစ်သည်။

ဖိလစ်ပိုင်ကဲ့သို့ ဒီမိုကရေစီဖြင့် အုပ်ချုပ်သော နိုင်ငံများသည် ငွေလိမ်လုပ်ငန်းကွန်ရက်များကို တိုက်ဖျက်ရာတွင် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာကို အုပ်ချုပ်သည့် အာဏာရှင်နိုင်ငံများထက် များစွာ ပိုမိုထိရောက်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် ယခုအခါ စဉ်းစားနေသည့် ဗင်နီဇွဲလားအစိုးရကို အပြောင်းအလဲလုပ်ရေးသည် ငွေလိမ်လုပ်ငန်းများကို အပြီးတိုင်ဖျက်သိမ်းရေး အမေရိကန်အစိုးရက မျှော်လင့်ပါက ရွေးချယ်စရာဖြစ်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
125
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
92
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

မြန်မာသည် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ဖော်ဆောင်မည့်သူများကို ပိုင်ဆိုင်ထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs) သည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရန် ကြိုးစားနေကြသည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် ၎င်းတို့၏ ဒေသအသီးသီးတွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်နေပြီး အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အာဏာသိမ်းဖြုတ်ချခံရသည့် ရွေးကောက်ခံ နိုင်ငံရေးသမားများ ပါဝင်သည်။

စစ်အုပ်စု လိုလားသည့် ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းသည့် တရားမဝင် စစ်အုပ်စုကို ဆန့်ကျင်ရာတွင် ထိုအင်အားစုများသည် နှေးကွေးသည်ဟုဆိုလျှင်ပင် ပုံမှန်တိုးတက်မှုရနေသည်။

ယခု ၎င်းတို့ လိုအပ်နေသောအရာမှာ ပိုမိုကြီးမားသည့် အမေရိကန် ထောက်ခံမှုဖြစ်သည်။ ကွန်ဂရက်သည် ဘားမားအက်ဥပဒေကို ၂၀၂၂ ခုနှစ်တွင် အတည်ပြုပြီး မြန်မာဒီမိုကရေစီ လှုပ်ရှားမှုကို အကူအညီပေးသည့် လိုအပ်သော အစီအမံများကို လုပ်ပိုင်ခွင့် အစိုးရကို ပေးထားသည်။

ထိုစဉ်က ငွေလိမ်လုပ်ငန်း အကျပ်အတည်းသည် မပေါက်ကွဲသေးဘဲ ထိုဥပဒေကလည်း ထိုကိစ္စကို တိုက်ရိုက် ကိုင်တွယ်ခြင်း မရှိပေ။ ထိုသို့ လစ်ဟာမှုကြောင့် အထက်ဖော်ပြပါ ဥပဒေ အဆိုပြုချက်သစ်များ ဖြစ်စေသည်။

ဘားမားအက်ဥပဒေသည် ငွေလိမ်လုပ်ငန်းများ သို့မဟုတ် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုများကို အတိအလင်း ထည့်သွင်း မစဉ်းစားသောကြောင့် ဘားမားအက်ဥပဒေ၏ “လက်နက်မဟုတ်သော အကူအညီ” သည် ခေတ်မမီကြောင်း ကျိုးကြောင်း ဆီလျော်စွာ မြင်နိုင်သည်။

အရှေ့တောင်အာရှ လုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျွမ်းကျင်သူများ အကြိမ်ကြိမ် ပြောခဲ့သည့်အတိုင်း ငွေလိမ်လုပ်ငန်းများသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုနှင့် အကျင့်ပျက်ခြစားမှုတို့၏ လမ်းဆုံလမ်းခွတွင် ရှိနေသည်။

အရှေ့တောင်အာရှ လုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျွမ်းကျင်သူများ အကြိမ်ကြိမ် ပြောခဲ့သည့်အတိုင်း ငွေလိမ်လုပ်ငန်းများသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုနှင့် အကျင့်ပျက်ခြစားမှုတို့၏ လမ်းဆုံလမ်းခွတွင် ရှိနေသည်။

ထိုကွန်ရက်များသည် စီမံအုပ်ချုပ်မှုကို ထိခိုက်စေကာ ဒေသတခုလုံးကို မတည်မငြိမ်ဖြစ်စေပြီး အမေရိကန် အမျိုးသားအကျိုးစီးပွားများကို ထိခိုက်စေသည်။

ထိုအခြေအနေသည် အမေရိကန် ပြည်ထောင်စုက တဘက်သတ် စစ်ရေးအရေးယူမှုနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်စဉ်းစားမှု မကြာသေးမီက ဖြစ်စေသည့် ဗင်နီဇွဲလား မူးယစ်မှောင်ခိုမှု ကွန်ရက်များကို ထင်ဟပ်သည်။ ထိုကွန်ရက်များသည် အမေရိကန် အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်လာသောအခါ အမေရိကန် ပြည်ထောင်စုသည် တုံ့ဆိုင်းခြင်း မရှိပေ။ မြန်မာငွေလိမ်လုပ်ငန်းများသည် ယခုအခါ အလားတူ ခြိမ်းခြောက်မှု ဖြစ်လာသည်။

ထိရောက်သော အရေးယူမှုသည် ထိုလုပ်ငန်းများကို အမှန်တကယ် ကူညီသူများအား ပစ်မှတ်ထားရမည်။ အကျင့်ပျက်အရာရှိများ၊ ရာဇဝတ် စစ်ဘုရင်များနှင့် မြန်မာစစ်အုပ်စုတို့သည် မြင်သာသော ကူညီသူများဖြစ်သည်။ နိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်းများကို ပိတ်ပင်ခြင်းသည် အမေရိကန် ပြည်ထောင်စု၊ ဒေသတွင်း အစိုးရများနှင့် နိုင်ငံတကာ မိတ်ဖက်များအကြား ညှိနှိုင်း သံတမန်ရေးဖိအား၊ ထောက်လှမ်းရေးသတင်း မျှဝေခြင်းနှင့် တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ခြင်းတို့ လိုအပ်မည်ဖြစ်သည်။

ထိုရာဇဝတ်ဂိုဏ်းများသည် တကမ္ဘာလုံးမှ ပြည်သူများကို သားကောင်ရှာပြီး နိုင်ငံတိုင်းသည် ထိုကိစ္စကို ငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေး ကမ္ဘာ့စစ်ပွဲသစ်အဖြစ် သတ်မှတ်သင့်သည်။ ထိုစစ်ပွဲတွင် အမေရိကန် ပြည်ထောင်စုသည် ဘားမားအက်ဥပဒေမှ ခေတ်မမီတော့သော အခွင့်အာဏာကို ပြင်ဆင်ခြင်းဖြင့် စတင်ပြီး လုပ်ထုံးလုပ်နည်းတိုင်းကို စိတ်တိုင်းကျ သုံးသင့်သည်။

(Asia Times ပါ သန်းဦး၏ US won’t win the scam war unless Myanmar’s junta is broken ကို ဘာသာပြန်သည်။ သန်းဦးသည် မြန်မာ သရုပ်ခွဲလေ့လာဆန်းစစ်သူနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူဖြစ်သည်။)

You may also like these stories:

ကျားဖြန့်ကနေ မြန်မာစစ်တပ် အကျိုးအမြတ်ရနေတယ်လို့ အမေရိကန်ပြော (ရုပ်/သံ)

ကျားဖြန့် နက်ရှိုင်းလာသောကြောင့် အယုံအကြည်မရှိ အဆိုကို ထိုင်းဝန်ကြီးချုပ် အနုတင် ရင်ဆိုင်နေရ

စောချစ်သူကို ဖမ်းနိုင်သလား (ရုပ်/သံ)

မြန်မာကို အဓိက ဦးတည်ထားတဲ့ အမေရိကန် ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့ (ရုပ်/သံ)

ထိုင်းအစိုးရကို ငွေလိမ်လုပ်ငန်းအရှုပ်တော်ပုံ ထိခိုက်လာ

စတားလင့်ခ်ဖြင့် မြန်မာငွေလိမ်လုပ်ငန်းများ ဆက်လက် ထွန်းကားနေ

ကမ္ဘောဒီးယားနှင့် မြန်မာရှိ ငွေလိမ်ဂိုဏ်းများနောက်ကွယ်မှ ကုမ္ပဏီများကို အမေရိကန် အရေးယူ

ရှီကျီကျန်းပြီးတော့ စောချစ်သူအလှည့်လား

KK Park ကို စစ်အုပ်စု မည်သည့်အတွက် ဟန်ပြဖြိုခွဲသနည်း

Your Thoughts …
Tags: BGFEROKNUNUGPDFUSDPငွေကြေးခဝါချမှုငွေလိမ်လုပ်ငန်းစစ်ကော်မရှင်ဆိုက်ဘာရာဇဝတ်မှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဘားမားအက်ဥပဒေရွှေကုက္ကိုလူကုန်ကူးမှုအမေရိကန်
သန်းဦး

သန်းဦး

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
Meta က စပိန် မီဒီယာတွေကို ဒေါ်လာ ၅၅၂ သန်းကျော် လျော်ကြေး ပေးရဖွယ် ရှိနေ

Meta က စပိန် မီဒီယာတွေကို ဒေါ်လာ ၅၅၂ သန်းကျော် လျော်ကြေး ပေးရဖွယ် ရှိနေ

အကျဉ်းသားတွေ ပါတဲ့ကားကို PDF တွေ ဘယ်လိုတိုက်ခိုက် ကယ်ထုတ်ခဲ့လဲ (ရုပ်/သံ)

အကျဉ်းသားတွေ ပါတဲ့ကားကို PDF တွေ ဘယ်လိုတိုက်ခိုက် ကယ်ထုတ်ခဲ့လဲ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved