ကမ္ဘောဒီးယားနှင့် စစ်ခေါ်သံများအကြား ထိုင်းနိုင်ငံရေး ပတ်ဝန်းကျင်သည် ထိန်းချုပ်မရ၊ မတည်မငြိမ် ဖြစ်နေသည်။ ၂၀၂၃ ခုနှစ်၊ မေလက ကျင်းပသည့် ရွေးကောက်ပွဲတွင် တတိယအများဆုံး အနိုင်ရသည့် တတိယမြောက် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်၏ လူနည်းစုအစိုးရသည် သူ၏ ဘုမ့်ကျိုင်ထိုင်းပါတီ (BJT) နှင့် ပါလီမန်တွင် အကြီးမားဆုံးအုပ်စုဖြစ်သည့် ပြည်သူ့ပါတီ (PP) အကြား လေးလအတွက် သဘောတူညီချက်အပြင် ဖိအားများကို ရင်ဆိုင်နေရသည်။
ဒီဇင်ဘာလတွင် စီစဉ်ထားသည့် အယုံအကြည်မရှိ အဆိုနှင့် ဆိုက်ဘာငွေကြေးလိမ်လည်မှု ကွန်ရက်နှင့်ပတ်သက်သည့် အစိုးရအဖွဲ့ဝင်များကို ပြင်းထန်သော အဂတိစွပ်စွဲချက်များမှ ဖိအားမြင့်မားနေစဉ် ဝန်ကြီးချုပ် အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုတွင် အမျိုးသားရေးဝါဒကို အသုံးချနေသော်လည်း လာမည့်နှစ် မတ်လကုန်တွင် မျှော်မှန်းထားသည့် ရွေးကောက်ပွဲကို ပိုမို စောစီးစွာကျင်းပရန် ဖိအားပေးခံနေရသည်။
PP ၏ ယခင်ပါတီဟောင်း ရှေ့သို့ချီပါတီ (MFP) ဖျက်သိမ်းခံရပြီး ရွေးကောက်ပွဲတွင် ဒုတိယ အများဆုံး အနိုင်ရသည့် ဖွေထိုင်းပါတီမှ မစ္စတာ ဆက်ထာ ထာဝီစင်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်တွင်နှင့် မစ္စ ပေတောင်တန် ရှင်နာဝပ်ကို နောင်တနှစ်အကြာတွင် ဝန်ကြီးချုပ်ဖြစ်မှ ဖယ်ရှားပြီးနောက် မစ္စတာ အနုတင်သည် အဖြည့်ခံ အစိုးရကို ဦးဆောင်နေရသည်။
PP နှင့် လေးလအတွက် သဘောတူညီမှု ရှိသော်လည်း ငွေကြေးထောက်ပံ့မှု ကွန်ရက်များရှိ ပြည်နယ်များမှ ကျင့်ဝတ်မညီသော လက်ဟောင်းနိုင်ငံရေးသမားဖြင့် ဖွဲ့စည်းထားသည့် အနုတင်အစိုးရသည် ၂၀၂၇ ခုနှစ်၊ မေလတွင် စီစဉ်ထားသည့် နောက်ရွေးကောက်ပွဲမတိုင်မီ အစိုးရစီမံကိန်းများမှ အကျိုးအမြတ်ရမည့် အာဏာ ဆက်လက်ရှိနေဖွယ်ရှိသည်။
ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စွမ်းအင် ဝန်ကြီးဌာနများတွင် ပညာတတ်များကို ခန့်ထားသော်လည်း အစိုးရဖွဲ့ဝင်အများစုကို ပါတီနာယကကြီး နေဝင်း ချစ်ချော့က ကြီးကြပ်ပြီး အနုတင်ခေါင်းဆောင်သည့် BJT က မဟာမိတ် ကလသမ်နှင့် ညီညွတ်သောထိုင်းနိုင်ငံပါတီများနှင့်အတူ ရယူထားသည်။ BJT-PP သဘောတူညီချက်မှာ မစ္စတာ အနုတင်က ပါလီမန်လုပ်ငန်းများကို ကိုင်တွယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဟောင်းကို ပြင်ဆင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် ဆန္ဒခံယူပွဲကို လာမည့်ရွေးကောက်ပွဲနှင့် တပြိုင်နက် ကျင်းပရေးဖြစ်သည်။
သို့သော် သူ ဝန်ကြီးချုပ်ဖြစ်လာသောအခါ မစ္စတာ အနုတင်အတွက် အဖြစ်အပျက်များ လျင်မြန်လာသည်။ ဒုဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးဝန်ကြီး မစ္စတာ သာမာနတ် ပရွမ်ပေါ မူးယစ်မှောင်ခိုမှုစွဲချက်ဖြင့် သြစတေးလျတွင် ထောင်ချခံရခြင်း၊ ကမ္ဘောဒီးယား အခြေစိုက် ဆိုက်ဘာရာဇဝတ်မှုများနှင့် ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် စွပ်စွဲချက်များ အပါအဝင် ယခင်က အရှုပ်တော်ပုံများတွင် သူ၏ အစိုးရဝန်ကြီးများ ပါဝင်ပတ်သက်နေခြင်းသည် မစ္စတာ အနုတင်ကို ထိခိုက်စေသည်။
သို့သော် သူ ဝန်ကြီးချုပ်ဖြစ်လာသောအခါ မစ္စတာ အနုတင်အတွက် အဖြစ်အပျက်များ လျင်မြန်လာသည်။ ဒုဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးဝန်ကြီး မစ္စတာ သာမာနတ် ပရွမ်ပေါ မူးယစ်မှောင်ခိုမှုစွဲချက်ဖြင့် သြစတေးလျတွင် ထောင်ချခံရခြင်း၊ ကမ္ဘောဒီးယား အခြေစိုက် ဆိုက်ဘာရာဇဝတ်မှုများနှင့် ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် စွပ်စွဲချက်များ အပါအဝင် ယခင်က အရှုပ်တော်ပုံများတွင် သူ၏ အစိုးရဝန်ကြီးများ ပါဝင်ပတ်သက်နေခြင်းသည် မစ္စတာ အနုတင်ကို ထိခိုက်စေသည်။
ဒေါ်လာ ဘီလီယံပေါင်းများစွာတန်သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများနှင့် ပတ်သက်သည့် ပိုမိုများပြားသော အချက်အလက်များ ထွက်ပေါ်လာချိန်တွင် မေးခွန်းများစွာအတွက် အဖြေမရှိဖြစ်နေသည်။ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ဗိုရာပက် တန်ယာဝေါင်သည် ကမ္ဘောဒီးယားမှ အငြင်းပွားဖွယ် စီးပွားသမား ယင်မ်လိခ် တည်ထောင်ထားသည့် ကမ္ဘောဒီးယားမှ BIC ဘဏ်နှင့် ပတ်သက်သည့် စွပ်စွဲချက်များကြောင့် ရာထူးမှ နုတ်ထွက်ရသည်။
ဆိုက်ဘာလိမ်လည်မှု၊ လူနှင့် မူးယစ်ကုန်ကူးခြင်း၊ ဆိုက်ဘာရာဇဝတ်ကွန်ရက်များ ငွေကြေးခဝါချခြင်းတို့ကို ဖော်ထုတ်သည့် သတင်းများအရ ဗိုရာပက်ကို စွပ်စွဲချက်များသည် အဖျားအနားသာဖြစ်ကြောင်း ပေါ်ပေါက်လာသည်။
Prince Group မှ ချန်းကျီနှင့် Huione Group မှ ဟွန်တိုတို့သည် ထိုငွေလိမ်လုပ်ငန်းများကို ပေါင်းကူးပေးသည့် အဓိကလူဟု စွပ်စွဲခံထားရသူ ဘန်ဂျမင် မော်ရာဘာဂါနှင့်အတူ ခေါင်းဆောင်များဖြစ်သည်ဟု ခန့်မှန်းရသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် Prince Group နှင့် ချန်းကျီ၏ ခရစ်ပတိုငွေကြေးနှင့် အခြားဘဏ္ဍာရေးပိုင်ဆိုင်မှု ဒေါ်လာ ၁၅ ဘီလီယံနီးပါးကို ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် ငွေကြေးခဝါချမှု စွပ်စွဲချက်များဖြင့် သိမ်းဆည်းသည်။ ဗြိတိန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်ကာပူတို့ကလည်း ထိုသူများကို အလားတူ နှိမ်နင်းသည်။
ထိုမထင်ရှားသည့် ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ထိုင်းအဆက်အသွယ် စွပ်စွဲချက်သည် ကျယ်ပြန့်နက်ရှိုင်းပုံရသည်။ ဥပမာအားဖြင့် Prince Group သည် အနုတင်မိသားစုပိုင် Sino-Thai ရုံးခန်း အဆောက်အအုံတွင် အခန်းတခန်း ငှားရမ်းထားသည်။ မော်ရာဘာဂါနှင့် ထိုင်း ထိပ်တန်းအရာရှိများ တွဲရိုက်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက် မီဒီယာတွင် ပျံ့နေသည်။
ငွေကြေးလိမ်လည်သည့် ကွန်ရက်များကို အကြီးအကျယ် “စစ်ဆင်မှု” ဟု ကြေညာသော်လည်း ဝန်ကြီးချုပ် အနုတင်သည် ရာဇဝတ်ကွန်ရက်များကို နှိမ်နင်းရန် စိတ်အားထက်သန်ပုံမရပေ။
ငွေကြေးလိမ်လည်သည့် ကွန်ရက်များကို အကြီးအကျယ် “စစ်ဆင်မှု” ဟု ကြေညာသော်လည်း ဝန်ကြီးချုပ် အနုတင်သည် ရာဇဝတ်ကွန်ရက်များကို နှိမ်နင်းရန် စိတ်အားထက်သန်ပုံမရပေ။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် အရေးပါလာပြီး အာရုံစိုက်ခံရကာ သတင်းခေါင်းစဉ်များ လမ်းကြောင်း လွဲသောအခါ ပြည်တွင်း အမျိုးသားရေးဝါဒ ခေါင်းထောင်ထခြင်းက ငွေလိမ်လုပ်ငန်း အကျပ်အတည်းကို ဖုံးလွှမ်းပြီး ရွေးကောက်ပွဲ ကျင်းပချိန်တွင် အကျိုးအမြတ်ဖြစ်စေမည်ဟု မစ္စတာ အနုတင် မျှော်လင့်ကောင်း မျှော်လင့်နိုင်သည်။
အလားတူစွာပင် ခေါင်းဆောင်သစ် မစ္စတာ ဂျူလာပန် အမွန်ဝီဝက် အောက်မှ ဖွေထိုင်းပါတီသည် ဒီဇင်ဘာလတွင် ပါလီမန် ပြန်လည်ခေါ်ယူသောအခါ အယုံအကြည်မရှိအဆို တင်သွင်းရန် စီစဉ်ထားသည်။ BJT သည် အခြားပါတီများမှ ဘက်ပြောင်းလာသည့် ပါလီမန်အမတ်များကို စည်းရုံးလက်ခံထားသော်လည်း ၁၀၀ အောက်သာရှိသောကြောင့် PP နှင့် ၎င်း၏ ပါလီမန်ကိုယ်စားလှယ် ၁၄၃ ဦးက သဘောတူညီချက်ကို မလိုက်နာလျှင် အယုံအကြည်မရှိအဆိုကို ခုခံနိုင်ဖွယ်မရှိပေ။
သို့သော် ငွေကြေးလိမ်လည်မှု အကျပ်အတည်းမှ ဆိုးရွားသော အကျင့်ပျက်ခြစားမှုနှင့် လိမ်လည်မှု အထောက်အထားများကြောင့် PP သည် BJT နှင့် ရပ်တည်ရန် ခက်ခဲသည်။ သူ၏ လူနည်းစုအစိုးရကို အယုံအကြည်မရှိ အဆိုအား လုံလောက်သော ထောက်ခံမှု မရှိပါက ပါလီမန်ကို ဖျက်သိမ်းမည့်သဘော ဝန်ကြီးချုပ် အနုတင်က အကြိမ်ကြိမ် အရိပ်အမြွက်ပြောသည်။
အယုံအကြည်မရှိအဆို သက်ဝင်ပါက ရွေးကောက်ပွဲသစ်ခေါ်ယူရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ကို တားဆီးထားသောကြောင့် ဝန်ကြီးချုပ်သည် ရာထူးသက်တမ်း လျှော့ချရမည်ဖြစ်သည်။ PP နှင့် သဘောတူညီထားသော လေးလ အချိန်ဇယားအရ ပါလီမန်ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖျက်သိမ်းရမည်ဖြစ်ပြီး ရွေးကောက်ပွဲသစ်ကို မတ်လ ၂၉ ရက်နေ့တွင် ကျင်းပရမည်ဖြစ်သော်လည်း အယုံအကြည်မရှိအဆို သက်ဝင်ပါက မစ္စတာ အနုတင်သည် ပါလီမန်အစည်းအဝေး ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖျက်သိမ်းရမည်ဖြစ်သည်။
အယုံအကြည်မရှိအဆို သက်ဝင်ပါက ရွေးကောက်ပွဲသစ်ခေါ်ယူရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ကို တားဆီးထားသောကြောင့် ဝန်ကြီးချုပ်သည် ရာထူးသက်တမ်း လျှော့ချရမည်ဖြစ်သည်။ PP နှင့် သဘောတူညီထားသော လေးလ အချိန်ဇယားအရ ပါလီမန်ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖျက်သိမ်းရမည်ဖြစ်ပြီး ရွေးကောက်ပွဲသစ်ကို မတ်လ ၂၉ ရက်နေ့တွင် ကျင်းပရမည်ဖြစ်သော်လည်း အယုံအကြည်မရှိအဆို သက်ဝင်ပါက မစ္စတာ အနုတင်သည် ပါလီမန်အစည်းအဝေး ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖျက်သိမ်းရမည်ဖြစ်သည်။
ထိုသို့ ဖျက်သိမ်းပါက ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ဖေဖော်ဝါရီလတွင် ကျင်းပရမည်ဖြစ်သည်။ သေချာသည်မှာ အာဏာရပါတီသည် BJT, ဖွေထိုင်းနှင့် PP အကြား သုံးပွင့်ဆိုင်ပြိုင်ပွဲအဖြစ် ပုံပေါ်နေသည့် ရွေးကောက်ပွဲအတွက် ပိုမိုပြင်ဆင်ထားပုံရသည်။
သေချာသည်မှာ အနုတင်အစိုးရသည် ကြီးမားသော အခွန်သက်သာခွင့် အစီအစဉ်နှင့် ဝင်ငွေနည်းသူများအတွက် ထက်ဝက် ထောက်ပံ့ကြေးပေးသည့် အစီအမံများကို ပြုလုပ်သည်။ ထိုဝင်ငွေနည်းသူများသည် အခြေခံကုန်စည်များကို ဈေးနှုန်းတဝက်သာ ပေးရပြီး ကျန်တဝက်ကို အစိုးရက စိုက်ထုတ်ပေးသည်။
အာဏာရသည်နှင့် တပြိုင်နက် BJT သည် ဝါရင့်အစိုးရဝန်ထမ်းများအား ရာထူးတိုးပေးမည့်စာရင်းကို ရုတ်သိမ်းပြင်ဆင်ပြီး ၎င်း၏ အကြိုက်ဆုံး သစ္စာခံများကို ရွေးကောက်ပွဲ အားသာချက်နှင့် ပြည်နယ်အသုံးစရိတ်များကို ကြီးကြပ်သည့် အဓိက အာဏာရနေရာများတွင် ထားသည်။ BJT သည် အထက်လွှတ်တော်ရွေးကောက်ပွဲများကို လိုသလိုအသုံးချသည့် ပြင်းထန်သော အမှု နှစ်ခုနှင့် ပြည်သူပိုင်မြေကို ကျူးကျော်မှုကိုလည်း ဥပဒေအရ ဆိုင်းငံ့ထားသည်။
ဖွေထိုင်းပါတီသည် ခြေကုပ်ပြန်လည်ရရန် ကြိုးစားနေပြီး PP သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် BJT နှင့် သဘောတူညီချက်ကို လိုက်နာမည် သို့မဟုတ် အာဏာရပါတီကို စွန့်လွှတ်ကာ ငွေကြေးလိမ်လည်မှု အကျပ်အတည်းကြောင့် ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်းငံ့ထားမည်ကို ရွေးချယ်ရမည်။
ထို့ကြောင့် BJT သည် ရွေးကောက်ပွဲအပြီး အာဏာ ဆက်လက်ဆုပ်ကိုင်ရန် အားထုတ်သည့်အနေဖြင့် PP နှင့် ဖွေထိုင်းကို အသာရရန် ကြီးကြပ်သော အေဂျင်စီများနှင့် ၎င်း၏ လက်ရှိနိုင်ငံရေးအသိုက်အဝန်းကို ထောက်ခံသူများကို အားကိုးနိုင်သည်။
လိုအပ်ပါက ဝန်ကြီးချုပ် အနုတင်သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ရေးပဋိပက္ခကို အသုံးချပြီး ရွေးကောက်ပွဲအချိန်ဇယားကို နှောင့်နှေးစေကာ စီစဉ်ထားသည့် အယုံအကြည်မရှိအဆိုကို ရှုပ်ထွေးသွားအောင် ကြိုးစားနိုင်သည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Thailand’s Anutin Faces No-Confidence Threat as Scam Scandals Deepen ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
ထိုင်းအစိုးရကို ငွေလိမ်လုပ်ငန်းအရှုပ်တော်ပုံ ထိခိုက်လာ
အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်
ငွေလိမ်လုပ်ငန်းကြောင့် အရေးယူပိတ်ဆို့ခံရသည့် ချန်ကျီနှင့် Prince အုပ်စု
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ
မြန်မာ-ထိုင်းနယ်စပ်က ငွေလိမ်စင်တာတွေ အရှုပ်တော်ပုံ














