ရှေးဟောင်းလက်ရာများ ပေါကြွယ်ဝသည့် မြောက်ဦးမြို့နယ်သည် စစ်ပွဲဒဏ် အများဆုံး ခံရသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်များတွင် တခုပါအဝင် ဖြစ်သည်။ နေ့စဉ်နှင့်အမျှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများဖြင့် မြို့နယ်တခုလုံး ဆူညံနေခဲ့သော်လည်း တပ်မတော်နှင့် AA တို့၏ နှစ်ဖက် အပြန်အလှန်ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီးသည့် နောက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီး ယမ်းငွေ့များလည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း အောက်ခြေတပ်များက လက်နက်၊ ရိက္ခာများ စုဆောင်းပြီး ခံတပ် ၊ ကတုတ်ကျင်းများ အခိုင်အမာပြုလုပ်ထားသည်ကို မြင်တွေ့နေရသဖြင့် မြောက်ဦး ဒေသခံများမှာ နောက်ထပ်တဖန် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ရိုက်ကူး- မင်းအောင်လှိုင်











