နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် (ခ) ကိုထက်ထက်ဟာ အိုးဘိုအကျဉ်းထောင် ဝန်ထမ်းတွေရဲ့ ရိုက်နှက် နှိပ်စက်မှုကြောင့် ဇွန်လ ၂၁ ရက်နေ့မှာ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဇွန်လ ၂၆ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ က အကျဉ်းသားစာရေး တဦးဟာ မူးယစ်ဆေးဝါးရောင်းချနေတာကို တွေ့ရှိခဲ့ပြီး အကျဉ်းထောင် အာဏာပိုင်တွေကို တိုင်တန်းဖို့ကြိုးစားရင်း အခုလိုနှိပ်စက် သတ်ဖြတ်ခံခဲ့ ရတာလို့ ဆိုပါတယ်။
ကိုထက်ရန်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ နဲ့ ထောင်ဒဏ် လေးနှစ် ချမှတ်ခံ ထားရသူဖြစ်ပါတယ်။ သူသေဆုံးသွားတာနဲ့ပတ်သက်ပြီး အကျဉ်းဦးစီး ဘက်က ထုတ်ပြန်တဲ့ ဆေးမှတ်တမ်းမှာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရတာလို့ ရေးသားထားကြောင်း သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR