စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ကြိုးပမ်းနေကြတဲ့ လူထုတော်လှန်ရေးမှာ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် က ဧရာဝတီကို ပြောပါတယ်။
ပြည်ပရောက် မြန်မာတွေဟာ လက်ရှိတော်လှန်ရေးမှာ နည်းပညာပိုင်းအထောက်အကူ၊ ငွေကြေးနဲ့ စိတ်ဓာတ်မြှင့်တင်ရေးပိုင်းတွေမှာပါ မျိုးဆက် ၄ ခုလုံးက တတပ်တအား ပါဝင်နေကြတာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အဘိုးအဘွား အရွယ်တွေပါ လုပ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာတွေ့ရပြီး သူတို့ဟာ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကို အမွေကောင်း ပေးခဲ့ချင်ကြပုံရတယ်လို့ ဒေါက်တာ မီမီဝင်းဘတ် က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါက်တာမီမီဝင်းဘတ် #တော်လှန်ရေး #ပြည်ပရောက် #မျိုးဆက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR