ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အင်အားပြင်း ယာဂိတိုင်ဖွန်းမုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာလည်း မြို့ပေါင်း ၁၀ မြို့ ထက်မနည်း မိုးကြီး ရေနစ်မြုပ်မှု ဒါဏ်ကို ခံစားနေရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး”ဝ” ဒေသ မိုင်းပေါက်၊ ပန်ဆန်း၊ ကရင်ပြည်နယ် မြဝတီမြို့၊ သာယာဝတီခရိုင် သုံးဆယ်မြို့၊ နေပြည်တော် တပ်ကုန်းမြို့နယ်က ကျေးရွာတွေ၊ ရှမ်းပြည်နယ်အတွင်းက တောင်ကြီး၊ ကလော၊ ဟိုပုန်းနဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့၊ ကရင်နီပြည် က ဖရူဆို စတဲ့ မြို့နယ် တော်တော် များများမှာ ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။
မိုးရွာသွန်းမှုနဲ့အတူ မြစ်ရေ၊ ချောင်းရေလျှံမှု၊ မြင့်တက်လာတဲ့ ဆည်ရေတွေ ဖောက်ချရတာတွေကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်လာရတာလို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ယာဂိမုန်တိုင်း #ရေကြီးမှု #မြဝတီ #တာချီလိတ်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR