• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ဆေးမည့်သတင်းကြောင့် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်းတချို့ ယာယီပိတ်

by စောလွင်
11 September 2024
in သတင်း
A A
စစ်ဆေးမည့်သတင်းကြောင့် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်းတချို့ ယာယီပိတ်

မဲဆောက်မြို့ ဈေးကြီး မြန်မာအများအပြား အလုပ်လုပ်ကိုင်နေကြသလို သူတို့၏ သားသမီးများသည်လည်း မဲဆောက်မြို့ရှိ ကျောင်းများတွင် ပညာသင်ကြားနေသည် (ဧရာဝတီ

1.1k
VIEWS
Share on FacebookShare on Twitter

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှ မြန်မာစာသင်ကျောင်းတချို့ အပိတ်ခံရပြီးနောက် ကျန်ခရိုင်များပါ စစ်ဆေးမည်ဆို၍ မြန်မာရွှေ့ပြောင်းကျောင်း ၁၀၀ နီးပါးရှိသည့် မဲဆောက်မြို့ အပါအဝင် တပ်ခ်ခရိုင်ရှိ ကျောင်းတချို့ ယာယီ ပိတ်ထားရသည်။

ယခုလအတွင်း ထိုင်းအာဏာပိိုင်တိုက စစ်ဆေးမည်ဆိုသဖြင့် ယာယီပိတ်ထားသည့်ကျောင်းများမှာ မဲဆောက်တွင် ၇ ကျောင်းနှင့် ဖို့ဖရမြို့တွင် ၃ ကျောင်း ရှိကြောင်းသိရသည်။

စူရတ်ဌာနီရှိ မေတ္တာရိပ်ကျောင်းနှင့် ပတ်သက်၍ ထိုင်းပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ရှိလာသဖြင့် ထိုင်းတနိုင်လုံး ရှိ မြန်မာကျောင်းများအပေါ် အနည်းနှင့် အများ သက်ရောက်မှုရှိလာကြောင်း မဲဆောက်မြို့မှ ဘာသာစကား နှင့် GED ပညာရေးလေ့ကျင့် ပေးနေသော SAW ပညာရေးအဖွဲ့မှ ဆရာ ဦးမင်းမင်းက ပြောသည်။

၎င်းက “အခုကာလက ပိုဆိုးတယ်။ ထိုင်းပညာရေးဝန်ကြီးဌာနက စာထုတ်လိုက်ပြီ။ စာထုတ်လိုက်တော့ ဝန်ကြီးဌာန အလိုက်၊ ဘယ်လိုနယ်မြေအလိုက် စုံစမ်းစစ်ဆေးပါဆိုတာ လာပြီ။ အဲဒီလိုစာနဲ့လာရင် နယ်မြေခံဌာနဆိုင်ရာတွေက မလုပ်လို့ မရတော့ဘူးလေ၊ လုပ်ရပြီ” ဟု ပြောသည်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၇ ကျောင်းကို ယခုလဆန်းက ပိတ်လိုက်ခြင်း ဖြစ်ပြီး မဲဆောက် ရှိရွှေ့ပြောင်းကျောင်းအချို့လည်း စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ယာယီပိတ်ထားရသည်။

မဲဆောက်မြို့ရွှေ့ပြောင်းကျောင်း၌ သားသမီးများ ကျောင်းအပ်နှံသည့် မိဘတဦးက “ကလေးတွေကို အခုတပတ်လုံး ပိတ် ထားတာ။ ဘာကြောင့် ပိတ်ရတာလည်းဆိုတာ မေးမရဘူး။ အစစ်အဆေးတွေလာမှာမို့ ပိတ်ထားတယ်လို့တော့ ကျောင်း ဘက်ကပြောတယ်” ဟု ပြောသည်။

ဧရာဝတီက ထိုကျောင်းသို့ ဆက်သွယ်၍ လက်ရှိကြုံနေရသည့် အခက်အခဲနှင့် စိုးရိမ်မှုများကို မေးမြန်းရာ အထက်အဖွဲ့ အစည်းက ပိတ်ခိုင်းထား၍ဟုသာ ပြန်လည်ပြောကြားပြီး မည်သည့် အဖွဲ့အစည်းဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုအခြေအနေနှင့် ပတ်သက်၍ MECC လက်အောက်ရှိ သွေးသစ်ကျောင်းမှ ဆရာတဦးက “ထိုင်းအစိုးရ ဝင်စစ်မယ်၊ ကျောင်းတိုင်းကိုပေါ့။ အဓိက မှတ်ပုံမတင်ထားတဲ့ ကျောင်းတွေ စိုးရိမ်ရမယ်ထင်တယ်” ဟု ပြောသည်။

မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားကလေးများ ပညာသင်ကြားနေသော ကျောင်း/ ADM Capital Foundation

တပ်ခ်ခရိုင်၌ ထိုင်းပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် ရွှေ့ပြောင်းဒေသ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဌာန (Migrant Education Coordination Center – MECC)၏ လက်အောက်တွင် မြန်မာစာသင်ကျောင်း ၆၃ ကျောင်း ရှိပြီး ကျောင်းသား ၁၇၈၅၄ ဦး စာရင်းသွင်းထားသလို MECC နှင့် မဆက်သွယ်သည့် ကျောင်းပေါင်း ၄၀ နီးပါးရှိကြောင်း ပညာရေးအသိုင်းအဝန်းမှ သိရသည်။

MECC ၏ ကျောင်းများသည် တရားဝင်မဟုတ်သော်လည်း တပ်ခ်ခရိုင်ရှိ ပညာရေးအပါအဝင် သက်ဆိုင်ရာ ထိုင်း အဖွဲ့ အစည်းများနှင့် နားလည်မှုယူ၍ ချိတ်ဆက်ဖွင့်ထားသဖြင့် တော်ရုံအခြေအနေတွင် စိုးရိမ်စရာမရှိဟု BMWEC အဖွဲ့မှ ဆရာမ လားရှီးက ပြောသည်။

“ကျမရဲ့အဖွဲ့အစည်းမှာ ကျောင်း ၃၀ ရှိတယ်။ တကျောင်းမှ ပိတ်တာ မရှိသေးဘူး။ မဲဆောက်တပ်ခ်ခရိုင်ထဲမှာ ရွှေ့ပြောင်း ကျောင်းတွေက ထိုင်းပညာရေးဌာနနဲ့ အလုပ်အတူတူတွဲလုပ်တယ်။ တရားဝင်မဟုတ်သည့်တိုင် ကျမတို့ အဖွဲ့အစည်း တွေ ကို မော်နီတာလုပ်နေတဲ့ ထိုင်းပညာရေးအောက်က MECC မှာ နာမည်ပေါက်နေတဲ့ ကျောင်း ၆၀ ကျော် ရှိတယ်။ နာမည် မရောက်တဲ့ကျောင်းတွေလည်းရှိနေတော့ အဲဒီကျောင်းတွေကတော့ အစစ်အဆေးတွေဝင်ရင် စိုးရိမ်ရတာ ပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာစစ်တပ်အာဏာသိမ်းနောက် မဲဆောက်နှင့် တပ်ခ်ခရိုင်အတွင်းသို့ လာရောက်ခိုလှုံနေသူတချို့ က MECC ၏ ကျောင်းခွဲများအနေဖြင့် ဖွင့်လှစ်သလို အချိတ်အဆက်မလုပ်ဘဲ ဖွင့်ထားသည့် ကျောင်းများလည်း ရှိနေကြောင်း မဲဆောက် ပညာရေးအသိုင်းအဝိုင်းထံက သိရသည်။

အချိတ်အဆက် မလုပ်ဘဲ ဖွင့်ထားသည့် ကျောင်းများတွင် MECC လက်အောက်ရှိ ကျောင်းများ၌ ကျောင်းအပ်မမီလိုက် သော ကလေးငယ်များ၊ အချက်အလက် အထောက်အထားများကြောင့် ကျောင်းအပ်အဆင်မပြေသည့် ကျောင်းသား များ အဓိက တက်နေခြင်းဖြစ်ပြီး ကျောင်းသား ဆယ်ဂဏန်းခန့် ဖွင့်ထားသည့် ကျောင်းများလည်း ရှိသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းတခုခုကြောင့် အစစ်အဆေး စီမံချက်ရှိသည့်ကာလများ၌ MECC လက်အောက်တွင် မရှိသော အဆိုပါ ရွှေ့ပြောင်းကျောင်းများသည် အခြေအနေကြည့်၍ ပိတ်လေ့ရှိပြီး ယခုလို ထိုင်းပညာရေးဘက်က စီမံချက်ရှိသည့် ကာလမျိုး၌ စိုးရိမ်မှုကြောင့် ပိတ်ထားခြင်းဖြစ်ကြောင်းနှင့် လတ်တလော လှုပ်ရှားမှုများကို ရပ်နားထားရသည်ဟု မဲဆောက် အခြေစိုက် မြန်မာကျန်းမာရေးအထောက်အကူပြုအဖွဲ့ MHS (Myanmar Health Support) တာဝန်ခံ ကိုမျိုးမင်းပိုင်က ပြောသည်။

MHS အဖွဲ့သည် ရွှေ့ပြောင်းကျောင်းများနေ ကျောင်းသူ ကျောင်းသားများကို အခြေခံကျန်းမာရေးနှင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ရေးအစီအစဉ်များကို အပတ်စဉ် ပုံမှန်ဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်က ထိုင်းတောင်ပိုင်း စူရတ်ဌာနခရိုင်ရှိ မေတ္တာရိပ်အမည်ဖြင့် ဖွင့်ထားသည့် ကျောင်းသည် မြန်မာနိုင်ငံတော် သီချင်းကို သီဆိုသည့်အပြင် မြန်မာပြည်သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားကြောင်း၊ ထိုင်းပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောသော်လည်း မလိုက်နာသဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းပညာရေးဌာနက ရှင်းချက် ထုတ်သည်။

ထို့အတွက် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကလေးသူငယ်များ ပညာသင်ခွင့်ရရှိရေးသည် မရှိမဖြစ်လိုအပ်ပြီး ထိုင်းနိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ၏ အခြေခံလူ့အခွင့်အရေး ဖြစ်သောကြောင့် သင်ကြားရေးစင်တာများ ပိတ်သိမ်းခြင်းအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် ရွှေ့ပြောင်းကလေးများ ပညာသင်ကြားခွင့် ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အရေးကြီးသည့် အချက်များကို အကောင်အထည်ဖော်သင့်ကြောင်း တိုက်တွန်းထားသည်။

ယင်းအခြေအနေများကြောင့် ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်ရှိ ပိတ်သိမ်းလိုက်သည့် မြန်မာစာသင်ကျောင်းများမှ ကလေးများအား ထိုင်းအစိုးရနှင့် ပုဂ္ဂလိက ကျောင်း ၉၂၈ ကျောင်းများ၌ သင်ယူနိုင်ရန် စီစဉ်နေကြောင်း ခရိုင်ပညာရေးမှူး Chokdee Srathakan က စက်တင်ဘာ ၉ ရက် မီဒီယာများနှင့် တွေ့ရာတွင် ပြောသည်။

ခရိုင်ပညာရေးမှူးက “ ကျတော်တို့အတွက် ပိုမိုကြီးမားတဲ့ စိုးရိမ်မှုက ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေရဲ့ သားသမီးတွေအနေနဲ့ ထိုင်းပညာရေးစနစ်မှာ ပညာသင်ကြားနိုင်ဖို့ အခက်အခဲ ပိုမိုကြုံတွေ့နေရတဲ့ ကိစ္စပါပဲ”ဟု မှတ်ချက်ပြုသည်။

စက်တင်ဘာလ ၄ရက်က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် Bang Kung ရပ်ကွက်၌ တရားမဝင် ဖွင့်ထားသည့် ရွှေ့ပြောင်းကလေးငယ်များ သင်ကြားရေး စင်တာကို ပိတ်လိုက်သည့်အပြင် တခြားသော ကျောင်းများလည်း အပိတ်ခံခဲ့ရပြီး ရွှေ့ပြောင်းကလေးငယ်ပေါင်း ၂၀၀၀ ကျော် ပညာသင်ကြားနေမှုမှာ ရပ်တန့်ခံလိုက်ရသည်။

You may also like these stories:

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

နိုင်ငံမဲ့ကလေးတွေ ထိုင်းက ပညာသင်ကြားခွင့် ပိတ်ပင်တာ စိုးရိမ်စရာ

ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ

Your Thoughts …
Tags: MECCစူရတ်ဌာနီပညာရေးမဲဆောက်ရွှေ့ပြောင်းကျောင်း
စောလွင်

စောလွင်

Similar Picks:

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

by ဧရာဝတီ
28 February 2024
12.7k

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်နှင့် တောင်ငူတို့တွင် UTCs များရှိကြောင်း စစ်ကောင်စီ၏ ကြေးမုံသတင်းစာက ဖော်ပြသည်။

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

by မွန်မွန်မြတ်
26 July 2024
6.2k

အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။

သူတို့ ပျော်မနေကြပါ

သူတို့ ပျော်မနေကြပါ

by သာဦး
28 December 2024
4.9k

“ကျနော် ၁၆ နှစ်ကတည်းက တပ်ထဲဝင်တာ။ အိမ်ပြန်မရောက်တာ နှစ်ပေါက်နေပါပြီ။ အမေ့ဆီ ဖုန်းဆက်တော့ ‘နင် ပြန်မလာနဲ့၊ ရွာက နင့်ကို သတ်ချင်နေတာ၊ ရွာလည်း မီးရှို့ခံရလို့ ကုန်ပြီ’ လို့ ပြောတယ်”

မဲဆောက်ရွှေ့ပြောင်းကျောင်းက လိင်အမြတ်ထုတ်မှု

မဲဆောက်ရွှေ့ပြောင်းကျောင်းက လိင်အမြတ်ထုတ်မှု

by ဧရာဝတီ
23 July 2025
4.3k

မောင်ကောင်းနဲ့မောင်ခိုင်လိုမျိုး တခြားကျောင်းသားတချို့လည်း ကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်စဉ်သိရချင်း အုပ်ထိန်းသူတွေဘက်က ကျောင်းကိုတိုင်ကြားခဲ့ပေမယ့် ကျောင်းနဲ့မဆိုင်သလို၊ ကြိုက်ရာတိုင်ဆိုတဲ့ ပုံစံမျိုးကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရတဲ့ ကျောင်းသားမိဘတချို့ပူးပေါင်းပြီး မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

by ဧရာဝတီ
30 January 2025
3.6k

ထရမ့်၏ အမိန့်သည် ဒီမိုကရက်တစ်ပြည်နယ် ရှေ့နေချုပ်များထံမှ နောက်ထပ် စိန်ခေါ်မှုတခုကိုလည်း ရင်ဆိုင်ရသည်။

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

by အောင်ဇော်
26 February 2024
3.6k

နောက်ဆုံးတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

Next Post
စစ်ကောင်စီ စက်သုံးဆီပြဿနာ ဖြေရှင်းနည်း ရေရှည်မှာ ပြေလည်ပါ့မလား

စစ်ကောင်စီက လုပ်ငန်းရှင်များအား ဒေါ်လာချမပေးဘဲ ငွေစိုက်၍ စက်သုံးဆီ ဝယ်ခိုင်းနေ

ချင်း ၂ ဖွဲ့ အကွဲအပြဲ ရင်ကြားစေ့နိုင်မလား

ချင်း ၂ ဖွဲ့ အကွဲအပြဲ ရင်ကြားစေ့နိုင်မလား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved