ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်နေ တယ်လို့ KIA ဘက်က အတည်ပြုပါတယ်။
ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီစခန်းတွေနဲ့ ဗန်းမော်-မံစီကြားက သိမ်းပိုက်ဖို့ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၁၉)၊ ခမရ (၆၀၁)နဲ့ ခမရ (၅၂၃) တို့ကိုပါ KIA က တပြိုင်နက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
KIA က ဗန်းမော်မြို့ အရှေ့ဘက်ခြမ်း တကြောလုံးက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားပြီးဖြစ်သလို မြစ်ကြီးနား-ဗန်းမော် ဧရာဝတီမြစ် ရေကြောင်းလမ်းကိုပါ ထိန်းချုပ်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဗန်းမော် #မံစီ #ကချင် #KIA