အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလစ် မြို့တဝိုက်ကမှာ ကူးစက်လောင်ကျွမ်းနေတဲ့ တောမီးအရှိန်ကြောင့် အနည်းဆုံး လူ ၁၀ ဦး ထက်မနည်း သေဆုံးနေပြီး ဒေသခံ ၁ သိန်း ၈ သောင်းဝန်းကျင် ဘေးလွတ်ရာကို ရွှေ့ပြောင်း နေရတယ်လို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
လော့အိန်ဂျလစ်အပါအဝင် အနီးတဝိုက်က မြို့တွေမှာ မြန်မာနိုင်ငံသားတွေလည်း နေထိုင်နေကြတာဖြစ်ပြီး ဒီအခြေ အနေတွေကို အများနည်းတူ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ မြန်မာတွေအများဆုံးရှိကြတဲ့ Monterey park၊ San Gabriel၊ Pasadena၊ Arcadia စတဲ့ နေရာတွေကလည်း အနီရောင်အဆင့် သတိပေးခံထားရတဲ့အတွက် စိုးရိမ်နေကြပါတယ်။
အဲဒီလို စိုးရိမ်ပူပန်နေရတဲ့သူတွေထဲမှာ မီးလောင်ကျွမ်းနေတဲ့ နေရာနဲ့ မိနစ် ၃၀ လောက် ဝေးတဲ့ Monterey park မြို့မှာ နေထိုင်သူ မနန်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













