ချင်းမိုင်မြို့မှာ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ကဆုန်လပြည့်နေ့ မတိုင်ခင် တရက်အလိုမှာ ဒွိုင်စုထေ့တောင်ကို လမ်းလျှောက်ပြီး တက်ကြပါတယ်။
ဒီလို တောင်တက်တာဟာ ‘ဘုရားကို ပူဇော်တာ၊ တရားသဘောအယူအဆများစွာကိုကျင့်သုံးဖို့’ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တက်ရောက်ကြတာလို့ ဆိုပါတယ်။
ဒွိုင်စုထေ့တောင်ခြေကနေ တောင်ပေါ်က ဘုရားရောက်တဲ့အထိ လမ်းလျှောက် တက်ကြတာဖြစ်ပြီး တောင်တက်ချိန်ဟာ အချိန် ၂ နာရီကနေ အများဆုံး ၅ နာရီအထိ ကြာမြင့်ပါတယ်။
မတ်လ ၁၀ ရက် ညနေပိုင်းကနေ ညလုံးပေါက်တောင်ပေါ်ကို တက်ရောက်ကြတာဖြစ်ပြီး လမ်းတလျှောက်မှာ ထိုင်းရိုးရာ ဆိုင်း၊ အိုးစည်၊ ဗုံ၊ ရိုးရာအကတွေနဲ့ တီးခတ်၊ ကပြဖျော်ဖြေသလို စတုဒီသာတွေ ကျွေးမွေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဒီပွဲကို ထိုင်းနိုင်ငံတဝန်းက နိုင်ငံသားတွေအပြင် ထိုင်းရောက် မြန်မာနိုင်ငံသားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေလည်း ပါဝင်ဆင်နွှဲကြပြီး နှစ်စဉ် ဒီတောင်တက်ပွဲကို လူသိန်းနဲ့ချီပြီးပါဝင်ဆင်နွှဲတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီဗုဒ္ဓနေ့ တောင်တက်တဲ့ဓလေ့ဟာ ချင်းမိုင်မြို့ရဲ့ ယဉ်ကျေးမှု တန်ဖိုးနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထိမ်းအမှတ်အဖြစ်နှစ်စဉ်ကျင်းပတဲ့ ရိုးရာပွဲလည်း ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ချင်းမိုင် #ဗုဒ္ဓမွေးနေ့ #ဒွိုင်ဆူထေ့တောင် #တောင်တက်ပွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













