ရှောင်တာနဲလ် ရဲ့ အင်တာဗျူးမှာတော့ “ကျနော့်လို အကြံပေးတွေတောင်မှ ခြိမ်းခြောက်ဖို့ လက်မတွန့်ကြဘူး။ အဲဒီ ခြိမ်းခြောက်မှုက ယနေ့အထိ ရှိသေးတယ်လို့ ကျနော် ပြောရမှာ ဖြစ်ပါတယ်” လို့ ပြောသွားတာ ဖတ်ရပါတယ်။
ရှောင်တာနဲလ် ရဲ့ အခုထွက်တဲ့ စာအုပ်မှာ သူတို့ရဲ့ နာမည်တွေ၊ ဘဏ်အကြောင်းတွေ ပါရင် တရား စွဲမယ်လို့ ဘဏ်ကြီးတွေရဲ့ နိုင်ငံခြား ကိုယ်စားလှယ် ရှေ့နေတွေက ခြိမ်းခြောက်စာ ပို့ဖူးတယ်လို့ သံတမန် အသိုင်းအဝိုင်းမှာ မြန်မာ့အရေး လှုပ်ရှားသူများထဲမှာရော သိကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးတာနဲ့ ရှောင်တာနဲလ် ရော၊ ဦးဘိုဘိုငယ်ရော ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ ဒီလိုလုပ်ဖို့ကို အစောကြီး ကတည်းက စီစဉ်ခဲ့ပြီးသားပါ။ စစ်တပ်ရော၊ ခရိုနီတွေရော အငြိုးကြီးခဲ့တာကို ခံခဲ့ရသူတွေပါ။
မြန်မာ စစ်တပ် လူတော မတိုးသလို ခရိုနီတွေလည်း လူတော မတိုးပါဘူး။ နိုင်ငံတကာ စာမျက်နှာ ဆိုရင် သူတို့ မဝင်ဆံ့တော့ပါဘူး။
#မြန်မာ #ဧရာဝတီ #ခရိုနီ #ဦးအောင်ကိုဝင်း #KBZ #ရှောင်တာနယ် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













