စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်နဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲတွေကို ပစ်ကူပေးနေတဲ့ စစ်တပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော (PLA) တော်လှန်ရေးတပ်တွေက ဇွန်လ ၁၀ ရက်မှာ ပစ်ချလိုက်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီကတော့ ထုံးစံအတိုင်း စက်ချို့ယွင်းလို့ ပျက်ကျတာလို့ ထုတ်ပြန်ပါတယ်။ ပစ်ချတာ မဟုတ်ဘူး၊ ပျက်ကျတာဆိုတဲ့ ငြင်းခုန်မှုတွေလည်း ဆိုရှယ်မီဒီယာမှာ တွေ့ရပါတယ်။ PLA ရဲ့ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဒီလေယာဉ်ဟာ တရုတ်နိုင်ငံထုတ် F7 အမျိုးအစား ကြားဖြတ်တိုက်လေယာဉ်လို့ သိရပါတယ်။
ဒီ တရုတ်လုပ် F-7 တိုက်လေယာဉ်တွေ ဘယ်လိုအလုပ်လုပ်သလဲ၊ ပစ်ချခံရတာလား၊ ပျက်ကျသွားတာလား၊ တပ်မတော် လေနဲ့ F-7 သမိုင်း ဘယ်လိုလဲစတဲ့အကြောင်းတွေကို လေတပ်ကနေ စီဒီအမ် လုပ်ထားတဲ့ အုပ်ခွဲ တပ်ကြပ်ကြီး နေဝင်းအောင်ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #တိုက်လေယာဉ် #ပိုင်းလော့ #F7 #ပုလဲ #စစ်ကိုင်း #PLA #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













