ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) ကို တရားဝင် အုပ်ချုပ်သူ အဖြစ် အသိအမှတ်ပြု ဆက်ဆံရန် ကုလသမဂ္ဂ (UN) နဲ့ အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်တွေကို အရပ်ဘက်အဖွဲ့အစည်း ၂၀၂ ဖွဲ့က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုလိုက်ပါတယ်။
Arakan American Community (AAC) အပါအဝင် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတကာမှာ အခြေစိုက်တဲ့ တက်ကြွလှုပ်ရှားသူ အရပ်ဘက်အဖွဲ့ ၂၀၂ ဖွဲ့က စုပေါင်းတောင်းဆိုတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ ရက်စွဲတပ်ရေးသားထားတဲ့ အဲ့ဒီအိတ်ဖွင့်ပေးစာအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေ များပြားလာတာကို စုံစမ်း စစ်ဆေးပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် ကော့စ်ဘဇားက ရိုဟင်ဂျာဒုက္ခသည် စခန်းမှာ လူသားချင်းစာနာမှု အကူ အညီတွေ ပြန်ပေးဖို့၊ ရခိုင်ပြည်နယ်လူထုကိုလည်း စစ်ကော်မရှင်ကတဆင့်မဟုတ်တဲ့ လူသားစာနာအကူအညီပေးဖို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်က သိမ်းဆည်းထားတဲ့ UN ကပေးတဲ့ အကူအညီတွေကိုလည်း ရခိုင်ကို ရောက်အောင်တွန်းအားပေးဖို့တို့ကို ထည့်သွင်းတောင်းဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #UN #AA #ULA #AAC #ရခိုင်
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












