• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်ခေါင်းဆောင်များ၏ မြန်မာခရီးစဉ်များ

by နန်းလွင်
17 January 2020
in ဆောင်းပါး
A A
(ဝဲမှယာ) ဦးနု၊ မော်စီတုန်း၊ ဦးနေဝင်း၊ တိန့်ရှောင်ဖိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်

(ဝဲမှယာ) ဦးနု၊ မော်စီတုန်း၊ ဦးနေဝင်း၊ တိန့်ရှောင်ဖိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်

4.3k
VIEWS
Share on FacebookShare on Twitter

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အိန္ဒိယ သမုဒ္ဒရာတွင် သေနင်္ဂဗျူဟာကျသော နေရာချထားမှု ထူထောင်ရေးနှင့် သူ၏ရည်မှန်းချက်ကြီးမားသည့် ရပ်ဝန်းနှင့်လမ်း အစီအစဉ်အရ မြန်မာနိုင်ငံတဝှမ်း အဓိကကျောရိုး စီမံကိန်းများ ထူထောင်ရေးအတွက် မြန်မာခေါင်းဆောင်များထံမှ ကတိကဝတ်ရရန် ကြိုးစားရေး အတွက် ယနေ့ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်မည် ဖြစ်သည်။

ရှီသည် ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံး တရုတ်သမ္မတဖြစ်သည်။

ယခုနှစ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်နှစ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကွန်မြူနစ်မဟုတ်သော နိုင်ငံများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၉၄၉ ခုနှစ်က ထူထောင်ခြင်းကို ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံလည်းဖြစ်သည်။ ၁၉၅၃ ခုနှစ်အထိ စီးပွားရေးအရ ဆက်ဆံမှု မရှိသလောက်လည်းဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် နှစ်နိုင်ငံတို့သည် ပထမဆုံး ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့သော်လည်း နယ်ပယ်မှာ ကျဉ်းမြောင်းလှသည်။

နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်မကျူးကျော်ရေးစာချုပ် ပူးတွဲကြေညာချက်တစောင်ကို ၁၉၅၄ ခုနှစ်တွင် ထုတ်ပြန်ပြီးနောက် နွေးထွေးလာသည်။ ထိုပူးတွဲကြေညာချက်သည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ဟု လူသိများသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၅၄ မှ ၁၉၆၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၈ ကြိမ် လာရောက်လည်ပတ်ခဲ့သည်။

၁၉၅၄ မှ ၁၉၆၀ အထိ နှစ်နိုင်ငံဆက်ဆံရေးသည် နယ်နိမိတ် သဘောတူညီချက်များနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် အကောင်အထည်ဖော်ရေးကို အာရုံစိုက်သည်။

၁၉၆၇ ခုနှစ်တွင် တရုတ်-မြန်မာ အရေးအခင်းဖြစ်သောအခါ နှစ်နိုင်ငံဆက်ဆံရေး ယာယီ ပြတ်တောက်သွားသည်။ တရုတ်လူမှုအသိုင်းအဝန်းကို မြန်မာနိုင်ငံမှ မောင်းထုတ်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်စီးစေသည်။ ထိုပြင်းထန်သော အဓိကရုဏ်းကြောင့် တရုတ်နိုင်ငံသည် ဗမာပြည် ကွန်မြူနစ်ပါတီကို တက်ကြွစွာ ထောက်ခံအားပေးခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၆၈ ခုနှစ်တွင် နှစ်နိုင်ငံနယ်စပ်တွင် အာဏာထူထောင်ရန် ကြိုးစားသည်။

နှစ်နိုင်ငံ ပြန်လည်ထိတွေ့ဆက်ဆံမှုများ ၁၉၇၀ ခုနှစ်များတွင် ပြန်လည်သက်ဝင်လာသော်လည်း တရုတ်နိုင်ငံ၏ နှစ်ခွသံတမန်ဆက်ဆံရေးကြောင့် ဆက်ဆံရေးမှာ ထိခိုက်လွယ်နေသည်။ တရုတ်အစိုးရသည် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံနေသော်လည်း တဖက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်လက် ထောက်ပံ့နေသောကြောင့် ဖြစ်သည်။

တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်သည် ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ခြင်းရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုစဉ်က တရုတ်နိုင်ငံသည် ဦးနေဝင်းအစိုးရနှင့် နီးကပ်သော နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံရေးကို ထူထောင်ရန် ကြိုးစားသည်။

၁၉၉၀ ခုနှစ်များတွင် မြန်မာနိုင်ငံကို စစ်အစိုးရအုပ်ချုပ်သောအခါ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးကပ်မဟာမိတ် ဖြစ်လာသည်။ စစ်အစိုးရကို နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများအတွင်း ၁၉၉၄ ခုနှစ်နှောင်းပိုင်းမှစတင်ပြီး တရုတ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ကာ စီးပွားရေးတိုးချဲ့ရန် အစီအစဉ်များကို တွန်းအားပေးသည်။ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပါအဝင် စီမံကိန်းကြီးများကို အာရုံစိုက် တွန်းအားပေးသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာနိုင်ငံခရီးစဉ်များတွင် နားလည်မှုစာချွန်လွှာနှင့် စာချွန်လွှာ ၆၀ ခန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး အထူးသဖြင့် စီးပွားရေးနှင့် နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်သည်။

၂၀၁၄ ခုနှစ် တရုတ်ဝန်ကြီးချုပ် လီခါ့ချန်၏ မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ၇.၈ ဘီလျံ (ကျပ် ၁၁.၅ ထရီလျံ) တန်ဖိုးရှိ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေး၊ ငါးနှင့် မွေးမြူရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ ရေအားလျှပ်စစ်နှင့် ဆက်သွယ်ရေးလုပ်ငန်း စသည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်ထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ဆယ်စုနှစ်ခြောက်ခုအတွင်း လာရောက် လည်ပတ်ခြင်းနှင့် သက်ရောက်မှုများကို အောက်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
93
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
991

 

(Nan Lwin ၏ Infographics: Chinese Leaders’ Visits to Myanmar Over 6 Decades ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်သမ္မတ ခရီးစဉ်က သမုဒ္ဒရာ ၂ စင်း သေနင်္ဂဗျူဟာကို တွန်းအားပေးရန် ရည်ရွယ်

တရုတ်သမ္မတ၏ မြန်မာပြည် ခရီးစဉ်နှင့် နယ်စပ်ကုန်သွယ်ရေး မျှော်လင့်ချက်

တရုတ်သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်း ကျွဲနွားတင်ပို့ခွင့် တရားဝင်ဖြစ်လာမလား

Your Thoughts …
Tags: ဆယ်စုနှစ်ခြောက်ခုတရုတ်သမ္မတရပ်ဝန်းနှင့်လမ်းရှီကျင်ဖျင့်
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

by Gordon Chang
9 September 2023
7.3k

တရုတ်နိုင်ငံ တည်ငြိမ်သည်ဟု မိမိတို့ မယူဆနိုင်ပေ။ ရှီကျင့်ဖျင်သည် အိန္ဒိယကို မကြိုက်သောကြောင့် နယူးဒေလီသို့ မသွားခြင်းဖြစ်သည်ဟု ရိုးရှင်းစွာ မိမိတို့ မယူဆနိုင်ပေ။

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

by Saurabh Katkurwar
1 July 2025
6.4k

သမ္မတ ရှီကျင့်ဖျင်၏ မကြာသေးမီက အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းသည် အာဏာလုပွဲဆိုသည့် ရှည်ကြာသော ကောလာဟလများကို ပိုမိုထင်ရှားလာစေသည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

အာဏာအချို့ စွန့်ရန် ရှီကျင့်ဖျင် ဖိအားပေးခံရသည့် လက္ခဏာ မြင့်မားလာ

အာဏာအချို့ စွန့်ရန် ရှီကျင့်ဖျင် ဖိအားပေးခံရသည့် လက္ခဏာ မြင့်မားလာ

by Chee Meng Tan
24 July 2025
4k

သမ္မတ ရှီကျင့်ဖျင်အတွက် ပြဿနာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို သူ့သစ္စာခံများအား တိုက်ခိုက်ရာတွင်လည်း အသုံးပြုနေခြင်း ဖြစ်သည်။

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

by လျှပ်စီး
20 May 2025
3.1k

သီလဝါနှင့် သာကေတမှာရှိတဲ့ ဓာတ်အားပေးစက်ရုံ ၂ ခုအတွက် ဂက်စ်ပေးမည့် LNG သင်္ဘောကြီး ပြန်လာနေပြီဟု သတင်းများက ဆိုနေကြပါတယ်။

Next Post
ဆေးလိပ် မသောက်တဲ့ ဝန်ထမ်းတွေကို အလုပ်နားရက် ပိုပေးမယ်လို့ သူဌေးက ထုတ်ပြန်ခဲ့တာပါ။

ဆေးလိပ် မသောက်တဲ့ ဝန်ထမ်းတွေကို အလုပ်နားရက် ပိုပေးမယ့် ကုမ္ပဏီ

Queen ရော့ခ်ဂီတ အဖွဲ့

K-pop ဟာ မျိုးဆက်သစ်တွေရဲ့အသံကို ကိုယ်စားပြုတယ်လို့ Queen အဖွဲ့ ချီးမွမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved