• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မီးတောင်ကို ကျော်၍ ပြာပူများကို ဖြတ်သန်းခြင်း

by Karim Raslan
21 January 2020
in ဆောင်းပါး
A A
မီးတောင်က မှုတ်ထုတ်လိုက်သော ပြာပူများကြား လျှပ်စီးလက်နေပုံ / Reuters

မီးတောင်က မှုတ်ထုတ်လိုက်သော ပြာပူများကြား လျှပ်စီးလက်နေပုံ / Reuters

5.1k
VIEWS
Share on FacebookShare on Twitter

မနီလာ အရှေ့ဘက် ၁၆ ကီလိုမီတာခန့် အကွာ Rizal ပြည်နယ်မှ အသက် ၄၆ နှစ် အရွယ် ပြုပြင်ထိန်းသိမ်းရေးလုပ်သား Adriano O Mantiel က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် သူ၏ မိုဘိုင်းဖုန်းမျက်နှာပြင်မှ ပြာများကို သုတ်ပစ်လိုက်ပြီးသည့်နောက် တစုံတရာ မှားယွင်းနေသည်ကို သိခဲ့သည်။

“မိုးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အဲဒါ ဖြစ်လာတဲ့အခါ ကျနော့်ရဲ့ ဓာတ်မတည့်တတ်တဲ့ ရောဂါက ချက်ချင်းတုံ့ပြန်လာတယ်။ ကျနော် စပြီးတော့ နှာချေလာတယ်။ မျက်စိတွေက အရမ်းနီလာပြီးတော့ အသက်ရှူရတာ ခက်ခဲလာပါတယ်” ဟု သူက Ceritalah အဖွဲ့ကို ပြောသည်။

ထိုအဖြစ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်က မနီလာ၏တောင်ဘက်ကီလိုမီတာ ၇၀ အကွာ Batangas ပြည်နယ်ရှိ Taal မီးတောင် ပေါက်ကွဲမှု ဖြစ်ပါသည်။ အနှစ် ၄၀ ကျော်အတွင်း ၎င်း၏ ပထမဆုံးသော ငလျင်ဆိုင်ရာလှုပ်ရှားမှုလည်း ဖြစ်သည်။

Taal ပေါက်ကွဲမှုမြင်ကွင်းနှင့် ထိတ်လန့်ဖွယ်ရာ ပြာမှုန့်များ ကောင်းကင်သို့ ကြီးမားစွာ အလိပ်လိုက် လွင့်တက်သွားခြင်းကို မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများနှင့်အတူ ကမာ္ဘအနှံ့ လူမှုမီဒီယာများတွင် မိနစ်ပိုင်းအတွင်း မြင်တွေ့ခဲ့ကြရသည်။

Taal မီးတောင်က မယုံနိုင်စရာကောင်းလောက်အောင် လှပသော တောင်ထိပ်ဝ ရေကန်တခု၏ အလယ်မှ ကျွန်းလေးတကျွန်းပေါ်တွင် တည်ရှိသည်/Reuter

လေယာဉ် အဝင်အထွက်များကို လမ်းကြောင်းပြောင်းလိုက်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် ချက်ချင်း ဖိလစ်ပိုင်နိုင်ငံ Luzon (မနီလာနှင့် Taal နှစ်ခုလုံးတည်ရှိသောနေရာ) ကျွန်းတွင်  အားလုံးနီးပါး ငြိမ်သက်ရပ်တန့် သွားရသည်။ စတော့အိတ်ချိန်းပိတ်သွားပြီး စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်း လိုက်ရသည်။ လူဦးရေ ၂၄ သန်းရှိသော မက်ထရိုမနီလာတခုလုံးက အဆိုးရွားဆုံးကို မျှော်လင့်ပြီး ၎င်း၏ အသက်ရှုမှုကို ရပ်တန့်ကာ ငြိမ်သက်သွားသည့် အလားပင်။

မှန်ပါသည်။ မီးတောင်နှင့်အနီးဆုံးတွင် နေထိုင်သူများက အကြောက်ရွံ့့ဆုံး အစိုးရိမ်ဆုံးသူများ ဖြစ်ပါသည်။  ဖိလစ်ပိုင် မြောက်ပိုင်းမှ နေ၍ Sulawesi နှင့် Maluku တို့ကို ဖြတ်သန်း၍ အနောက်ဘက် အစွန်းဆုံးရှိ ဂျာဗားနှင့် ဆူမာတြားအထိ ရောက်သော အရှေ့တောင်အာရှ၏ မီးကွင်း “Ring of Fire” တွင် Taal မီးတောင်က အဆန်းကြယ်ဆုံးပင် ဖြစ်နိုင်ပါသည်။

အလွန်သေးငယ်သော Taal မီးတောင်က မယုံနိုင်စရာကောင်းလောက်အောင် လှပသော တောင်ထိပ်ဝ ရေကန်တခု၏ အလယ်မှ ကျွန်းလေးတကျွန်းပေါ်တွင် တည်ရှိသည်။ ရေကန်တဝိုက်ပတ်လည်တွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ချမ်းသာကြွယ်ဝသော မနီလာမြို့ကြီးသားများ အတွက် ကစားကွင်းအဖြစ် အသွင်ပြောင်းသွားခဲ့သည့် Tagatay ကဲ့သို့ သော မြို့ငယ်လေး များနှင့် ပြည့်နှက်နေပြီး (ဘီလျံနာများ နေ့လည်စာအတွက် ရဟတ်ယာဉ်ဖြင့် လာရောက်နိုင်သည့်) လူဂုဏ်တန် စားသောက်ဆိုင် Antonio’s နှင့် ကျေးလက်ဆန်သည့် အရက်ဆိုင်ငယ် Sonya’s Garden တို့က လမ်းတလျှောက်တွင် ရှိနေကြသည်။

Adriano O Mantiel နှင့် သူ့မိသားစု/ Ceritalah

သို့သော်လည်း ဇန်နဝါရီ ၁၂ ရက်တွင် အရာရာတိုင်းက ပြောင်းလဲသွားခဲ့သည်။ မီးတောင်နှင့် နီးသည့် ဒေသခံ အသိုင်းအဝိုင်းများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် အာဏာပိုင်များက အသည်းအသန် လုပ်ဆောင်ခဲ့ကြသည့်အတွက် အဖြစ်အပျက်များက ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။ ဆိုင် ၂ ဆိုင်လုံး ပိတ်ပစ်ခဲ့ရသည်။ လေးရက်အတွင်း လူ ၈၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကြိုတင် သတိပေးချက်မရှိခဲ့ဟု ယူဆ၍ မရပါ။ မီးတောင်ငလျင်များကြောင့် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ Taal က အဆင့် ၁ သတိပေးချက် တခုအဖြစ် ရှိနေခဲ့သည်။ ထို့ပြင် မီးတောင်က ရာစုနှစ်များစွာအတွင်း အလွန်တက်ကြွစွာ လှုပ်ရှားနေခဲ့သည်။ ၎င်း၏ သမိုင်းတလျှောက်တွင် မီးတောင်ပေါက်ကွဲမှု ၃၄ ကြိမ် ကျော် ရှိခဲ့သည်။

သို့သော်လည်း ပြည်သူများက ထိုနေရာတွင် နေထိုင် သို့မဟုတ် သွားရောက်လည်ပတ်ရန် ရွေးချယ်နေကြဆဲ ဖြစ်သည်။ ၂၀၁၈ အနီးအနားရှိ Talisay မြို့ တခုတည်းမှာပင် ဧည့်သည် ၆၀၀၀၀၀ နီးပါး လက်ခံခဲ့ရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
89
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
345
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
122

“မီးကွင်း” ပြင်ပ (အရှေ့တောင်အာရှ ပင်မကုန်းမြေနှင့် ဘော်နီယိုကျွန်း) တွင် နေထိုင်ကြသော ကျနော်တို့ အတွက် မီးတောင်များက ဝန်းရံထားပြီး ငလျင်များ၊ ဆူနာမီများနှင့် မြေသား ပျော်ဝင်မှု (soil liquefaction ) များပင်လျှင် ဖြစ်နိုင်ချေ ရှိသည့် အန္တရာယ် ဖြစ်လုလု အခြေအနေတွင် နေထိုင်ရသည့် ဘဝကို စိတ်ကူးကြည့်ဖို့ပင် ခဲယဉ်းပါသည်။ အနီးဆုံး သက်သေ အထောက်အထား အနေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက Palu  ဆူနာမီတွင် မြေပြင် ကိုယ်တိုင်က ၎င်း၏ စွမ်းအားနှင့် တုန့်ပြန်နိုင်မှုများ ပျောက်ဆုံးသွားပြီး ရွှံ့ပင်လယ်ပြင်ထဲသို့ လုံးလုံးလျားလျား ပျော်ဝင်သွားခဲ့ရသည်။

မလေးရှားနှင့် ထိုင်း နိုင်ငံသားများအတွက် ထိုကဲ့သို့သော သဘောတရားမျိုးက မှန်းဆ ကြည့်၍ မရနိုင်စရာ ဖြစ်သည်။ ကျနော်တို့က မြေကြီးကို အာမခံချက်တခုအဖြစ် ယူဆနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့ အတွက် ကမာ္ဘ မြေကြီးကိုယ်တိုင်က ပြောင်းလဲ၍မရသော၊ မပြောင်းလဲနိုင်သော အရာ ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ရှူရှိုက်မိပါက အန္တရာယ်ရှိသည့် ပြာများက ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပါသည်။ မြေဆီလွှာအတွက် နောက်ပိုင်းတွင် ကောက်ပဲသီးနှံများ မြောက်များစွာ ရိတ်သိမ်းယူနိုင်ရေးကို ဖြစ်စေမည့် အာဟာရများ ပြည့်ဝစေသောကြောင့် ဖြစ်သည်။

ပေါက်ကွဲမှုကို တီဗီမှ စောင့်ကြည့်နေခဲ့သည့် Adriano မှာ မီးတောင်နှင့် ၈၄ ကီလိုမီတာ အကွာအဝေးတွင် ရှိသည့်တိုင် သူ၏ ရပ်ကွက်ထဲတွင် ပြာများ မည်မျှထူထပ်သည်ကို မြင်တွေ့ရသည့်အခါ အံ့အားသင့်ခဲ့ရသည်။

သူက သူ့ဇနီးကို မျက်နှာဖုံးများ ဝယ်ခိုင်းခဲ့သည်။ “ ဒါပေမယ့် ဝိသမ လောဘသမားတွေ ဈေးကွက်ထဲကို ဝင်လာတာနဲ့ အတူ စတိုးဆိုင် တော်တော်များများမှာ ပစ္စည်းတွေ ပြတ်သွားတယ်။”

အခြေအနေက ပို၍ပင် ဆိုးလာခဲ့သည်။

ပြာများကြား ရွှေ့ပြောင်းခိုလှုံနေကြသည့် Tagatay မြို့မှ မိသားစုတစု/Reuters

ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့်ငလျင်ပညာဌာန (PHIVOLCS) က အဆင့် ၄ သတိပေးချက် ထုတ်ပြန်ထားပြီး နောက်ထပ် အန္တရာယ်ရှိသော မီးတောင်ပေါက်ကွဲမှု တခု ဖြစ်နိုင်ချေရှိကြောင်း ပြောကြားခဲ့သည်။

သမိုင်း အထောက်အထား အချက်အလက်များပေါ် အခြေခံ၍ကြည့်လျှင် အဆိုးဆုံးဖြစ်နိုင်သည့် အခြေအနေက ၁ ခုပင် မဟုတ်ဘဲ ၂ ခုရှိနေသည်။ ပထမ တခုမှာ  ရက်အနည်းငယ်အတွင်း နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်နိုင်ချေနှင့် အခြား တခုမှာ မီးတောင်ပေါက်ကွဲမှုက ရက်သတ္တပတ်နှင့် ချီ၍ ကြာမြင့်နိုင်ချေဖြစ်သည်။ ထို့ပြင် နောက်ထပ် ငလျင်နှင့် ဆူနာမီ များ ပေါ်ပေါက်နိုင်သည့် အလားအလာကလည်း အပြည့်အဝ ရှိနေသည်။

နောက် လာမည့် နေ့များသည် မီးတောင်ပေါက်ကွဲမှု ပိုမိုပြင်းထန်လာမည်လား သို့မဟုတ် ရပ်တန့်သွားမည်လား ဆိုသည် ကို ရင်တမမ စောင့်ကြည့်နေရမည့် ကာလတခု ဖြစ်ပါသည်။

Adriano က ပြီးခဲ့သည့် ပေါက်ကွဲမှုတခုကိုလည်း ဖြတ်သန်းနေထိုင်ခဲ့ပြီး ဖြစ်သည်။ ၁၉၉၁ ခုနှစ်က Pinatubo မီးတောင် ပေါက်ကွဲမှု ဖြစ်သည်။ ၎င်းက မည်မျှအထိ ထိခိုက်ပျက်စီးစေခဲ့သည်ကို သူက ထင်ထင်ရှားရှား အမှတ်ရနေသည်။ မီးတောင်မှ စီးကျလာသော ရွှံ့ရည်များ (ကျောက်တုံး အပိုင်းအစများနှင့် ရေများ ရောနှောပါဝင်သည့် ရွှံ့နွံများ) က  ကျေးရွာများကို မည်သို့ နစ်မြုပ်စေခဲ့ပုံကို သူမှတ်မိနေဆဲ ဖြစ်သည်။ ထိုအချိန်က ကီလိုမီတာ ၁၁၂၀ ကီလိုမီတာခန့် အကွာရှိ  မလေးရှားနိုင်ငံ Kota Kinabalu မြို့တွင်ပင် ကားရှေ့မှန်ပေါ်မှ ပြာများကို သုတ်ပစ်နေခဲ့ရသည်ကို ကျနော်ကိုယ်တိုင် အမှတ်ရနေဆဲ ဖြစ်သည်။

Adriano က Pinatubo နှင့် သူ၏အတွေ့အကြုံများကြောင့် စိတ်ထိခိုက်နေရဆဲ ဖြစ်ပါသည်။ “ပြာတွေ ကျတာက နည်းနည်း ကျဆင်းသွားပေမယ့် မလုံခြုံဘူးလို့   ခံစားနေရတုန်းပဲ။ ကျနော့် ကလေးတွေကို ကျောင်းပြန်သွားခွင့်မပေးတော့ဘူး ”

သို့သော်လည်း နေအိမ်စွန့်ခွာ၍ တိမ်းရှောင်လာခဲ့ရသူ အများစုက ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားနိုင်ရန် အလွန်အတရာ မျှော်လင့်နေကြသည်။

Adriano ကလည်း သူတို့ကို စာနာ နားလည်သည်။ သူတို့ အနေဖြင့် ခိုလှုံရန် နေရာများတွင် ကာလရှည် စောင့်ဆိုင်းနေရန် မတတ်နိုင်ကြဘဲ အာဏာပိုင်များကလည်း သူတို့ကို တားဆီးရေး လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိပါသည်။

“ကျနော် နားလည်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့လိုချင်တာက ပြန်သွားပြီးတော့ သူတို့ မွေးမြူထားတဲ့ တိရိစာ္ဆန်တွေကို ကယ်တင်ဖို့ပဲ။ အဲဒါက သူတို့ အသက်မွေးဝမ်းကျောင်းအတွက် တခုတည်းသော လုပ်စရာ နည်းလမ်းပဲ။ တကယ်လို့ ကျနော်လည်း သူတို့နေရာမှာဆိုရင် တတ်နိုင်သမျှ အားလုံးကို ကယ်တင်ဖို့ ကြိုးစားမှာပဲ။”

Taal Basicilia ခရစ်ယာန်ဘုရားကျောင်းက ပြန်လည်ရှင်သန်ထမြောက်ခြင်း၏ အထိမ်းအမှတ်/YouTube

အမြောက်အများ ပျက်စီးသေဆုံးရသည့် အချိန်တွင် ဒေသတွင်းမှ အဆောက်အဦး တခုက ဒေသခံ ပြည်သူလူထုနှင့် ဖိလစ်ပိုင် နိုင်ငံတခုလုံး၏ ခံနိုင်ရည်နှင့် ပြန်လည်ရပ်တည်ရေး ရုန်းကန်မှုကို ကိုယ်စားပြုသော အရာဖြစ်လာသည်။

၁၅၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော Minor Basilica of Saint Martin of Tours (သို့ မဟုတ် Taal Basicilia ဟု အလွယ်ခေါ်ကြသည်) က ဖိလစ်ပိုင်နှင့် အာရှ တွင် အကြီးဆုံး ခရစ်ယန်ဘုရားကျောင်းဖြစ်ပြီး အရှည် ၈၈.၆ မီတာနှင့် အကျယ် ၄၈ မီတာရှိသည်။

အစပိုင်းက Taal ရေကန်အနီးတွင် တည်ဆောက်ထားခဲ့ပြီး  ၁၇၅၄ ခုနှစ်တွင် ထိုအချိန်က အကြီးဆုံးအဖြစ် မှတ်တမ်းဝင်သော မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည်။

ထို့နောက် Balayan ပင်လယ်အော်နှင့် မျက်နှာချင်းဆိုင်ရှိ မြင့်မားသော တောင်ကုန်းတခု ပေါ်တွင် ပြန်လည် တည်ဆောက်ခဲ့သော်လည်း ၁၈၅၂ နှင့် ၁၉၄၂ ခုနှစ်များတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည်။ ၁၉၅၃ ခုနှစ် ရောက်မှ ပြန်လည် တည်ထောင်နိုင်ခဲ့ပြီး  ၁၉၇၂ ခုနှစ်တွင် နောက်တကြိမ်ပြန်လည် ပြုပြင်ခဲ့ရသည်။

လှပသော ဤဘုရားကျောင်းကြီးက နောက်ဆုံးပေါ်ပေါက်လာသည့် ကပ်ဘေးမှ လွတ်မြောက်လ်ိ့မ်မည်ဟု မျှော်လင့်ပါသည်။

သို့သော်လည်း အပျက်အစီးတစုံတရာ ရှိခဲ့ပါက မည်သည့်ပျက်စီးမှုကို မဆို ပြန်လည်ပြုပြင်လိမ့်မည် ဆိုသည်မှာ သံသယရှိစရာ မလိုပါ။ Taal မီးတောင် ဝန်းကျင်မှ ဘဝများသည်လည်း ရှေ့ဆက်၍ သွားကြပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You may also like these stories:

တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်

သားဆုံး မိခင်တယောက်၏ ခရစ်စမတ်

ဂျာဗားစကား ပြောကြမလား

Your Thoughts …
Tags: Taal မီးတောင်ပြာပူဖိလစ်ပိုင်မနီလာ
Karim Raslan

Karim Raslan

Contributor

Similar Picks:

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

by Lisandro Claudio
13 March 2025
3.4k

ရိုဒရီဂို ဒူတာတေး၏ စည်းရုံးဆွဲဆောင်နိုင်မှုကို မည်သူမှ လျှော့မတွက်သင့်ပေ။ သူသည် ဒေါ်နယ်ထရမ့်နှင့်တူသည်။

မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

by Tom Smith
30 November 2024
2k

ထိခိုက်လွယ်သော မားကို့စ်-ဒူတာတေး ညီညွတ်ရေးသည် ၂၀၂၃ ခုနှစ်ကုန်တွင် မစ္စ ဆာရာ ဒူတာတေး ပညာရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်သောအခါ စတင် အစည်းပြေလာသည်။

ယူကရိန်းစစ်ပွဲတွင် တရုတ်နှင့် မြောက်ကိုရီးယား ဝင်ပါခြင်းက စိုးရိမ်ရ

ယူကရိန်းစစ်ပွဲတွင် တရုတ်နှင့် မြောက်ကိုရီးယား ဝင်ပါခြင်းက စိုးရိမ်ရ

by ဧရာဝတီ
4 June 2025
2k

ယူကရိန်းကျဆုံးပါက အာရှတွင် ရိုက်ခတ်မှုရှိမည်ဖြစ်ပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် တခုလုံးတွင် တရုတ်၏ နယ်မြေတောင်းခံမှု အတင့်ရဲလာနိုင်စေသည်

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

by Thitinan Pongsudhirak
24 December 2024
2k

MAGA စိတ်ဓာတ်သည် အခြေခံအစိတ်အပိုင်း သုံးခုအပေါ် အခြေခံသည်။

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

by Francesca Regalado
30 September 2024
1.8k

အစိုးရသည် ကာစီနိုလောင်းကစားခြင်းကို ထိထိရောက်ရောက် စည်းကမ်းထိန်းသိမ်းနိုင်သည့် စွမ်းရည် ရှိ၊ မရှိ မေးခွန်းထုတ်သည်။ ၎င်းတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ကာစီနိုသည် လောင်းကစားစွဲခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

by Karen Lema
17 May 2025
1.7k

ဒူတာတေးမိသားစုဝင်တဦး သမ္မတဖြစ်လာခြင်းသည် အရေးပါသည့် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ သက်ရောက်မှုများလည်းရှိနိုင်ပြီး ဖိလစ်ပိုင်သည် အာရှတွင် အမေရိကန် ပြည်ထောင်စု၏ အနီးကပ်ဆုံးနှင့် သေနင်္ဂဗျူဟာအကျဆုံး တည်ရှိသည့် မဟာမိတ်ဖြစ်သောကြောင့် အမေရိကန်အတွက်လည်း သက်ရောက်မှုများ ရှိနိုင်သည်။

Next Post
နေပြည်တော်တွင် ပြုလုပ်သော အမုန်းစကားနှင့်သတင်းတု၊ သတင်းမှား တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  /  သီဟလွင် / ဧရာဝတီ

သတင်းတု၊ သတင်းမှားများက ၂၀၂၀ ရွေးကောက်ပွဲကို ထိခိုက်နိုင်ဟု ကော်မရှင် ပြော

"မြက်နု" ရုပ်ရှင် ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved