• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သတင်းတု၊ သတင်းမှားများက ၂၀၂၀ ရွေးကောက်ပွဲကို ထိခိုက်နိုင်ဟု ကော်မရှင် ပြော

by သီဟလွင်
21 January 2020
in သတင်း
A A
နေပြည်တော်တွင် ပြုလုပ်သော အမုန်းစကားနှင့်သတင်းတု၊ သတင်းမှား တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  /  သီဟလွင် / ဧရာဝတီ

နေပြည်တော်တွင် ပြုလုပ်သော အမုန်းစကားနှင့်သတင်းတု၊ သတင်းမှား တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ / သီဟလွင် / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

သတင်းတု၊ သတင်းမှားများက လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

“သတင်းမှားတွေဖြစ်လာလို့ရှိရင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ချောချောမွေ့မွေ့ အောင်မြင်မှုရဖို့ ခက်ခဲလာ မှာပေါ့။ အမုန်းစကားတွေ သတင်းတုသတင်းမှာတွေက ရွေးကောက်ပွဲမှာ စံ(၅)ချက်နဲ့ လုပ်မယ့်ဟာကို ထိခိုက် နိုင်တယ်”ဟု ၎င်းက ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှား တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာများသို့ ပြောသည်။

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ချမှတ်ထားသည့်စံ ၅ ချက်မှာ ဥပဒေနှင့်အညီ လွတ်လပ်မှု၊ မျှတမှု၊ အများယုံကြည်လက်ခံမှု၊ ပွင်းလင်းမြင်သာမှု၊ မဲဆန္ဒရှင်တို့ ဆန္ဒနှင့် ရလဒ်တို့ တစ်ထပ်တည်းဖြစ်စေမှုတို့ ဖြစ်ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ မုန်းစကားနှင့် သတင်းတု၊ သတင်းမှား တားဆီး ကာ ကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် United States Institute of Peace (USIP)တို့ ပူးပေါင်းကာ နေပြည်တော်တွင် ဇန်နဝါရီ ၂၁ မှ ၂၃ ရက်နေ့ထိ ၃ ရက်တာ ပြုလုပ်လျက် ရှိသည်။

UEC အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း အမုန်းစကားများ၊ သတင်းတုများ သတင်းအမှားများ၊ တား ဆီး ကာကွယ်ရေးအတွက် Facebook နှင့်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး ဆိုရှယ်မီဒီယာ အသုံးပြုမှု လမ်းညွှန် စာအုပ်မူကြမ်းကို ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲကာလက ဆိုရှယ်မီဒီယာအသုံးသူ ၇ သန်းခန့်သာရှိသော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ၂၁ သန်းထိရှိလာပြီဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ကာလက သတင်းတု၊ သတင်းမှားများ ထွက်ပေါ်ခဲ့သော်လည်း ဆိုရှယ်မီဒီယာအသုံးပြုသူ နည်းသေးသောကြောင့် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက် မှုများ မရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာကို လေ့လာစောင့်ကြည့်သူတချို့ က ပြောသည်။

သို့သော် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ဆိုရှယ်မီဒီယာ အသုံးပြုသူများလာသောကြောင့် သတင်းတု သ တင်းမှားများ ဖြန့်ဝေမှုက စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း လူမှုကွန်ရက်ဆိုင်ရာ သုတေသီ ကိုမြတ်သူက ယင်းအခမ်းအနားတွင် ဧရာဝတီသို့ ပြောသည်။

“အခုဆို ဆိုရှယ်မီဒီယာကို လအလိုက်သုံးစွဲတဲ့သူက ၂၂ သန်းရှိတယ်။ တခြားပလက်ဖောင်းသုံးတဲ့ သူတွေ မပါသေးဘူး လက်ရှိအချိန်ကတော့ သတင်းတု သတင်းမှားတွေက ပြဿနာ ဖြစ်လာလိမ့်မယ်လို့ ပြောလို့ ရတယ်။ လှုပ်ခတ်သွားနိုင်တယ်”ဟု ၎င်းက ပြောပြသည်။

USIP ၏ လူမှုသဟဇာတ ပေါင်းစည်းညီညွှတ်ရေးဆိုင်ရာ နည်းပညာအကြံပေးဖြစ်သူ မဇာခြည်ဦးက “အားလုံး ပူးပေါင်းပါဝင်ကြပါ။ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ ရွေးကောက်ပွဲက အရမ်းအရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲပျက်မှာလည်း အရမ်းစိုးတယ်။ ဒီမိုကရေစီ နောက်ကြောင်း ပြန်မှာလည်း အရမ်းစိုးတယ်။ အဲဒီအတွက် ကျမတို့တဦးချင်းစီကတော့ ကိုယ်နိုင်တဲ့ဘက်ကနေ လုပ်နေတာပါ”ဟု ပြောသည်။

ရွေးကောက်ပွဲနှင့်ဆက်စပ်နေသည့် အမုန်းစကားများ၊ သတင်းတုများ၊ သတင်းအမှားများကို ကာကွယ် တား ဆီးနိုင်ရန် ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကြေညာချက်များကို နိုင်ငံပိုင် သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် UEC ဝက်ဆိုဒ်တွင် အများပြည်သူသိရှိနိုင်ရန် ထုတ်လွှင့် ဖော်ပြနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု ထံ သတင်းအချက်အလက်များ အမြန်ဆုံးရောက်ရှိနိုင်ရေး UEC Facebook Page ကိုအသုံးပြုသွားမည်ဟု ၎င်းကဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် လူဦးရေ အခြေခံ မဲစာရင်း ကောက်ယူပြီး ဖြစ် ကာ မဲပေးခွင့် ရှိသူ လူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ သိရသည်။

ထိုမဲစာစာရင်းတွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသရှိ မြို့နယ် ၅ ခုကို စာရင်း မပါဝင်သေးပဲ ပြီးခဲ့သည့်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ယင်းမြို့နယ်များတွင် မကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသိရသည်။

ယခုအခါ ၂၀၂၀ ရွေးကောက်ပွဲနီးလာပြီဖြစ်သောကြောင့် ကော်မရှင်၏ လုပ်ဆောင်ချက်ကို အဆက်မပြတ် သိရှိစေရန်အတွက် သတင်းမီဒီယာများအား နေပြည်တော် UEC ရုံးတွင် တပတ် တကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

သို့သော် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကျင်းပမည့်ရက်ကို ကော်မရှင်အနေဖြင့် အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
18
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
15
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
31

You may also like these stories:

ပြည်သူ့ရှေ့ဆောင်ပါတီသည် ခေါင်းဆောင်တဦးတည်းကို အားကိုးမည့်ပါတီ မဟုတ်ဟုဆို

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြေ

Your Thoughts …
Tags: UECရွေးကောက်ပွဲသတင်းတုသတင်းမှား
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
"မြက်နု" ရုပ်ရှင် ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

ပြန်လည် လွတ်မြောက်လာသည့် ဦးဝှေ့တင်း  / AA

သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ်အပြီး ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved