• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ

by ဧရာဝတီ
25 June 2021
in ဆောင်းပါး
A A
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာပြည်မပြန်ခင် ရုရှကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးလိုက်သည်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာပြည်မပြန်ခင် ရုရှကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးလိုက်သည်

55.7k
VIEWS
Share on FacebookShare on Twitter

သင်သည် နိုင်ငံတော်အရာရှိတဦးဖြစ်ပါက ပြည်ပသို့သွားရောက်သောအခါ အိမ်ရှင်နိုင်ငံက သင့်ကို မည်သို့ဆက်ဆံသည်ဆိုသည့်အချက်မှာ သင့်အကြောင်းကို မည်မျှဖော်ပြသည်၊ သင်ကြုံတွေ့ရသည့် ပွဲလမ်းသဘင်များက မည်မျှ အရေးပါသည်၊ လေဆိပ်တွင် သင့်ကို မည်သူလာကြိုသည် စသည့်အချက်များနှင့် သက်ဆိုင်သည်။ ယင်းသည် သင့်ကို အိမ်ရှင်နိုင်ငံက မည်သို့မြင်သည်နှင့် သက်ဆိုင်သည်။ ထိုနိုင်ငံတွင် သင်နေထိုင်စဉ် မည်သူနှင့်တွေ့ဆုံသည် ဆိုသည့်အချက်က သင်၏ခရီးစဉ်၏ အရေးပါမှုကို ပြသနေသည်။ ထိုနိုင်ငံမှ သတင်းဌာနများ၏ တင်ပြချက်ကလည်း သင်၏ အဆင့်အတန်းကို ထင်ဟပ် ဖေါ်ပြနေသည်။

မော်စကို နိုင်ငံတကာလုံခြုံရေး ညီလာခံတက်ရန် ရုရှားကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားသို့ ရောက်နေသော မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဥပမာအဖြစ်ကြည့်နိုင်သည်။

ဗိုလ်ချုပ်မှူးကြီးသည် စစ်အာဏာသိမ်းမှုတခုတွင် နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတ ဦးဝင်မြင့်တို့ထံမှ အာဏာသိမ်းယူပြီးနောက် ယနေ့မြန်မာနိုင်ငံတွင်အာဏာအရှိဆုံးသူဖြစ်သည်မှာ မှန်သည်။ ထို့ကြောင့် သူ့ကို နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း မသတ်မှတ်ခြင်းသည် တရားဝင်မှု ပြဿနာကို ပေါ်ပေါက်စေသောကြောင့် ပြည်ပနိုင်ငံများ အခက်အခဲတွေ့သော ကိစ္စဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် အာဏာအရှိဆုံးသူဖြစ်သည်။

သို့သော် တနင်္ဂနွေနေ့မွန်းလွဲပိုင်းက သူ၏လေယာဉ် မော်စကိုရှိ ရှရစ်မတစ်ဗို နိုင်ငံတကာလေဆိပ် Sheremetyevo International Airport သို့ ဆင်းသက်သောအခါ လေယာဉ်ပြေးလမ်းတွင် မင်းအောင်လှိုင်ကိုလာရောက်ကြိုဆိုသူများတွင် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander V. Fomin သည် ရာထူးအမြင့်ဆုံးသူ ဖြစ်နေသည်။ ဂုဏ်သရေရှိ ဧည့်သည်တော်အတွက် ရုရှားရိုးရာ bread-and-salt ဧည့်ခံကြိုဆိုပွဲ ကျင်းပခြင်းကို မတွေ့ရပေ။ အာဏာသိမ်းခေါင်းဆောင်တည်းခိုရာ မော်စကိုမြို့လယ်အနီးရှိ Metropol ဟိုတယ်သို့ ပို့ဆောင်ပေးသည့် ယာဉ်တန်းသည်လည်း အလားတူစွာပင် စွဲမက်စရာ မရှိလှပေ။ ထိုပုံများ အွန်လ်ိုင်းတွင် ပျံ့နှံ့သွားသောအခါ ထိုကားများသည် ပစ္စည်းလိုက်ပို့သည့် ကားများနှင့်တူသည်ဟု စိတ်တွင်မြင်ကြသည်။

အင်္ဂါနေ့သို့ရောက်သောအခါ ကရင်မလင်ပြောခွင့်ရသူက သမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံမည် မဟုတ်ကြောင်း သတင်းထောက်များကိုပြောပြီး သူ၏ ခရီးစဉ်နှင့် ပတ်သက်သည့် မေးခွန်းများကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသို့သာ မေးသင့်ကြောင်းပြောသည်။ ရုရှားနိုင်ငံမှ အကြီးမားဆုံးသတင်းဌာနဖြစ်သော Tass ကလည်း မြန်မာစစ်တပ်အကြီးအကဲ သို့မဟုတ် မြန်မာကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ ရည်ညွှန်း သုံးစွဲပြီး နိုင်ငံအကြီးအကဲအဖြစ် ရည်ညွှန်းပြောဆိုခြင်းမရှိပေ။

ဦးထင်ကျော်ကို ပူတင်က လက်ခံတွေ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလက်ဇန်းဒါးဖိုမင်က ကြိုဆို

လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း ကရင်မလင်က အတည်ပြုပြောကြားလိုက်သောအခါ စစ်အာဏာသိမ်းခေါင်းဆောင်က မည်သို့ တုံ့ပြန်သည်ဆိုသည့်အချက်မှာ သိချင်စရာကောင်းလှသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သမ္မတ ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ်က ရုရှား-အာဆီယံ အစည်းအဝေးတက်ရန် ဆိုချီသို့ရောက်သောအခါ သူ့ကိုလေဆိပ်တွင် bread-and-salt အခမ်းအနားဖြင့် ကြိုဆိုသည်။ နောက်တနေ့တွင် သူနှင့်ဦးထင်ကျော်တို့ တွေ့ဆုံပွဲအတွင်း ပူတင်က မြန်မာသမ္မတကို ဆိုချီတွင် ကြိုဆိုနှုတ်ဆက်ရသောကြောင့် ဝမ်းမြောက်ကြောင်းပြောသည်။

ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဦးထင်ကျော်ကို ရုရှားရိုးရာ bread-and-salt ဧည့်ခံကြိုဆိုခဲ့

“ခင်များ သမ္မတရွေးကောက်ခံရခြင်းအတွက် လူကိုယ်တိုင်ဂုဏ်ပြုဖို့ အကောင်းဆုံးအခွင့်အရေးကို ကျနော်ရလိုက်တာပဲ။ မြန်မာသမ္မတက ပထမဆုံးခရီးမှာ ရုရှားကိုလာတဲ့အတွက် ကျနော်အရမ်း ဝမ်းမြောက်မိတယ်” ဟု ပူတင်ပြောသည်။

ပူတင်ကို လူကိုယ်တ်ိုင်တွေ့ခွင့်ရသည့် နောက်ထပ်မြန်မာခေါင်းဆောင်တဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

၂၀၁၉ ခုနှစ်က ဘေ့ဂျင်းတွင် ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ညီလာခံ Belt and Road Forum ၏ သီးခြားဆွေးနွေးပွဲတွင် ရုရှားသမ္မတက ဒေါ်အောင်ဆန်းစုကြည်အား “ ခင်ဗျားကို တွေ့ရလို့ ကျနော်အရမ်းဝမ်းသာတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ရုရှားအတွက် သက်တမ်းရှည်ကြာပြီး ယုံကြည်အားထားရတဲ့ မိတ်ဖက်န်ိုင်ငံဖြစ်တယ်” ဟု ပြောသည်။

ပူတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ဘေ့ဂျင်းမှာ တွေ့ဆုံခဲ့စဉ်

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှ အာဏာကို သိမ်းယူခဲ့သည့် စစ်ကောင်စီ၏ တရားမဝင်မှုကြောင့် ထိုသို့ တရားဝင်ထိတွေ့ဆက်ဆံမှုများက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အတွက် မေးခွန်းထုတ်စရာမလိုသော ကိစ္စများဖြစ်နေသည်။ သို့သော် သူသည် ရုရှားမှ စစ်လက်နက်ပစ္စည်းများ ဆက်လက်ဝယ်ယူနေသူဖြစ်သောကြောင့် ထိုသို့ အသိအမှတ်ပြုမှု ကင်းမဲ့ခြင်းသည် သူ့အတွက်နာကျင်စရာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာပြည်မပြန်ခင် ရုရှကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို ပေးလိုက်သည်။

ရုရှားသည် မြန်မာစစ်ဗိုလ် အမြောက်အမြားအား စစ်ရေးပညာ သင်ကြားလေ့ကျင့်ပေးနေသလို တရုတ်ပြီးလျှင် မြန်မာသို့ လက်နက်ဒုတိယအများဆုံး ရောင်းချသော နိုင်ငံဖြစ်နေသည်။ ထို့အပြင် ရုရှားသည် ကုလသမဂ္ဂအစည်းအဝေးတိုင်းတွင် တရုတ်နှင့်အတူ သူ၏ စစ်ကောင်စီနောက်တွင် အခိုင်အမာ ရပ်တည်ပေးနေသောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အထွန့်ထက်ခွင့် မရှိပေ။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိုင်ဂုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကော်ဇောနီဖြင့်ကြိုဆို

လက်ရှိအချိန်အထိ စစ်အာဏာသိမ်းခေါင်းဆောင် တွေ့ဆုံခွင့်ရသည့် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်မှာ ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအတွင်းရေးမှူးဖြစ်သည်။ မြန်မာစစ်ကောင်စီမီဒီယာက ၎င်းတို့သည် နှစ်နိုင်ငံနှင့် လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအကြား လက်ရှိပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဆောင်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသည် ဟုဆိုသည်။

သူတွေ့ဆုံခဲ့သည့် ဒုတိယရာထူး အမြင့်ဆုံးသူမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိုင်ဂုဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကော်ဇောနီဖြင့်ကြိုဆိုကာ နှစ်ဖက်ဆက်ဆံရေးခိုင်မာရေးအတွက် နောက်ထပ်အားထုတ်မှုများ ပြုလုပ်ရန် ရုရှားနိုင်ငံက ရည်ရွယ်ကြောင်း ပြောသည်။

အပြန်အလှန်အားဖြင့် မင်းအောင်လှိုင်က မြန်မာစစ်တပ်ကို အာရှ-ပိစိဖိတ်ဒေသတွင် အင်အားအကြီးမား ဆုံး စစ်တပ်တခုဖြစ်အောင်ကူညီသောကြောင့် ရုရှားနိုင်ငံကျေးဇူးတင်ကြောင်း ပြောသည်ဟု Tass သတင်းဌာနက ဖေါ်ပြခဲ့သည်။ ထိုနောက် ထိုစစ်အရာရှိများသည် တံခါးပိတ်ဆွေးနွေးပွဲများ ကျင်းပသည်ဟု ဆိုသည်။

သူသည် ရုရှားနိုင်ငံပိုင် စစ်ပစ္စည်း၊ နှစ်မျိုးသုံးထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ နည်းပညာများ တင်ပို့သည့် လုပ်ငန်းဖြစ်သော Rosoboronexport ကုမ္ပဏီမှ ညွှန်ကြားရေးမှူးချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။ အင်္ဂါနေ့တွင် သူသည် ကုမ္ပဏီတခုသို့ သွားရောက်ပြီး မေးခွန်းအများအပြားမေးသည်။ ထိုသို့သောအခြေအနေများကြောင့် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများနှင့် စစ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာလုပ်ရန် အစီအစီများရှိသည်၊ ထိုအကြောင်းများသည် ယခုခရီးစဉ်တွင် လုံခြုံရေးအစည်းအဝေးတက်ခြင်းထက် ပိုမိုအဓိကကျသည်ဟု ယူဆန်ိုင်သည်။

အင်္ဂါနေ့တွင် စစ်တပ်ကထိန်းချုပ်သည့် မြဝတီ ရုပ်သံ၏ ထုတ်လွင့်မှုများအရ မင်းအောင်လှိုင်နှင့် သူ၏အဖွဲ့သည် ဥရောပတွင် အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် အော့စတန်ကီနိုမျှော်စင်သို့ သွားကြသည်။ ထိုဗီဒီယိုတွင် အာဏာသိမ်းခေါင်းဆောင်သည် ထိုမျှော်စင်၏ ရှုခင်းကြည့်သော နေရာမှ မော်စကိုရှုခင်းကို ကြည့်နေစဉ်တွင် ထိုအဖွဲသည့် အထက်တန်းကျောင်းသားများလေ့လာရေးခရီးထွက်သည့် ပုံပေါက်နေသည်။ ၎င်းတို့တွင် နိုင်ငံတော်ဧည့်သည်များအတွက် ပုံမှန်အားဖြင့် တာဝန်ပေးထားသည့် လုံခြုံရေးအစောင့်များ မပါသဖြင့် ၎င်းတို့သည် ပြည်ပမှ ဂုဏ်သရေရှိများဖြစ်သည်ကို ပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာနေသူများက သတိမထားမိပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Moscow Cautious in Its Official Embrace of Myanmar Coup Leader ကို ဘာသာပြန်ဆိုပြီး အနည်းငယ် ဖြည့်စွက်ထားသည်။)

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
83
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
74
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
977

You may also like these stories:

မြန်မာ စစ်ခေါင်းဆောင် ရုရှားသို့ အကြိမ်ကြိမ်သွားသော်လည်း ပူတင်နှင့် တွေ့ခွင့်မရ

ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်

စစ်ကောင်စီ ဥက္ကဋ္ဌ၏ လုံခြုံရေးဆိုင်ရာ အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်လာ

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

Your Thoughts …
Tags: ကရင်မလင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မော်စကို သတိထားဆက်ဆံမြန်မာ အာဏာသိမ်းခေါင်းဆောင်ရုရှကာကွယ်ရေးဝန်ကြီးဌာနသမ္မတပူတင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

by ဧရာဝတီ
1 August 2024
2.7k

ရွေးကောက်ပွဲအား ဒေသအလိုက် လုံခြံရေးအပေါ်မူတည်ကာ ကျင်းပနိုင်သည့်နယ်မြေများတွင် အရင်ကျင်းပမည်ဖြစ်ပြီး ကျန်နယ်မြေများအား လုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက်ပြီးမှသာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း

Next Post
ဘာဝယ်ခဲ့သလဲ မောင်ရေခဲ

ဘာဝယ်ခဲ့သလဲ မောင်ရေခဲ

အဆိုတော် ရေမွန်ရဲ့ နာရေး မြင်ကွင်း   / CJ

ရေမွန် အပါအဝင် တော်လှန်ရေး ရဲဘော်တွေကို ဂုဏ်ပြုဖို့ ဆောင်းဦးလှိုင် အကြံပြု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved