ဆောင်းပါး

စစ်ရေး မတည်မငြိမ်မှုများနှင့် ကချင်ပြည်နယ်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများကို အာဏာသိမ်း စစ်ကောင်စီက ဖြတ်တောက်ထားသည် မှာ ၄ ရက် ရှိသွားပြီ ဖြစ်သည်။

သြဂုတ် ၂၀ ရက်၊ ည ၈ နာရီခွဲ ဝန်းကျင်မှစ၍ ဖုန်းအင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် ဝိုင်ဖိုင်လိုင်းများပါ သုံးစွဲမရတော့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။

ထို့အတွက် ဒေသခံများက ဆက်သွယ်ရေး အော်ပရေတာများကို မေးမြန်းကြသော်လည်း ပြန်လည် လက်ခံရရှိသည့် အဖြေက မည်သည့် အတွက်ကြောင့် အင်တာနက်လိုင်း ပိတ်လိုက်သည် မည်သည့်အချိန်တွင် ပြန်လည်ဖွင့်ပေးမည် ကို မသိရှိကြောင်းများသာ ပြန်လည်ပြောဆိုကြသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်တွင်း နေထိုင်သည့် ဒေသခံတဦးက “အင်တာနက်ပဲ ပြတ်နေတာ မဟုတ်ဘူး။ ဖုန်းလိုင်းလည်း ပြတ်နေ တယ်။ SMS လည်း ပို့လို့မရဘူး။ ဖုန်းဘေလ်ဖြည့်ရင်လည်း နံပါတ်နှိပ်လိုက်ရင် Error ဖြစ်သွားပြီး ဖြည့်လို့မရဘူး။ ကျမ တို့ ဖားကန့်မှာ အင်တာနက်လိုင်းတွေ ဖြတ်ပြီဆိုရင် စစ်ရေးလှုပ်ရှားမှုတွေကရှိပြီ။ ဒီလိုဖြစ်ရင် ဖားကန့်မြို့တွင်းမှာ တိုက် ပွဲတွေ ရှိလာတာမျိုးက ကြုံနေကျဆိုတော့ ကျမတို့လည်း အင်တာနက် ဖြတ်လိုက်တာနဲ့ စိုးရိမ်နေရတာ” ဟု ဆိုသည်။

ထိုသို့ ဖားကန့်မြို့နယ်တွင်း အင်တာနက် ဖြတ်တောက်ပြီး နောက်တရက် သြဂုတ် ၂၁ တွင် ဖားကန့်မြို့ပြင် ဆိပ်မူကျေး ရွာ အတွင်းရှိ ရဲတပ်ရင်း အမှတ် (၃၀) သည် ၎င်းတို့၏ စခန်းတခုလုံးကို စွန့်ခွာကာ မြို့တွင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းစခန်း ထိုင်လိုက်သည်။

သြဂုတ် ၂၁ ရက်၊ ညပိုင်းတွင် ရဲတပ်ရင်း ၃၀ က စွန့်ခွာသွားသည့် စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်ဖွဲ့များက ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီးနောက် ဖားကန့်မြို့နယ်၏ အဝင်အထွက်လမ်းများကိုလည်း ဂိတ်များချကာ အဝင်အထွက် ပိတ်ဆို့မည်ဟူသည့် သတင်းများကလည်း လူထုကြား ပြန့်နှံ့နေသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည်လည်း ယခင်က ညသန်းခေါင်ယံ အချိန်များ၌ ၎င်းတို့၏ စခန်းများတွင်သာ ကင်းစောင့် လေ့ရှိကြသော်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ပြီး ရက်ပိုင်းအတွင်း ညသန်းခေါင်ယံ များတွင်ပါ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လှည့်လည်သွားလာနေသည်ကို မြင်တွေ့ရသည်ဟု ဖားကန့်ဒေသခံများ က ပြောသည်။

လုံးခင်းကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံတဦးက “အခုသူတို့ ညတိုင်းနီးပါးကို စစ်ကြောင်းတွေ တကြောင်း ပြီးတကြောင်း ပတ်နေတာ။ ပေါ်ပေါ်တင်တင်တော့ မကြည့်ရဲဘူး။ ဒါပေမယ့် အိမ်ကလမ်းမတန်းဆိုတော့ သူတို့ဖြတ် သွားရင် ညတွေလည်း အိပ်မပျော်တော့ သိနေတာ။ မနေ့ကဆို ည ၂ နာရီလောက်မှာ ဖြတ်တာ ၄၀၊ ၅၀ လောက်ရှိ တယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေး အော်ပရေတာများကို အမိန့်စာ၊ ညွှန်ကြားစာများ ပေးပို့ကာ ဖုန်းပြောဆိုသူများ၏ ဆက်သွယ်မှုများတွင် စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်သည့် အသုံးအနှုန်းများ ပါရှိပါက မှတ် တမ်းယူခြင်း ပြုလုပ်နေရာ ဖားကန့်ဒေသခံများသည် ဒေသတွင်း အခြေအနေများကို ဖုန်းဖြင့် ဖြေဆိုနေရသည်ကိုပင် စိတ်မလုံမခြုံ ဖြစ်နေသည်ဟု ဆိုကြသည်။

စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီးနောက် ဖားကန့်မြို့နယ်၏ အဝင်အထွက်လမ်းများကိုလည်း ဂိတ်များချကာ အဝင်အထွက် ပိတ်ဆို့မည်ဟူသည့် သတင်းများကလည်း လူထုကြား ပြန့်နှံ့နေသည်။

ထို့ကြောင့် သြဂုတ် ၂၃ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ဖားကန့်မြို့နယ်တွင်း နေထိုင်သူအချို့သည် အခြားဒေသ သို့ ခေတ္တတိမ်းရှောင်ရန် ကား၊ ဆိုင်ကယ်များဖြင့် ထွက်ခွာနေကြသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်သည် ရခိုင်ပြည်နယ်တွင်း ရက္ခိုင်တပ်တော် (AA) ကို စစ်ဆင်ရေးကြီးများ ပြုလုပ်တိုက်ခိုက်စဉ်ကလည်း လုံ ခြုံရေး၊ အမုန်းတရား မပွားရေး၊ ပဋိပက္ခ မကြီးမားစေရေး ဟူသည့် အကြောင်းပြချက်များဖြင့် ရခိုင်လူထုကို ၂၀၁၉ ဇွန် မှ အာဏာသိမ်းစဉ် ကာလအထိ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့သည်။

ကချင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်ခံရမှုနှင့် ဖုန်းလိုင်းများ ခက်ခဲမှုကြားတွင် လက်နက်ခဲယမ်းအပြည့်ဖြင့် စစ်ကြောင်းများ လှည့်လည် သွားလာနေသည်ကိုပါ မြင်တွေ့နေရခြင်းကြောင့် မြို့တွင်းတိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေ ကြသော်လည်း စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားခြင်း မရှိဟု ငြင်းဆို သည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မရှိပါဘူး။ အင်တာနက် ဖြတ်တောက်တယ်ဆိုတာ တပြည်လုံးမှာ ဖြတ်တောက်ထားတာ ရှိကိုမရှိတာ။ မဖြတ်ပါဘူး။ ဖြတ်တာ မရှိပါဘူး” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်များ အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်နေသည်မှာ KIA နှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ရှိ နေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဖားကန့်မြို့နယ်သည် အရည်အသွေး ကမ္ဘာ့ထိပ်တန်းရှိသည့် ကျောက်စိမ်းများ၊ ရွှေများထွက်ရှိရာ နယ်မြေဖြစ်ကာ ဖား ကန့်မြို့နယ်တွင်း လုပ်ကိုင်နေသည့် ကျောက်စိမ်း ကုမ္ပဏီကြီးငယ်၊ ငယ်၊ လတ် အားလုံးသည် စစ်တပ်၊ KIA တို့နှင့် အကျိုးစီးပွား မကင်းသူများ ဖြစ်ကြသည်။

စစ်ကောင်စီတပ်များ အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်နေသည်မှာ KIA နှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ရှိ နေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

လက်လုပ်လက်စားများနှင့် ရေမဆေးလုပ်ငန်း လုပ်ကိုင်သူများသည်လည်း ကျောက်အောင်ပါက စစ်တပ်နှင့် KIA ကို အခွန်ပေးဆောင်ကြရရာ ဖားကန့်သည် နှစ်ဖက်တပ်များအတွက် စစ်ရေးအရရော၊ ဘဏ္ဍာငွေအရပါ အရေးပါသည့် မြို့နယ် ဖြစ်သည်။

ထို့ပြင် ဖားကန့်မြို့နယ်သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ထားသည့် ကြားမှပင် နေ့စဉ်ရက်ဆက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်နေသည့် မြို့တမြို့လည်း ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် KIA ၏ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ လှုပ်ရှားပြီး မိုးညှင်းအခြေစိုက် တပ်ရင်းဖြစ်သည့် တပ်ရင်း ၂၆ သည်လည်း ဖားကန့်နယ်တွင်း ဝင်ရောက် လှုပ်ရှားမှုများ ရှိသည်။

စစ်ကောင်စီဘက်တွင် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများသည် ဖားကန့်မြို့နယ်တွင်း အခြေစိုက် လှုပ်ရှားသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ် တနေရာတည်းတွင်သာ စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေခြင်း မဟုတ်ဘဲ ဝိုင်းမော် မြို့နယ်တွင်လည်း သြဂုတ် ၃ ရက်မှ ၁၉ ရက်အထိ ညပိုင်းနှင့် မနက်အစောပိုင်းများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ထားသည်။

ဝိုင်းမော်မြို့နယ်သည် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားနှင့် ဘေးချင်းကပ်လျက် အနီးဆုံး တည်ရှိနေသည့် မြို့နယ် ဖြစ်ပြီး ဇူလိုင် ၂၉ ရက် ညပိုင်းတွင် ဝိုင်းမော်မြို့ နယ်မြေတပ်ရင်း ခလရ-၅၈ ကို KIA က ဝင်ရောက် တိုက်ခိုက်ထား သည်။

KIA ၏ တိုက်ခိုက်ခြင်းကို ခံရပြီးသည့် နောက်တွင် ခလရ-၅၈ က ၎င်းတို့ တပ်ရင်းနယ်မြေနှင့် ဆက်စပ်နေသည့် လဘန်၊ မဒိန်၊ ခကွန်၊ တန်ဘောင် ကျေးရွာများကို နေ့စဉ်ရက်ဆက် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများသည် ယနေ့ ထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ဝိုင်းမော်ဒေသခံများ ထွက်ပြေးကြသည်မှာ သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် KIA ၏ တိုက်ခိုက်မှုများကို ပြန်လည် တုံ့ ပြန် ပစ်ခတ်သွားမည်ဟု တရွာဝင်တရွာထွက် လော်စပီကာဖြင့် ခလရ ၅၈ က လိုက်ပြောသဖြင့် ထွက်ပြေးကြခြင်း ဖြစ် သည်။

ထွက်ပြေးကြသည့် ဒေသခံများအနက် အချို့က နေအိမ်မှပစ္စည်းများ ပျောက်ပျက်မည်ကို စိုးရိမ်သဖြင့် နေအိမ်ကို ပြန် လာကြသော်လည်း လူဦးရေ ၁၀၀ ဝန်းကျင်မှာ ဝိုင်းမော်မြို့တွင်း၌ တိမ်းရှောင်နေကြဆဲ ဖြစ်သည်။

ထိုသို့ တိမ်းရှောင်နေကြခြင်းမှာလည်း စစ်ကောင်စီနှင့် KIA ကြား တိုက်ပွဲကြီးများ ဖြစ်လာမည်ဟူသော ပြောဆိုချက် များ ပြန့်နေခြင်းကြောင့် ဖြစ်သည်။

လဘန်ကျေးရွာမှ ဒေသခံတဦးက “ကျနော်တို့မှာ စစ်တပ်ဘက်က အသိလည်းမရှိ၊ KIA ဘက်က အသိလည်း မရှိတော့ စစ်သားတွေဆီက နည်းနည်းပါးပါး ပြောလာလို့ သတင်းကို နားထောင်ရတယ်။ ဒါပေမယ့် မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ကိုယ်တိုင် စောစောရှောင်ပြီးမှ ရှောင်တိမ်းနေတာ ပိုလုံခြုံ စိတ်ချရတယ်လို့ ခံယူမိတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင်း စစ်ရေးအခြေနေနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော် ဘူက စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်အင်အား ၅၀၀၀ ခန့်ကို ကချင်ပြည်နယ်တွင်းသို့ အင်အားဖြည့်တင်းခဲ့ပြီး လက်ရှိတွင်လည်း မန္တလေး – မြစ်ကြီးနား ကားလမ်းတလျှောက်နှင့် ဧရာဝတီ မြစ်ကြောင်းတလျှောက်၌ ရာနှင့်ချီသည့် စစ်အင်အားများ ထပ်တိုးပို့ဆောင်နေသည်ကို မြင်တွေ့နေရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီဘက်က ထပ်တိုးပို့ဆောင်ထားသည့် တပ်မများ၊ တပ်ရင်းများကိုမူ ဗိုလ်မှူးကြီးနော်ဘူက ထုတ်ဖော်ပြော ဆိုခြင်း မရှိပါ။

ဗိုလ်မှူးကြီးနော်ဘူက “ပြည်သူလူထုလည်း စစ်အင်အားတွေ တိုးလာတာ အားလုံးအသိ ဖြစ်ပါတယ်။ သတိထား ပြီး စောင့်ကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။ စစ်ကြောင်း၊ တိုက်ပွဲက ဘယ်နေရာမှာ ဘယ်တော့ဖြစ်မလဲ ဘယ်သူမှ ကြိုတင် ခန့်မှန်းပြောလို့ မရပါဘူး။ နားထောင်ဖို့ စောင့်ကြည့်ဖို့ လိုမယ်လို့ ကျနော် ပြောလိုပါတယ်။ မဖြစ်ဘူးလို့ ကျနော်ပြော တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်မယ်၊ စစ်ဆင်ရေးလုပ်မယ်လို့ ကျနော်ပြောတာလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

မြို့သိမ်းတိုက်ပွဲများနှင့် စစ်ဆင်ရေးကြီးများ ရှိလာနိုင်သည်ဟူသည့် ပြောဆိုချက်များ လူထုကြားတွင် ပြန့်နေသည့် အပေါ် မေးမြန်းရာ ဟုတ်မဟုတ်ကို ဖြေဆိုမည် မဟုတ်ကြောင်း ၎င်းက ငြင်းဆိုသည်။

“ကျနော် Yes or No ဖြေလို့မရဘူး။ ကျနော်လည်း ဘာမှမသိဘူး။ ကျနော်တို့ KIO/KIA က စစ်ရေးကို အတတ်နိုင် ဆုံးရှောင်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ နောက်တခုက PDF နဲ့ပေါင်းပြီး စစ် ဆင်ရေး လုပ်မယ်ဆိုတာကလည်း တရားဝင် ကျနော် မကြားမိပါဘူး။ ဘာမှ မကြားမိပါဘူး။ KIO ရဲ့ နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေပိုင်းကတော့ ကျနော်လည်း မသိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ထို့ပြင် စစ်ကောင်စီဘက်က စစ်အင်အားများ တိုးချဲ့သည့်အပေါ် KIA ဘက်က စောင့်ကြည့် ပြင်ဆင်နေမှုများကိုလည်း စစ်ရေးလျှို့ဝှက်ချက်များ ဖြစ်နေ၍ ထုတ်ဖော်ပြောဆိုမည် မဟုတ်ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ဆင်ရေးကြီးများ လုပ်လာမည်ဆိုပါက လက်ပိုက်ကြည့်နေမည် မဟုတ်ဘဲ တုံ့ပြန်ရမည်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေ မတည်ငြိမ်သည်မှာ ၂၀၂၁ မတ်လကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

KIA က အစိုးရ၊ စစ်တပ်နှင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ၁ စောင် ချုပ်ဆိုရန် ညှိနှိုင်းနေခဲ့သဖြင့် ၂၀၁၈ ဒီဇင် ဘာမှ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီအထိ ၂ နှစ်ကျော်ကြာ ကချင်ပြည်နယ်တွင် ပြင်းထန်ကြီးမား သည့် တိုက်ခိုက်မှုများ မရှိရန် ညှိနှိုင်းကာ အပစ်ရပ်ဆိုင်းခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြနေသည့် လူထုကို သတ်ဖြတ်ခြင်း၊ သွေးထွက်သံ ယိုဖြစ်အောင် လုပ်ဆောင်ခြင်း မလုပ်ရန် KIA က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးထံ စကားပါးခဲ့ရာ စစ်တပ် ဘက်မှ လက်မခံနိုင်ကြောင်းနှင့် လူထု၏ လှုပ်ရှားမှုများနောက်တွင် KIA က ဝင်မပါရန် တုံ့ပြန်ခဲ့သည်။

မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြနေသည့် လူထုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များ က ပစ်ခတ်ရာ အမျိုးသား ၂ ဦး သေဆုံးပြီး အနည်းဆုံး လူ ၅ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

ထိုဖြစ်စဉ်ဖြစ်ပြီး ၃ရက်အကြာ မတ် ၁၁ ရက်တွင် KIA က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီ၏ ရှေ့တန်း တပ်စခန်းတခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ကာ သိမ်းယူခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တပ်မဟာ ၄၊ ၆၊ ၁၀ တို့ အနေဖြင့် လူနေကျေးရွာများနှင့် တရုတ်ဂတ်စ်ပိုက်လိုင်းများအား ရှောင်ကာ စစ်ကောင်စီကို တိုက်ကြရန် KIA ဗဟိုမှ အမိန့်ညွှန်ကြားချက် ပေးပို့ခဲ့သည်။

ထိုအချိန်မှစ၍ KIA က ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် ကချင်ပြည်နယ် အတွင်းရှိ ဖားကန့်၊ နမ္မတီး၊ အင်ဂျန်းယန်၊ ရွှေကူ၊ မိုးမောက်၊ ဗန်းမော်၊ မိုးညှင်း၊ ဝိုင်းမော်၊ ပူတာအိုတို့တွင် တိုက်ခိုက် မှုများ ပြုလုပ်ကာ တဖက်တွင်လည်း လူထုနှင့် တသားတည်း ရပ်တည်မည်ဟုလည်း ပြောဆိုထားသည်။

KIA သည် မတ်လအတွင်း မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးကို အဓိက ထိန်းချုပ်နိုင်မည့် ဗျူဟာကုန်း ဖြစ်သည့် အလော့ဘွမ်ကိုလည်း စစ်ကောင်စီ လက်ထဲမှ တိုက်ခိုက်သိမ်းယူထားရာ စစ်ကောင်စီဘက်မှ လေကြောင်း ပစ် ခတ်မှုများ၊ မြေပြင်ထိုးစစ်ဆင်မှုများဖြင့် ပြန်လည်သိမ်းယူရန် ကြိုးစားသော်လည်း ပြန်လည် ရရှိခြင်း မရှိပါ။

KIA သည် စစ်ကောင်စီအား မြေပြင်တွင် တိုက်ခိုက်သည့်အပြင် တဖက်တွင်လည်း စစ်ကောင်စီ ဖြုတ်ချရေး လုပ်ဆောင်နေသည့် ပြည်မတော်လှန်ရေးသမားများအား ကူညီပေးနေပြီး NUG နှင့် ပူးပေါင်း၍ စစ်ရေးနိုင်ငံရေးကိစ္စ များ ဆွေးနွေးခြင်း၊ PDF တပ်ဖွဲ့ဝင် ဖြစ်လာမည့် လူငယ်များအား စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်း အကူ အညီ ပေးခြင်းများကိုလည်း လုပ်ဆောင်လျက် ရှိသည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလနှင့် NUG ၏ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန် တို့ သည် KIA အပါအဝင် ကချင်နိုင်ငံရေး အသိုင်းအဝိုင်း၏ ကျောနောက်ထောက်ခံရှိပြီး လက်ရှိတွင်လည်း KIA ထိန်းချုပ် နယ်မြေတွင်း နေထိုင်ကာ NUG ၏ ထိပ်သီးတာဝန်များကို ထမ်းဆောင်နေသူများ ဖြစ်သည်။

ဒူဝါလရှီးလသည် KIA ၏ ပညာရေးမြို့တော်ဟု ခေါ်ဆိုသည့် မိုင်ဂျာယန်မြို့ အခြေစိုက် Institute of Liberal Arts and Science (ILAS) ၏ တည်ထောင်သူထဲတွင် တဦး အပါအဝင် ဖြစ်ပြီး ၂၀၁၄ တွင် ရှမ်းပြည်နယ်၊ ကချင်စာပေနှင့် ရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ကချင်လူမျိုးများ၏ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးကို ကိုယ်စားပြုထားသည့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) ၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၁၉ မှ ၂၀၂၁ ဇန်နဝါရီအထိ တာဝန်ယူခဲ့သူ ဖြစ်သည်။

ဒေါ်ဂျာထွယ်ပန်သည်လည်း NUG တွင် တာဝန် မထမ်းဆောင်ခင်ကတည်းက မိုင်ဂျာယန်မြို့ အခြေစိုက် ILAS ကျောင်း တွင် ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်နေသူတဦးဖြစ်ပြီး ၎င်းသည် သိက္ခာတော်ရဆရာတော် ဒေါက်တာ မရန်ဂျာဂွန်း၏ သမီးလည်း ဖြစ်သည်။

ဒေါက်တာ မရန်ဂျာဂွန်းသည် ကချင်လူမျိုးများ၏ ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုများကို ဖော် ထုတ်ရေးသားခဲ့သူဖြစ်ပြီး KIO ခေါင်းဆောင်များက လေးစားရသူတဦး ဖြစ်သည်။

KIA သည် NUG နှင့် ကြီးမားသည့် ဆက်နွယ်မှုများ ရှိသော်လည်း ၎င်းတို့၏ သတင်းနှင့်ပြန်ကြားရေးဌာနကမူ NUG၊ PDF တို့နှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်မှု မရှိကြောင်းသာ ငြင်းဆိုထားသည်။

သို့သော် စစ်ကောင်စီက ဖမ်းမိသည့် မန္တလေးတိုင်းအတွင်းမှ PDF တပ်ဖွဲ့များကို စစ်ကြောရေး၌ စစ်ဆေးခံရစဉ် KIA ထံမှ စစ်သင်တန်း တက်ခဲ့ကြသည့် အကြောင်းအရင်းများကို ဖွင့်ဟကြသည့်အပြင် လာမည့်လများတွင်လည်း ပြည်မ နှင့် ပြည်နယ်တွင် တပြိုင်တည်း စစ်ဆင်ရေးလုပ်ရန် အစီအစဉ်များ ရှိသည်ကိုပါ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ထိုသို့ ထုတ်ဖော်ပြောဆိုရာတွင် PDF များက ပြည်မရှိ မြို့ကြီးများတွင် တိုက်ခိုက်မှုများ ပြုလုပ်ပြီး တပြိုင်တည်းတွင် KIA ကလည်း ကချင်ပြည်နယ်တွင်းရှိ မြို့အချို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟူသည့် ပြောဆိုချက်များလည်း ပါဝင်သည်။

အဆိုပါ ပြောဆိုချက်များကို စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများဖြစ်သော မြဝတီနှင့် မြန်မာ့အသံ ရုပ်မြင်သံ ကြားတို့မှတဆင့် ပြန်လည်ထုတ်လွှင့်ခဲ့သည်။

ထိုကဲ့သို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲမည်ဟူသော ပြောဆိုမှုများ ရှိလာပြီးသည့်နောက် ကချင်ပြည်နယ်တွင်း စစ်ရေး အခြေအနေမှာလည်း ပိုမို၍ မတည်မငြိမ် ဖြစ်လာခြင်း ဖြစ်သည်။ ။

You may also like these stories:

အပစ်ရပ်ကြေညာပြီးနောက် စစ်ကောင်စီက ကချင်တွင် စစ်ဆင်ရေးလုပ်နေ

အာဏာသိမ်း စစ်တပ်ကြောင့် ဝိုင်းမော်တွင် ဒေသခံ ရာနှင့်ချီ ထွက်ပြေးနေရ

ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ

Did you find apk for android? You can find new Free Android Games and apps.
Loading